ဖုန်းနဲ့ စာပို့တဲ့အခါ သတိပြုဖွယ်အချက်များ (B sure 2 send rite msg or ull b sorry by Tom Hayton)
ဖုန်းဆက်ဖို့ အဆင်မသင့်တဲ့အခါ ဖုန်းနဲ့ (SMS) ပို့လေ့ရှိကြပါတယ်။ အလုပ်အတွက် SMS သုံးရင် ဘာတွေကို သတိထားသင့်သလဲ။
အောက်ဖော်ပြပါ SMS တွေ အပြန်အလှန် ပို့ထားတာကို ကြည့်ပါ။
A: Will u b in klcc area around 2:30pm 2day?
ကနေ့ နေ့လည် ၂ချက်ခွဲလောက် klcc ဘက်ကို လာဖို့ ရှိလား။
B: Might be, whos askin?
ရှိနိုင်ပါတယ်၊ မေးတာ ဘယ်သူလဲ။
A: Oh like that la. Delete my number huh?
သြော် ဒီလိုလား၊ ငါ့နံပါတ်ကို ဖျက်ပစ်လိုက်တယ် ပေါ့လေ။
B: Haha no ? I was just being silly. Obviously I know its YOU! Watcha up2?
ဟားဟား မဟုတ်ပါဘူး။ နောက်တာပါ။ မင်းမှန်းသိပါတယ်။ ဘာတွေလုပ်နေလဲ။
A: Hmph ... Dont think I cant recognise a cover line when i c one! ;P Am good thanx. Goin 2b in your hood l8er4 an event, wanna meet up?
အင်း ခုမှ မုန်လာဥလုပ်နေတာ မသိဘူးအောက်မေ့လား။ (သဘောကျသောသင်္ကေတ) အဆင်ပြေပါတယ်။ ပွဲတစ်ခုတက်ဖို့ မင်းတို့ဘက်လာစရာ ရှိတယ်။ တွေ့ကြမလား။
B: Seriously! I was tryin2convey a mafia-esque suspicious tone in my SMS n then was gna charge u $50 for extra info on myself! Bit busy but sure ...
တကယ်ပြောတာ၊ ငါက ဖုန်းနဲ့ပို့တဲ့ စာမှာ မာဖီးယားစတိုင် မသင်္ကာတဲ့ လေသံမျိုးနဲ့ ရေးပြီး ငါ့အကြောင်း သိချင်ရင် ဒေါ်လာ ၅၀ ပေးရမယ်လို့ တောင်းမလို့။ နဲနဲတော့ အလုပ်များတယ်။ ဒါပေမယ့် တွေ့ကြတာပေါ့။
A: Dont worry abt it ...
ကိစ္စမရှိပါဘူး။
B: Ill do my best2make an appearance!
လာဖြစ်အောင် ကြိုးစားမယ်ကွာ။
A: =p (သဘောကျသောသင်္ကေတ)
ဒီတစ်ပတ် စောစောပိုင်းက အတော်ခင်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အပြန်အလှန် ပို့ခဲ့တဲ့ ဖြစ်ရပ်မှန် SMS ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ပြီး ရေးခဲ့တာကို တွေ့ရမှာပါ။ အပြန်အလှန်ရေးခဲ့ပုံကို ကြည့်ရင် SMS နဲ့ ဆက်သွယ်ခြင်းအကြောင်း အဓိကအချက်အချို့ကို တွေ့ရပါမယ်။ တစ်ခုခု လုပ်နေတုံး စကားပြောလို့ အဆင်မပြေရင်ြှ ကို သုံးလေ့ရှိပါတယ်။ အထက်ပါ ဥပမာမှာလို ပို့လိုက်တှဲြှ့ ကို တစ်ဖက်သားက ဘယ်လို နားလည်သွားမလဲ ဆိုတာကို အပြည့်အ၀ မစဉ်းစားဘဲ ပို့မိတတ်တယ်။
SMS ဆိုတာ ဆိုတဲ့ ‘‘Short message service’’ (ဖုန်းနဲ့စာတိုပို့ခြင်း) ဝေါဟာရကို အတိုကောက် ခေါ်တာဖြစ်ပါတယ်။ SMS မှာ အသေးစိတ်တွေ၊ အနုစိတ် အဓိပ္ပာယ်တွေ မထည့်ပါဘူး။
