Friday, May 24, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၅)

သစ်ထူးလွင်



Posted: 24 May 2013 06:15 AM PDT
နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားကလေးများ ပညာသင်ထောက်ပံ့ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုစီစဉ်တဲ့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာစိုးနောင်က အဲသလို ပြောကြားခဲ့တာပါ။

"ကလေးတွေကို မြေတောင်မြှောက်ပေးခြင်းအားဖြင်
့ ကလေးတွေရဲ့ဘဝကို ဂရုစိုက်ပေးခြင်းအားဖြင့် လာမယ့် ၂ဝ၁၄၊ ၂ဝ၁၅ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလုပ်ငန်းကိုလုပ်နိုင်အောင် ကြိုးစားပြီးတော့ အကောင်အထည်ဖော်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ လာမယ့် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်းမှာ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျသွားမယ်၊ မှုခင်းတွေလည်းလျော့ကျသွားမယ်၊ ပိုပြီးတော့ အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမယ်"

ဆင်းရဲနွမ်းပါးသူ မိဘတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲက ဆင်းရဲသားလူတန်းစားတွေ အများစုနေထိုင်ကြတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေက ဆရာ၊ ဆရာမတွေ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese


Posted: 24 May 2013 06:08 AM PDT
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ မန်ကျည်းပင်ပုကျေးရွာက တောင်သူ ၆ ဦးကို စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ စပါးစိုက်ပျိုးလို့ဆိုပြီး အာဏာပိုင်တွေက ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တောင်သူတွေကပြောပါတယ်။ တောင်သူ ၆ ဦးကို ဆင်ပေါင်ဝဲမြို့နယ်မှာ အခြေစိုက်တဲ့ က.ပ.စ (၈) စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 May 2013 06:01 AM PDT
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ စက်မှုဇုန်တွေက စက်ရုံငါးရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို အာဏာပိုင်တွေက မနေ့ညနေပိုင်းက ခေါ်ယူသတိပေးခဲ့တယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။ လှိုင်သာယာမြို့နယ် ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေက အလုပ်သမားခေါင်းဆောင်တွေကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမှာ ခေါ်ယူသတိပေးခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 May 2013 05:57 AM PDT
မေလ ၂၅ ရက်နေ့ ထုတ် Techspace နည်းပညာဂျာနယ် Volume 2 - Issue 8

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 24 May 2013 05:00 AM PDT
မြန်မာ သက္ကရာဇ် ၁၃၇၅ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေ သွန်းလောင်း ပူဇော်ပွဲကို မေလ ၂၄ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်မြတ်မှာ ကျင်းပခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 24 May 2013 04:37 AM PDT
၂၃.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မ---- သည် အတူနေ စိတ်ကျန်းမားရေး မကောင်းသူမိခင် ဒေါ်------၊ (၅၀) နှစ် နှင့်အတူ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တီဗွီသွားရောက်ကြည့်စဉ် မိခင်မှာနေအိမ်သို့တစ်ဦးတည်းပြန်သွားခဲ့ပြီး ညနေ ၅ နာရီအချိန်ခန့်တွင် မိခင်မှာ တစ်လမ်းတည်းနေမ------- ၏နေအိမ်သို့ ရောက်ရှိနေကြောင်းသိရ၍ သွား ရောက်ခေါ်ယူရာ မိခင်ဖြစ်သူတွင် နှုတ်ခမ်း၊ ၀ဲပါး၊ ၀ဲလက်ဖျံ နှင့် ရင်ဘတ်တို့တွင် ညိုမဲဒဏ်ရာများအားတွေ့ရှိသဖြင့် မေးမြန်းရာ မျိုးဦး(ခ)သန်းနိုင်၊ ၂၅ နှစ်၊ (ဘ)ဦးမြ၀င်း အင်းစိန်မြို့နယ်နေသူမှ ACE သဲကွင်းအတွင်းရှိ ခြုံထဲသို့ခေါ်ယူပြီး နှုတ်ခမ်း၊ပါး၊ရင်သားတို့အား ပါးစပ်ဖြင့်စုပ်ကိုက်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးပါရန် အင်းစိန်ရဲစခန်းသို့ တိုင်တန်းခဲ့၍ မျိုးဦး(ခ)သန်းနိုင်အား ဖမ်းဆီးစစ်ဆေးလျှက်ရှိ ကြောင်းသတင်း ရရှိပါသည်။

Yangon Police (Facebook)


Posted: 24 May 2013 04:35 AM PDT
နေပြည်တော်၊ မေ ၂၄
၂၃-၅-၂၀၁၃ ရက်နေ့ ၁၅၄၀ အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကံသာအုပ်စု၊ ချောင်းခုံ ရွာနေ ဒေါ်ခင်ရီ(၅၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ မကော်နီဆိုသူ ရောက်ရှိ လာပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမောင်မြင့်(ခ) ဦးတင်မြင့်(၅၆)နှစ်အား ရွာလယ်တွင် ၀ိုင်းဝန်း ရိုက်နှက်နေကြောင်း ပြောဆိုသဖြင့် သွားရောက် ကြည့်ရှုခဲ့ရာ ဦးမောင်မြင့်မှာ သွေးများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ စုံစမ်းမေးမြန်းချက်အရ ထိုနေ့ ၁၅၃၀ အချိန် ဦးမောင်မြင့်(ခ)ဦးတင်မြင့်သည် တောမှလှည်းဖြင့်ပြန်လာစဉ် တစ်ရွာတည်းနေ ဦးသိန်းမောင်(၅၂)နှစ်၏နေအိမ်ေ
ရှ့အရောက် ဦးမောင်မြင့်နှင့်အတူပါလာသောခွေးမှာ ဦးသိန်းမောင်၏နေအိမ်အတွင်းသို့ ၀င်ရောက်သွားသဖြင့် ဦးသိန်းမောင်နှင့် သားဖြစ်သူမြင့်ဝေ(၂၄)နှစ်တို့က ခွေးအား နေအိမ်ဝိုင်းအတွင်းမှမောင်းထုတ်ခဲ့ကြောင်း၊ ထိုသို့မောင်းထုတ်စဉ် ဦးမောင်မြင့်နှင့် စကားများရန်ဖြစ်ရာမှ ဦးမောင်မြင့်၌ပါလာသည့် ကိုင်းခုတ်ဓါးမအား ဦးသိန်းမောင်တို့သားအဖက လုယူကာ ဦးမောင်မြင့်အားခုတ်သဖြင့် လက်ခုံပြတ်ရှ၊ ၀ဲလက်ကောက်ဝတ် အရိုးပြတ်၊ ယာလက်ကောက်ဝတ်ပြတ်ရှ၊ ယာလက်ဖျံရိုးပြတ်ရှ၊ ဦးခေါင်းထိပ်တည့်တည့်ပြတ်ရှ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရသဖြင့် ဦးသိန်းမောင်နှင့် မြင့်ဝေ တို့အား လယ်ဝေးမြို့မရဲစခန်း(ပ)၁၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည် (Facebook)


