Monday, February 17, 2014
သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၂)
သစ်ထူးလွင်
Posted: 17 Feb 2014 04:53 AM PST
အခြေခံဥပဒေကျယ်ပြန့်ပြန့် မပြင်သရွေ့ တိုင်းပြည်ဘာမှဖြစ်မလာဘူးလို့ သူရဦးအောင်ကိုက တနလာင်္နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ခေတ္တရပ်နားချိန်မှာ ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဦးအောင်ကြီးက ပေးပို့ထားပါတယ်။ ရိုက်ကူး-သူရိန် ၊ အောင်ကြီး (ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 17 Feb 2014 04:27 AM PST
ပြည်၊ ဖေဖော်ဝါရီ ၁၆ ၁၀ လနီးပါး ကြာမြင့်သော်လည်း တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် ပြည်မြို့၊ နဝဒေး တံတားအောက်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာကင်တားနားတို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က UN ရုံးတွင် တွေ့ဆုံခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ခဲ့သော
Posted: 17 Feb 2014 04:22 AM PST
ပဲခူးတိုင်းအလံနီကျေးရွာက အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေးကျေးရွာသားတွေကို ကျောင်းထိုင်ဘုန်းတော်ကြီးက ဓမ္မာရုံမှာ ရွှေ့ပြောင်းနေရာချထားပေးလိုက်ပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျောင်းသားမရှိတဲ့ မိသားစုတွေ ဒီနေ့ မပြောင်းရွေ့ရင် တဲတွေကိုဖျက်ပြီး လူတွေကို တရားစွဲမယ်လို့ ပြောတာကြောင့် ဒီနေ့ နေ့လယ် ၁ နာရီမှာ  ယာယီတဲတွေကို ဖျက်ပြီး ဓမ္မာရုံကို ပြောင်းရွှေ့လိုက်တာပါ။
Posted: 17 Feb 2014 03:59 AM PST
ကြေးဘုရားကြီး၏ ပွဲတော်သည်ပင်လျှင် ယခုအခါ (၁ဝ၉)ကြိမ် ရှိခဲ့ပြီဖြစ်၍ ဘဲဥထုပွဲမှာလည်း နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီ ဖြစ်သည်။ စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက် တွင်တည်ရှိသည့် ဇိနမာရ်အောင် လောကချမ်းသာကြေးဘုရားကြီး ၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရိုးရာ ဘဲဥထုပွဲတော်ကို ယခုလ ၁၄ရက် မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ ယခုနှစ် ဘုရားပွဲတော်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလှခြင်း ခတ်ပွဲ၊ေ
Posted: 17 Feb 2014 03:41 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရန်ကုန်မြို့တွင် ယာဉ်နံပါတ်ပြား၌ သတ်မှတ်နံပါတ် မပါရှိဘဲ လူတစ်ဦး၏ အမည်ကို တပ်ဆင်စီးနင်းနေသည့် စည်းကမ်းမဲ့ မော်တော်ယာဉ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ အကြောင်းကြား အရေးယူစေမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ဗဟန်းမြို့နယ် နတ်မောက်လမ်းပေါ်ရှိ ချက်ထရီယမ် ဟိုတယ်အနီး ဖွင့်လှစ်ထားသော Café Liberal ဆိုင်ရှေ့တွင် ရပ်နားထားသည့် အဆိုပါ
Posted: 17 Feb 2014 03:15 AM PST
ရန်ကုန်၊ မဇ္ဈိမ။  ။ အမျိုးသမီး တစ်ဦး ခေတ္တကွဲနေသည့် ခင်းပွန်း ဖြစ်သူထံ ကလေး သွားရောက် ခေါ်ဆောင်စဉ် အက်စစ်ဖြင့် အပက်ခံ လိုက်ရသည့် ဖြစ်စဉ်နည်းတူ ခင်ပွန်းဖြစ်သူထံ ကလေးသွားရောက် ခေါ်ဆောင်သည့် အမျိုးသမီးနှင့် သူငယ်ချင်း တစ်ဦး အက်ဆစ်ဖြင့် အပက်ခံရမှု ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၅ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် လိုက်သည်။ ဖြစ်စဉ်တွင် မွန်းလွဲ ၃ နာရီက လှိုင်မြို့နယ် (၁၂
