သစ်ထူးလွင် သတင်းစုစည်းမှု (၉-၂)
သစ်ထူးလွင် |
- ထိုင်းရေတပ်ဗိုလ်လောင်းတွေရဲ့ မြန်မာပြည် ချစ်ကြည်ရေးခရီး
- ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ပေးဖို့ မန္တလေးမြို့ ဒေသခံ ၃၀၀ ဆန္ဒပြ
- White Card ကိုင်သူတွေကို မဲပေးခွင့်မပြုဖို့ ဆန္ဒပြ
- အမြန်လမ်းတွင် ရန်ကုန်-မန္တလေး ခရီးသည်တင်ယာဉ်မှောက် ခြောက်ဦးဒဏ်ရာရ
- ပြည်မြို့တွင်ဇနီးဟောင်းကို ခင်ပွန်းဟောင်းက အိမ်ပေါ်တက်ဓါးဖြင့်ခုတ်
- အဝေးပြေးခရီးသည်ယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးသေဆုံးမှု စစ်ဆေးနေ
- မောင်တောနယ်စပ်တွင် ပုဒ်မ ၁၄၄ကို ၁၂ ကြိမ်မြောက် ထုတ်ပြန်
- ရွှေပေါက်ကံ ၁၂ ရပ်ကွက်ရှိ အိမ် ၃၀၀ ကျူးဟု သတ်မှတ်ဖျက်ဆီး
- ရခိုင်ပြည်နယ် မြောက်ဦးတွင် နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ်
- တမူးတွင် ဓားဖြင့်ခုတ်သတ်၍ အလောင်းဖျောက်ထားမှု ဖမ်းမိပြီ
- ဂျပန်နိုင်ငံတစ်ဝန်း နှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် ၇ ဦးသေဆုံး ၁၀၀၀ ဦးဒဏ်ရာရရှိ
- လိုင်စင်ရပြီးနောက် . . .
- မန္တလေးတွင် ဖွဲ့စည်းပုံပြင်ဖို့ ပထမဆုံး စုရုံးဆန္ဒပြ
- လယ်ဧက နှစ်သောင်းကျော် ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် တောင်သူ ၁၀၀ ကျော် ဆန္ဒထုတ်ဖော်
- လှည်းကူးမြို့ ရှိ ဗိုလ်ချုပ် ခင်ညွန့် ပိုင်ဆိုင်ခဲ့သော မြေနေရာ တွင် ကျူးကျော်တဲ တစ်ရာ နီးပါး တိုးချဲ့ နေထိုင် မှု ရှိလာ
- သမီးကလေးရွာ သတင်းစာ ရှင်းလင်းပွဲ သွားသည့် မီဒီယာများအား နယ်မြေခံ စစ်တပ်က တားဆီး၍ ကင်မရာနှင့် ဖုန်းများ လုယူစစ်ဆေး
- ဒလမြို့ ကမာကသွယ်တွင် အိမ်လေးလုံးနီးပါး မီးလောင်
- "ခြေဖဝါးတော်နုနု"ဘာလင် ရုပ်ရှင်ပွဲတော်မှာ ပြသ
- လှည်းကူးမြို့နယ် မြေဧက ၁ သောင်းနီးပါး တရားမ၀င် ရောင်းဝယ်မှုများ ပြုလုပ်နေ
- ဟောင်ကောင်မှာ အိမ်ဖေါ်လုပ်မယ့် မြန်မာများကို လာမယ့်အပတ်မှာ စေလွှတ်မည်
- အာဆီယံ စီးပွားရေး ပေါင်းစည်းမှုကြောင့် ဒေသတွင်း အသေးစား၊ အလတ်စားလုပ်ငန်းများ ပျောက်ကွယ်နိုင်ဟုဆို
- မင်းရဲကျော်စွာစခန်းအနီး လမ်းများပေါ်တွင် အရောင်းအဝယ် လုပ်သည့် မော်တော်ယာဉ်များကို ဖယ်ရှား
- ဖေဖော်ဝါရီလ(၉)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
- ဖေဖော်ဝါရီလ(၉)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
- ထိုင်းနိုင်ငံရေး အကျပ်အတည်း မြန်မာ့ဆန် ပြည်ပတင်ပို့မှု အတွက် အခွင့်အရေးကောင်း ပေါ်ပေါက်
Posted: 09 Feb 2014 07:11 AM PST
ထိုင်း-မြန်မာ
ရေတပ်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်းတော်ဝင်ရေတပ် စစ်သင်္ဘော ၃ စင်း