Posted: 24 May 2013 04:33 AM PDT
နေပြည်တော်၊ မေ ၂၄

၂၃-၅-၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် အမှတ်(၅၅)အဆန် မန္တလေး-မြစ်ကြီးနား အမြန် ရထားသည် မြစ်ကြီးနားမြို့နယ်၊ မရမ်းဘူတာနှင့် မလိခဘူတာကြား၊ မိုင်တိုင်အမှတ်(၇၀၂/၅) အရောက်တွင် ပထမတန်းတွဲ(၁)၊ ခုံအမှတ်(၂၃)၌ စီးနင်းလိုက်ပါလာသည့် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်နေ ဦးကိုကိုကြီး(၃၅)နှစ်မှာ ရထားစက်ခေါင်းအမိုးပေါ်မှခုန်ချ
ခဲ့သဖြင့် ရထားလုံခြုံရေးတပ်ဖွဲ့ဝင်များက ရထားအားရပ်တန့်ကြည့်ရှုခဲ့ရာ ဦးကိုကိုကြီးတွင် ဦးခေါင်းနောက်စေ့(၇)လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ၀ဲနဖူး(၁)လက်မခန့်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်လက်ဖျံပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာခြေထောက်ကျိုးဒဏ်ရာများရရှိခဲ့သဖြင့် မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားသောကြောင့် မြစ်ကြီးနားမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၀/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် (Facebook)


Posted: 24 May 2013 04:29 AM PDT
နေပြည်တော်၊ မေ ၂၄

၂၃-၅-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ““ခိုင်လုံ””ကျောက်မျက်ကုမ္ပဏီလု
ပ်ကွက်၊ အမြင့်ပေ(၄၀)ခန့်ရှိ မြေစာပုံဟောင်းမှမြေစာများ ရုတ်တရက် ပြိုကျသဖြင့် မြေစာပုံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေသည့် ဖားကန့်မြို့နယ်၊ သာယာကုန်း ကျေးရွာနေ အောင်ကျော်ညွန့်(၄၂)နှစ်မှာ ယာဘက်ရင်အုံပွန်းပဲ့၊ ၀ဲဘက်နားထင်ပွန်းပဲ့ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊ ရွာမရပ်ကွက်နေ ခင်မောင်ထွေး(၃၀)နှစ်မှာ ယာဘက်ပုခုံးပွန်းပဲ့၊ ယာဘက်ဒူးခေါင်းပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။ သို့ဖြစ်၍ သေဆုံးသူ၏အလောင်းနှင့် ဒဏ်ရာရရှိသူခင်မောင်ထွေးတို့အား လုံးခင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖားကန့်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂၂/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည် (Facebook)


Posted: 24 May 2013 04:26 AM PDT
ရန်ကုန်မြို့တော် တစ်ဖက်ကမ်းရှိ ဒလမြို့နယ်အတွင်း အိမ်ရာစီမံကိန်း အတွက် အစိုးရက သိမ်းဆည်းထားသော လယ်မြေ ဧက၂၀၀ ခန့်ကို လယ်ယာမြေစုံစမ်းရေး ကော်မရှင်က အမြန်ဆုံး စိစစ်ဖော်ထုတ်ပေး ရန် လယ်သိမ်းခံ လယ်သမားများက ဒလမြို့ သမ္ဗန်ဆိပ်ကွင်း၌ မေလ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် ဆန္ဒထုတ်ဖော်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 May 2013 04:17 AM PDT
ပြည်တွင်းမှာ လတ်တလော နိုင်ငံခြားသုံးငွေ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက် လာရခြင်းက ဈေးကွက်ရဲ့ သဘော သဘာဝဖြစ်တဲ့ ၀ယ်လိုအား မြင့်တက်လာ ခြင်းကြောင့် ဖြစ်တဲ့အတွက် ဗဟိုဘဏ်အနေနဲ့ ၀င်ရောက် ထိန်းကျောင်းမှာ မဟုတ်ဘူးလို့ ဗဟိုဘဏ်တာဝန် ရှိသူတဦးက ပြောပါတယ်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 May 2013 03:20 AM PDT
ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ၁/ထူပါရုံရပ်ကွက်၊ အရှေ့ ၁၄ လမ်းအား ကြံ့ခိုင်ရေးပါတီ ဗဟို အလုပ်အမှု ဆောင်တစ်ဦး ဖြစ်သူ ယခင်ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ ဦးအောင်သိန်းလင်းက လမ်းခင်းပေးမည်ဟု နှုတ်ကတိပေးခဲ့ပြီး ယခုတိုင် မခင်းပေးသေးကြောင်း ရပ်မိရပ်ဖများက မြန်မာ သံတော်ဆင့်သို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 May 2013 03:05 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပင့်သာကြီးကျေး  ရွာနေဦးထွန်းလှိုင်၏နေအိမ်ခြံဝင်း  အတွင်း၌ မေ(၃) ရက်၊ နံနက်  (၇) နာရီက ငါးပေပတ်လည် အကျယ်ရေတွင်းတူးဖော်ရာ အနက်သုံးပေခန့်အရောက်ကျောက် ဖျက်တွေ့ရှိသည်။ ဆက်လက်၍ ရေတွင်းတူးဖော်  ရာအနက်လေးပေခန့်တွင် ကြေး ကျောင်းဆောင်ပုံသဏ္ဍာန်၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 May 2013 03:01 AM PDT
မေလ (၁၈) ရက်နေ့က ကလေးမြို့နယ် ထောက်ကြန် ကျေးရွာတွင် ည(၈)နာရီခန့် ကိုယ့်အိမ်ကိုယ် မီးရှို့မှုတစ်ရပ်ဖြစ် ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မိမိအိမ်မိမိ မီးရှို့မှုတွင် ပြစ်မှုကျူး လွန်မိသူမှာ မောင်အောင်ဖြိုး ဟိန်းဖြစ်ပြီး ပြစ်မှုကျူးလွန်ချိန် တွင် မောင်အောင်ဖြိုးဟိန်းမှာ အရက်အလွန်အကျွံမှုးယစ်နေ ကြောင်းသိရသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 24 May 2013 02:48 AM PDT
ပြင်သစ်နိုင်ငံ နန့်တက်မြို့မှာ မေ ၂၂ မှ ၂၅ ရက်နေ့အထိ ပြုလုပ်နေတဲ့ ၅ ကြိမ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးဖိုရမ်ကို မြန်မာနိုင်ငံ အလုပ်သမားနဲ့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်စုစုနွေးအပါအ၀င် မြန်မာကိုယ်စားလှယ် ၃ ဦး တက်ရောက် နေကြပါတယ်။

