Wednesday, January 15, 2014

ဖအေကိုဝယ်တဲ့သား

ဖအေကိုဝယ်တယ့်သား

တစ်ရက်လင်မယားနှစ်ယောက်နဲ့  သားအကြီးနှစ်ယောက်သ္မီးအငယ်လေးနှစ်ယောက်
ရှိတဲ့အိမ်မှာ ဖအေဖြစ်သူမှာသားအကြီးနှင့်သမီးအငယ်ဆုံးကိုသာပိုမိုယုယသဖြင့်
သားလတ်ဖြစ်သူမှာ အမြဲမှိုင်နေပြီး ဖအေရဲ့အချစ်၊အယုအယ၊နွေးထွေးမှုကိုပဲလိုချင်နေတယ်။
ဒါနဲ့ တစ်ရက်ပြီးတစ်ရက်သူ့ ဖအေဖြစ်သူနဲ့ စကားပြောခွင့်ရဖို့ အမြဲကြိုးစားနေရှာတယ်။
ဖအေဖြစ်သူကတော့ဒီအကြောင်းကိုလုံးဝမသိပဲ သားလတ်ဖြစ်သူရဲ့ကျောင်းဆရာမ
လာပြောမှသူ့ သားငတ်မွတ်နေတဲ့အရာကိုသိတော့တယ်။
ဒါပေမယ့် ဆရာမပြောသွားတဲ့စကားတွေက ကျောင်းသာဖအေဖြစ်သူရင်ထဲမရောက်ပဲ
ခေါင်းထဲပဲရောက်အောင်ပြောနိုင်ခဲ့လို့ ကျောင်းသား အဖေကသူ့ သားလတ်အကြောင်းကို
မေ့နေရှာတယ်။ဆရာမဖြစ်သူကလည်း သူ့ အတန်းမှစာတော်တဲ့ကျောင်းသားလေးရဲ့အဖြစ်ကို
"ကျွန်တော်၏ဖေဖေအကြောင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးရေးခိုင်းတော့မှာပဲသိသွားခဲ့တယ်။
ကျောင်းသားရေးထားတဲ့စာစီစာကုံးကတော့

"ကျွန်တော်၏ဖေဖေအကြောင်း"

ကျွန်တော်၏ဖေဖေနာမည်မှာ ဦး____ ဖြစ်ပါသည်။
ဖေဖေမှာကျွန်တော့်ကို မချစ်ပါ။ကျွန်တော်၏ အကိုနှင့်ညီမငယ်လေးကိုသာချစ်ပါသည်။
ကျွန်တော်ကတော့ဖေဖေ့ကို အရမ်းချစ်ပါသည်။
ဖေဖေရုံးပြန်လာသောအခါ ကျွန်တော်တို့ မောင်နှမသုံးယောက်ထွက်ကြိုတိုင်း
ကိုကို့ ကိုလက်ဆွဲပြီးညီမလေးကိုချီကာအိမ်ထဲဝင်သွားပြီး ကျွန်တော့်ကိုတော့
ပြုံးပြသည်ဆိုယုံသာရှိပါသည်။ညဘက်အိမ်ယာဝင်၍ ဖေဖေ့ကိုပုံပြင်ပြောပြခိုင်းသော်လည်း
တစ်ခါမှပြောမပြဖူးပါ။မေမေကသာပြောပြပါသည်။
ကိုကို၈တန်းအောင်၍ ဖေဖေကစက်ဘီးဝယ်ပေးသောအခါ
ကျွန်တော်လည်းဖေဖေ့ကိုစက်ဘီးရရန်ပူဆာဖူးပါသည်။သို့ သော်ဖေဖေက ကျွန်တော်
၈တန်းအောင်မှသာဝယ်ပေးမည်ဟုပြောပါသည်။ထို့ ကြောင့် ကျွန်တော်သည်
အခြားသောအတန်းများကိုမတတ်ချင်တော့ပါ။၈တန်းစာကိုသာ သင်ချင်နေပါတော့သည်။

