သူ
သူ့ကြောင့် ကျွန်တော်ဟာ အထိုက်အလျောက် သည်းခံတတ်လာတယ်..... လူသားအားလုံးကို ငါးရာနှစ်ဆယ့်ရှစ်မေတ္တာနဲ့ချစ်နိုင်အောင် ကြိုးစားလာတယ်..... သူ့ကြောင့်ပဲ လောဘ၊ဒေါသ၊မောဟတွေ အထိုက်အလျောက် လျော့နည်းအောင် ကြိုးစားလာတယ်..... ဒါ့ကြောင့်သူဟာ ကျွန်တော့်အတွက် ဝါသနာ၊စေတနာ၊အနစ်နာ နာသုံးနာနဲ့ပြည့်စုံတဲ့ ဆရာတင်မက စံနမူနာပါ ယူထိုက်တဲ့သူဖြစ်တယ်..... ကျွန်တော် စီးပွားရေး၊လူမှုရေး၊ကျန်မာရေး အဆင်ပြေလို့ လက်မထောင်လာလျှင် ကျွန်တော့် အထက်က တောင်တန်းတွေနဲ့တူတဲ့ လူတွေကို ကြည့်ခိုင်းတယ်..... ကျွန်တော်ကျရှုံးခဲ့လို့စိတ်ဓာတ်ကျနေရင်တော့ ကိုယ့်အောက်ကချောက်ကမ်းပါးနဲ့တူတဲ့လူတွေကို ကြည့်ဖို့ ဆုံးမတယ်..... သူ့ရဲ့အဆုံးအမတွေက ရိုးရှင်းပြီး လေးစားလောက်တယ်..... သူက ယူရတာ၊သိမ်းပိုက်ရတာကို မလိုလားမနှစ်သက်ဘူး...... ပေးရတာ၊စွှန့်လွှတ်ရတာကို လိုလားတယ်..... နှစ်သက်တယ်..... ဒါ့ကြောင့် ကျွန်တော်သူ့ကိုပိုချစ်မိတယ်..... အခုလည်း ချစ်တယ်..... နောင်လည်း ချစ်မယ်..... အရမ်းလည်း ချစ်တယ်..... " ကမ္ဘာမြေကြီး " ရယ်။
ဦးတိုးအောင်
0 comments:
Post a Comment