နိုင်ငံပေါင်း ၁၀၀ ကျော်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေ၊ အစိုးရကိုယ်စားလှယ်တွေနဲ့အတူ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ ဦးထူးချစ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးကော်မရှင်မင်းကြီး ဦးလဖိုင်းလ်ဇူးဂေါင်း (Lahpai Zau Goone)တို့ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

ဒေါ်စုစုနွေးက “ကျမတို့ လာရောက် လေ့လာခွင့်ရတဲ့အတွက် ကျမတို့နိုင်ငံအတွက် ဘာတွေဆက်ပြီး ကြိုးစားဆောင်ရွက်ခွင့်ရမယ်ဆို
တာ ပိုပြီးတော့ နားလည်လာတယ်။ နိုင်ငံမှာ ဘာတွေ လိုအပ်ချက်တွေ ရှိနေလဲ၊ အစိုးရကလည်း ဘာလိုအပ်ချက်တွေ ရှိနေလဲ။ ကျမတို့ကလည်း နိုင်ငံကို လူ့အခွင့်အရေးပြည့်ဝပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် အစိုးရနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သွားမလဲ၊ ပြည်သူတွေကရော ဘာတွေလိုအပ်နေလဲဆိုတာတွေ ကျမတို့ အတွေ့အကြုံရတယ်။ ရရှိလာတဲ့အတွေ့အကြုံတွေကို နိုင်ငံကိုပြန်ရောက်ရင် အောက်ခြေပြည်သူတွေကို ပြန်ပြောပြမှာပါ”လို့ ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်တဲ့ ဦးထူးချစ်က သူအနေနဲ့ ရွှေ့ပြောင်းအလုပ်သမား ရေးရာ ကိစ္စတွေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

“အဓိက ကျနော်လာတာက အာဖရိကတို့၊ အီးယူတို့၊ လက်တင်အမေရိက၊ အာရှ၊ တရုတ်တို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့အခြေအနေတွေကို တင်ပြခိုင်းတော့ အဲဒီကိစ္စတွေကို တင်ပြတယ်။ သတင်းထောက်တွေက မြန်မာနိုင်ငံရဲ့ လက်ရှိလူ့အခွင့်အရေးအခြေအနေတွေ
ကို မေးတာတွေတော့ ရှိတယ်။ လက်ရှိလူ့အခွင့်အရေးချိုးဖောက်မှုတွေ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာက စနစ်တကျပုံစံရှိတယ်။ မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုရှိနေဆဲဖြစ်တယ်ဆိုတာ ကျနော် ပြောဖြစ်တယ်။”

ဒေါ်စုစုနွေးနဲ့ ဦး Lahpai Zau Goone တို့ကတော့ ဒီဖိုရမ်မှာ တက်ရောက်ဆွေးနွေးဖို့ အစီအစဉ် မပါရှိဘဲ ပထမအကြိမ်အဖြစ် တက်ရောက်တာဟာ အတွေ့အကြုံရတယ်လို့ ဆိုပါတယ်။

ဖိုရမ်ပြီးချိန်ကျမှ ဒေါ်စုစုနွေးဟာ ပြင်သစ် အန်ဂျီအိုတွေ၊ ပြင်သစ်မီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

 by webteam  (ဒီဗွီဘီ)


Posted: 23 May 2013 09:27 PM PDT
ဒဂုံမြို့နယ်၊ သီလဘန်ကျောင်းတိုက်နေ ဆရာတော်ဦးနန္ဒာသာရ၊ (၆၃)နှစ်၊ ၀ါတော် (၄၃) ၀ါ သည် ၂၂.၅.၂၀၁၃ ရက်နေ့ တွင်ရေးမြို့နယ်မှ ရာဇာမင်းကားဖြင့် ရန်ကုန်သို့လိုက်ပါလာပြီး ၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် အောင်မင်္ဂလာကားဝင်းသို့ရောက်ရှိကာ အတူပါ ဆရာတော်ဦးကောဝိဒနှင့် Probox အဖြူရောင်အငှားယာဉ် (နံပါတ်မမှတ်မိ)အား ငှား၍ စီးလာရာ အဝေးပြေးကွင်းမှ အထွက်
၂ ဖါလုံခန့်အရောက်တွင် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆရာတော်များမှ ဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 23 May 2013 09:23 PM PDT
မေလ ၂၄ ရက်နေ့ ထုတ် EURO SPORTS Journal အတွဲ ၄ ၊ အမှတ် ၅၇
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 23 May 2013 09:07 PM PDT
မေလ(၂၃)ရက်နေ့ ထုတ် ဈေးကွက် ဂျာနယ် အမှတ် ၈၁၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 23 May 2013 08:53 PM PDT
မေလ ၂၃ရက်နေ့ နံနက် ၀၈၃၀ အချိန် ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ဘူတာဈေးရှေ့ အနီး မှာ ဒေါက်တာအောင်ငြိမ်းနှင့် သူ့သား လေတပ်မှ ဗိုလ်ကြီးဖြိုးပြည့်အောင်တို့မှ ၄င်းတို့ အိမ်ရှေ့ မှာ ကားလာရပ်တဲ့  မျိုး စားသောက်ဆိုင် ပိုင်ရှင် ဦးမျိုးဝေနှင့် ဇနီး သမီးတို့အား လူမဆန်စွာ ရိုက်နှက်ခဲ့မှုအပေါ် ပုသိမ် ပြည်သူများကြား မကျေနပ်တဲ့ အကြောင်း ကျယ်လောင်စွာ ထွက်ပေါ်နေ ကြောင်း သိရပါတယ်။