ဒီလိုနဲ့ သောကြာနေ့ တစ်ရက်ကျောင်းသားလေးကျောင်းကပြန်တော့
အိမ်မှ မအေဖြစ်သူနဲ့ အကိုညီမတွေကျောင်းကပြန်လာလို့ ရုံရှင်သွားကြည့်တာတောင်
လိုက်မသွားပဲအိမ်မှာကျန်နေခဲ့ပြီး ဖအေဖြစ်သူနဲ့ စကားပြောခွင့်ရမယ့်အခွင့်ကောင်းကိုစောင့်နေတယ်။
ဖအေဖြစ်သူရုံးကပြန်လာလို့ စီးကြိုတော့အဖေဖြစ်သူထံမှ ပုံမှန်အတိုင်းအပြုံးတစ်ချက်သာရတယ်။
ဒါ့ကြောင့်ဖအေဖြစ်သူနားနေတဲ့နေရာမှ ရစ်သီရစ်သီလုပ်နေတော့
ဖေအေဖြစ်သူလည်းဆရာမပြောခဲ့တဲ့စကားကိုသတိရပြီးသူ့ သားကိုခေါ်လိုက်တယ်။

"သား.....အဖေ့ကိုပြောစရာရှိလို့ လား.....?"
ဒီတော့သားဖြစ်သူလည်းဝမ်းသာအားရနဲ့ 
"ဟုတ်ကဲ့ရှိပါတယ်ဖေဖေ"
"ဘာပြောမလို့ လဲပြောလေသား"
"ဖေဖေ့ရုံးလစာကိုရက်နဲ့ တွက်လိုက်ရင်တစ်ရက်စာဘယ်လောက်ရလဲသားကိုပြောပြပါလား"
ဖအေဖြစ်သူလည်းဒေါသထွက်သွားပြီး "ဒါကလေးအလုပ်မှမဟုတ်တာ" လို့ ပြန်ပြေလိုက်တယ်။
ဒါနဲ့ ကလေးလဲကြောက်သွားပြီး ဆက်မမေးရဲ့တော့ဘူး။ဖအေဖြစ်သူလည်းဆရာမစကားကို
ပြန်ကြားရောင်ပြီးမှသားဖြစ်သူကိုချော့မော့ကာခေါ်ပြီး "တစ်ရက်စာနဲ့ တွက်ရင် ၃၀၀၀ရတယ်"
လို့ ပြောလိုက်တော့ သားဖြစ်သူက "ဒါဆိုသားကို ၅၀၀လောက်လွယ်မလားဖေဖေ"
လို့ ပြောလိုက်တော့ဖအေဖြစ်သူဒေါသပြန်ထွက်သွားပြီး နောက်မှသားဖြစ်သူဘာလုပ်ချင်တာလည်း
သိချင်တာနဲ့  "သားဘာလုပ်မလို့ လဲ"လို့ မေးလိုက်တော့ သားဖြစ်သူက
သူ့ ခေါင်းအုံးအောက်ထဲက အကြွေ ၂၅၀၀ယူပြီးဖအေဖြစ်သူစီက ၅၀၀နဲ့ ပေါင်း
ငွေ၃၀၀၀ကို ဖအေကိုပေးပြီး "မနက်ဖြန်စနေနေ့ ကျွန်တော်အဖေ့ကို တစ်ရက်ဝယ်မယ်
အဖေကျွန်တော်နဲ့ ပဲနေပေးရမယ် ပြီးရင် ကစားကွင်းတို့ ဘုရားတို့ လိုက်ပို ပေးရမယ်"
လို့ ပြောလိုက်တော့ ဖအေဖြစ်သူလည်းမျက်ရည်မဆယ်နိုင်ဖြစ်သွားပါတော့တယ်။