ဥပမာမှာကြည့်ရင် ဘာဘဲမေးမေး ရစရာမရှိဘဲ မဖြေဘူးဆိုတဲ့ လူဆိုးဂိုဏ်း ရုပ်ရှင်ထဲက ဇာတ်ကောင် ပုံစံ စတိုင်မျိုး လုပ်ကြည့်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါပေမယ့် ရွှတ်နောက်နောက် လုပ်လိုက်တာ အဆင် မပြေဘဲ အခြား အဓိပ္ပာယ်တစ်မျိုးလည်း ထွက်နေတာကို တွေ့ရတယ်။ အဲဒါက ဘာလဲဆိုတော့ သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို မသိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါဘဲ။ ဖုန်းနံပါတ် မသိတော့တဲ့ အဓိပ္ပာယ် မဟုတ်ရကြောင်း ပြန်ပြီး ဖြေရှင်းရပါတော့တယ်။ မလိုအပ်ဘဲ ရှုပ်ထွေးကုန်ပါတယ်။
ဒီအခြေအနေမှာ နားလည်မှုလွဲသွားလည်း သူငယ်ချင်းချင်း ဖြစ်တဲ့အတွက် ဘာမှတော့ ဒုက္ခရောက် မသွားနိုင်ပါဘူး။ စာရိုက်မှားလည်း ခင်မင်ရင်းစွဲ ဖြစ်တဲ့အတွက် နားလည်မှု ရှိပြီးသားဖြစ်ပါတယ်။
ဒါပေမယ့် အလုပ်သဘော ဆက်သွယ်ရာမှာ အမှားအယွင်းဖြစ်နိုင်တယ်။ ဥပမာကို ဖတ်ကြည့်ပါ။
A: Hi Bob are u comin2day?
ဘော့ဘ်၊ ခင်ဗျား ကနေ့ လာမှာလား။
B: I cant make it im afraid.
စိတ်မကောင်းပါဘူး၊ ကျွန်တော်မလာနိုင်တော့ဘူး။
A: U were supposed to text me!
မလာနိုင်ရင် ဖုန်းနဲ့ စာတိုလေးတော့ ပို့ရမှာပေါ့။
B: I did text you.
ကျွန်တော်ပို့ခဲ့ပါတယ်။
A: I came home especially because I thought u were coming.
ခင်ဗျားလာမယ်ထင်လို့ ကျွန်တော် အိမ်ပြန်စောင့်နေတာ။
B: Dont give me a guilt trip. I didnt ask u2do that.
စိတ်မကောင်းဖြစ်အောင်တော့ မပြောနဲ့လေဗျာ၊ ခင်ဗျားကို ဘယ်သူက အိမ်ပြန်စောင့်ခိုင်းလို့လဲ။
A: Im not. Im just saying I was waiting4u. .
စိတ်မကောင်းဖြစ်အောင် ပြောတာ မဟုတ်ပါဘူး။ ခင်ဗျားကို စောင့်နေကြောင်းသာ ပြောတာပါ။
(? etc) (စသည်ဖြင့်)
ဆက်စပ်အခြေအနေအပြည့်အ၀ မသိရတဲ့အပြင် ၀ါကျတိုတွေ သုံးပြီး အသေးစိတ်အချက်အလက်တွေ မပါဘဲ စာရေးတဲ့အခါ ဂရုတစိုက် စီစဉ်ရေးတာမျိုး မရှိတဲ့အခါ နားလည်မှု လွဲပြီးရင်း လွဲရင်းဖြစ်တတ် ပါတယ်။ A က B ကို စိတ်မကောင်းအောင် လုပ်ဖို့ ရည်ရွယ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါပေမယ့် အဲဒီလို အဓိပ္ပာယ်ကောက်လို့လည်း ရနေတယ်။
စာတို ပို့ချိန်နဲ့ ပြန်ချိန် အကြား အချိန်ကြာနေတဲ့အခါ အလုပ်မဖြစ်တော SMS ကြောင့် လွဲချော် ကုန်တတ်ပါတယ်။
A: So r we on4 2nite?
ကနေ့ည လာမှာလား။ [3 hour delay] (၃နာရီကြာပြီးနောက်)
B: Sorry jus saw ur msg. Oredi made plans! Sorry!
