Tuesday, February 18, 2014

ညီမလေးအတွက် စကားလက်ဆောင်


ညီမလေးရေ....
  ကေသရာဇာ ခြင်္သေ့မင်းပာာ ဘယ်လောက်ပဲ အစာငတ်နေပါစေ။ ဘယ်တော့မှ မြက်မစားဘူး။
ဒီလိုပဲ အမျိုးကောင်းသမီးတွေပာာ ဘယ်လောက်ပဲ ဆင်းရဲချို့တဲ့နေပါစေ။ ဘယ်တော့မှ ခန္ဓာကိုယ် ကို ရောင်းမစားဘူး။ ညီမလေးတို့လည်း ဒီလို လုပ်မှာ မပာုတ်ဘူးဆိုတာ အကြွင်းမဲ့ ယုံတယ်။



ကေသရာဇာ ခြင်္သေ့မင်းရဲ့ အဆီပာာ သိင်္ဂီရွှေခွက်နဲ့ ထည့်မှ လုံတယ်။ အညတြ ခွက်တွေနဲ့ ထည့်ရင် ယိုဖိတ် ကျကုန်တယ်။ ဒီလိုပဲ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးကောင်းသမီးတွေပာာ မြင့်မြတ်တဲ့ ယောက်ျားတွေနဲ့ပဲ ဖူးစာ ဖက်ကြတယ်။ ယုတ်ညံ့တဲ့ မိစ္ဆာယောက်ျားနဲ့တွေ့ရင်တောင် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲသွားရမှာ သေချာတယ်။ကိုယ့်ဖက်ကသာ မြင့်မြတ်ပြီး သန့်စင်နေဖို့ လိုတယ်။

ညီမလေးရေ......
ခွေး ဆိုတဲ့ သတ္တ၀ါပာာ ဘယ်လောက်ပဲ အစားကောင်းတွေ ပေါများနေပါစေ။ မစင်ပုံကိုပဲ သူမက်မောတယ်။ ဒီလိုပဲ ကိုယ်ကျင့်တရား မကောင်းဘဲ ယုတ်ညံ့တဲ့ မိန်းမတွေပာာ ဘယ်လိုပဲ အဆင့်မြင့်မြင့် နေရပါစေ။ ယုတ်မာတဲ့ အကျင့်ကိုပဲ ကျင့်ကြတယ်။

ညီမလေးရေ.....
ကိုယ်က ခြသေ့င်္လို မာန်ရှိအောင် ကိုယ်ကျင့်တရား ကောင်းအောင် နေသင့်တယ်။ ခြသေ့င်္ပာာ ခွေးနဲ့ ဘယ်တော့မှ ဖူးစာ မဖက်ပါဘူး။ ခွေးဆိုတာက အ ကုသိုလ်တရားတွေကို ကျင့်နေတဲ့ မိစ္ဆာကောင်တွေကို ပြောတာပါ။

မြန်မာ မိန်းကလေးတိုင်း ခြသေ့င်္လိုမာန်မျိုးရှိသင့်တယ်။ ဒါမှ မြန်မာအမျိုးသမီးတွေကို ခွေးလို ယုတ်မာတဲ့ လူတွေ အနားမကပ်ရဲမှာပါ။

သဘောပေါက် နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်မှ ဆက်ပြောပါ့မယ်။

ခင်မင်လျက်...
ပြည်ငြိမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...