Tuesday, February 18, 2014

"ကျနော်နှင့် မန္တလေးရောက် အလွဲများ (၃)"

"ကျနော်နှင့် မန္တလေးရောက် အလွဲများ (၃)"

=========
ဖရဲသီးတိုတိုလေး
=========
မန္တလေးရောက်တုန်း 
ပုဂံသွားဖြစ်တယ်။
မုံရွာသွားဖြစ်တယ်။
တံတားဦးရောက်တယ်။
မိတ္ထီလာ ရောက်တယ်။
မတ္တရာဘက် ရောက်တယ်။

အဲ.... 
မတ္တရာဘက်သွားတာမှာ ပြောစရာဇာတ်လမ်းရှိတယ်ဗျ။
မိုးကြီး @[100000008067884:2048:Kyaw Kyaw Kyawkyaw]  အကြောင်းပေါ့... 
ကျနော်တို့ကတော့ သူ့ကို "AEကတော်" လို့ခေါ်ကြတယ်။
သူ့မိန်းမက အစိုးရအရာရှိ AE ကိုး

တစ်ရက်တော့ သူ့မိန်းမ တာဝန်ကျရာ မတ္တရာဘက်ကို သွားလည်ဖြစ်တယ်။
အသွားတုန်းကတော့ သူရယ် ကျနော်ရယ် ၂ ယောက်ထဲ ဂျစ်ကားလေးနဲ့ သွားကြတာ
အပြန်ကျတော့ သူ့မိန်းမနဲ့ ကလေး၂ယောက်ပါ ပြန်လိုက်လာတယ်

အညာနေပူပူ ဂျစ်ကားနဲ့ ပြန်လာတာ...
တစ်နေရာရောက်တော့ လမ်းတစ်ဖက်ခြမ်းက ဖရဲသီးပုံကြီးကို မောင်မိုးကြီးက လှမ်းမြင်ပါလေရော

"ကိုသန်၎... ပူတယ်ဗျာ... ဖရဲသီး ဝယ်စားရအောင်"
"ဝယ်လေ...."

ဒါနဲ့ ကားကို လမ်းဘေးမှာ ရပ်လိုက်တယ်
သူရယ် ကျနော်ရယ် လမ်းတစ်ဖက်ကို ကူးသွားပြီး ဖရဲသီးပုံကို မွှေကြတယ်
ဖရဲသီးသည် ဦးလေးကြီးက ဆိုင်နောက်မှာရှိတဲ့ သူ့မိန်းမကို လှမ်းအော်တာ ကြားလိုက်ရတယ်... ...

"မိတင်ရေ... ဈေးဝယ်တွေကို ကျွေးရအောင် ဖရဲသီး အလုံးကောင်းတာ ခွဲပါဟ"
"ဟုတ်ကဲ့ ဟုတ်ကဲ့"

ခဏနေတော့ ... နောက်ဖက်က ခေါ်သံကြားရတယ်... ...
"ကိုပိုက်ဆောင်း... ခွဲပြီးပြီတော့ လာယူချည်"
"အေး... အေး..."

အဲဒီဦးလေးကြီး နောက်ဖေးဖက်ဝင်သွားပြီး ဖရဲသီးခွဲခြမ်းသွားယုတာကို အမှတ်မထင် လှမ်းကြည့်မိလိုက်တယ်...
အဲ.... အင်း....

ဖရဲသီးစိပ်ရဲရဲကြီးတွေ အရည်တရွှမ်းရွှမ်းနဲ့ မောင်မိုးကြီးတစ်ယောက် အငမ်းမရ စားပါလေရော....
သူတင်စားတာ မဟုတ်ဘူး...
ကားပေါ်မှာ ထိုင်ကျန်နေခဲ့တဲ့ သူ့မိသားစုကိုပါ သွားကျွှေးလိုက်သေးတယ်
အိုး.... ဘာပြောကောင်းမလဲ သူ့မိန်းမနဲ့ကလေးတွေကလည်း ရေဆာဆာနဲ့ စားလိုက်တာမှ တခွမ်းခွမ်းတောင် မြည်လိုက်သေး....

မစားဘဲ ရပ်ကြည့်နေတဲ့ ကျနော့်ကို ပလုပ်ပလောင်းနဲ့ တိုက်တွန်းတယ်... ..

