သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁)
သစ်ထူးလွင် |
- မင်္ဂလာဒုံ မီး ၊ မီးညွန့်ကျိုးသွားပြီ (ရုပ်/သံ)
- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ နီးစပ်လာပြီလို့ ဦးနိုင်ဟံသာ ပြောကြား
- မလေးမှာ တရားမ၀င် အလုပ်သမားတွေ ဖမ်းဆီး (အသံဖိုင်)
- မြောက်ဥက္ကလာပတရားရုံး မီးလောင်မှုကြောင့် စစ်ဆေးဆဲအမှုများ အငြင်းပွားနိုင်
- မန္တလေးတိုင်းအတွင်း ရှေးဟောင်းအမွေအနှစ် ဓလေ့ထုံးစံများကို ယဉ်ကျေးမှု ဝန်ကြီးဌာန မှတ်တမ်းတင်မည်
- မင်္ဂလာဒုံ ဘီအိုစီဆီဆိုင် ဆီသိုလှောင်ကန်မှာ မီးလောင်နေ
- မြန်မာ့ စိမ်းပြာ ရေညှိ အထွက်နှုန်း ကျဆင်း
- အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်သူ ထောင်ဒဏ်ချမှတ်
- စီရော်နယ်ဒိုကို နိုင်ငံ့အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်
- မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင် သေနပ်ပစ် အနုကြမ်းစီးခံရ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
- မိုးကုတ်မြို့တွင် ဓါးပြတိုက်မှုဖြစ်ပွား
- ရေစည်ပင်လူသား (သို့မဟုတ်) ရေအောက်တွင် ငွေရှိသည်
- တရုတ်တွင် ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူ ၂၁ ဦး ရှိပြီ
- ကူညီထောက်ပံ့မှုများ အကျိုးရှိစေရေး နိုင်ငံတကာက လေ့လာရန်လိုအပ်
- စီးပွားရေး အဆင်မပြေမှုကြောင့် အမျိုးသမီးများ ဆံပင်ဖြတ်ရောင်းမှု ဧရာဝတီတိုင်းတွင် များလာ
- လှိုင်သာယာအလုပ်အကိုင်ပြပွဲသို့ လူတစ်သောင်းကျော် လာရောက်လေ့လာပြီး အလုပ်လျှောက်လွှာ နှစ်ထောင်ကျော်ရရှိ
- ကလေးတွင် ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၃ သိန်းကျော် ဖမ်းမိ
- မြောက်ဥက္ကလာပ တရားရုံး မီးလောင်
- တယ်လီနောက ၁ မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် ၀န်ဆောင်မှုပေးမည်
- ဧရာဝတီမြစ်ရေတိုက်စားခံ အိမ်ခြေ ၃၄ လုံး အတွက် နေရာချပေးရန် မြေလွတ်မြေရိုင်းမရှိဟုဆို
- ဆုံးရှုံးလယ်မြေများအတွက် နစ်နာကြေးမရ၍ စေတုတ္တရာဒေသခံ ၇၀၀ နီးပါး ဆန္ဒပြ
- မလေးတွင် တရားမ၀င်အလုပ်သမားများ စတင်ဖမ်းဆီး
- သမ္မတ လယ်ယာမြေဖြေရှင်းမှု သ၀ဏ်လွှာ အမတ်များ ကန့်ကွက်
- ပါရမီယာဉ်လိုင်း (၁၇၄) မှ ယာဉ်နောက်လိုက် ခရီးသည်ကို သံပိုက်ဖြင့်ရိုက်
- ဒုတိယအကြိမ် ပြည်တော်ပြန်ခရီးစဉ် (၆)
Posted: 21 Jan 2014 07:19 AM PST
မင်္ဂလာဒုံမြို့နယ် ဘီအိုစီ မှတ်တိုင်အနီးက လေတပ် ဆီသိုလှောင်တဲ့နေရာမှာ ဒီနေ့ညနေ ၆ နာရီလောက်က ဆီပီပါတွေမီးလောင်ကျွမ်းခဲ့ပါ
|
Posted: 21 Jan 2014 07:02 AM PST
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လေးဝါးညီလာခံပြီးရင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ်လို့ယုံ
|
Posted: 21 Jan 2014 06:54 AM PST
မလေးရှား
နိုင်ငံမှာ တရားမဝင် အလုပ်သမားတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက စတင်