သီလဝါဆိပ်ကမ်းကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ဆိုက်ရောက်လာမှာဖြစ်ပါတယ်။
ထိုင်းတော်ဝင်ရေတပ် ဗိုလ်လောင်းသင်တန်းကျောင်းရဲ့ လေ့ကျင့်မှုအစီအစဉ်
အဖြစ်နဲ့ ထိုင်းဗိုလ်လောင်းနဲ့ ရေတပ်အမှုထမ်းပေါင်း ၆၉၅ ယောက်ပါဝင်မယ့်
စစ်သင်္ဘော ၃ စီးဟာ သီလဝါဆိပ်ကမ်းမှာ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ
ကမ်းကပ်ထားမှာဖြစ်ပါတယ်။ ထိုင်းရေတပ်က စစ်သင်္ဘောကြီး ၃ စီးဟာ
|
Posted: 09 Feb 2014 06:18 AM PST
နိုင်ငံတော်
သမ္မတနဲ့ ဒုတိယသမ္မတ ဖြစ်ပိုင်ခွင့် လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ ပုဒ်မ ၅၉
(စ) အပါအ၀င်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ မန္တလေးမြို့
၈၆ လမ်း၊ ၁၇ လမ်းနဲ့ ၁၈ လမ်းကြားမှာ ဒေသခံလူထု ၃၀၀ ကျော်က ဒီကနေ့
ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲကို ရည်ရွယ်ချက်လေးချက်နဲ့
ကျင်းပရတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးမျိုးကျော်အောင်က
RFA ကို
|
Posted: 09 Feb 2014 06:17 AM PST
လာမယ့်
၂၀၁၅ ရွေးကောက်ပွဲမှာ White Card လို့ခေါ်တဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ်
ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဒီနေ့
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
အဲဒီလို မဲပေးခွင့်မပြုဖို့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို
အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့၊ UN အပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေ
ဒေသတွင်းကနေ ထွက်ခွာသွားပေးဖို့
|
Posted: 09 Feb 2014 06:00 AM PST
နေပြည်တော်၊
ဥတ္တရသီရိမြို့နယ်တွင် ခရီးသည် ၄၄ ဦး လိုက်ပါလာသည့် ကားမှောက်ပြီး
အဘိုးအိုတစ်ဦး အပါအ၀င် ခရီးသည် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း
သတင်းရရှိသည်။
နေပြည်တော်အမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၁၂/၂၁၃) ကြားတွင် ဖေဖော်ဝါရီ ၅ ရက်
နေ့လယ်က ရန်ကုန်-မန္တလေးပြေးဆွဲသည့် အရိန္ဒမာ
ခရီးသည်တင်ယာဉ်မှောက်ခြင်းဖြစ်ေ
|
Posted: 09 Feb 2014 05:56 AM PST
ပြည်၊
မဇ္ဈိမ။ ။ တစ်ခြံတည်းတွင် တစ်အိမ်စီခွဲနေသူ ခင်ပွန်းဟောင်းကို
နေအိမ်ခြံဝန်းအတွင်းက ထွက်သွားရန် နှင်ထုတ်သည့်အတွက် ခင်ပွန်းဟောင်းက
ဇနီးဟောင်းကို အိမ်ပေါ်တက်ကာ ဓါးဖြင့်ခုတ်မှု ပဲခူးတိုင်း ပြည်ခရိုင်
ပြည်မြို့ အမှတ်(၃)ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည်ဟု
ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဖေဖော်ဝါရီလ ၇ရက် နံနက် ၇နာရီက ပြည်မြို့ မုဌောကျေးရွာအုပ်စု
လူကြီးကုန်းကျေးရွာနေ အမျိုးသမီးသည်
|
Posted: 09 Feb 2014 05:55 AM PST
ရန်ကုန်၊
မဇ္ဈိမ။ ။ ပခုက္ကူ-ရန်ကုန်ပြေးဆွဲသည့် အောင်ကျော်မိုး အဝေးပြေးခရီးသည်ယာဉ်
တစ်စီးပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးခဲ့မှုကို ဖေဖော်ဝါရီ ၈ရက်တွင်
မင်္ဂလာဒုံရဲစခန်းက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို အမှုဖွင့်
စစ်ဆေးလျက်ရှိသည်။
ဖေဖော်ဝါရီ ၈ရက် နံနက် ၅ နာရီခွဲအချိန်က အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းသို့
ရောက်ရှိလာသည့် ပခုက္ကူ-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်ပေါ်တွင်
ခရီးသည်တစ်ဦးကို သေဆုံးလျက်ေ
|
Posted: 09 Feb 2014 05:48 AM PST
မောင်တောမြို့နယ်တွင်
၂၀၁၂ ဇွန်လ ၈ရက်က စတင်ထုတ်ပြန်ခဲ့သော ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ
၁၄၄ကို ဖေ ဖော်ဝါရီ ၈ရက်တွင် (၁၂)ကြိမ် မြောက်အဖြစ်
မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်
|
Posted: 09 Feb 2014 05:46 AM PST
ရန်ကုန်တိုင်း၊
ရွှေပေါက်ကံမြို့သစ် ၁၂ ရပ်ကွက်၊ ပင်းယလမ်းရှိ အိမ်ခြေသုံးရာကျော်ကို
ကျူးများဟုဆိုကာ မြို့နယ်စည်ပင်သာယာက ဖေဖော်ဝါရီ ၈ ရက် နံနက်က
ဝင်ရောက်ဖျက်ဆီးခဲ့သည်။
အဆိုပါရပ်ကွက်အတွင်းရှိ မြေကွက်များကို ပွဲစားများထံမှတစ်ဆင့် ၀ယ်ယူကာ
နေထိုင်မှုများရှိနေကြောင်း အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ
ငှားရမ်းနေထိုင်လာရင်း ယခုကဲ့သို့ အဖျက်ခံလိုက်ရသည်ဟုဆိုကြသည်။
ငှားရမ်းနေထိုင်ကြရာတွင် မြေနေရာများကို
|
Posted: 09 Feb 2014 05:45 AM PST
ရန်ကုန်
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် နိုင်ငံသားဖြစ်မှု ဥပဒေကို
အကောင်အထည် ဖော်ပေးရန် ဖေဖော်ဝါရီလ ၉ရက်တွင် ဒေသခံ တစ်ထောင်ကျော်က
စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့အပြင် ရခိုင်ပြည်နယ် မြို့ကြီးများဖြစ်သော စစ်တွေ၊ ဘူးသီးတောင်နှင့်
မြောက်ဦးမြို့များသာမက မင်းပြားနှင့်ကျောက်တော် မြို့များတွင်လည်း ဆက်လက်
ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်ဟု ရခိုင်လူမှုကွန်ရက်
|
Posted: 09 Feb 2014 05:43 AM PST
တမူး၊
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မန်မော်ကျေးရွာ၊
ဆလိုင်းဘက်ကွင်းတွင် လွန်ခဲ့သည့် နှစ်လနီးပါးခန့်က မယားပါသားဖြစ်သူက
ပထွေးဖြစ်သူကို ဓားဖြင့်ခုတ်သတ်၍ အလောင်းဖျောက်ထားသည့် ပြစ်မှုဆိုင်ရာ
ကိစ္စကို ဖေဖော်ဝါရီလ ၈ ရက် နံနက် ၃ နာရီအချိန်က စစ်ကိုင်းတိုင်း
ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့်အရေးယူလိုက်ပြီဖြစ်သည်။
လွန်ခဲ့သည့် နှစ်လနီးပါးခန့်က တမူးမြို့နယ်တွင် မိသားစုရေး
ပြဿနာနှင့်ပတ်သက်၍ မယားပါသားဖြစ်သူက
|
Posted: 09 Feb 2014 05:08 AM PST
တိုကျို
၊ ၉-၂-၂၀၁၄
ဂျပန်နိုင်ငံ တိုကျိုမြို့ နှင့် အချို့ ဒေသများတွင် ဆယ်စုနှစ် များစွာ
အတွင်း ပထမဆုံး အကြိမ်အဖြစ် ဆီးနှင်းများ ထူထပ်စွာ ကျဆင်း ခဲ့ခြင်းကြောင့်
ယနေ့ နံနက်ပိုင်းတွင် လူ ၇ ဦးထက်မနည်း သေဆုံး၍ အခြား ၁၀၀၀ ခန့် ဒဏ်ရာ
ရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန ဖြစ်သည့် NHK က ထုတ်ပြန် ခဲ့သည်။
နိုင်ငံတစ်ဝန်း ဆီးနှင်း ကျဆင်းမှု ပမာဏသည် ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင်
၂၇ စင်တီမီတာ အထိ မြင့်တက်
|
Posted: 09 Feb 2014 05:06 AM PST
ပြည်ပဆက်သွယ်ရေး
အော်ပရေတာ ကုမ္ပဏီများ မျှော်လင့် စောင့်စားနေသော မိုဘိုင်းလ် ဆက်သွယ်ရေး
အော်ပရေတာ လိုင်စင်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင်
ချထားပေးလိုက်ပြီ ဖြစ်သည်။ ယင်းသည် မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍအတွက် သမိုင်းဝင်
အပြောင်းအလဲ တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ဆက်သွယ်ရေး အော်ပရေတာ
ကုမ္ပဏီလေးခု၏ မိုဘိုင်းလ် ဆက်သွယ်ရေး ဈေးကွက်လုပွဲအတွက် တာထွက်
ခရာမှုတ်လိုက်ခြင်းပင် ဖြစ်သည်။
ယခင်ကြ
|
Posted: 09 Feb 2014 04:50 AM PST
မန္တလေးမြို့မှာ
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တရားဝင် ခွင့်ပြုမိန့်နဲ့ ဖေဖော်ဝါရီလ ၉
ရက်နေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် လူထောင်နဲ့ချီ စုရုံးဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
Posted: 09 Feb 2014 04:44 AM PST
တောင်ငူ၊
ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် ၁၉၉၀ ပြည့်နှစ်မှ စတင်ကာ တပ်မတော်
တပ်ရင်းများ၊ ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းများ အပါအဝင်
ကုမ္ပဏီကြီးအချို့က သိမ်းယူခဲ့သည့် လယ်ယာမြေ ဧကနှစ်သောင်းကျော်ကို
မူလလက်ငုတ် တောင်သူများ ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် တောင်သူ ၁၀၀ ကျော်က
ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၁၀ နာရီက တောင်ငူမြို့တွင်
ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်
|
Posted: 09 Feb 2014 04:41 AM PST
လှည်းကူး
မြို့နယ် ကျောက် ကုတင် ကျေးရွာ အုပ်စု အတွင်း ရှိ ဗိုလ်ချုပ်ကြီး ဟောင်း