Posted: 17 Feb 2014 03:10 AM PST
ခတ္တမဒူ၊ ဖေဖော်ဝါရီ ၁၆ ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။ အဆိုပါ ခရီးသည်တင် လေယာဉ်သည် ပုပ်ခ်ဟာရာ လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ပျောက်ဆုံး သွားခဲ့ခြင်းြ
Posted: 17 Feb 2014 02:49 AM PST
ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်ပေးရေး မန္တလေးမြို့မှာ တကိုယ်တော် ဆန္ဒပြဖို့ ကြိုးစားတဲ့ ဦးအေးသိန်းကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ဖြုတ်ချပေးရေး၊ ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်ပေးရေး ဖေဖော်ဝါရီ ၁၆ ရက်နေ့က မန္တလေးမြို့မှာ တကိုယ်တော် လမ်းလျှောက် ဆန္ဒပြဖို့ ကြိုးစားနေတဲ့ ဦးအေးသိန်းကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့တဲ့အတွက် ဆန္ဒပြတာကို ဖျက်သိမ်းလိုက်ရပါတယ်။ တကိုယ်တော် ဆန္ဒပြသူ
Posted: 17 Feb 2014 02:45 AM PST
ထိုင်းမှဝင်ရောက်နေသည့် စားသုံးရန်မသင့်သော ငံပြာရည်များမှာ ရန်ကုန်ဈေးကွက်တွင် ကွယ်ပျောက် နေသော်လည်း နယ်ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်မှုများရှိနေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဖေဖော်ဝါရီ ၁၆ ရက်တွင် မဇ္ဈိမသို့ပြောသည်။ ထိုင်းမှဝင်ရောက်နေသည့် ငံပြာရည်များကို တစ်နိုင်ငံလုံး တိုက်ရိုက်ဖြန့်ချိသည့် မင်္ဂလာဈေးသို့ ၀င်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာြ
Posted: 17 Feb 2014 02:38 AM PST
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြလယ်သမားတွေက ၀န်ကြီးချုပ်ရုံးကို ဒီနေ့ ၀ိုင်းထားလိုက်ပြီး ရုံးကို ၀င်စီးမယ်လို့ ခြိမ်းခြောက်နေပါတယ်။ ရဲတွေက ဘန်ကောက်မြို့ပ်ါက သပိတ်စခန်းတွေ ပြန်သိမ်းဖို့ ကြိုးစားနေတာကို အာခံတဲ့ အနေနဲ့ အစိုးရအိမ်တော်၊ ၀န်ကြီးချုပ်ရုံးတ၀ိုက်ကို ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေက ၀ိုင်းထားလိုက်ပါတယ်။ ဒါဟာ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေကို ရုံးတက်လို့ မရအောင် ပိတ်ထားတဲ့ သဘောဖြစ်တယ်လို့ြေ
Posted: 17 Feb 2014 02:33 AM PST
ရန်ကုန်၊ မဇ္ဈိမ။ ။ တွံတေးမြို့နယ်ရှိ ဘုရားကြီးစေတီ၊ ရင်ပြင်ပေါ်တွင် အမျိုးသမီးငယ်တစ်ဦး ဘာမီတွန်ဆေးပြား ၄၀ သောက်ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်မှုတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။ ယင်းနေ့ ည ၉နာရီက တွံတေးရဲစခန်းက တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ ဘုရားကြီး ရင်ပြင်တော်ပေါ်တွင် အမျိုးသမီး တစ်ဦး ဘာမီတွန် ဆေးပြားများ သောက်၍ ကော့မှူး ဆေးရုံသို့ ရောက်ရှိနေစဉ် သွားရောက်စစ်ဆေးခဲ့သည်ဟု
Posted: 17 Feb 2014 02:21 AM PST
ဒီမိုကရေ စီနိုင်ငံတစ်ခုတွင် တစ်ယောက်တစ်ပေါက် လုပ်နေမည်ဆိုပါက ထိရောက်မှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။ နိုင်ငံတကာ ဝတ်လုံတော်ရရှေ့ နေများအဖွဲ့၏ လူ့အခွင့်အရေးအဖွဲ့အစည်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ တို့ ပူးတွဲစီစဉ်သည့် ''ဝတ်လုံတော်ရရှေ့နေ အသင်းများ၏