ဦးမျိုးဝေ မိသားစုကို ဗိုလ်ကြီးဖြိုးပြည့်အောင်က သံတုတ်နဲ့ လူမဆန်စွာရိုက်နှက်ခဲ့တယ်လို့ မျက်မြင်တွေ့  ကပြောပါတယ်။ ရိုက်နှက်စဉ်မှာ အရပ်ဝတ်နဲ့ ရိုက်နှက်ခဲ့ပြီး ပတ်ဝန်းကျင်က လူတွေက ရဲစခန်းကို ဖုန်းဆက်တိုင်းကြားခဲ့ပါတယ်။

ရဲစခန်းမှ တာဝန်ရှိသူတွေ ရောက်ရှိလာတဲ့ အခါမှာ စစ်ယူနီဖောင်းဝတ်ပြီး ပတ်ဝန်းကျင်ကလူတွေနဲ့ ရဲတွေကို မောက်မာရိုင်းစိုင်းစွာ ဆဲဆိုတုန့် ပြန်ခဲ့မှုကြောင့် ပုသိမ်ပြည်သူတွေ မကျေမနပ် ဖြစ်နေကြတာ ဖြစ်ကြောင်း သိရပါတယ်။

သစ်ထူးလွင်

ပုသိမ်မြို့မှာ လေတပ်ဗိုလ်ကြီး သားအဖမှ မိန်းခလေးတယောက်အား ၀ိုင်းရိုက်မှု ဖြစ်ပွားစဉ်

Posted: 23 May 2013 08:38 PM PDT
မြိတ်မြို့နယ်အတွင်း အီတာလျံထိုင်း ကုမ္ပဏီက တည်ဆောက်မယ့် ရေအားလျှပ်စစ် ရေလှောင်တမံ စီမံကိန်းကြောင့် ဒေသတွင်းသဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်မူ အန္တရာယ်ရှိတယ်ဆိုတဲ့ အစီရင်ခံချက်ရရှိတဲ့အတွက် အဲဒီစီမံကိန်းကို မြန်မာအစိုးရဘက်က ရပ်ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ရေးသားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 May 2013 06:56 PM PDT
နေနန်းရယ်တဲ့ ဖန်သူရိန်။ တန်ခိုးဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ ပြင်းပြပူရှိန်။
ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊ ထွန်းလှတဲ့ငွေတာရိန်ငယ်။
ဒွတ္တိံသနေ့စွဲ။
ပန်းစကားဝါ၊ နန်းမရာကေသီဆင်လို့၊
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊ ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်၊
ခါသဘင်ညောင်ရေသွန်းကြတယ်၊ လွမ်းစရာ့ပွဲ။

ကဆုန်လနှင့် ပတ်သက်၍ အထက်ပါအတိုင်း စာဆိုတော် ဦးပြုံးချိုက ရေးစပ် သီကုံးခဲ့ပါသည်။ ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုံ၊ ခူဆုံ၊ ခုဆုံဟု အမျိုးမျိုးခေါ် ဝေါ်ရေးသားခဲ့ကြသည်။ ဗေဒင်ကျမ်းအလို အားဖြင့် ဤလသည် ပြိဿရာသီဖြစ်ပြီး ဝိသာခါနက္ခတ်သည် လမင်းနှင့်အတူ ကောင်းကင်တွင် ယှဉ်ပြိုင်ထွန်းလင်း သောလဖြစ်သည်။ ရာသီရုပ်မှာ နွားလား ဥသဘရုပ်ဖြစ်ပြီး ဤလတွင် ရာသီပန်းအဖြစ် စကားဝါပန်းတို့ ဖူးပွင့်ကြသည်။ နေ့တာရှည်၍ ညတာတိုသော ရက်စုံလဖြစ်သည်။ ကဆုန်လသည် မြန်မာလများတွင် ဒုတိယ လဖြစ်၍ ဥတုသုံးလီတွင် နွေဥတု၌ပါဝင် သည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်းအရ ကုဆုန်၊ ကဆုံတို့တွင် ကု-ကတို့သည် “ရေ” ဟု အဓိပ္ပာယ်ရရှိပြီး ဆုန်၏အဓိပ္ပာယ်မှာ သွန်း၊ လောင်း၊ ဖျန်းခြင်းဖြစ်သည်။ ပညာရှင် များက ဤလကို "ကံ ဥဒကံ ဆိန္ဒတီတိ ကဆိနံ"ယောမာသော၊ အကြင်လသည်။ ကံဥဒကံ၊ ရေကို။ ဆိန္ဒတိ၊ ဖြတ်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောမာသော၊ ထိုလ သည်။ ကဆိနံ၊ ကဆုန်မည်၏။ ဟု ဝစနတ္ထပြုခဲ့ကြသည်။ ဤလသည် နွေရာသီ ၏ ဗဟိုချက်မကျသော လဖြစ်သဖြင့်လည်း
“ကဆုန် နယုန်-ဆွေ့ဆွေ့ခုန်”ဆိုသကဲ့သို့ ပူ လွန်း၍ ဆွေ့ဆွေ့ခုန်ရမတတ် အပူရှိန်လွန်ကဲ သောလဖြစ်သည်။

