အကြည်ညိုပျက်စေသည်ဆိုသော စကား
Vol-2,No-7
ြ မြန်မာပြည်နှင့် အိန္ဒိယပြည် တို့တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တိုင်းသူပြည်သားတို့ လွတ်လပ်စွာ ထင်မြင်ချက်ပေးခြင်းကို ချုပ်ချယ် လိုသော ရည်ရွယ်ချက်ဖြင့် အစိုး ရပေါ်၌ 'အကြည်ညို' ပျက်စေခြင်း နှင့် ပတ်သက်သည့် ဥပဒေတစ် ရပ် ထုတ်ပြန်ထားခဲ့ရာ ¤င်းဥပဒေ သည် ဒီမိုကရေစီ စနစ်နှင့် ကိုက် မကိုက်၊ ရေးခွင့်၊ ပြောခွင့်များ တိုး ၍ တိုး၍ရှိနေကြသောခေတ်နှင့် လိုက် မလိုက် အပထား၍ 'ကြည် ညိုခြင်း' ဆိုသော စကားလုံး သုံးပုံ ကို ဆန်းစစ် ဖော်ပြလိုပေသည်။
မြန်မာပြည်၌ ထုတ်ပြန်သော ဥပဒေများမှာ ရှေးဦးစွာ အင်္ဂလိပ် ဘာသာဖြင့် စီကုံးရေးသားပြီးမှ မြန်မာလိုပြန်ဆိုရခြင်း ဖြစ်လေသည်။ မူလစီကုံးထားသည့် အင်္ဂလိပ် ဥပဒေ၌ 'ကြည်ညိုခြင်း' ဟူ၍ ပြန် ဆိုလောက်အောင် အဓိပ္ပာယ်နီး ကပ်သော အင်္ဂလိပ်စကားလုံးကို ရှာမတွေ့အောင် ရှိနေပေရာ ဘာ သာပြန်သောသူသည် မည့်သည့် အင်္ဂလိပ်စာလုံးကိုမှ 'ကြည်ညို ခြင်း' ဟူ၍ ပြောဆိုလိုက်သည်ကို နားမလည်နိုင်အောင် ရှိနေပေ သည်။
မြန်မာပြည်၌ မြန်မာလူမျိုး သည် ရတနာသုံးပါးကို ကြည်ညို ကြ၏။ အကျင့်သိက္ခာနှင့် ပြည့်စုံ သူများကို ကြည်ညိုကြသည်။ဆုံးမသြဝါဒ ပေးသူများကို ကြည် ညိုကြ၏။ လူညံ့များသည် ဂုဏ် ကြီးသောသူ တန်ခိုးသြဇာကြီး သော သူများကို ကြည်ညိုတတ်ကြ ၏။ သာ၍ ညံ့သောလူများသည် ပိုက်ဆံမပါသောသူများကို ကြည် ညိုတတ်ကြ၏။ အစိုးရကို မူကား ယခုခေတ်တွင်လည်း မကြည်ညို၊ သက်ဦးဆံပိုင်၍ အလွန်ကြောက် ရွံ့လာခဲ့ကြရသော ခေတ်ကလည်း ဘုရင်ကို မြှောက်ပင့်သောသဘော မျိုးနှင့်ပင် ကြည်ညိုထိုက်သည်၊ ကြည်ညိုရမည်၊ ကြည်ညိုကြသည် ဟူ ၍ ရေးသားချက်များ မတွေ့ရ ဖူးချေ။
အစိုးရ သို့မဟုတ် မင်း ဆို သည်မှာ သက်ဦးဆံပိုင်သော ကြောင့် ကြေက်ရမည့် ပုဂ္ဂိုလ်တစ် ယောက် သို့မဟုတ် ပုဂ္ဂိုလ်တစ်စု ဟူ၍ မှတ်ထင်ခဲ့ကြသော အတိတ် ခေတ်လည်း ရှိခဲ့ဖူး၏။ အစိုးရနှင့် တိုင်းသူပြည်သားတို့သည် တာဝန် ကို အပြန်အလှန်၊ အပေးအယူ သဘောမျိုးနှင့် ဆောင်ရွက်ကြ၍ တိုင်းသူပြည်သားတို့၏ တာဝန် သည် ဥပဒေကို လိုက်နာရန် ဖြစ် သည်ဟု နားလည်ကြသော ပစ္စုပ္ပန် ခေတ်လည်း ရှိခဲ့၏။ တာဝန်ခံ အစိုးရဖြစ်လာသော တစ်နေ့၌ ဝတ္တရား မကျေသော အစိုးရအဖွဲ့ ကို ဖြုတ်ချရမည်ဟု နားလည်လာ ကြရမည့် အနာဂတ်ခေတ်မျိုးလည်း ရှိပေလိမ့်မည်။