Posted: 17 Feb 2014 02:15 AM PST
မော်လမြိုင်၊ ဖေဖော်ဝါရီလ ၁၆ မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက် တိုက်နယ်၊ ကလော့သော့ ကျေးရွာနှင့် ဖယ်ဒိုကျေးရွာ အကြားရှိ မော်လမြိုင် သံဖြူဇရပ် လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က ဘုရားဖူး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် နှစ်စီးတို့ မျက်နှာချင်း ဆိုင်တိုက်မိမှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဆေးရုံတင်ထားရကြောင်း ကမာဝက် တိုက်နယ်ရဲစခန်း စခန်းမှူးရဲအုပ်
Posted: 17 Feb 2014 01:38 AM PST
မန္တလေး၊ ဖေဖော်ဝါရီ ၁၆ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ သစ်အရောင်း အဝယ်နှင့် နွားမှောင်ခို ဈေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်းသို့ ငွေစက္ကူ အတုများ ဝင်ရောက်မှု များပြားလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်း သိရှိရသည်။ တရုတ်နိုင်ငံဘက်သို့ တရားမဝင် ကျွန်းသစ် အရောင်းအဝယ် ပြုလုပ်ရာမှ ငွေအတုများ ရောက်ရှိ လာတတ်ပြီး နွားမှောင်ခို အရောင်းအဝယ် ပြုလုပ်သည့်
Posted: 17 Feb 2014 01:32 AM PST
ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါးကို သူတို့ဆန္ဒရှိရင် ကရင်ပြည်နယ်ကို ခေါ်ဆောင်သွားမယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် DKBA စစ်ဗျူဟာမှူးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အဲဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA
Posted: 17 Feb 2014 01:27 AM PST
၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် -၃ ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်မြို့၊ အောင်ဆန်း ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ဇွဲကပင်နှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်တွင် ဇွဲကပင်အသင်း က ပင်နယ်တီနှစ်ဂိုး ပေးရကာ ရတနာပုံအသင်း အား ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များအား မကျေနပ် ၍ ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေးမှ ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းအား ပွဲအပြီးတွင် ပါးရိုက်
Posted: 16 Feb 2014 07:05 PM PST
နိုင်ငံအရှေ့မြောက် Izghe မြို့က ထွက်ပြေးလွတ်မြောက် လာသူတွေရဲ့ အပြောအရ အမျိုးသား၃၀ လောက်ကို ဝိုင်းပိတ်ပြီး ပစ်သတ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။ အဲဒီနောက် တအိမ်တက်ဆင်း အထူးသဖြင့် အမျိုးသားတွေကို ပစ်သတ်ပါတယ်။ အချို့ကိုတော့ လည်လှီးပြီး သတ်ပါတယ်။ စုစုပေါင်း ၁၀၆ယောက်သေတယ်လို့ လွှတ်တော်အမတ် Mohammad Ali Ndume ကဘီဘီစီကိုပြောပါတယ်။ လွန်ခဲ့တဲ့ ၄ရက်ကလည်း ဘိုကို ဟာရမ်တွေရဲ့ လက်ချက်နဲ့ အခြားတိုက်ခိုက်မှုမှာ
Posted: 16 Feb 2014 06:38 PM PST
၉-၂-၂၀၁၄ ရက်နေ့နှင့် ၁၀-၂-၂၀၁၄ ရက်နေ့များတွင် ကန်ရိပ်သာ-သိမ်ဖြူမီးပွိုင့်တွင် တာဝန်ကျနေသော ရဲတပ်ကြပ်ကြီးသောင်းဒန်အား ယာဉ်အမှတ်၊ ၉ဃ/၇၇၇၄(Toyota Wish) အနက်ရောင် အမျိုးအစားယာဉ်မှ အမည်စုံစမ်းဆဲ လူအချို့မှ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း သစ်ထူးလွင် အင်တာနက်သတင်းတွင် ဖော်ပြခဲ့ပါသည်။ ယင်းအင်တာနက်သတင်းနှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတို့မှ