ဤလတွင် အင်း၊ အိုင်၊ ကန်၊ ချောင်း၊ ရေနုတ်မြောင်းများမှာ ရေများခန်းခြောက် ၍ သစ်ပင်ပန်းမန်များမှာ ညှိုးရော်ကာ သေလုမတတ် ရေဓာတ်ခန်းခြောက်သော ကာလ လည်းဖြစ်ပါသည်။ ဤမျှပူပြင်းသောလတွင် ပရိဘောဂစေတီတွင်ပါဝင်သော မဟာဗော ဓိပင်များ ဆက်လက်ရှင်သန်နိုင်ဖို့ရန် အတွက် ဗုဒ္ဓဘာသာဝင်များက ဗောဓိပင် ကို ရေဖြင့်သွန်းလောင်းပူဇော်ကြသော ဓလေ့သည် ရှေးယခင်ကပင် ပေါ်ထွန်းခဲ့ပါ သည်။ မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ် ကြီးပြီးဆုံးသောကာလမှစ၍ ကဆုန်လပြည့် နေ့ကို “ဗုဒ္ဓနေ့”ဟုသတ်မှတ်ပြီး နိုင်ငံတော် အစိုးရက ထိုနေ့ကို အများပြည်သူရုံးပိတ် ရက်အဖြစ် ဂေဇက်ဝင် သတ်မှတ်ပေးခဲ့ပါ သည်။
ဗုဒ္ဓဘာသာဝင်များသည် နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ကဆုန် ညောင်ရေသွန်းပွဲဖြစ်သည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို မြန်မာနိုင်ငံတစ်နံတစ်လျား နေရာအနှံ့အပြား ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကြပါသည်။

ရှေးခေတ်အခါကစ၍ ဤလတွင် ဘုရင်နှင့်တကွ လုပ်သားပြည်သူများသည် ညောင်ရေသွန်းပွဲတော်ကို ရာသီပွဲတော် အဖြစ် ဆင်ယင်ကျင်းပလေ့ ရှိခဲ့ကြသည်။ မြန်မာနိုင်ငံတွင်သာမက သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအို၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ် အစရှိသော ဗုဒ္ဓဘာသာ ကို အများစုကိုးကွယ်ကြသည့် နိုင်ငံများမှာ လည်း ကဆုန်လပြည့်နေ့ကို နှစ်စဉ် “ဝီဆတ်ဒေး”ဟု သတ်မှတ်ပြီး မိမိတို့ သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုများနှင့် တွဲဖက်၍ ခမ်းနားကြီးကျယ်စွာ ကျင်းပလေ့ ရှိကြပါသည်။

ကဆုန်လပြည့်နေ့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ အဖို့ အထူးမြတ်ဆုံးသော နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ကဆုန်လပြည့်နေ့၌ သုံး လောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ရှင်သည် ဘုရားဖြစ်ရန်အတွက် ဒီပင်္ကရာ ဘုရားမြတ်စွာထံတော်ပါးတွင် နိယတဗျာဒိပ်ပန်းကို ဆင်မြန်းခဲ့သည်။ တစ်ဖန် B.C 624 မဟာသက္ကရာဇ် ၆၈ ခု၊ သောကြာနေ့ ကဆုန်လပြည့်နေ့၌ပင် ဖွားမြင်တော်မူခဲ့ သည်။ ထို့ပြင် ဗောဓိပင်နှင့် ရွှေပလ္လင်တွင် သစ္စာလေးပါးတရား သိမြင်ပြီး သဗ္ဗညုတ ဉာဏ်တော်ကိုရရှိသော B.C 589၊ မဟာ သက္ကရာဇ် ၁၀၃ ခု ဗုဒ္ဓဟူးနေ့သည် ကဆုန် လပြည့်။ မဟာပရိနိဗ္ဗာန်ဝင်စံတော်မူသော B.C 544 မဟာသက္ကရာဇ် ၁၄၈ ခု အင်္ဂါနေ့ သည် ကဆုန်လပြည့်စသည်ဖြင့် တိုက်ဆိုင်လှစွာ ကြုံခဲ့ပါသဖြင့် ဤနေ့သည် လွန်စွာ ထူးမြတ်သော နေ့ထူးနေ့မြတ်ကြီးတစ်နေ့ အဖြစ် သာသနာ့သမိုင်း တစ်လျှောက်တွင် ထင်ရှားခဲ့ပါသည်။ ထို့ကြောင့် ရှေးလူကြီး များက မှတ်သားရ လွယ်ကူစေရန်အတွက် “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန် နန်း”ဟု လင်္ကာပြုလုပ် ထားခဲ့ကြပါသည်။ ဗုဒ္ဓဘာသာဝင်များသည် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်ကို ဘုရားရှင်ကိုယ်တော်မြတ် အဖြစ် ကိုယ်စားရည်မှန်း၍ ညောင်ရေများ ဖြင့် သွန်းလောင်းပူဇော်ကြပါသည်။ ထို့အပြင် “ကာဠု၊ ယသော်၊ ညီတော်၊ ဆန္န၊ ကဏ္ဍက၊ သောဏ္ဏ၊ ဗုဒ္ဓဟေ”ဟူသော စကားအရ ဘုရားအလောင်းတော်နှင့် တစ်ချိန်တည်း တစ်ရက်တည်း မွေးဖွားခဲ့သော ဖွားဖက်တော် ခုနစ်ဦးတို့တွင်လည်း ဗောဓိပင်သည် ဖွားဖက်တော်တစ်ခု အဖြစ် ပါဝင်ခဲ့ပါသည်။

