ဟောင်ကောင်ရဲ့မျက်မှောက်ခေတ် လူကုန်ကူးမှုများ (၁)
အင်ဒိုနီးရှား
အိမ်ဖော်တဦး ဖြစ်သူ အယ်ဝီယာနာဟာ ပထမအိမ်ဖော် တုန်းကလိုပဲ အိမ်ရှင်ရဲ့
ရိုက်နှက်နှိပ်စက်ခြင်းကို ၈ လကြာခံစားခဲ့ရ တယ်လို့ ပြောပါတယ်။ အရင်
အိမ်ဖော်နာမည်ကတော့ ဘူဂါဖြစ်ပါတယ်။
အာဝီယာနာကို စေလွှတ်ခဲ့တဲ့ အေဂျင်စီရုံးရှေ့မှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဘူဂါလည်းဆန္ဒပြခဲ့ပါတယ် ။ ဘူဂါတုန်းကလည်း၁၀လနီးပါး ယခုအိမ်ရှင် အမျိုး သမီးရဲ့ရိုက်နှက်ခြင်းကိုခံ ခဲ့ရတယ်လို့ပြောပါတယ်။
တခါက အလုပ်ရှင်အမျိုးသမီးစိတ်ဆိုးနေတုန်း သူမကို လသာဆောင် ဆီဆွဲခေါ် သွားပြီး တွန်းချပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ပြီးေ တာ့ သူမအသက်ကို ချမ်း သာပေးဖို့တောင်းပန်ခိုင်းခဲ့ တယ်လို့ ဆိုပါတယ်။
အလုပ်ရှင်အမျိုးသမီးဟာ အသက်၄၀ ဝန်းကျင်ရှိပြီး သူ့မှာ ဆယ် ကျော်သက် ကလေး၂ယောက် ရှိပါတယ်။ သူ့ယောက်ျားကတော့ အိမ်မှာ နေတယ်လို့မရှိပါဘူး။ အိမ်ရှင်အမျိုးသမီးဟာ သူမကို တိုက်ခန်းအပြင်ကိုပေးမထွက်သ လို သူနှိပ်စက် ညှင်း ပန်းတာတွေကို တခြားလူကိုပြန်ပြောရင် အသက်ခံရမယ်လို့ခြိမ်းခြောက် ခဲ့ပါတယ်။
ဘူဂါတယောက် ဟောင်ကောင် အလုပ်ရှာဖွေရေးအေဂျင်စီ ကိုသွားတဲ့အခါ အေဂျင် စီက
သူမခြိမ်းခြောက်ခံနေရတာတွေ နှိပ်စက်ခံနေရတာတွေကို သဘောက်ပေါက် ခဲ့ပါတယ်။
တခြားအလုပ်ရှင် ရှာပေးပြီး စာချုပ်အသစ်ချုပ်ဖို့် စီစဉ်ပေးပါတယ်။
ဒါပေမယ့် သူတို့က ဘူဂါနှိပ်စက်ခံခဲ့ရတာတွေကို တော့ ရဲကိုမတိုင်ဖို့ ဖြောင့်ဖြ ခဲ့ကြပါတယ်။
ဘူဂါအနေနဲ့ အလုပ်ရှင်ရန်ကနေ အယ်ဝီယာနာကို မကာကွယ်ပေးခဲ့နိုင်လို့ အရမ်းဝမ်းနည်းရကြောင်း ၊ဒါကြောင့်အရင်ကအကြောင်းတွေ ကို သူမ အခုလို ထုတ်ပြောပြရတာဖြစ်ကြောင်း (the south china morning post) သတင်း ဌာနရဲ့အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
အာဝီယာနာဘက်က ရပ်တည်ပြီး ဆန္ဒပြပေးကြ သူတွေ ကိုထောက်ခံခဲ့တဲ့ အလုပ်သမားအဖွဲ့တွေ နဲ့ရှေ့နေတွေ၊ တရားမျှတမှုဆိုင်ရာ အယ်ဝီ ယာနာ ကမ် ပိန်းကော်မတီ တို့ဟာလည်း စုရုံးခဲ့ကြပါတယ်။ ယင်းကော်မတီရဲ့အစီရင်ခံစာမှာတော့
“အလုပ်ရှင်ဆီကိုရောက်ပြီး တလအကြာမှာ အာဝီယာနာဟာထွက်ပြေးဖို့ ကြံစည်ခဲ့
ပါသေးတယ်။အဲဒီတုန်းက အေဂျင်စီက သူမကိုကူညီမယ့်အစား အလုပ် ရှင် ဆီ ပြန်
ပို့ခဲ့ပြီး အေဂျင့်(အလုပ်အကိုင်ရှာဖွေေ ရးဌာန)ကိုပေးရမယ့် ပိုက်ဆံ မပြည့်မချင်း အလုပ်ကနေ ထွက်လို့မရဘူး လို့ပြောဆိုတဲ့ အကြောင်း”တွေ ကို ရေးသား ထားပါ တယ်။
(the South China morning post) ရဲ့ ဗုဒဟူးနေ့သတင်း မှာတော့ နိုင်ငံတကာရွှေ့ပြောင်း မဟာမိတ်အဖွဲ့(International migrants alliance) ရဲ့ ဥက္ကဌ ဖြစ်သူ အင်နီက အယ်ဝီယာနာဟာ အစာရေစာမဝလို့ မုန့်ခိုးစားရာကနေ စပြီးရိုက်နှက်နှိပ်စက်ခံခဲ့ ရတာလို လို့ဆိုပါတယ်။