Posted: 16 Feb 2014 06:29 PM PST
လာဘ်ပေး၊ လာဘ်ယူမှုတွေ ပပျောက်သွားနိုင်လား။ ဒါမှမဟုတ် ထုံးစံလိုဖြစ်နေလား။ လင်းလက်ကြယ်စင်မှာ နားဆင်နိုင်ပါပြီ။
Posted: 16 Feb 2014 05:47 PM PST
Posted: 16 Feb 2014 05:00 PM PST
ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါး ဖယ်ရှားပေးဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က သတိပေးလိုက်ပါတယ်။ ရှေ့လာမယ့် မတ်လ ကလေးတွေ စာမေးပွဲပြီးဆုံးမှ ပြောင်းရွှေ့ခွင့်ပေးဖို့ အောင်သိဒ္ဓိ ကျောင်းတိုက်ဆရာတော် ဦးအဂ္ဂဓမ္မက တိုင်းဒေသကြီး အစိုးရဆီ မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့
Posted: 16 Feb 2014 04:59 PM PST
မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရွာသားတွေကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောဆိုခဲ့တဲ့အပေါ် ၀န်ကြီးကိုရာထူးက ရပ်စဲပေးဖို့ သပိတ်ကျင်းဒေသခံ ဦးအေးသိန်းက မန္တလေးမှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဦးအေးသိန်းက ဝန်ကြီး ဦးအုန်းမြင့်ကို တာဝန်ကရပ်စဲစေပြီး ဥပဒေပုဒ်မ တစ်ချို့နဲ့ပါ အရေးယူပေးဖို့ တောင်းဆိုကြောင်း အခုလို ပြောပါတယ်။ ဦးအေးသိန်းဟာ မန္တလေးမြို့
Posted: 16 Feb 2014 04:46 PM PST
လူဦးရေ ၆ သန်းလောက် နေထိုင်တဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆန်ဈေးတွေ ၁၀ ရာ ခိုင်နှုန်း လောက်အထိ တက်သွားပါတယ်။ လာမဲ့ နွေစပါး မပေါ်ခင်ထိ ဈေးတွေ တက်ဖို့ရှိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ ရန်ကုန်မှာ ဆန်ဈေးတွေ လက်လီ ဈေးကွက်မှာ တစ်ပြည်ကို ကျပ်၃၀ဝ လောက် တက်သွားကြောင်း ရန်ကုန်က အိမ်ရှင်မ တစ်ယောက်က ပြောပါတယ်။ ဒီရက်ပိုင်းမှာလည်း ရန်ကုန်မြို့ကို ဆန်အဝင် နည်းနေပြီး
Posted: 16 Feb 2014 04:38 PM PST
ဓာတုပစ္စည်းများအသုံးပြု၍ ရွှေချက်လုပ်နေသည့် တရုတ်လုပ်ငန်းရှင်များနှင့် ပြည်တွင်းရှိ လုပ်ငန်းရှင်အချို့အား ၀ိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာရှိ ထွယ်ဆန်ယန်ကွင်းသို့ ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အခြားဌာနများမှ ဦးစီးမှူးများ သွားရောက်၍ ပိတ်ပေးရန် ပြောဆိုထားပြီးဖြစ်သော်လည်း ယခုအချိန်ထိ လုပ်ကိုင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ ထိုရွှေလုပ်ကွက်၌ ကျင်းပြိုကျပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် အသက် (
Posted: 16 Feb 2014 04:36 PM PST
လွှတ်တော်နှစ်ရပ်၏ သက်တမ်း ၂ နှစ်ကျော်အတွင်း မေးခွန်းမေးမြန်းဖူးခြင်းမရှိသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆၀ ကျော် ရှိကြောင်း လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီအစဉ် ပြုလုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ ဖေဖော်ဝါရီလတွင် ထုတ်ပြန်လိုက်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။ လွှတ်တော်တွင် မေးခွန်းတစ်ခုမှ မေးမြန်းဖူးခြင်းမရှိသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ၁၂၅
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...