ဘုရားရှင်ကိုယ်တော်တိုင် ဗောဓိပင်ကို ပူဇော်ထိုက်ကြောင်းကို တေရသကနိ ပါတ်တော်လာ ကလိင်္ဂဗောဓိဇာတ်တော်၌ ဟောကြားတော်မူခဲ့ပါသည်။ ထိုဇာတ်၌ အနာထပိဏ် သူဌေးကြီး လျှောက်ထားသဖြင့် အရှင်အာနန္ဒာက ဘုရားရှင်အားပူဇော် ထိုက်သော စေတီတော်များအကြောင်း မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က လောက၌ကိုးကွယ်ထိုက်ကြောင်း စေတီ သုံးမျိုးရှိသည်။
(၁) သာရီရိကစေတီ - ဘုရားရှင်၏ စွယ်တော်လေးဆူ တို့နှင့်တကွ အသွေးတော် အသားတော် စသည့် ဓာတ်တော်မွေတော် များ၊ (၂) ပရိဘောဂစေတီ - ဗောဓိပင်၊ သပိတ်၊ သင်္ကန်းပရိက္ခရာ ကျောင်းအိပ်ရာနေရာ စသည့် ဘုရားရှင်တို့၏ အသုံးအဆောင်ပစ္စည်းများ၊ (၃) ဥဒ္ဒိဿစေတီ - ဘုရားရှင် ကိုယ်စားထုလုပ် ကိုးကွယ်ကြသော နိမ္မိတ ရုပ်ပွားဆင်းတု တော်များ စသည့် သုံးမျိုးတို့ပင်ဖြစ်သည်။ ထိုသုံးမျိုးတို့ တွင် သာရီရိကစေတီတော်ကို ငါဘုရား သက်တော်ထင်ရှားရှိစဉ် မပြုလုပ်နိုင်၊ ဥဒ္ဒိ ဿစေတီတော်နှင့် ပရိဘောဂစေတီ နှစ်ပါးကိုမူ ပြုလုပ်နိုင်သည်။ ဘုရားရှင်တို့ အသုံးပြုသော ဗောဓိပင်မြတ်သည် ငါဘုရား သက်တော်ထင်ရှား ရှိစဉ်၌ပင် စေတီတော် မည်၍ ပူဇော်ထိုက်သည်ဟု မိန့်ကြားတော်မူ ခဲ့ပါသည်။ ထို့ကြောင့် ဗုဒ္ဓရုပ်ပွားဆင်း တုတော်များကို ပူဇော်သည့်ဓလေ့သည် ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ဗုဒ္ဓမြတ်စွာနှင့် မဟာဗောဓိပင်သည် ခွဲခြား၍မရကောင်းပါပေ။ မဟာဗောဓိပင် သည် ဘုရားရှင်၏သင်္ကေတဖြစ်သည်။ မြတ်ဗုဒ္ဓသည် ၃၅ နှစ်အရွယ် ဗောဓိပင် အောက်တွင်ပေါက်သော ရွှေပလ္လင်ထက်၌ မဟာသက္ကရာဇ် ၁၀၃ ခု ဃြ ၅၈၉ ကဆုန် လပြည့် ဗုဒ္ဓဟူးနေ့တွင် ပု, ဒိ, အာ ဟူသော ဉာဏ်တော်သုံးမျိုးကို ရရှိပြီး သဗ္ဗညုတဉာဏ် တော်ရှင်အဖြစ် လောကသုံးပါးတွင် ဘုရား စင်စစ် ဧကန်ဖြစ်တော်မူခဲ့သည်။ လပြည့် ကျော်တစ်ရက်နေ့မှစ၍ ပထမသတ္တာဟ အဖြစ် ဗောဓိပင်ရင်းတွင် ခုနစ်ရက်သီတင်း သုံးတော်မူ၍ ဒုတိယသတ္တာဟတွင် ဤမျှ ကျေးဇူးကြီးမားသော ဗောဓိပင်ကို ဘုရား ရှင်သည် အနိမိသ ကုန်းထက်မှနေ၍ ခုနစ်ရက် ပတ်လုံး မတ်တတ်ရပ်ခါ မမှိတ်မသုံသော မျက်စိဖြင့် ကြည့်တော်မူခြင်းဖြင့် ကျေးဇူး ဆပ်တော်မူခဲ့သည်။ ဤနေရာ၌ “ဗောဓိ” ဆိုသည်မှာ ဘုရားရှင်တို့၏ သစ္စာလေးပါး ကို ထိုးထွင်းသိမြင်၍ နိဗ္ဗာန်သို့မျက်မှောက် ပြုသော သဗ္ဗညုတဉာဏ်တော်ကို ဆိုလိုပါ သည်။ ထိုဉာဏ်တော်ရရှိရာအရပ် အပရာ ဇိတ ရွှေပလ္လင်ထက်၌ ပေါက်သော အပင်ကို “ဗောဓိပင်”ဟုခေါ်သည်။ ဥပမာ- ကကုသန် မြတ်စွာဘုရား၏ဗောဓိသည် ကုက္ကိုပင်ဖြစ် သည်။ ကောဏဂုံမြတ်စွာဘုရား၏ ဗောဓိ သည် ရေသဖန်းပင်၊ ကဿပမြတ်စွာဘုရား ၏ဗောဓိသည် ပညောင်ပင်၊ နောင်ပွင့်လတ့္တံ သော အရိမေတ္တေယျဘုရားရှင်၏ ဗောဓိ သည် ကံ့ကော်ပင် စသည်တို့ဖြစ်သည်။