သို့ရာတွင် ထိုသုံးရပ်လုံး သော ခေတ်တို့၌ အစိုးရသည် ရတနာသုံးပါးနှင့်အတူ ဦးထိပ် ထား၍ ကြည်ညိုရမည်ဟု နားလည် ကြရသော ခေတ်မျိုးလည်း မရှိ၊ တိုင်းပြည်နိုင်ငံမျိုးလည်း မရှိခဲ့ဖူး ချေ။ နောင်ကိုလည်း ရှိနိုင်မည် မဟုတ်ချေ။
အစိုးရအား အကြည်ညိုပျက် အောင် ရေးသားဟောပြောခြင်း ဆိုရာ၌ 'ပျက်' ဆိုသော စကား သည် တည်ရှိပြီးသော အရာတစ် ခုကို ယိုယွင်းအောင် သို့မဟုတ် ယုတ်လျော့အောင် ပြုလုပ်ခြင်း အဓိပ္ပာယ်ရှိလေရာ နဂိုကတည်းက အထင်အရှားမရှိသော အရာတစ် ခုကို ပျက်အောင် အဘယ်သို့လုပ် နိုင်ပါမည်နည်း။
ဘာသာပြန်သောသူသည် ကျိုးနွံခြင်း အရာဌာနဘက်တွင် စိတ်အားထက်သန်လွန်းလှသည် ဖြစ်၍ ¤င်း၏ မြန်မာစကားအတိုင်း 'လျှောက်လဲထုချေ' ရမည်ဆိုလျှင် အပြစ်မကျူးလွန်သောသူပင် မရှိ နိုင်သလောက် ဖြစ်နေပေလိမ့်မည်။
ကြည်ညိုခြင်းဆိုသော စကား ၏ အဓိပ္ပာယ်မှာ ကြောက်ရွံ့ခြင်း၊ ရိုသေခြင်း၊ မြတ်နိုးခြင်း၊ အားကိုး ခြင်း၊ ကျိုးနွံခြင်းစသော စကား အားလုံး သိမ်းကြုံးပါဝင်လျက် ရှိ နေပေရာ အဘယ်တိုင်းပြည်သား သည် အဘယ်အစိုးရမျိုးကို ကြည် ညိုခြင်းငှာ ဖြစ်နိုင်ပါမည်နည်း။
ထို့အပြင် ကြည်ညိုခြင်းဆို သည်မှာ အင်္ဂလိပ်ဘာသာဖြင့် (Veneration) (Reverse) ဟု အဓိပ္ပာယ်ရရှိ၍ မည်သည့်တိုင်း ပြည်အစိုးရ၏ ဥပဒေတွင်မှ ထိုစ ကားမျိုးကို အသုံးပြုခြင်း တွေ့နိုင် မည်မဟုတ်ချေ။ သို့ဖြစ်ရကား အစိုးရ၏ ဥပဒေများကို ဘာသာ ပြန်ဆိုသောသူတို့သည် မြန်မာ အစိုးရ လက်အောက်တွင် ကျွန် စိတ်ရှိသော တိုင်းပြည်သာအဖြစ် နှင့် နေခဲ့ရာမှ သူတစ်ပါးလက် အောက်၌ ကျွန်အဖြစ်နှင့် နေကြ ရပြန်စဉ် ကျွန်စိတ်သဘောထားကို ဆက်လက်၍ ကျွန်သက် ရှည်စေ မည့် စကားအသုံးအနှုန်းတို့မှ ရှောင်ရှားအပ်ကြပါသတည်း။
(၂၇ .၄.၁၉၄၆ နေ့ထုတ် လူထုသတင်းစာပါ ဆရာကြီး ရွှေ ဥဒေါင်း၏ အယ်ဒီတာ့အာဘော် ကို ပြန်လည်ဖော်ပြပါသည်။)