ဖမ်းဆီးနေပါပြီ။ ဒီကနေ့ည သန်းကောင်ယံမှာ စဖမ်းမယ်လို့ မလေးရှား အစိုးရဘက်က
တရားဝင် ကြေညာထားတာပါ။ ကွာလာလမ်ပူ မြို့စွန်ဘက်မှာ မနေ့ညက ဖမ်းဆီးမှု
အခြေအနေကို ကိုယ်တိုင် မြင်ရတဲ့ မြန်မာနိုင်ငံသား ကိုအောင်ကြီးက အခုလို
ပြောပါတယ်။ BBC Burmese
အလုပ်သမားရေးရာ သံမှူး ဦးစိုးဝင်းနဲ့ မေးမြန်းခန်း (အသံဖိုင်)
မလေးရှားမှာ လာရောက်
|
Posted: 21 Jan 2014 06:16 AM PST
မြောက်ဥက္ကလာပမြို့ နယ် တရားရုံးအတွင်း မိနစ်၂၀ ခန့်ကြာ မီးလောင်ကျွမ်းခဲ့ရာ
အမှုတွဲစာရွက်စာတမ်းများ မီးထဲပါသွားခြင်းကြောင့် နောက်ပိုင်းတွင်
အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ
ဦးခင်ဇော်(မရမ်းကုန်း) က ပြောသည်။
ဇန်န၀ါရီ ၂၀ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်က မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွ
|
Posted: 21 Jan 2014 06:12 AM PST
မန္တလေး၊ ဇန်နဝါရီ ၂၀
မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် များနှင့် ယဉ်ကျေးမှု ထုံးတမ်းဓလေ့များ
မြောက်မြားစွာ တည်ရှိနေသည့် မန္တလေး တိုင်းဒေသကြီးအတွင်း ပျောက်ကွယ်နိုင်ရန်
အလားအလာရှိသည့် ရှေးဟောင်း အမွေအနှစ်နှင့် ဓလေ့ထုံးစံများကို ယဉ်ကျေးမှု
ဝန်ကြီးဌာနက မှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ်ရှိသည်ဟု
ရှေးဟောင်း သုတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာနထံမှ
စုံစမ်းသိရှိ ရသည်။
|
Posted: 21 Jan 2014 06:03 AM PST
Golden Land Myanmar - ရုပ်/သံ
ယနေ့ ညနေ ခြောက်နာရီ ခုနှစ်မိနစ်မှာ မင်္ဂလာဒုံ ဆေးရုံကြီးမရောက်မီ
လေတပ်ရိပ်သာနဲ့ မျက်နှာ ချင်းဆိုင်မှာ ရှိတဲ့ ဓာတ်ဆီဆိုင်မီးလောင်ပါတယ်။
ဓာတ်ဆီဆိုင်နေရာဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ြ
|
Posted: 21 Jan 2014 05:28 AM PST
ကမ္ဘာပေါ်မှာ Spirulina စိမ်းပြာရေညှိကို သဘာဝအတိုင်း ရနိုင်တဲ့ နေရာ လေးနေရာ
ထဲက တစ်ခု အပါအဝင် ဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း
ဒေသကြီး ဘုတလင်မြို့နယ် တွင်းတောင်အင်းမှာ စိမ်းပြာ ရေညှိ အထွက်နှုန်းဟာ
သိသိသာသာ ကျဆင်း လာနေပါတယ်။
spirulina စိမ်းပြာ ရေညှိ တစ်ခုတည်းပဲ ထူးထူးခြားခြား ထွက်တဲ့
တွင်းတောင်မှာ ပြီးခဲ့တဲ့ (၂)နှစ်လောက် ကစလို့ စိမ်းပြာရေညှိ အထွက်နှုန်းဟာ
သိသိသာသာ ထိုးကျလာနေပြီး ဒါဟာ
|
Posted: 21 Jan 2014 04:32 AM PST
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြီးခဲ့တဲ့နှစ်မေလက မြန်မာသံရုံးကို
ဖောက်ခွဲတိုက်ခိုက်ဖို့ အဓိက ဦးဆောင် ကြံစည်ခဲ့တဲ့ Sigit Indrajit ဆာဂျစ်
အင်ဒရာဂျီဒ် ကို ဂျာကာတာတောင်ပိုင်းတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇နှစ်ခွဲ
ချမှတ်လိုက်ပါတယ်။