ထို့အပြင် ကလိင်္ဂဗောဓိဇာတ်၌ ဘုရားရှင်ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးတော်မူစဉ်က လူအများသည် ပန်းနံ့သာ စသည်တို့ကိုကိုင်ဆောင်၍ ဘုရားရှင်ကို ပူ ဇော်ရန် လာရောက်ဖူးမြော်ကြသည်။ ထို အချိန်တွင် သုံးလူထွက်တင် ဘုရားရှင်သည် သတ္တဝါများကို တရားဒေသနာဖြင့် ချီးမြှောက် ဟောကြားဖို့ရန် ဒေသစာရီကြွချီတော်မူနေ ချိန်နှင့်ကြုံ၍ မဖူးမြော်လိုက် ကြရသဖြင့် စိတ်လက်မကြည်သာ ဖြစ်ကြရပြီး ဂန္ဓကုဋိ တံခါးဝတွင် ပန်းနံ့သာတို့ကို ချ၍ ပြန်သွား ကြရသည်။ ဤအကြောင်းကို အနာထပိဏ် သူဌေးကြီးက အရှင်အာနန္ဒာအား အကြောင်းစုံ လျှောက်ထား၍ သိရသဖြင့် အရှင်အာနန္ဒာမှ တစ်ဆင့် ဘုရားရှင်အား “ရှင်တော်မြတ် ဘုရား ဒေသစာရီကြွချီနေခိုက် ကိုယ်စား ပူဇော်မှုပြုလုပ် နိုင်ကြပါရန် မဟာဗောဓိပင် မှ မျိုးစေ့ကိုယူ၍ ဇေတဝန်ကျောင်းတော် တံခါးမုခ်၌ စိုက်ထားလိုကြောင်း” တောင်းပန် လျှောက်ထားခဲ့သည်။ ဘုရားရှင်က ထိုသို့ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့ပါလျှင် ငါဘုရား အမြဲရှိနေဘိသကဲ့သို့ ဖြစ်ပြီး ကုသိုလ်တရားများ တိုးပွားကြောင်းဖြစ်၍ ကောင်းမြတ်လှပေသည်ဟု နှုတ်တော်ဖြင့် ခွင့်ပြုတော်မူ ခဲ့ပါသည်။ ထို့ကြောင့် ဘုရားရှင်သည် မိမိကိုယ်စား ဖူးမြော်ခံ နိုင်ရန် အရှင်အာနန္ဒာအား မူလဗောဓိပင်မှ မျိုးစေ့ကို ဆောင်ယူစိုက်စေသည်။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် ယူဇနာ ၆၀ ဝေးကွာသော ဗောဓိမဏ္ဍိုင် ကုန်းတော်သို့ ကောင်းကင်ခရီးဖြင့် ကြွချီ ၍ ကြွေကျဆဲဖြစ်သော မူလမဟာဗောဓိ မျိုးစေ့ကို သင်္ကန်းဖြင့်ခံ၍ ယူဆောင်လာခဲ့ ပြီး အရှင်အာနန္ဒအား ပေးအပ်သည်။ ထိုဗောဓိမျိုးစေ့ကို ဇေတဝန်ကျောင်းဝင်း တွင် တံခါးမုခ်၏ သတ်မှတ်နေရာ၌ အနာထပိဏ် သူဌေးသည် မြေသို့ချစိုက်လိုက်ရာ တန်ခိုးတော်ကြောင့် မြေသို့မရောက်မီ ထွန်တုံးပမာဏခန့် အတောင် ၅၀ မြင့်သော မဟာဗောဓိပင်သည် ပရိသတ်များ၏ ရှေ့မှောက်၌ပင် ခက်မငါးဖြာနှင့် ပြည့်စုံစွာဖြင့် အံ့သြဖွယ်ရာ ရုတ်ခြည်းပေါက် ဖွားလာခဲ့ပေသည်။ ထိုပွဲတော်တွင် ကောသလမင်းကြီးကိုယ်တိုင် ဦးဆောင်၍ ရဟန္တာ မထေရ်ကြီးများ၊ အနာထပိဏ်၊ ဝိသာခါ စသော သဒ္ဓါတရားနှင့်ပြည့်စုံသော အရိယာ ပုဂ္ဂိုလ်များစွာ ပါဝင်ကြသည်။ ထိုဗောဓိ ညောင်ပင်အောက်၌ပင် ဘုရားရှင်သည် တစ်ညတာနိရောဓသမာပတ် ဝင်စားတော် မူသည်။ ပေဿနဒီကောသလမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် ထိုမဟာဗောဓိ ပင်ကို ဘုရားရှင်ကိုယ်တော်အလား ပန်းနံ့သာ၊ ဆီမီး စသည်တို့ဖြင့် နေ့စဉ်ပူဇော် သက္ကာရပြုကြသည်။ ပူရှိန်ပြင်းသည့် ကဆုန် လသို့ရောက်သောအခါ မင်းနှင့်ပြည်သူတို့ သည် မဟာဗောဓိပင်မညှိုးရော်စေရန် ရေသွန်း ပူဇော်ပွဲသဘင်ကို ကျင်းပကြသည်။ ထိုအချိန်အခါမှစ၍ ကဆုန်ညောင်ရေသွန်း ပွဲတော်ပေါ်ပေါက်လာဟန် ရှိသည်ဟု ရှေးပညာရှင်များက ယူဆကြပါသည်။ ဤဗောဓိပင်ကို အရှင်အာနန္ဒာမထေရ် ကြီးမှူးစိုက်ပျိုးသဖြင့် “အာနန္ဒာဗောဓိ” ဟု အမည်တွင်သည်။ အိန္ဒိယသို့ ဘုရားသွားဖူး ကြသူတိုင်း အာနန္ဒာဗောဓိပင်ကို ဇေတဝန် ကျောင်းဝင်းတွင် ယနေ့တိုင် ဖူးမြော်နိုင်ပါ သည်။

အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောက မင်းတရားကြီးသည် အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်မြတ် ၏ အမိန့်ရှိတော်မူသည့် အတိုင်း မဇ္ဈိမဒေသ ဘုရားပွင့်တော်မူရာ မူလမဟာဗောဓိပင်ကြီး မှ တောင်ဘက်ကိုင်း (ဒက္ခိဏ “ တောင် + သာခါ = အကိုင်း) ကို ညောင်ပင်အောက် အင်းပျဉ်ပေါ်တွင် မင်းကြီးကိုယ်တိုင် ရပ်ကာ လက်ယာတောင်ကိုင်းကို ရွှေစုတ်တံဖြင့် ဟင်းသပြဒါး (ဆေးဒန်းမြင်းသီလာ) တို့ဖြင့် ရေးသားပြီး “အကယ်၍ မဟာဗောဓိပင် သည် သီဟိုဠ်ကျွန်း၌ တည်အံ့၊ ငါသည်လည်း ဘုရားသာသနာ၌ ယုံမှားကင်းသည်ဖြစ်တံ့၊ ဤဗောဓိပင်သည် အလိုလို ရွှေဖျဉ်း၌ တည်ပါစေသတည်း" ဟု သစ္စာဆိုလေ၏။ မင်းကြီး သစ္စာဆိုပြီးသည်နှင့် တစ်ပြိုင်နက် သတ်မှတ်ထားသော နေရာမှ ပင်စည်အမြင့် ဆယ်တောင်မျှရှိပြီး ဗောဓိသီးငါးလုံးပါရှိ သည့် လေးတောင်ခန့်မျှသော ခက်မငါးဖြာ နှင့် ပြည့်စုံသည့် လက်ယာတောင်ကိုင်းသည် အလိုလိုပြတ်၍ ရွှေဖျဉ်းထက်၌ တည်လာလေသည်။ ၄င်းဗောဓိပင်ကို သီရိဓမ္မာ သောကမင်းကြီး၏ သမီးတော်ဖြစ်သော သင်္ဃမိတ္တာရဟန္တာထေရီမသည် ပရိသတ် အခြံအရံများစွာနှင့်တကွ သီဟိုဠ်နိုင်ငံသို့ ဦးဆောင်၍ ပင့်ဆောင်ပြီး စိုက်ပျိုးခဲ့လေ သည်။ ထိုဒက္ခိဏသာခါ ဗောဓိပင်ကို ယခုတိုင် သီဟိုဠ်ဘုရားဖူး သွားသူတိုင်း သွားရောက်ဖူးမြော် ပူဇော်နိုင်ကြပါသည်။