ြ မြန်မာပြည်နှင့် အိန္ဒိယပြည် တို့တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တိုင်းသူပြည်သားတို့ လွတ်လပ်စွာ ထင်မြင်ချက်ပေးခြင်းကို ချုပ်ချယ် လိုသော ရည်ရွယ်ချက်ဖြင့် အစိုး ရပေါ်၌ 'အကြည်ညို' ပျက်စေခြင်း နှင့် ပတ်သက်သည့် ဥပဒေတစ် ရပ် ထုတ်ပြန်ထားခဲ့ရာ ¤င်းဥပဒေ သည် ဒီမိုကရေစီ စနစ်နှင့် ကိုက် မကိုက်၊ ရေးခွင့်၊ ပြောခွင့်များ တိုး ၍ တိုး၍ရှိနေကြသောခေတ်နှင့် လိုက် မလိုက် အပထား၍ 'ကြည် ညိုခြင်း' ဆိုသော စကားလုံး သုံးပုံ ကို ဆန်းစစ် ဖော်ပြလိုပေသည်။
မြန်မာပြည်၌ ထုတ်ပြန်သော ဥပဒေများမှာ ရှေးဦးစွာ အင်္ဂလိပ် ဘာသာဖြင့် စီကုံးရေးသားပြီးမှ မြန်မာလိုပြန်ဆိုရခြင်း ဖြစ်လေသည်။ မူလစီကုံးထားသည့် အင်္ဂလိပ် ဥပဒေ၌ 'ကြည်ညိုခြင်း' ဟူ၍ ပြန် ဆိုလောက်အောင် အဓိပ္ပာယ်နီး ကပ်သော အင်္ဂလိပ်စကားလုံးကို ရှာမတွေ့အောင် ရှိနေပေရာ ဘာ သာပြန်သောသူသည် မည့်သည့် အင်္ဂလိပ်စာလုံးကိုမှ 'ကြည်ညို ခြင်း' ဟူ၍ ပြောဆိုလိုက်သည်ကို နားမလည်နိုင်အောင် ရှိနေပေ သည်။
မြန်မာပြည်၌ မြန်မာလူမျိုး သည် ရတနာသုံးပါးကို ကြည်ညို ကြ၏။ အကျင့်သိက္ခာနှင့် ပြည့်စုံ သူများကို ကြည်ညိုကြသည်။ဆုံးမသြဝါဒ ပေးသူများကို ကြည် ညိုကြ၏။ လူညံ့များသည် ဂုဏ် ကြီးသောသူ တန်ခိုးသြဇာကြီး သော သူများကို ကြည်ညိုတတ်ကြ ၏။ သာ၍ ညံ့သောလူများသည် ပိုက်ဆံမပါသောသူများကို ကြည် ညိုတတ်ကြ၏။ အစိုးရကို မူကား ယခုခေတ်တွင်လည်း မကြည်ညို၊ သက်ဦးဆံပိုင်၍ အလွန်ကြောက် ရွံ့လာခဲ့ကြရသော ခေတ်ကလည်း ဘုရင်ကို မြှောက်ပင့်သောသဘော မျိုးနှင့်ပင် ကြည်ညိုထိုက်သည်၊ ကြည်ညိုရမည်၊ ကြည်ညိုကြသည် ဟူ ၍ ရေးသားချက်များ မတွေ့ရ ဖူးချေ။
အစိုးရ သို့မဟုတ် မင်း ဆို သည်မှာ သက်ဦးဆံပိုင်သော ကြောင့် ကြေက်ရမည့် ပုဂ္ဂိုလ်တစ် ယောက် သို့မဟုတ် ပုဂ္ဂိုလ်တစ်စု ဟူ၍ မှတ်ထင်ခဲ့ကြသော အတိတ် ခေတ်လည်း ရှိခဲ့ဖူး၏။ အစိုးရနှင့် တိုင်းသူပြည်သားတို့သည် တာဝန် ကို အပြန်အလှန်၊ အပေးအယူ သဘောမျိုးနှင့် ဆောင်ရွက်ကြ၍ တိုင်းသူပြည်သားတို့၏ တာဝန် သည် ဥပဒေကို လိုက်နာရန် ဖြစ် သည်ဟု နားလည်ကြသော ပစ္စုပ္ပန် ခေတ်လည်း ရှိခဲ့၏။ တာဝန်ခံ အစိုးရဖြစ်လာသော တစ်နေ့၌ ဝတ္တရား မကျေသော အစိုးရအဖွဲ့ ကို ဖြုတ်ချရမည်ဟု နားလည်လာ ကြရမည့် အနာဂတ်ခေတ်မျိုးလည်း ရှိပေလိမ့်မည်။