(ဖြစ်ရပ်မှဇာတ်လမ်းလေးဖြစ်ပါတယ်။)

တစ်ရက်လင်မယားနှစ်ယောက်နဲ့  သားအကြီးနှစ်ယောက်၊ သ္မီးအငယ်လေးနှစ်ယောက်ရှိတဲ့ အိမ်မှာ ဖအေဖြစ်သူမှာသားအကြီးနှင့်သမီးအငယ်ဆုံးကိုသာပိုမိုယုယသဖြင့် သားလတ်ဖြစ်သူမှာ အမြဲမှိုင်နေပြီး ဖအေရဲ့အချစ်၊ အယုအယ၊နွေးထွေးမှုကိုပဲ လိုချင်နေတယ်။

ဒါနဲ့ တစ်ရက်ပြီးတစ်ရက်သူ့ ဖအေဖြစ်သူနဲ့ စကားပြောခွင့်ရဖို့ အမြဲကြိုးစားနေရှာတယ်။
ဖအေဖြစ်သူကတော့ဒီအကြောင်းကိုလုံးဝမသိပဲ သားလတ်ဖြစ်သူရဲ့ကျောင်းဆရာမ
လာပြောမှသူ့ သားငတ်မွတ်နေတဲ့အရာကိုသိတော့တယ်။
ဒါပေမယ့် ဆရာမပြောသွားတဲ့စကားတွေက ကျောင်းသားဖအေဖြစ်သူရင်ထဲမရောက်ပဲ
ခေါင်းထဲပဲရောက်အောင်ပြောနိုင်ခဲ့လို့ ကျောင်းသား အဖေကသူ့ သားလတ်အကြောင်းကို
မေ့နေရှာတယ်။ ဆရာမဖြစ်သူကလည်း သူ့ အတန်းမှစာတော်တဲ့ကျောင်းသားလေးရဲ့အဖြစ်ကို
"ကျွန်တော်၏ဖေဖေအကြောင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးရေးခိုင်းတော့မှာပဲသိသွားခဲ့တယ်။
ကျောင်းသားရေးထားတဲ့စာစီစာကုံးကတော့

"ကျွန်တော်၏ဖေဖေအကြောင်း"

ကျွန်တော်၏ဖေဖေနာမည်မှာ ဦး____ ဖြစ်ပါသည်။
ဖေဖေမှာကျွန်တော့်ကို မချစ်ပါ။ကျွန်တော်၏ အကိုနှင့်ညီမငယ်လေးကိုသာချစ်ပါသည်။
ကျွန်တော်ကတော့ဖေဖေ့ကို အရမ်းချစ်ပါသည်။
ဖေဖေရုံးပြန်လာသောအခါ ကျွန်တော်တို့ မောင်နှမသုံးယောက်ထွက်ကြိုတိုင်း
ကိုကို့ ကိုလက်ဆွဲပြီးညီမလေးကိုချီကာအိမ်ထဲဝင်သွားပြီး ကျွန်တော့်ကိုတော့
ပြုံးပြသည်ဆိုယုံသာရှိပါသည်။ညဘက်အိမ်ယာဝင်၍ ဖေဖေ့ကိုပုံပြင်ပြောပြခိုင်းသော်လည်း
တစ်ခါမှပြောမပြဖူးပါ။မေမေကသာပြောပြပါသည်။
ကိုကို၈တန်းအောင်၍ ဖေဖေကစက်ဘီးဝယ်ပေးသောအခါ ကျွန်တော်လည်းဖေဖေ့ကို စက်ဘီးရရန်ပူဆာဖူးပါသည်။ သို့ သော်ဖေဖေက ကျွန်တော် ၈ တန်းအောင်မှသာ ၀ယ်ပေးမည်ဟုပြောပါသည်။ ထို့ ကြောင့် ကျွန်တော်သည် အခြားသောအတန်းများကို မတတ်ချင်တော့ပါ။ ၈တန်းစာကိုသာ သင်ချင်နေပါတော့သည်။

