Friday, January 17, 2014

ဇနီး ကင်ဆာပျောက်ဖို့ ဘဲလေးစကတ်ဖြင့် ကမ္ဘာပတ်ခဲ့သူ

ဇနီးဖြစ်သူက ရင်သား ကင်ဆာ ရောဂါ သည် ဖြစ်ပြီး အသက်ရှင်ဖို့ အခွင့်အလမ်း နည်းသူ ဖြစ်ပါတယ်။ 

ပျော်ပျော်ရွှင်ရွှင်၊ ပြုံးပြုံး ရယ်ရယ် နေခြင်းကသာ ရောဂါကို ကုသပေးတဲ့ အကောင်းဆုံး နည်းလမ်း ဆိုတာကို တွေ့ရှိလိုက်ရတဲ့ Bob Carey ဟာ ဇနီးသည် Linda အသက်ဆက်လို့ရအောင် ဘဲလေး စကတ်တစ်ခုနဲ့ ကမ္ဘာ ပတ် ဓာတ်ပုံရိုက်ပါတော့တယ်။ တောင်ဝင်ရိုးစွန်း အအေးပိုင်းဒေသ အပြင်၊ ဥရောပ၊ အမေရိက တိုက်တို့က အလှပံဆုံး ရှုခင်းရှိနေတဲ့ နေရာတွေမှာ ဘဲလေး စကတ် အပန်းရောင် (Tu Tu) ကို ဝတ်ဆင်လို့ ဓာတ်ပုံ အရိုက်ခံ ပါတော့တယ်။ 

သူ့ပရောဂျက်အောင်မြင်ပါတယ်။ ၂၀၀၃ ခုနှစ်ကစတင်လို့ ဘဲလေး စကတ်နဲ့ ရယ်စရာ ဓာတ်ပုံများ လိုက်ရိုက်လိုက်တာ ၃ နှစ်အတွင်း ချစ်ဇနီးရဲ့  ရင်သား ကင်ဆာ ရောဂါဟာ တကယ် ပျောက်ကင်းသွားပါတယ်။ ယင်း အောင်မြင်မှုကို မှတ်တမ်းတင်ပြီး ယနေ့ Tu-Tu Project အမည်နဲ့ ရင်သား ကင်ဆာရောဂါသည်များ ကယ်တင်ရေး ဖောင်ဒေးရှင်း လုပ်တာလည်း အောင်မြင်ခဲ့ပါတယ်။ 

Tu-Tu Project ဝဘ်ဆိုဒ်မှ ဘဲလေးစကတ်  နဲ့ ရိုက်ထားတဲ့ အလှအပ ဓာတ်ပုံများကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

www.thetutuproject.com

အောင်ခမ်း ( ရိုးရာလေး )

.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...