"ပေါက်ကရဘာသာပြန်-ကလေးဟာသများ"
==========
1. ကိစ္စပြတ်သွားပြီ
==========
“မေမေ… ရှိုးကေ့စ်ပေါ်တင်ထားတဲ့ ရှေးဟောင်းပန်းအိုးလေးလေ…”
“အင်း…”
“သားသားကြောင့် ကျကွဲမှာကို မေမေအမြဲတမ်း စိုးရိမ်နေတာလေ…”
“အင်း…”
“မေမေ့ စိုးရိမ်မှု အဆုံးသတ်သွားပြီ”
“ဟင်…”
========
2. မသိလိုက်ဘူး
========
စာသင်ခန်းထဲမှာ ပထဝီဆရာမက စာမေးနေတယ်…
“ကျေးညို… ထစမ်း၊ ပင်လယ်သေ (Dead Sea) အကြောင်း ပြောစမ်း”
“သေသွားပြီ ဟုတ်လား ဆရာမ၊ သူဖျားနေတာတောင် ကျနော် မသိလိုက်ဘူး”
=========
3. ကားတိုင်းပေါ့
=========
သိပ္ပံဘာသာချိန်၊ ဆရာမက မေးတယ်… ….
“ကျေးညို… ဘယ်ကားအမျိုးအစားက ရေပေါ်မှာ မောင်းသွားနိုင်တာလဲ”
“ဘယ်ကားမဆို မောင်းနိုင်ပါတယ် ဆရာမ”
“ဘာ… ဘယ်ကားမဆို ဟုတ်လား”
“ဟုတ်ပါတယ် ဆရာမ၊ တံတားပေါ်က ဖြတ်မောင်းရင် ပြောတာပါ”
သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/ thanlayko

https://www.facebook.com/
0 comments:
Post a Comment