ကိုရင်တာ ကျွဲခတ်ခံရခြင်း
Kyaw Ba Thit with ဒီမို ဖက်တီး
ဦးနေ၀င်းလက်ထက်မှာ ပိတ်ဆို့ထားခဲ့တဲ့ အုတ်တံတိုင်းတွေနဲ့
့နောက်အစိုးရလက်ထက်မှာ ထပ်မြှင့်လာတဲ့ သွပ်ဆူးကြိုးတွေကြောင့် ရွာထဲကလူတွေ
ရွာအတွေး၊ ရွာအမှန်တရား၊ ရွာစံနှုန်းပေတံတွေနဲ့ ထွက်ပေါက်မဲ့နေတဲ့အချိန်
ကိုတာလို့ခေါ်တဲ့ ကိုရင်တာဟာ (ကျွန်တော် လက်လှမ်းမီချိန် ၂၀၀၀
ခုနှစ်တွေလောက်က စပြီး) သူကြားတဲ့ ဧ၀ံဂေလိသတင်းစကားကို လူထုဆီ ယူဆောင်
ပြောကြားပေးခဲ့တယ်။“ကမ္ဘာပေါ်မှာ ကျွန်တော်တို့ တစ်ရွာပဲ ရွာရှိတာမဟုတ်ဘူးဗျ၊ အခြားရွာတွေ အများကြီး ရှိသေးတယ်၊ တစ်ခြားရွာကလူတွေဟာ တစ်ခြားနည်းတွေ တွေးကြခေါ်ကြသမို့ ဤသို့ဤနှယ် လွတ်လွပ်ဖွင့်ဖြိုးပြီး ဤကဲ့သို့ တိုးတက်နေကြတယ်...” စသဖြင့်။
ဖြန့်ထွက်တွေးခြင်း၊ တွေးသူများစတဲ့ သူကိုယ်တိုင်ရေး စာအုပ်တွေနဲ့ ပီတာဒရပ်ကား၊ ကိုဗေး၊ ဒီဗိုနိုးတို့လို ပုဂ္ဂိုလ်တွေကို မိတ်ဆက်ပေးရင်း လူတွေကို လှုပ်နှိုးခဲ့ရုံမက သူ့စာအုပ်တိုက်ကနေ (ရှုံးဖို့သေချာသလောက်ရှိတဲ့) “အချိန်ရဲ့ သမိုင်းအကျဉ်း”၊ “မမှား သို့သော် မမှန်” စတဲ့ (လူသုံးနည်း) သိပ္ပံစာအုပ်မျိုးတွေကိုလည်း ပြည်သူပြည်သားတွေကို ပေးဖတ်ခဲ့တယ်....။
မြားနတ်မောင်တို့လို (ဟိုတုန်းက)၊ ချင်းတွင်းတို့လို (အခုလက်ရှိ) အရည်အသွေးအဓိက မဂ္ဂဇင်းမျိုးတွေလည်း ဖုတ်လိုက်ဖုတ်လိုက် ထုတ်ဝေပေးခဲ့ဖူးတယ်...။
ပညာရှင်တွေကို လေးစားတဲ့... ကိုတာ... ဆရာပါရဂူ၊ ဒေါက်တာသန်းထွန်း၊ ဆရာဇော်ဇော်အောင်၊ ဆရာသစ္စာနီတို့က အစ နောက်ပေါက် စာရေးစရာ၊ ကဗျာဆရာတွေပါ မကျန်... တန်ဖိုးထား အားပေးအားမြှောက်လုပ်ခဲ့တဲ့ ကိုတာ...။
ရသစာပေပိုင်းမှာ ရိုးရာစာပေလက်ရာ၊ ဘာသာ၊ ယဉ်ကျေးမှုစတာတွေကို ထိန်းသိန်းစောင့်ရှောက်ရင်း တစ်ဖက်ကလည်း ပို့စ်မော်ဒန်လိုမျိုး (လူကြိုက်နည်း) ဗဟုဝါဒစာပေမျိုးတွေကို အားပေးခဲ့တဲ့ ကိုတာ...။
ဒီနေ့ခေတ် လူလတ်ပိုင်း (ခန့်မှန်း အသက် ၂၅ ကျော်က ၅၀ ကြား) နဂိုက ရွာသားငပိန်းတွေကို တွေးတတ်ခေါ်တတ်၊ ရှုမြင်တတ် ဖြစ်လာအောင် ဆရာကြီးလေသံ နည်းနည်းမှ မသုံးဘဲ စိတ်ရှည်သည်းခံစွာ ဦးဆောင်လာခဲ့တဲ့ ကိုတာ... ။
လတ်တလောခေတ်စားတဲ့ စကားလုံးအကြီးကြီး သုံးပြီး ပြောကြကြေးဆိုရင် နိုင်ငံနဲ့ လူမျိုးအပေါ် အခက်အခဲတွေကြားက အတွင်းအားတွေ အကြီးကြီး ထည့်ပြီး ဖြည့်ဆည်းပေးလာခဲ့တဲ့ ကိုတာ.... ။
အဲဒီကိုတာဟာ...
အခုလို...အခုလိုမျိုး... ပွင့်လင်းပြီဆိုတဲ့ ခေတ်ကြီးရောက်ကာမှ... အမှောင်ထဲမှာ ကျွဲလိုက်ခတ်လို့ ပြေးရရှာသတဲ့။
ကိုယ့်ဦးနှောက်ထဲကိုယ် တံတိုင်းတွေဆောက်၊ ကိုယ့်သော့ခလောက်နဲ့ကိုယ် ခတ်ပြီး ပိတ်လှောင်ထားတဲ့ ကျွဲတွေအပါး ဒရမ်သွားခေါက်မိတာကြောင့် (၁၆) ရက်နေ့က မိတ္ထီလာစာပေဟောပြောပွဲတစ်ခုကနေ အသက်လုပြီး ပြေးလာခဲ့ရသတဲ့.....၊
သြော်... ကိုရင်တာ.....။
တွေးရင်းတွေးရင်း ခင်ဗျားအတွက် နှမြောနေမိတယ်၊ ကြေကွဲနေမိတယ်၊ ၀မ်းနည်းနေမိတယ်၊ သံဝေဂ ပွားနေမိတယ်၊ ပြီး ဒေါသအရမ်းထွက်မိတယ်...။
မိတ်ဆွေတို့... (မနေ့ကတည်းက ကြိုတော့ ပြောထားပြီးသားပါ)
မနေနိုင်တော့လို့ ကျွန်တော့်ကို နည်းနည်းတော့ ဆဲခွင့်ပြုဗျာ..။
"To whom it may concern,
THINK outside the box and SHIT inside a toilet!"
0 comments:
Post a Comment