မှတ်ချက် ။ ။ သီဟိုဠ်သားတို့သည် ထိုဗောဓိပင်များမှ ကြွေကျသော ဗောဓိကိုင်းနှင့် တကွ အရွက်များကို အမှုန့်ကြိတ်သရိုးကိုင်ပြီး ဗုဒ္ဓရုပ်ပွားဆင်းတုတော်ပုံများ ပြုလုပ်ကိုးကွယ်ကြသဖြင့် “ဒက္ခိဏသာခါ” ဟု ခေါ်သည်။ သက္ကရာဇ် ၇၈၈ ခုနှစ်၊ အင်းဝ နေပြည်တော်နန်းစံ မိုးညှင်းမင်းတရားကြီး လက်ထက်၌ သီဟိုဠ်မှ ဘုရားရုပ်ပွားတော် အဆူသုံးရာကျော် ပဏ္ဏာ ဆက်သလာသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ဒက္ခိဏ သာခါ ဆင်းတုတော်များ စတင်ပေါ်ပေါက် လာကြောင်း သမန္တစက္ခုဒီပနီကျမ်းတွင် မိန့်ဆိုသည်။

မြန်မာနိုင်ငံသို့လည်း မဟာဗောဓိ ပင်မျိုးများ သာသနာရောက်စကပင် စတင် ရောက်ရှိခဲ့လေသည်။ အကြောင်းမှာ မြန်မာ တို့၏ ၁၂ လတွင် ဒုတိယလကို ကဆုန်လဟု နာမည်ပေးထားကြခြင်းမှာ ကု = ရေ + ဆုံ = သွန်းလောင်းခြင်းကိုစွဲ၍ ပေးခဲ့ကြသည်ကို ထောက်ဆသောအားဖြင့် မြန်မာနိုင်ငံတွင် ညောင်ရေသွန်းလောင်းခြင်း ဓလေ့သည် မဟာဗောဓိပင်ပွားများ ရောက်စကပင် ဖြစ်ပေါ်ခဲ့လိမ့်မည်ဟု မှန်းဆရပါသည်။ သက္ကရာဇ် ၆၅၃ ခုနှစ်စွဲ သင်ကြီးညောင်အုပ် ကျောက်စာ (ကျော) ၂၂၊ ၂၃ တွင် မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်သွန်၊ မပြစ်စေ လျင်တည်၏” စသော ပုဂံမြို့ စောလှဝန်း ကျောက်စာ အထောက်အထားများအရ ပုဂံခေတ်တွင် မဟာဗောဓိ ညောင်ပင်များ ကိုးကွယ်သောဓလေ့ ရှိနေပြီဖြစ်ကြောင်းနှင့် ပင်းယခေတ်တွင် ပေါ်ပေါက်လာသော
“စကားဝတ်စုံမြေ၊ သွန်းညောင်ရေ၊ ထုံးလေတန့်စကူး။ နွေလဆန်း၊ ဆန်းလေဦး၊ ဝတ်ဆံရွှေသား။ စံကားပွင့်လှဦး” ဟူသော ပြည်မင်း မျက်နှာရှည် ကာချင်းအရလည်း ကောင်း ပုဂံခေတ်၊ ပင်းယခေတ်တို့တွင် ညောင်ရေသွန်းလောင်းခြင်း ဓလေ့ရှိ နေပြီဖြစ်ကြောင်း ထင်ရှားပါသည်။ ပေါင်းလောင်းရှင်ခေါ်သည့် အရှင် ကဿပမထေရ်သီဟိုဠ်မှ ပင့်ဆောင်လာ သည့် ညောင်ရေသွန်းပွဲတော်သည် ကဆုန် လ၏ ရာသီပွဲတော်သာမက ဘာသာရေး ပွဲတော်လည်း ဖြစ်ပါသည်။

ဗုဒ္ဓပူဇနိယ ပွဲတော်များအနက် အထူးမြတ်ဆုံးဖြစ်ပြီး အလေးအနက်ထား အပ်သော မဟာဗောဓိပူဇာ ပွဲသဘင်လည်း ဖြစ်ပါသည်။ ဗုဒ္ဓသာသနာတော် ထွန်းကားရာအရပ်တိုင်း၌ “သာသနာတော် အစ မဟာဗောဓိပင်က” ဟူသော တူညီ သည့် ရည်ရွယ်ချက်တို့ဖြင့် မဟာဗောဓိပင် အား ဘုရားရှင်ကိုယ်တိုင်အလား အမွှေး နံ့သာရည်များဖြင့် သွန်းလောင်းပူဇော် လေ့ရှိကြသည်။ ဗုဒ္ဓဘာသာဝင်များသည် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဘုရားရှင် ဗောဓိဉာဏ်ကိုရရန် အားထုတ်တော်မူရာ၌ အမှီပြု အသုံးပြုတော်မူခဲ့သော ဗောဓိပင် ဖြစ်၍ စေတီသုံးမျိုးတို့အနက် ပရိဘောဂ စေတီတွင် ပါဝင်သည့် ဗောဓိပင်ကို ဘုရားရှင်အားရည်မှန်းပြီး ညောင်ရေသွန်း
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...