သို့ရာတွင် ထိုသုံးရပ်လုံး သော ခေတ်တို့၌ အစိုးရသည် ရတနာသုံးပါးနှင့်အတူ ဦးထိပ် ထား၍ ကြည်ညိုရမည်ဟု နားလည် ကြရသော ခေတ်မျိုးလည်း မရှိ၊ တိုင်းပြည်နိုင်ငံမျိုးလည်း
အစိုးရအား အကြည်ညိုပျက် အောင် ရေးသားဟောပြောခြင်း ဆိုရာ၌ 'ပျက်' ဆိုသော စကား သည် တည်ရှိပြီးသော အရာတစ် ခုကို ယိုယွင်းအောင် သို့မဟုတ် ယုတ်လျော့အောင် ပြုလုပ်ခြင်း အဓိပ္ပာယ်ရှိလေရာ နဂိုကတည်းက အထင်အရှားမရှိသော အရာတစ် ခုကို ပျက်အောင် အဘယ်သို့လုပ် နိုင်ပါမည်နည်း။
ဘာသာပြန်သောသူသည် ကျိုးနွံခြင်း အရာဌာနဘက်တွင် စိတ်အားထက်သန်လွန်းလှသည် ဖြစ်၍ ¤င်း၏ မြန်မာစကားအတိုင်း 'လျှောက်လဲထုချေ' ရမည်ဆိုလျှင် အပြစ်မကျူးလွန်သောသူပင် မရှိ နိုင်သလောက် ဖြစ်နေပေလိမ့်မည်။
ကြည်ညိုခြင်းဆိုသော စကား ၏ အဓိပ္ပာယ်မှာ ကြောက်ရွံ့ခြင်း၊ ရိုသေခြင်း၊ မြတ်နိုးခြင်း၊ အားကိုး ခြင်း၊ ကျိုးနွံခြင်းစသော စကား အားလုံး သိမ်းကြုံးပါဝင်လျက် ရှိ နေပေရာ အဘယ်တိုင်းပြည်သား သည် အဘယ်အစိုးရမျိုးကို ကြည် ညိုခြင်းငှာ ဖြစ်နိုင်ပါမည်နည်း။
ထို့အပြင် ကြည်ညိုခြင်းဆို သည်မှာ အင်္ဂလိပ်ဘာသာဖြင့် (Veneration) (Reverse) ဟု အဓိပ္ပာယ်ရရှိ၍ မည်သည့်တိုင်း ပြည်အစိုးရ၏ ဥပဒေတွင်မှ ထိုစ ကားမျိုးကို အသုံးပြုခြင်း တွေ့နိုင် မည်မဟုတ်ချေ။ သို့ဖြစ်ရကား အစိုးရ၏ ဥပဒေများကို ဘာသာ ပြန်ဆိုသောသူတို့သည် မြန်မာ အစိုးရ လက်အောက်တွင် ကျွန် စိတ်ရှိသော တိုင်းပြည်သာအဖြစ် နှင့် နေခဲ့ရာမှ သူတစ်ပါးလက် အောက်၌ ကျွန်အဖြစ်နှင့် နေကြ ရပြန်စဉ် ကျွန်စိတ်သဘောထားကို ဆက်လက်၍ ကျွန်သက် ရှည်စေ မည့် စကားအသုံးအနှုန်းတို့မှ ရှောင်ရှားအပ်ကြပါသတည်း။
(၂၇ .၄.၁၉၄၆ နေ့ထုတ် လူထုသတင်းစာပါ ဆရာကြီး ရွှေ ဥဒေါင်း၏ အယ်ဒီတာ့အာဘော် ကို ပြန်လည်ဖော်ပြပါသည်။)
0 comments:
Post a Comment