အသက် ၂၃ နှစ် ရှိပြီးဖြစ်တဲ့ ဆာဂျစ် အင်ဒရာဂျီဒ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု
ကျူးလွန်ဖို့ ကြံစည်အားထုတ်ခဲ့တဲ့ သက်သေအထောက်အထား အထင်ကရ
ရရှိခဲ့တာကြောင့် အခုလို
|
Posted: 21 Jan 2014 04:20 AM PST
မကြာသေးခင်က ကမ္ဘာ့အကောင်းဆုံးသမားဆုအဖြစ် ရွေးချယ်ခံရတဲ့ စီရော်နယ်ဒိုကို သူမိခင်နိုင်ငံ ပေါ်တူရဲ့ အဆင့်အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ
|
Posted: 21 Jan 2014 04:00 AM PST
မန္တလေး၊ ဇန်န၀ါရီ ၂၁
ယနေ့ နေ့လယ် ၂နာရီခန့်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်၊ ပတ္တမြားဈေးအတွင်းရှိ ရွှေဆိုင်နှစ်ဆိုင်
သေနပ်ပစ်ခက် အနုကြမ်း စီးခံ ရပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း မိုးကုတ်မြို့မရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ လူခြောက်ဦးခန့်မှ ဆိုင်ကယ်သုံးစီးဖြင်လာရောက်ခဲ့
|
Posted: 21 Jan 2014 04:00 AM PST
နေပြည်တော် ဇန်နဝါရီ ၂၁
မိုးကုတ်မြို့၊ ပတ္တမြားဈေးရှိ မီလီယံရွှေဆိုင်နှင့် နဂါးရွှေဆိုင်တို့အား
ယနေ့မွန်းလွဲ (၁၃း၄၅)နာရီတွင် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါသည်။
ခန့်မှန်းဓါးပြဦးရေ (၆)ဦးမှ (၁၀)ဦးခန့်ရှိသည်ဟု သိရပါသည်။ ယင်းတို့ပါသော
လက်နက်ဖြင့် ပစ်ခတ်မှုကြောင့် လူ(၂)ဦးထိမှန်ပြီး (၁)ဦးသေဆုံးကာ
ကျန်တစ်ဦးအား ပြည်သူ့ဆေးရုံတွင် တင်ထားရပါသည်။ မစိုးရိမ်ရသော
အခြေအနေဖြစ်ပါသည်။
ပါရှိသွားသော
|
Posted: 21 Jan 2014 03:54 AM PST
ဒလမြစ်ကမ်းဘေးရှိ အဏ္ဏဝါငါး လုပ်ငန်းအနီးရောက်လာတော့ ‘ကိုစိုး တင့်’
(အမည်လွှဲ)တစ်ယောက် သူ၏ လှေကို ကျောက်ချထားလိုက်ပြီး ရေထဲ ဆင်းရန် ပြင်လိုက်
သည်။ ဆောင်းမနက်ခင်းဖြစ်၍ အအေး ဓာတ် ပိုကဲနေသော်လည်း
ရေထဲဆင်း ရန်တုံ့ဆိုင်းနေ၍မဖြစ်။ ကိုယ်လက်နှေး လျင် ရေထဲရှိ ‘သံ’များ
သူများလက် ထဲ ရောက် သွားနိုင်သည်။ သွက်လက်စွာပင် ရေထဲဆင်းလိုက်သည်။
ရေထဲဆင်းသွား သည့်သူ့တွင် ကိုယ်၌ဝတ်ဆင်ထားသည့် ဘောင်းဘီတိုတစ်ထည်မှအပ အခြား
|
Posted: 21 Jan 2014 03:31 AM PST
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က H7N9
ကြက်ငှက်တုပ်ကွေးက လူကို ကူးစက်မှုအသစ် ၃ ခု ထပ်တွေ့ခဲ့လို့ ပြည်နယ်တွင်း
ကူးစက်ခံရသူ စုစုပေါင်း ၂၁ ဦး ရှိသွားပြီလို့ ပြည်နယ်
ကျန်းမာရေးအာဏာပိုင်တွေက ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
ကူးစက်ခံ ရှန်းကျန်းမြို့က အသက် ၆၂ နှစ်အရွယ် အမျိုးသား တဦးနဲ့ အသက် ၅
နှစ် အရွယ် မိန်းကလေးတဦးဟာ လောလောဆယ်တော့ အခြေအနေ တည်ငြိမ်ပြီး အသက် ၈၃
နှစ်အရွယ်
|
Posted: 21 Jan 2014 03:30 AM PST
မြန်မာနိုင်ငံကိုဝင်ရောက်လာနေတဲ
|
Posted: 21 Jan 2014 03:27 AM PST
ပုသိမ် ၊ ဇန်န၀ါရီ ၂၀ ။ ။ ဧရာဝတီ တိုင်းဒေသကြီး၌ အမျိုးသမီးအ များစုမှာ
မိသားစုစီးပွားရေးအ ဆင်မပြေသောကြောင့် ဆံပင် ဖြတ်ရောင်းသူ ပိုမိုများလာ
ကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ရှိဆံပင်အ၀ယ် ဒိုင်များမှ
သိရသည်။
မြန်မာနိုင်ငံမှ ဆံပင်အ ရှည်များကို ပြည်တွင်းအလှပြင် လုပ်ငန်း များ၊ ပြည်
တွင်း အနုပညာ လုပ်ငန်းများနှင့် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီး ယား
နိုင်ငံမှ ရုပ်ရှင်ကုမ္ပဏီကြီးများက
|
Posted: 21 Jan 2014 03:22 AM PST
လှိုင်သာယာမြို့နယ်မှ စက်ရုံလုပ်သားများကို ဦးစားပေးအလုပ်ခေါ်ဆိုသည့်
အလုပ်အကိုင်ပြပွဲတွင် အလုပ်လျှောက်လွှာ နှစ်ထောင်ကျော် ရရှိခဲ့ကြောင်း
လှိုင်သာယာမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
အစိုးရသစ်လက်ထက်တွင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
|
Posted: 21 Jan 2014 03:17 AM PST
ကလေး၊ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တွင် ဇန်နဝါရီလ ၂၀ ရက်နေ့က
စိတ်ကြွဆေးပြားများ ချက်လုပ်ရာတွင် အသုံးပြုသော ဆူဒိုအက်ဖီဒရင်း ဆေးပြား
အရေအတွက် ၁၃ သိန်းကျော်အား ဖမ်းဆီးရမိ ခဲ့ကြောင်း ကလေးမြို့နယ် ရဲတပ်ဖွဲ့
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လှဟန်က ပြောကြားသည်။
ကလေးမြို့နယ် အိတ်စွပ်ကျေးရွာနေ ဦးမိန်းလျန်နာ၏ နေအိမ်သို့ သတင်းအရ
သွားရောက်ရှာဖွေခဲ့ရာ ၄င်းနှင့်အတူ ရှိနေသော
|
Posted: 21 Jan 2014 02:54 AM PST
ရန်ကုန်၊ ဇန်နဝါရီ ၂၀
မြောက်ဥက္ကလာပမြို့နယ် (ဆ) ရပ်ကွက် ခေမာသီလမ်းမကြီး ဘေးရှိ မြို့နယ်
တရားရုံးတွင် ဇန်နဝါရီလ ၂၀ ရက် နံနက် ၂ နာရီ ၅၅ မိနစ်ခန့်က လျှပ်စစ်ပန်ကာမှ
ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်း ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး
မီးသတ်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ တရားရုံး၏ စီမံရေးရာ အခန်းရှိ မျက်နှာကြက်တွင် တပ်ဆင်ထားသော
လျှပ်စစ်ပန်ကာ မီးခလုတ်ကို ရုံးပိတ်ရက်တွင် သတိမေ့ကာ မပိတ်မိဘဲ ထားရှိ
|
Posted: 21 Jan 2014 02:36 AM PST
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက်
တင်ဒါအောင်မြင်ခဲ့တဲ့ တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီက တယ်လီဖုန်းဆင်းကတ် ၁
မိနစ်ဖုန်းခေါ်ဆိုခကို ၂၅ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့
ဝန်ဆောင်မှုပေးသွားမယ်လို့ ပြောပါတယ်။
မိနစ်ကို တယ်လီဖုန်းခေါ်ဆိုခဟာ လက်ရှိ ၅၀ ကျပ်ထက် ကျသင့်နေပြီး တယ်လီနော
ကုမ္ပဏီက တ၀က်နှုန်း လျော့ချတဲ့နှုန်းနဲ့ ၀န်ဆောင်မှု ပေးမယ် လို့
ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဆင်းကတ်ကိုလည်း အစိုးရက
|
Posted: 21 Jan 2014 03:00 AM PST
မကွေးတိုင်းဒေသကြီး
ဆိပ်ဖြူမြို့နယ် ကိုးထောင့်ကျေးရွာအုပ်စု၊ သံဇလုံကျေးရွာ
ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြို၍ နေအိမ်စွန့်ခွာခဲ့ရသော အိမ်ခြေ ၃၄