ခင်ညွန့် ပိုင် ဆိုင် ခဲ့ သော မြေနေရာ တွင် ကျူး ကျော် တဲ တစ်ရာ နီးပါး
တိုးချဲ့ နေထိုင် မှုများ ရှိလာ ကြောင်း ဒေသခံ များ၏ ပြော ကြားချက် အရ
သိရသည်။
အစတုန်းက တစ်နေရာ ကျပ်နှစ်သောင်း သုံးထောင်ပဲရှိတယ်။ အခု ဆယ့်လေးငါးသိန်း
အထိ ပေါက် တယ်။ အဲဒီအနားမှာ ခြံခတ်ဖို့ ၀ါးဓနိရောင်းနေတာရှိတယ်။
ကျွန်တော်တို့က ဈေးကြီး တော့
|
Posted: 09 Feb 2014 04:28 AM PST
ရန်ကုန်၊
ဖေဖော်ဝါရီ-၈
ဖေဖော်ဝါရီ ၄ ရက်မှစ၍ ရွာလုံးကျွတ်ဖျက်ဆီး ခံခဲ့ရသည့် ရန်ကုန်တိုင်း
ဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာမှ ရွာသူ၊ ရွာသားများက ဖေဖော်ဝါရီ
၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်း၌သတင်းစာ
ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ရာ ယင်းသတင်းစာရှင်းလင်း ပွဲသို့
သွားရောက်သည့် ရန်ကုန်အခြေစိုက် သတင်းမီဒီယာများမှ သတင်းထောက်များအား
သမီးကလေးရွာ မရောက်မီ ရကသလမ်းဆုံ၌ ရကသ (၂
|
Posted: 08 Feb 2014 10:21 PM PST
ရန်ကုန်၊
ဖေဖော်ဝါရီ ၈
ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ် ကမာကသွယ် ရပ်ကွက် ဗိုလ်ဥတ္တမ ၄လမ်းရှိ
အိမ်အမှတ် ၈၅၁ (က) တွင် ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က မီးလောင်မှု
ဖြစ်ပွားခဲ့ရာ အိမ်လေးလုံးနီးပါး မီးလောင် ဆုံးရှုံးခဲ့ကြောင်း
အဆိုပါလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။
အဆိုပါ အိမ်မီးဖိုချောင်တွင် လူမရှိဘဲ လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ရာမှ
မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန် မိနစ် ၃၀
|
Posted: 08 Feb 2014 10:17 PM PST
ကွယ်လွန်သူ
ဒါရိုက်တာ မောင်ဝဏ္ဏ ၁၉၇၂ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ "ခြေဖဝါးတော်နုနု"
ဇာတ်ကားကို ဒစ်ဂျယ်တယ် နည်းပညာနဲ့ ပြန်လည် ပြုပြင် ထိန်းသိမ်းပြီး ၆၄
ကြိမ်မြောက် ဘာလင် ရုပ်ရှင်ပွဲတော်မှာ ပြသနိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ခုနစ်ရက် နေ့က ရုပ်ရှင်သစ် ဖိုရမ် ကဏ္ဍဍမှာ ပါဝင်ပြသခဲ့တဲ့
ဒီဇာတ်ကားကို ပရိသတ်တွေ ရုံပြည့်ရုံလျှံ လာရောက် အားပေး ကြည့်ရှုခဲ့တယ်လို့
သိရပါတယ်။
အဖြူအမည်း ဖလင်နဲ့ ရိုက်ကူးထားတဲ့
|
Posted: 08 Feb 2014 09:54 PM PST
ရန်ကုန်တိုင်း
လှည်းကူးမြို့နယ်ထဲရှိ တိုက်ကြီး၊ ဖူးကြီး၊ ဖောင်ကြီး၊ ဘုရားကြီး၊
ကြီးလေးကြီးလမ်း တလျှောက် ၂၀၁၃ ခုနှစ် တနှစ်အတွင်း မြေဧက ၁သောင်းလောက်
တရားမ၀င် ရောင်းဝယ်မှုတွေ လုပ်ခဲ့ကြပြီး သမီးလေးကျေးရွာကို
တည်ခဲ့ကြသူတွေအကြောင်း လှည်ကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးဖြိုးမင်းသိန်းရဲ့ ပြောပြချက် ဖြစ်ပါတယ်။
