Wednesday, May 15, 2013

ရာသီပူ. အလုပ်ပူ

by Khin Maung Nyo (Notes) on Thursday, May 2, 2013 at 5:13am


ခင်မောင်ညို ( ေ ဘ ာ ဂ ေ ဗ ဒ )
            ဆရာကြီးတစ်ယောက်ကအလုပ် တွေ ရှုပ်နေသလားလို့မေးတော့နည်း နည်းပါးပါးပါ ဆရာလို့ ပြန်ဖြေမိ တယ်။ စိတ်ထဲမှာတော့ လောလော ဆယ် မြန်မာနိုင်ငံမှာ အလုပ်ရှုပ်တဲ့ သူရယ်၊ အလုပ်မလုပ်တဲ့သူရယ် နှစ် မျိုးပဲရှိတယ်လို့ တွေးမိပါတယ်။ အလုပ်မလုပ်တတ်တဲ့သူတွေရယ်၊အလုပ်မလုပ်ချင်တဲ့သူတွေရယ်အတွက်ကတော့ အလုပ်ရှိဖို့ခက်ပါတယ်။ (အလုပ်ရတာ-မရတာကို ပြောတာ မဟုတ်ပါဘူး) ကျွန်တော့်ကိုယ်တွေ့ကိုပြောရရင်တော့ လုပ်ချင်တာတွေ၊ လုပ် စရာတွေကများပါတယ်။ ဒါတောင် ကိုယ်က သိပ်တတ်လှတာမဟုတ်ဘူး။ ဖတ်ချင်တာတွေ၊ ရေးချင်တာတွေ၊ တွေးချင်တာတွေကအများကြီး။ပြော စရာတွေ၊ ပြောရမှာတွေက အများ ကြီး။ မဖတ်ဖြစ်လိုက်၊ မရေးဖြစ် လိုက်၊ မပြောဖြစ်လိုက်တာတွေကလည်း အများကြီး။ ဒါကြောင့် ကိုယ် မပါလိုက်ရဘူး။ ကိုယ့်ကို မဖိတ်ဘူး၊ ကိုယ်မသိလိုက်ဘူး။
ကိုယ်ပါဝင်ခွင့် မရဘူးဆိုတာမျိုးကို တွေ့ရင် အတော် လေးပင်ပန်းသက်သာတယ်လို့ကျေးဇူးတင်မိတယ်။ ဘောဂဗေဒ ဆိုတာက ရွေးချယ်မှုဆိုင်ရာသိပ္ပံလို့ဆိုထားရာ မှာ ဘောဂဗေဒသမား တစ်ယောက် အနေနဲ့လည်း ရွေးချယ်မှုတွေ တွေ့ နေရတာပါ။ ဒီတော့ ကိုယ်နဲ့မဆိုင် တာမျိုးတွေ ပြောမနေတော့ဘူး။ အချိန် ကုန်တယ်ဆိုတာမျိုးတွေဖယ်ပြီး ကိုယ်ပြောချင်တာ၊ လုပ်ချင် တာတွေ၊ အာရုံစိုက်ပြီး၊ တခြားကိစ္စ တွေအတွက် သိပ်ပြီး အာရုံနောက် မခံချင်တော့ဘူး။
            မြန်မာပြည်တွင်းမှာလုပ်တဲ့ ဆွေးနွေးပွဲတွေကို လက်လှမ်းမီသမျှ တော်တော်လေးတက်ဖြစ်တော့ကိုယ့် ကိုယ်ကိုလည်း တော်တော်လေး သိ ထားတယ်လို့ ထင်မိတယ်။ ဟိုရက်က စိုက်ပျိုးရေးဆိုင်ရာဆွေးနွေးပွဲတစ်ခု ကို တရုတ်နိုင်ငံမှာ လုပ်မယ်၊ တက် စေချင်ပါတယ်ဆိုတော့ ကိုယ်လည်း ဘာပြောလို့ ပြောရမှန်းမသိ။ တခြား သူတွေ ပြောတာဆိုတာတွေကလည်း သိပ်ပြီး ထူးခြားမယ်မထင်လို့  သွားရမှာ ခပ်ပျင်းပျင်း။ ဒီကြားထဲမှာ ကိုယ် မရောက်ဖူးတဲ့ တခြားနေရာနှစ်နေရာ လောက်ကိုလည်း သွားမယ့် ခရီးစဉ် တစ်ခုကလည်း အပြိုင်ပေါ်လာသေး။ ဟိုဟာလိုက်ရကောင်း နိုးနိုး၊ ရှေ့ နောက်ချိတ်လို့ ရနိုးနိုး စီစဉ်ကြည့်ပေ မယ့် ဘယ်လိုမှမအောင်မြင်တဲ့အဆုံးစိုက်ပျိုးရေး ဆွေးနွေးပွဲကိုပဲ လိုက်သွား ဖြစ်ပါတယ်။