ဆောရီးနော်၊ အခုမှ မက်ဆေ့ဂ်ျကို တွေ့တယ်။ စီစဉ်ပြီးသားဖြစ်နေလို့ ဆောရီးနော်။
Predictive text can also cause problems:
ဖုန်းက စာလုံးပြည့်အောင် ဖြည့်ရိုက်ပေးတဲ့ ပရိုဂရမ်ကလေး ကြောင့်လည်း ပြဿနာ ဖြစ်တတ်ပါတယ်။
A: Ru@home? I wanna drop by and pick up sm stuff.
အိမ်မှာလား။ လမ်းကြုံနေလို့ ၀င်လာပြီး ယူစရာရှိတာလေးတွေ ယူချင်တယ်။
B: With my new partner. I wont be good until l8er.
ပါတနာအသစ်နဲ့ ရှိနေတယ်။ နောက်ကျမှဘဲ အဆင်ပြေမယ်။
A: WHAT?!
ဘာပြောတာလဲ။
ဖုန်းမှာပါတဲ့ စာလုံးပြည့်အောင် ဖြည့်ရိုက်တဲ့ ပရိုဂရမ်မှာ ‘‘home’’ နဲ့ ‘‘good’’ နှစ်လုံးစလုံးကို ၄-၆-၆-၃ လို့ ရိုက်ရပါတယ်။ ဒါကြောင့် I wont be home until l8er. နောက်ကျမှာ အိမ်ပြန်ရောက်မယ် လို့ ရိုက်တာ wont be good until l8er. . နောက်ကျမှဘဲ အဆင်ပြေမယ်။ ဖြစ်သွားတယ်။
သူငယ်ချင်းတွေနဲ့ အပြန်အလှန် စာတိုလေးတွေ ပို့နေရတာ တကယ်ပျော်စရာကောင်းပါတယ်။ ကျွန်တော်ကတော့ စာတိုဝါသနာအိုး ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်အတွက် ဆက်သွယ်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အခြေအနေမျိုးမှဘဲ ဖုန်းနဲ့ စာတိုပို့တာ သင့်တော်မှာ ဖြစ်ပါတယ်။
* တစ်ဖက်လူက ဖုန်းမပြောနိုင်ဘူးလို့ အသေအချာ သိထားတဲ့အခါ
* အချိန်၊ နေ့စွဲ၊ ဖုန်းနံပါတ်လိုမျိုး ရိုးရှင်းတဲ့ အချက်အလက်တွေ ပို့ချင်တဲ့အခါ
* အဓိပ္ပာယ်လွဲသွားတာ ဒါမှမဟုတ် စာမှားရိုက်မိတာကြောင့် ပြဿနာ မတက်နိုင်တဲ့အခါ
* အတိုကောက်ရေးတာကို တစ်ဖက်လူက နားလည်တယ်လို့ သေချာတဲ့အခါ
* စာကို လက်ခံရတဲ့သူက ချက်ချင်း စာရကြောင်း အတည်ပြုချက် ပြန်မပို့လည်း သိပ်အရေးမကြီးတဲ့အခါ
အရေးကြီးတဲ့ စာတိုတွေကို ပို့ပြီးရင် ဖုန်းဆက်ပေးဖို့ လိုပါတယ်။ ဖုန်းမဆက်ခြင်းဖြင့် နားလည်မှု လွဲနိုင်စရာ ရှိပါတယ်။
SMS ဆိုတဲ့ အခေါ်အဝေါ်ကိုက စာတိုလို့ ဆိုပါတယ်။ ဒါကြောင့် တိုတိုနဲ့ လိုရင်းကို ရိုက်ရမှာ ဖြစ်ပါတယ်။ တိုတိုပြောလို့ မပြီးနိုင်တဲ့ကိစ္စဆိုရင် SMS မသုံးတာက ပိုကောင်းပါတယ်။
(Tom Hayton ၏ B sure 2 send rite msg or ull b sorry အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/b-sure-2-send-rite-msg မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။

Read more: ဖုန်းနဲ့ စာပို့တဲ့အခါ သတိပြုဖွယ်အချက်များ (B sure 2 send rite msg or ull b sorry by Tom Hayton) - Myanmar Network http://www.myanmar-network.net/forum/topics/b-sure-2-send-rite-msg#ixzz2sbuDeCBt
0 comments:
Post a Comment