ရွှေအောင်
DVB TV News
အပြည့်အစုံ နားထောင်နိုင်ပါတယ်။
|
Posted: 08 Feb 2014 09:38 PM PST
ဟောင်ကောင်မှာ
အိမ်ဖေါ်အဖြစ် သွားရောက် အလုပ်လုပ်မယ့် မြန်မာနိုင်ငံက အမျိုးသမီး ၁၉
ယောက်ကို လာမယ့်သတင်းပတ်မှာ ပထမဆုံးစေလွှတ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
ဒါပေမယ့် အိမ်ဖေါ်လုပ်သားတွေကို ညှင်းပမ်းနှိပ်စက် တယ်လို့ သတင်းကြီးနေတဲ့
ဟောင်ကောင်ကို ပို့မယ့်ကိစ္စမှာ အလုပ်သမားတွေကို ကာကွယ်ပေးမှုနဲ့ ပတ်သက်လို့ 
မြန်မာအစိုးရက သတိကြီးကြီးထားနေတယ်လို့  ဟောင်ကောင် အခြေစိုက် South China
Morning Post သတင်းစာက ဒီနေ့ 
|
Posted: 08 Feb 2014 09:36 PM PST
ရန်ကုန်၊
ဖေဖော်ဝါရီ ၈
အာဆီယံနိုင်ငံ အချင်းချင်း စီးပွားရေး ပေါင်းစည်းမှုကြောင့် ဒေသတွင်းရှိ
အသေးစားနှင့် အလတ်စားလုပ်ငန်း (SMEs) များ ပျောက်ကွယ် သွားနိုင်ကြောင်း
Altsean-Burma အဖွဲ့မှ ညှိနှိုင်းရေးမှူး Ms. Debbie Stothardက ပြောကြားသည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ ၂၀၁၅ ခုနှစ် နှစ်ကုန်တွင်
စီးပွားရေး ပေါင်းစည်းမှု ပြုလုပ်မည် ဖြစ်သည့် အတွက် ဒေသတွင်းရှိ
အကြီးစားကုမ္ပဏီ၊ လုပ်ငန်းများက
|
Posted: 08 Feb 2014 09:35 PM PST
ရန်ကုန်၊
ဖေဖော်ဝါရီ ၈
ရန်ကုန်မြို့တော် လမ်းမတော်မြို့နယ်ရှိ မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး
စခန်းအနီး လမ်းများပေါ်တွင် ယာဉ်အရောင်းအဝယ် လုပ်သည့် မော်တော်ယာဉ်များကို
ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင် ဖယ်ရှားနေကြောင်း အဆိုပါ လမ်းများပေါ်တွင်
ယာဉ်ရောင်းဝယ်သူများက ပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရှေ့တွင်လည်း မော်တော်ယာဉ်များ
ရပ်တန့်
|
Posted: 08 Feb 2014 09:23 PM PST
ဖေဖော်ဝါရီလ(၉)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 08 Feb 2014 09:22 PM PST
ဖေဖော်ဝါရီလ(၉)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 08 Feb 2014 09:44 AM PST
ထိုင်း
နိုင်ငံတွင် ဖြစ်ပွား လျက်ရှိသော နိုင်ငံရေး ဖြစ်စဉ်များ ကြောင့်
မြန်မာနိုင်ငံ၏ အဓိက ဆန်ဝယ်လက် တရုတ်နိုင်ငံက ထိုင်းဆန် ဝယ်ယူရေး
အစီအစဉ်ကို ပယ်ဖျက်လိုက်ခြင်းသည် ဆန်တင်ပို့မှု ကျဆင်းနေသော မြန်မာနိုင်ငံ
အတွက် အခွင့်အရေး တစ်ရပ် ဖြစ်ပေါ်လာကြောင်း မြန်မာဆန်စပါး အသင်းချုပ်နှင့်
ပြည်ပပို့ ဆန်လုပ်ငန်း ရှင်များက သုံးသပ်လျက်ရှိသည်။
ကမ္ဘာ့ဆန် ဈေးကွက်သို့ မြန်မာ့ဆန် တင်ပို့မှုကို အစဉ်အလေးထား ေ
|
0 comments:
Post a Comment