            လိုက်သွားဖြစ်တာပဲကျေးဇူး တင်ရသေးတယ်။ မြန်မာပြည်တွင်း မှာပဲ ရှိနေကြပေမယ့် တစ်ခါမှ မဆုံ ဖူးသေးတဲ့ ပညာရှင်တွေနဲ့ တွေ့ရ တယ်။ သူတို့ ပြောတာဆိုတာ၊ ဆွေး နွေးတာ၊ အတွေ့အကြုံဝေငှတာတွေ ရယူရတယ်။ ဒီလိုပဲ အပြင်က ပညာ ရှင်တွေ ပြောတာဆိုတာ ဆွေးနွေးတာ တွေ ကြားရတာ အတော်အကျိုးရှိ တယ်။ သူတို့က ငွေကုန်ကြေးကျခံပြီး ကိုယ့်အကြောင်းတွေများပြုစုထား လိုက်ကြတာ။ သူတို့ စုဆောင်းထား လို့ ကိုယ့်အကြောင်း ဖတ်ခွင့်ရကြ တယ်။
            စိတ်ထဲပေါ်လာတဲ့ခံစားချက် တစ်ခုကို ပြောရရင် ကိုယ့်နိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးအခင်း အကျင်းတွေကိုလည်း ကိုယ့်ထက် တောင် ပိုပြီး စိတ်ဝင်စားနေသလား မပြောတတ်။ သူတို့ဆီသွားတော့လည်းဒီအကြောင်း မေး၊ ကိုယ့်ဆီလာတော့ လည်း ဒီအကြောင်းမေး။ တချို့မေး ခွန်းတွေဆို ကိုယ်တောင် မစဉ်းစားမိ။ ၂ဝ၁၅ မှာ ဘယ်လိုအပြောင်းအလဲ ဖြစ်မှာလဲ၊ ဘယ်နည်းဖြစ်မလဲ။ ၂ဝ၂ဝ မှာရော ဘယ်လိုဖြစ်မလဲ၊ ဘယ်လိုစွန့်စားစရာတွေရှိမလဲ၊မူဝါဒ တွေ အပြောင်းအလဲဖြစ်မလား။အခု ဘာဖြစ်လို့ ပြဿနာတွေ ဖြစ်နေရ သလဲဆိုတဲ့ မေးခွန်းတွေက အများ သား။ ကိုယ်တောင် သူတို့အကြောင်း အဲသလို ပြန်လေ့လာဖို့ ကောင်းတယ် လို့ မြင်မိပေမယ့် ဒီလောက်တောင် အင်အားက မရှိလှ။
            ဒီတော့လည်းကိုယ့်အကြောင်း ကိုယ်သိဖို့ရော၊ သူတစ်ပါးအကြောင်း သိဖို့ရော လုပ်စရာတွေက အများကြီး ပါ။ တစ်ပတ်တစ်ပတ် ပြည်တွင်း ပြည်ပက ဖတ်ရတာတွေမှာ ပြည် တွင်းက စိတ်ဝင်စားတာတွေ၊ စိတ်ဝင် စားပုံ၊ စိတ်ဝင်စားနည်းနဲ့ ပြည်ပက စိတ်ဝင်စားတာနဲ့၊ စိတ်ဝင်စားပုံ၊ စိတ် ဝင်စားနည်းတွေ ကွာခြားနေတာကို လည်း သတိထားမိတယ်။
            ဒါကြောင့်ရာသီဥတု ပူနွေးပေ မယ့် လူတွေက အေးတိအေးစက် နေနေတာမျိုး မဖြစ်။ တက်တက်ကြွ ကြွလေ့လာစရာတွေ၊ လုပ်စရာတွေ က အများကြီး။ အပူတပြင်းလုပ်စရာ တွေက အများကြီး။ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...