"ကိုသန်၎... စားပါဗျ၊ ချိုလိုက်တာမှ ရေဆာလည်းပြေ..."
"စား... စား... ကြ... ပါကွာ၊ ငါ ဟို ဟို ချောင်းဆိုးနေလို့ အငှီး"
"ဒီလူ ဘာဖြစ်နေတယ် မသိဘူး၊ ငေါင်တောင်တောင် ယောင်နနနဲ့"
"ဖြစ်ပါဘူးကွ.... ငီး ငီး"

ဆိုင်မှာတင် ဝအောင်စားပြီး မန္တလေးမှာ မကြေပွဲဆက်စားကြဖို့လည်း လေးငါးလုံး ဝယ်လာလိုက်သေးတယ်။

ကဲ...
အစကတော့ မပြောဘူးလို့နေတာပါ
ခုမှ လူစုံတုန်း ဖေ့စ်ဘုတ်မှာ ပြောလိုက်ရတာ... ...

ဟို ဈေးသည်ဦးလေးကြီး နောက်ဖေးသွားပြီး ဖရဲသီးယူတော့ ကျနော် ဘာလှမ်းမြင်လိုက်လဲ တိရား... ...?

အဲနီအူးနှေးဂျီးမိန်းမဂ ကိုယ်မကောင်းပူးဂျ

ဖနှဲတီးကို အဲလေ ဖရဲသီးကို လက်တိုလေးနှစ်ဖက်ကြား ဓားလေးညှပ်ညှပ်ပြီး ခုတ်နေတာများ ကြည့်လို့တောင် ကောင်းသေး... အဟေးဟေး... ဟေး

တခါတလေ ဖရဲသီးက စောင်းသွားလိုက် လက်တိုလေးနှစ်ဖက်နဲ့ညှပ်ပြီး ပြန်တည့်လိုက် ဓားလေးကို ကပိုကရိုကိုင်ပြီး ထုတ်ရိုက် အဲလေ ခုတ်လိုက်နဲ့...

ဒါနဲ့
ဒါနဲ့... ..
အနော်လည်း ချောင်းဆိုးချင်ယောင် ဆောင်ပြီး မစားဘူး ငြင်းခဲ့တာပါဂျာ...
ငီး ... ငီး....

မိုးကြီးရေ.... 
နင့်မိန်းမကို ညအိပ်ရင် လှန်လှောပြီး စစ်ကြည့်အုံး 
ခြေဒေ လက်ဒေ ပြောဒါ...

သန်၎ကို-အကျင့်ပုပ်သည်။
=========
ဖရဲသီးတိုတိုလေး
=========
မန္တလေးရောက်တုန်း
ပုဂံသွားဖြစ်တယ်။
မုံရွာသွားဖြစ်တယ်။
တံတားဦးရောက်တယ်။


မိတ္ထီလာ ရောက်တယ်။
မတ္တရာဘက် ရောက်တယ်။

အဲ....
မတ္တရာဘက်သွားတာမှာ ပြောစရာဇာတ်လမ်းရှိတယ်ဗျ။
မိုးကြီး Kyaw Kyaw Kyawkyaw အကြောင်းပေါ့...
ကျနော်တို့ကတော့ သူ့ကို "AEကတော်" လို့ခေါ်ကြတယ်။
သူ့မိန်းမက အစိုးရအရာရှိ AE ကိုး

တစ်ရက်တော့ သူ့မိန်းမ တာဝန်ကျရာ မတ္တရာဘက်ကို သွားလည်ဖြစ်တယ်။
အသွားတုန်းကတော့ သူရယ် ကျနော်ရယ် ၂ ယောက်ထဲ ဂျစ်ကားလေးနဲ့ သွားကြတာ
အပြန်ကျတော့ သူ့မိန်းမနဲ့ ကလေး၂ယောက်ပါ ပြန်လိုက်လာတယ်

အညာနေပူပူ ဂျစ်ကားနဲ့ ပြန်လာတာ...
တစ်နေရာရောက်တော့ လမ်းတစ်ဖက်ခြမ်းက ဖရဲသီးပုံကြီးကို မောင်မိုးကြီးက လှမ်းမြင်ပါလေရော

"ကိုသန်၎... ပူတယ်ဗျာ... ဖရဲသီး ဝယ်စားရအောင်"
"ဝယ်လေ...."

ဒါနဲ့ ကားကို လမ်းဘေးမှာ ရပ်လိုက်တယ်
သူရယ် ကျနော်ရယ် လမ်းတစ်ဖက်ကို ကူးသွားပြီး ဖရဲသီးပုံကို မွှေကြတယ်
ဖရဲသီးသည် ဦးလေးကြီးက ဆိုင်နောက်မှာရှိတဲ့ သူ့မိန်းမကို လှမ်းအော်တာ ကြားလိုက်ရတယ်... ...