လုံးကို နေရာချထားပေးရန်အတွက် အနီးဝန်းကျင်၌
အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိ
|
Posted: 21 Jan 2014 03:02 AM PST
ဆုံးရှုံးသွားသော
လယ်ယာမြေများ နစ်နာကြေးမရရှိသဖြင့် ဒေသခံ ၇၀၀ နီးပါးက မကွေးတိုင်းဒေသကြီး
စေတုတ္တရာမြို့ နယ်တွင် ဇန်န၀ါရီလ ၁၉ ရက်၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
““မုန်းတမံကို ပိတ်လိုက်တော့ ရေတွေမြင့်တက်လာတယ်။ လယ်ယာမြေအပါအ၀င်
လူနေအိမ်တွေ ရေထဲကိုမြုပ်သွားတယ်”” ဟု ဆန္ဒဖော်ထုတ်ပွဲ
ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်အောင်လွင်က ပြောသည်။
စေတုတ္တရာမြို့နယ်တွင် ကျေးရွာအုပ်စု ၂၂ စု
|
Posted: 21 Jan 2014 03:04 AM PST
မလေးရှားနိုင်ငံမှာ
တနိုင်ငံလုံးအတိုင်းအတာနဲ့ တရားမ၀င် နိုင်ငံခြားသား အလုပ်သမား တွေကို
ဖမ်းဆီးတဲ့ စီမံချက်ကို ဇန်န၀ါရီ ၂၀ ရက်နေ့ ညသန်းခေါင်က စတင်လိုက်ပါတယ်။
နိုင်ငံပိုင် ရုပ်သံအာတီအမ်မှာ ရဲအဖွဲ့က ကွာလာလမ်ပူမြို့တော်နဲ့ ဆီလန်ဂေါ
ပြည်နယ်တ၀ိုက်မှာ ရွှေ့ပြောင်းအလုပ်သမား ၁ ထောင်ကို လက်မှတ်တွေ စစ်ဆေးနေတာ
ပြသပါတယ်။
အစစ်ဆေးခံရတဲ့ အလုပ်သမားတွေထဲမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊
မြန်မာနဲ့
|
Posted: 21 Jan 2014 03:05 AM PST
လယ်ယာမြေပြဿနာ
ဖြေရှင်းဖို့ အမှု စုစုပေါင်း ၇၄၅ မှု ရှိတဲ့အနက် ၂ လ အတွင်း ၄၁၈ မှု
ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းရေးရာ
ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးက ပြောပါတယ်။
ဇန်န၀ါရီ ၂၁ ရက် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ
ပြောလိုက်တာဖြစ်ပြီး သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေအနက် ဧက ၂ သိန်း ၃
သောင်းကျော် နဲ့ ပတ်သက်ပြီး ဖြေရှင်းပြီးပြီလို့ ဆိုပါတယ်။
ဒါပေမယ့် ဘယ်နည်း
|
Posted: 21 Jan 2014 03:08 AM PST
ရန်ကုန်၊
ဇန်နဝါရီ ၂၀
ဒဂုံမြို့သစ်(မြောက်ပိုင်း) မှ ရန်ကုန်မြို့တော် တစ်ပတ်ပတ်ကာ ဒဂုံမြို့သစ်
(မြောက်ပိုင်း) ဂိတ်ရင်းသို့ ပြေးဆွဲနေသော ပါရမီယာဉ် (၁၇၄) ခရီးသည်တင်ယာဉ်
တစ်စီးပေါ်တွင် ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီခန့်က စီးနင်းလိုက်ပါလာသူကို
ယာဉ်နောက်လိုက်က တွန်းချရာမှ စကားများကြပြီး ခရီးသည်တစ်ဦးကို
ယာဉ်နောက်လိုက်က သံပိုက်ဖြင့် ရိုက်ခဲ့ကြောင်း အရိုက်ခံရသူ ကိုအောင်မြသွင်က
The Voice သို့ ပြောကြားသည်။
ြ
|
Posted: 21 Jan 2014 01:30 AM PST
ထက်အောင်ကျော် (၂၁-၀၁-၂၀၁၄)
အရင်တခေါက်လာတုန်းက ဒါမျိုးလုပ်စရာမလိုပါဘူး။ အခုကျမှ ဘယ်လိုဖြစ်လို့ ဒါတွေ
တိုးတက်လာ တာလဲဆိုပြီးမေးတော့ ''အဲဒီတုန်းက မြို့နယ် လ.၀.က မှုး
ခရီးလွန်နေလို့'' ဆိုပြီး ဆင်ခြေပေးပါတယ်။ ကျနော်က ၂ ရက်တည်းနေမှာ၊
မနက်ဖြန်ကျရင် ထားဝယ်မှာတွေ့စရာလူတွေအများကြီး
|
0 comments:
Post a Comment