သူမဟာလစာလည်းမရတဲ့အပြင် တနေ့တကြိမ်ပေးတဲ့ပေါင်မုန့် နဲ့
ထမင်းတနပ် သာစားရကြောင်း၊တနေ့ကို ရေတဗူးပဲသောက်ရပြီး အိပ်ချိန်ကို
လည်းလေးနာရီသာ ရခဲ့တဲ့အကြောင်း အယ်ဝီယာနာ က အေဂျင်စီ ဝန်ထမ်းတွေ ကို
ပြစ်တင်ပြော ဆိုခဲ့ တယ်လို့ဆိုပါတယ်။
သူမဟာတနေ့ကို ငါးကြိမ် ရိုက်နှက်ခြင်းနှိပ်စက်ခြင်းခံခဲ့ရပါတယ်။ နာကျင်နေ တဲ့ဒဏ်ရာပေါ်ကိုပဲရွေးပြီး အလုပ်ရှင်က ထပ်ရိုက်တယ်လို့ဆိုပါတယ်။ ရထားတဲ့ဒဏ် ရာတွေ ရောဂါပိုးဝင်ပြီးဆိုးရွားလာ တဲ့အခါ အလုပ်ရှင်က အဲဒါတွေကို အဝတ်နဲ့ ပတ်ပြီး ပုပ်စော်နံတဲ့အထိထားစေခဲ့တယ်။အဲဒါက ဒါဏ်ရာ ကိုပိုဆိုးဝါးအောင် လုပ်ခဲ့တာလို့ဆိုပါတယ်။
ဟောင်ကောင်ရဲကတော့ အာဝီယာနာရဲ့ပြသနာ အတွက်အလုပ်ရှင် အိမ်ကိုသွားပြီး စစ်ဆေးမှုတွေလုပ်နေပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဘူဂါ အကြမ်းဖက်ခံရတုန်းကအဖြစ်အပျ က်တွေကိုလည်း အမှုတွဲလုပ်ဖို့ ရဲကဘူ ဂါ့ကိုမေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အာဝီယာနာအတွက်တရားမျှတမှုဆို င်ရာ
ကမ်ပိန်းအဖွဲ့ (The Justice for Erwiana campaign )ကလည်း
အခုလာမယ့်တနင်္ဂနွေနေ့မှာ ဗဟိုအစိုး၇ရုံးရှေ့မှာ ဆန္ဒပြဖို့စီစဉ်နေကြပါတယ်။
အာဝီယာနာကို စေလွှတ်ခဲ့တဲ့ အေဂျင်စီရုံးရှေ့မှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဘူဂါလည်းဆန္ဒပြခဲ့ပါတယ် ။ ဘူဂါတုန်းကလည်း၁၀လနီးပါး ယခုအိမ်ရှင် အမျိုး သမီးရဲ့ရိုက်နှက်ခြင်းကိုခံ
တခါက အလုပ်ရှင်အမျိုးသမီးစိတ်ဆို
အလုပ်ရှင်အမျိုးသမီးဟာ အသက်၄၀ ဝန်းကျင်ရှိပြီး သူ့မှာ ဆယ် ကျော်သက် ကလေး၂ယောက် ရှိပါတယ်။ သူ့ယောက်ျားကတော့ အိမ်မှာ နေတယ်လို့မရှိပါဘူး။ အိမ်ရှင်အမျိုးသမီးဟာ သူမကို တိုက်ခန်းအပြင်ကိုပေးမထွက်သ
ဒါပေမယ့် သူတို့က ဘူဂါနှိပ်စက်ခံခဲ့ရတာတွေကို
ဘူဂါအနေနဲ့ အလုပ်ရှင်ရန်ကနေ အယ်ဝီယာနာကို မကာကွယ်ပေးခဲ့နိုင်လို့ အရမ်းဝမ်းနည်းရကြောင်း ၊ဒါကြောင့်အရင်ကအကြောင်းတွေ
အာဝီယာနာဘက်က ရပ်တည်ပြီး ဆန္ဒပြပေးကြ သူတွေ ကိုထောက်ခံခဲ့တဲ့ အလုပ်သမားအဖွဲ့တွေ နဲ့ရှေ့နေတွေ၊ တရားမျှတမှုဆိုင်ရာ အယ်ဝီ ယာနာ ကမ် ပိန်းကော်မတီ တို့ဟာလည်း စုရုံးခဲ့ကြပါတယ်။ ယင်းကော်မတီရဲ့အစီရင်ခံစာမှ
(the South China morning post) ရဲ့ ဗုဒဟူးနေ့သတင်း မှာတော့ နိုင်ငံတကာရွှေ့ပြောင်း မဟာမိတ်အဖွဲ့(International
သူမဟာလစာလည်းမရတဲ့အပြင် တနေ့တကြိမ်ပေးတဲ့ပေါင်မုန်
သူမဟာတနေ့ကို ငါးကြိမ် ရိုက်နှက်ခြင်းနှိပ်စက်ခြင်
ဟောင်ကောင်ရဲကတော့ အာဝီယာနာရဲ့ပြသနာ အတွက်အလုပ်ရှင် အိမ်ကိုသွားပြီး စစ်ဆေးမှုတွေလုပ်နေပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဘူဂါ အကြမ်းဖက်ခံရတုန်းကအဖြစ်အပျ
အာဝီယာနာအတွက်တရားမျှတမှုဆို
0 comments:
Post a Comment