Wednesday, January 15, 2014

လ မင်းကြီးနှင့် ပတ်သက်သော အချက်များ


လ ၏ မျက်နှာပြင်တစ်ဖက်ထဲကသာ ကမ္ဘာကို မျက်နှာမူထားသည်။ ထိုမျက်နှာပြင်ကို နေမှ အလင်းကျရောက်သောအခါတွင် အလင်းပြန်သဖြင့် ကျနော်တို့မြင်နေရခြင်းဖြစ်သည်။

ဒီရေ အတက်အကျတို့သည် လ ၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်သည်။
(ထိုအကြောင်းကို ပိုမိုသိရှိလိုပါက အောက်ပါ လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်.. http://www.motaa.info/2014/01/blog-post.html)

လသည် ကမ္ဘာမှ ၂၃၈ ၉၀၀ မိုင် (၃၈၄၄၀၀ ကီလိုမီတာ) ကွာဝေးသည်။



လ သည် ကမ္ဘာမှ တစ်နှစ်လျှင် ၃.၈ စင်တီမီတာခန့် ဝေးကွာနေသည်။ နောင်နှစ်ပေါင်း ၅၀ ဘီလီယံကြာလျှင် လသည် ကမ္ဘာကို ၄၇ ရက်မှ တစ်ကြိမ် လည်ပတ်တော့မည်ဖြစ်သည်။ ယခုအချိန်တွင်မူ ကမ္ဘာကို တစ်ပတ်ပတ်ရန် ၂၇.၃ ရက်ကြာပါသည်။

လပေါ်တွင် ကျနော်တို့နေထိုင်ပါက အလေးချိန်ပေါ့ပါးနေမည်။ အကြောင်းမှာ လ ဆွဲအားသည် ကမ္ဘာ၏ ခြောက်ပုံတစ်ပုံသာ ရှိသောကြောင့်ဖြစ်သည်။

လပေါ်တွင် ယနေ့အချိန်အထိ လူ ၁၂ ယောက် လမ်းလျှောက်ဖူးသည်။ ၁၂ ယောက်လုံးမှာ အမေရိကန် လူမျိုးများဖြစ်ကြသည်။ လပေါ်သို့ ပထမဦးဆုံး ခြေချခဲ့သူမှာ နေးလ် အမ်းစရောင်း (Neil Armstrong) ဖြစ်သည်။ ၁၉၆၉ ခုနှစ်က ဖြစ်သည်။ (လပေါ်သို့ စေလွှတ်ခဲ့သော အပိုလို အာကာသယာဉ်များအကြောင်းကို ဒီ link မှာ ဖတ်နိုင်ပါတယ်။ https://www.facebook.com/photo.php?fbid=186923964832323&set=a.173733489484704.1073741828.140882912769762&type=1&theater)

လပေါ်တွင် လေထုမရှိပါ။ ထို့ကြောင့် လ မျက်နှာပြင်တွင် နေမှ ရောင်ခြည်များ၊ solar winds များ သက်ရောက်မှုကြောင့် အပူချိန် ပြောင်းလဲမှု အလွန်များသည်။ လေမရှိသောကြောင့် လပေါ်တွင် အသံလည်း ကြားနိုင်မည်မဟုတ်ပေ... လ၏ကောင်းကင်သည် အမြဲတစေ အမည်းရောင် ဖြစ်နေပါသည်။

လပေါ်တွင် ငလျှင်လှုပ်တတ်သည်။ ကမ္ဘာ၏ ဆွဲအား သက်ရောက်မှုကြောင့်ဖြစ်သည်။ လ မျက်နှာပြင်၏ အောက်ဖက် ကီလိုမီတာ အနည်းငယ်ကို ဗဟိုပြုပြီး ငလျှင်လှုပ်တတ်သည်။ လတွင် ကမ္ဘာကဲ့သို့ အတွင်းပိုင်းဖွဲစည်းမှုရှိသည်ဟု သိပံ္ပပညာရှင်များက လက်ခံထားသည်။

လသည် နေအဖွဲ့အစည်းတွင် ပဉ္စမမြောက် အကြီးဆုံး ဂြိုဟ်ရံလဖြစ်သည်။ အချင်း ၃၄၇၅ ကီလိုမီတာရှိသည်။ တချိန်တုန်းက လသည် ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် လ နှင့် ကမ္ဘာသည် သက်တမ်း အတူတူလောက် ရှိသည်။

ကျနော်တို့ လူသားများ လပေါ်သို့ ၂၀၁၉ ခုနှစ်တွင် နောက်တစ်ခေါက် ခြေချကြမည်။ အမြဲတမ်း အာကာသစခန်းတစ်ခု တည်ဆောက်ထားမည်။

ဒါကတော့ လ နဲ့ ပတ်သက်တဲ့ အချက်အလက်များဘဲ ဖြစ်ပါတယ်။

အာကာသနှင့် စကြ၀ဠာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...