"မိတင်ရေ... ဈေးဝယ်တွေကို ကျွေးရအောင် ဖရဲသီး အလုံးကောင်းတာ ခွဲပါဟ"
"ဟုတ်ကဲ့ ဟုတ်ကဲ့"

ခဏနေတော့ ... နောက်ဖက်က ခေါ်သံကြားရတယ်... ...
"ကိုပိုက်ဆောင်း... ခွဲပြီးပြီတော့ လာယူချည်"
"အေး... အေး..."

အဲဒီဦးလေးကြီး နောက်ဖေးဖက်ဝင်သွားပြီး ဖရဲသီးခွဲခြမ်းသွားယုတာကို အမှတ်မထင် လှမ်းကြည့်မိလိုက်တယ်...
အဲ.... အင်း....

ဖရဲသီးစိပ်ရဲရဲကြီးတွေ အရည်တရွှမ်းရွှမ်းနဲ့ မောင်မိုးကြီးတစ်ယောက် အငမ်းမရ စားပါလေရော....
သူတင်စားတာ မဟုတ်ဘူး...
ကားပေါ်မှာ ထိုင်ကျန်နေခဲ့တဲ့ သူ့မိသားစုကိုပါ သွားကျွှေးလိုက်သေးတယ်
အိုး.... ဘာပြောကောင်းမလဲ သူ့မိန်းမနဲ့ကလေးတွေကလည်း ရေဆာဆာနဲ့ စားလိုက်တာမှ တခွမ်းခွမ်းတောင် မြည်လိုက်သေး....

မစားဘဲ ရပ်ကြည့်နေတဲ့ ကျနော့်ကို ပလုပ်ပလောင်းနဲ့ တိုက်တွန်းတယ်... ..

"ကိုသန်၎... စားပါဗျ၊ ချိုလိုက်တာမှ ရေဆာလည်းပြေ..."
"စား... စား... ကြ... ပါကွာ၊ ငါ ဟို ဟို ချောင်းဆိုးနေလို့ အငှီး"
"ဒီလူ ဘာဖြစ်နေတယ် မသိဘူး၊ ငေါင်တောင်တောင် ယောင်နနနဲ့"
"ဖြစ်ပါဘူးကွ.... ငီး ငီး"

ဆိုင်မှာတင် ဝအောင်စားပြီး မန္တလေးမှာ မကြေပွဲဆက်စားကြဖို့လည်း လေးငါးလုံး ဝယ်လာလိုက်သေးတယ်။

ကဲ...
အစကတော့ မပြောဘူးလို့နေတာပါ
ခုမှ လူစုံတုန်း ဖေ့စ်ဘုတ်မှာ ပြောလိုက်ရတာ... ...

ဟို ဈေးသည်ဦးလေးကြီး နောက်ဖေးသွားပြီး ဖရဲသီးယူတော့ ကျနော် ဘာလှမ်းမြင်လိုက်လဲ တိရား... ...?

အဲနီအူးနှေးဂျီးမိန်းမဂ ကိုယ်မကောင်းပူးဂျ

ဖနှဲတီးကို အဲလေ ဖရဲသီးကို လက်တိုလေးနှစ်ဖက်ကြား ဓားလေးညှပ်ညှပ်ပြီး ခုတ်နေတာများ ကြည့်လို့တောင် ကောင်းသေး... အဟေးဟေး... ဟေး

တခါတလေ ဖရဲသီးက စောင်းသွားလိုက် လက်တိုလေးနှစ်ဖက်နဲ့ညှပ်ပြီး ပြန်တည့်လိုက် ဓားလေးကို ကပိုကရိုကိုင်ပြီး ထုတ်ရိုက် အဲလေ ခုတ်လိုက်နဲ့...

ဒါနဲ့
ဒါနဲ့... ..
အနော်လည်း ချောင်းဆိုးချင်ယောင် ဆောင်ပြီး မစားဘူး ငြင်းခဲ့တာပါဂျာ...
ငီး ... ငီး....

မိုးကြီးရေ....
နင့်မိန်းမကို ညအိပ်ရင် လှန်လှောပြီး စစ်ကြည့်အုံး
ခြေဒေ လက်ဒေ ပြောဒါ...

သန်၎ကို-အကျင့်ပုပ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...