Myanmar Youth Media Club 16 Jan 2014
MYMC - MYMHOT |
Posted: 16 Jan 2014 06:35 AM PST
ကမ္ဘာ ဘယ်အချိန် ပျက်မလဲဆိုတာ ခန့်မှန်းကြတဲ့ တွက်ကိန်း တွေတော့ အကုန်လွဲ သွားကြပါပြီ။ မရေရာတဲ့ အနာဂတ် ကို ခန့်မှန်းတဲ့ အလုပ်ဟာ ခက်ကြလို့ပါ။ အဲဒီအစား ကမ္ဘာပျက်ကိန်း ခန့်မှန်းတဲ့ နာရီ တစ်မျိုးတော့ ရှိပါတယ်။
ဒီနာရီကိုတော့
"Doomsday Clock" လို့ခေါ်ပါတယ်။ စက်နဲ့ သွားနေတဲ့ နာရီ မဟုတ်ဘဲ နာရီ သင်္ကေတ
သက်သက် ဖြစ်ပါတယ်။ ဒီ "Dooms day Clock" ကို တီထွင်သူ တွေကတော့ University
of Chicago က the Science and Security Board of the Bulletin of the
Atomic Scientists တွေဖြစ်ပါတယ်။ Atomic bomb ကို စမ်းသပ်ခဲ့တဲ့
သိပ္ပံပညာရှင် တွေလဲ ပါတယ်လို့ ဆိုပါတယ်။ တကယ်တမ်း ဒီနာရီပုံကို ဆွဲသူ ကတော့
အထက်က သိပ္ပံပညာရှင် တွေထဲက တစ်ယောက်ရဲ့ ဇနီးဖြစ်သူ Martyl Langsdorf
ကဆွဲခဲ့ တာဖြစ်ပြီး သူကွယ်လွန် ခဲ့တဲ့နှစ် ၂၀၁၃ မတ်လ ထက်တောင် သူ့ရဲ့
ဖန်တီးမှုက ဆက်လက် ရှင်သန်နေ ပါသေးတယ်။
ဒီ "Doomsday Clock" ကိုဘယ်လို အချိန် သတ်မှတ် ကြသလဲ ဆိုတော့ အထက်က ဖော်ပြခဲ့တဲ့ သိပ္ပံပညာရှင် တွေက နှစ်တိုင်း တွေ့ဆုံကြပြီး အနုမြူ လက်နက် ပျံ့ပွားမှု၊ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှု စတဲ့ ကမ္ဘာ့ ကျန်းမာရေးနဲ့ ငြိမ်းချမ်းရေးကို ရိုက်ခက်တဲ့ တစ်နှစ်တာ ဖြစ်ရပ်စုံကို ဆွေးနွေး လေ့လာပြီး နာရီပေါ်က အချိန်ကို သတ်မှတ် ကြပါတယ်။ နာရီ လက်တံနဲ့ မိနစ်လက်တံ ဟာည ၁၂ နာရီကို အတူတူ ညွှန်ပြ နေတဲ့ အဖြစ်ကို ကမ္ဘာပျက်တဲ့ ချိန်လို့ သတ်မှတ်ထားပြီး ၁၂ နာရီကို နီးကပ် လာလေ ကမ္ဘာပျက်ဖို့ နီးလေလေပေါ့။ ပထမဆုံး ၁၉၄၇ ခုနှစ်မှာတော့ နာရီဟာ ၁၁နာရီ ၅၃ မိနစ်ကို ညွှန်ပြ ခဲ့ပါတယ်။ အဆိုးဆုံး ဒီရေမှတ်ကို ရောက်ခဲ့ချိန် ကတော့ US နဲ့ Soviet တို့ Thermonuclear devices တွေစမ်းသပ်ခဲ့တဲ့ ၁၉၅၃ ခုနှစ်ဖြစ်ပြီး ၁၂ နာရီ ရောက်ဖို့ ၂ မိနစ်သာ လိုပါတော့တယ်။ အငြိမ်းချမ်းဆုံး နှစ်ဖြစ်ခဲ့ တာကတော့ US နဲ့ Soviet တို့ လက်နက် လျှော့ချရေး သဘော တူညီချက် ရေးထိုးခဲ့တဲ့ ၁၉၉၁ ခုနှစ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွက် ကတော့ လွန်ခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့က ရလဒ် ထွက်လာပြီး ၁၂ နာရီ ထိုးဖို့ ၅ မိနစ် အလိုမှာ ရှိနေပါတယ်။ ၅ မိနစ်အလို ဆိုတော့ အခြေအနေက သိပ်မကောင်း ပါဘူး။ ကမ္ဘာ့ နိုင်ငံ တွေဟာ ကမ္ဘာကြီး အေးချမ်း သာယာဖို့ ကောင်းကောင်း မလုပ်ဆောင် ခဲ့ကြဘူး ဆိုတဲ့ သဘောပါ။ ဒီအတွက်ကြောင့် "Doo msday Clock" တီထွင်သူ သိပ္ပံပညာရှင် များဟာ နိုင်ငံအချို့ကို ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ လုပ်ကိုင်ဖို့ သတိပေး ထားပါသေးတယ်။

ဒီ "Doomsday Clock" နာရီဟာ ကမ္ဘာပျက်ချိန်ကို ခန့်မှန်း မပေးနိုင် ပေမယ့် ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ ဘယ်လိုမျိုး အဖြစ်အ ပျက် တွေ ဖြစ်ပျက်နေလဲ၊ ဘာတွေကို ပြင်ဆင်သင့် သလဲ၊ ဘာတွေကို ပိုလုပ်ကိုင်သင့် သလဲ ဆိုတာကို အမြဲသတိပေး နေတဲ့ သင်္ကေတ ဖြစ်ပါ တယ်။ ဒါပေမယ့် သိရုံ သိနေပြီး အလုပ်နဲ့ သက်သေပြ ပြင်ဆင်ကြ ဖို့တော့ လိုအပ် ပါကြောင်း အသိပေးရင်း နိဂုံးချုပ် အပ်ပါတယ်ဗျာ။

Images from upi, rt, timeslive, trbimg. Source: news.yahoo.com

0 comments:
Post a Comment