Myanmar Youth Media Club 09 Jan 2014
MYMC - MYMHOT |
Posted: 09 Jan 2014 06:18 PM PST
Oleander
သိပ္ပံအမည် Nerium oleander လို့ခေါ်တဲ့ အပင်ကို ကမ္ဘာပေါ်မှာ အဆိပ်
အပြင်းဆုံး အပင်လို့ သတ်မှတ်ထားကြပါတယ်။
(မြန်မာ လိုတော့ နွယ်သာကီ ပင်လို့ ခေါ်ပါတယ်။) ဒီ oleander အပင်ရဲ့ အစိတ်အပိုင်း အားလုံးလိုမှာ အဆိပ် ပါဝင်ပြီး ပါဝင်တဲ့ အဆိပ်က တစ်မျိုး တည်းတောင် မဟုတ်ဘဲ မျိုးစုံစွာ ပါဝင်တာ ဖြစ်ပါတယ်။ အဓိက ပါဝင်တဲ့ နှစ်မျိုး ကတော့ oleandrin နဲ့ neriine တို့ဖြစ်ပြီး နှလုံးကို အဓိက ဒု က္ခပေး နိုင်ပါတယ်။ oleander အပင်ရဲ့ အဆိပ်က ပြင်းလွန်းတဲ့ အတွက်ကြောင့် အပင်ရဲ့ ၀တ်မှုန်ကို စုပ်ယူ စားသုံး ထားတဲ့ ပျားကနေ ရရှိတဲ့ ပျားရည် ကတောင် သောက်သုံး မိတဲ့လူကို အဆိပ်သင့် စေနိုင် ပါတယ်။
Oleander ဟာအမြင်အားဖြင့် ဆွဲဆောင်မှု ရှိတဲ့ အပင်ဖြစ်ပြီး အန္တရာယ် ရှိတဲ့အပင်လို့ သတ်မှတ် ထားပေမယ့် အလှဆင် တဲ့နေရာမှာ အသုံးပြု ကြပါတယ်။ Far East နဲ့ Mediterranean ဒေသတွေမှာ ပေါက်ရောက်တဲ့ အပင်ဖြစ် ပေမယ့် လွယ်ကူစွာ စိုက်ပျိုးနိုင် တဲ့အတွက် အမေရိကန် မှာလည်း စတင် အသုံးပြု နေကြပြီ ဖြစ်ပါတယ်။ ဒီအပင်ဟာ ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ အရည်အသွေး ညံ့တဲ့ မြေကြီးမှာလည်း ပေါက်ရောက် ရှင်သန်နိုင် ပါတယ်။ အပင်ရဲ့ အမြင့်ဟာ ၆ပေကနေ ၁၈ပေအထိ ရှိနိုင် ပါတယ်။ အပင်မှာ အစိမ်းရင့်ရောင် ထူထဲတဲ့ အရွက် တွေရှိပြီး အ၀ါ၊ အ နီ၊ ပန်းရောင် ဒါမှမဟုတ် အဖြူရောင် ပန်းပွင့်တွေ ပွင့်တတ် ပါတယ်။

တိရစ္ဆာန် တွေဟာ ဒီအပင်ကို အမြဲ ရှောင်ကွင်း သွားကြ ပါတယ်။ ကြီးထွားမှုနှုန်း မြန်ဆန်တဲ့ အပင် ဖြစ်တာ ကြောင့်လည်း အဝေးပြေးလမ်း အ ကာအရံ တွေအဖြစ် အသုံးဝင် ရုံသာမက အသံ ဆူညံတာတွေ၊ လေထု ညစ်ညမ်း တာတွေကိုလည်း စစ်ပေး နိုင်ပါတယ်။ ကြီးမြန် သစ်ပင် အ မျိုးအစား ဖြစ်တဲ့အပြင် မြေတိုက်စား တာကို ကာကွယ် ပေးတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင် အသစ်တွေမှာ အသုံးများတဲ့ အပင်မျိုး ပါ။ တခြား အဆိပ်ပင် တွေနဲ့ မတူဘဲ oleander ပင်ဟာ တိရစ္ဆာန် အများစုနဲ့ လူကိုပါ အဆိပ်သင့် စေပါတယ်။ oleander အရွက် တစ်ရွက်ဟာ ကလေး တစ်ယောက်ကို သေစေနိုင် ပါတယ်။ oleander စားမိပြီ ဆိုရင် မူးဝေခြင်း၊ အော့အန်ခြင်း၊ အစာအိမ် နာခြင်းတွေနဲ့ နှလုံးခုန်တာ မူမ မှန်တာ စတာတွေ အပြင် အသက် ဆုံးတဲ့အထိ ဖြစ်တတ် ပါတယ်။ စားမိတဲ့ လူဟာ စားပြီးပြီးချင်း ပထမဆုံး ၂၄နာရီ အတွင်း အသက် မဆုံး ရှုံး ခဲ့ဘူးဆိုရင် သူ့ရဲ့ အသက်ရှင်ဖို့ အခွင့်အလမ်းဟာ ရာခိုင်နှုန်း တော်တော် များများ တက်လာ ပါတယ်။ ကုသနည်း အနေနဲ့ လူနာကို အန် ထုတ် စေရန် လုပ်ဆောင်ခြင်း၊ အစာအိမ် ဆေးခြင်းတို့ကို လုပ်ဆောင် ပေးရပါတယ်။

Images from toptropicals, hortipedia, arizona, flowerspictures. Source: adventure.howstuffworks.com

0 comments:
Post a Comment