ဒီလိုနဲ့ သောကြာနေ့ တစ်ရက်ကျောင်းသားလေးကျောင်းကပြန်တော့
အိမ်မှ မအေဖြစ်သူနဲ့ အကိုညီမတွေကျောင်းကပြန်လာလို့ ရုံရှင်သွားကြည့်တာတောင်
လိုက်မသွားပဲအိမ်မှာကျန်နေခဲ့ပြီး ဖအေဖြစ်သူနဲ့ စကားပြောခွင့်ရမယ့်အခွင့်ကောင်းကိုစောင့်နေတယ်။
ဖအေဖြစ်သူရုံးကပြန်လာလို့ စီးကြိုတော့အဖေဖြစ်သူထံမှ ပုံမှန်အတိုင်းအပြုံးတစ်ချက်သာရတယ်။
ဒါ့ကြောင့်ဖအေဖြစ်သူနားနေတဲ့နေရာမှ ရစ်သီရစ်သီလုပ်နေတော့ ဖအေဖြစ်သူလည်း ဆရာမပြောခဲ့တဲ့စကားကို သတိရပြီးသူ့ သားကိုခေါ်လိုက်တယ်။

"သား.....အဖေ့ကိုပြောစရာရှိလို့ လား.....?"
ဒီတော့သားဖြစ်သူလည်းဝမ်းသာအားရနဲ့ 
"ဟုတ်ကဲ့ရှိပါတယ်ဖေဖေ"
"ဘာပြောမလို့ လဲပြောလေသား"
"ဖေဖေ့ရုံးလစာကိုရက်နဲ့ တွက်လိုက်ရင်တစ်ရက်စာဘယ်လောက်ရလဲသားကိုပြောပြပါလား"
ဖအေဖြစ်သူလည်းဒေါသထွက်သွားပြီး "ဒါကလေးအလုပ်မှမဟုတ်တာ" လို့ ပြန်ပြေလိုက်တယ်။
ဒါနဲ့ ကလေးလဲကြောက်သွားပြီး ဆက်မမေးရဲ့တော့ဘူး။ဖအေဖြစ်သူလည်းဆရာမစကားကို
ပြန်ကြားရောင်ပြီးမှသားဖြစ်သူကိုချော့မော့ကာခေါ်ပြီး "တစ်ရက်စာနဲ့ တွက်ရင် ၃၀၀၀ရတယ်"
လို့ ပြောလိုက်တော့ သားဖြစ်သူက "ဒါဆိုသားကို ၅၀၀လောက်လွယ်မလားဖေဖေ"
လို့ ပြောလိုက်တော့ဖအေဖြစ်သူဒေါသပြန်ထွက်သွားပြီး နောက်မှ သားဖြစ်သူဘာလုပ်ချင်တာလည်း
သိချင်တာနဲ့  "သားဘာလုပ်မလို့ လဲ"လို့ မေးလိုက်တော့ သားဖြစ်သူက
သူ့ ခေါင်းအုံးအောက်ထဲက အကြွေ ၂၅၀၀ ယူပြီး ဖအေဖြစ်သူစီက ၅၀၀နဲ့ ပေါင်း
ငွေ၃၀၀၀ကို ဖအေကိုပေးပြီး "မနက်ဖြန်စနေနေ့ ကျွန်တော်အဖေ့ကို တစ်ရက်ဝယ်မယ်
အဖေကျွန်တော်နဲ့ ပဲနေပေးရမယ် ပြီးရင် ကစားကွင်းတို့ ဘုရားတို့ လိုက်ပို ပေးရမယ်"
လို့ ပြောလိုက်တော့ ဖအေဖြစ်သူလည်း မျက်ရည်မဆယ်နိုင်ဖြစ်သွားပါတော့တယ်။

(ဖြစ်ရပ်မှဇာတ်လမ်းလေးဖြစ်ပါတယ်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...