Saturday, January 18, 2014

အမေ


မှတ်မိသေးတယ်...
ထီးလေးတစ်ချောင်း
နှစ်ယောက်ဆောင်းရင်း
ကျောင်းအဆင်းမှာ
အမေလာကြိုတဲ့ အချိန်ပေါ့...။



သားလွယ်အိပ်လေး အမေပိုက်
သားဘက်ကို ထီးလေးငိုက်ပြီး
လေတိုက်ရာ ထီးနဲ့ကာလို့
အမေ့မှာမိုးရေ ရွှဲနေတဲ့ကြားက
" စာကြိုးစားပါ သားကလေး.." တဲ့။

မှတ်မိသေးတယ်...
ချွေးကလေး အသာသုတ်ရင်း
ထမင်းဗူးလေး ရှေ့မှာချ
မေ့လာခဲ့ စာအုပ်ကလေး
အမေလာပေးတဲ့ အချိန်ပေါ့...။

ရေဆူအောင် နေပူတဲ့လမ်းမှာ
ကျောင်းခန်းထဲအရောက်
မမောတမ်းလျှောက်လာခဲ့တဲ့ အမေ
နောက်ကျောမှာချွေးတွေ ရွှဲနေတဲ့ကြားက
" စာမေးပွဲနီးပြီ သားကလေး..." တဲ့။

မှတ်မိသေးတယ်...
အဝေးရောက်သားကလေး
စာမေးပွဲပြီး အိမ်ပြန်ချိန်ပေါ့...။

အမေ့ကို လွမ်းသမျှ
အမေ့ပါးကို နမ်းချလိုက်တော့
ဝမ်းသာကာ မျက်ရည်ကျ
သားဆံစလေး အသာပွတ်လို့
ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ကြားက
" နေကောင်းရဲ့လား သားကလေး..." တဲ့။

(မင်းတံခွန်)
( ပြာသိုလပြည့်...အမေနေ့မှာ အမေအားလုံးကို ပူဇော်လိုက်ပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...