မိဘကျေးဇူး အကျေဆပ်နည်း
ဤကမ္ဘာလောကတွင်မိဘကျေးဇူးကို အထူးသိ၊အထူးဆပ်လိုတဲ့သူတော် ကောင်းတိုင်းအတွက် အတုယူအားကျစရာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကတော့မြတ်စွာဘုရားရှင်ဘဲဖြ စ်ပါတယ်။ မြတ်စွာဘုရားရှင်က ဘ၀တစ်ပါးေ ပြာင်းသွားပြီဖြစ်တဲ့မယ်တော် (သန္တုဿိတနတ်သား) ကို ဘ၀သံသရာ ၀ဋ်ဒုက္ခက လွတ်မြောက်အောင်ကယ် တင်တော်မူပြီး၊ မယ်တော်နတ်ရွာစံပြီး မိမိကို နို့ချိုတိုက်ကျွေးခဲ့တဲ့ မိ ထွေးတော် မဟာပဇာပတိဂေါတမီထေရီမကြီးကိုလည်း ရဟန္တာဖြစ်တဲ့အထိ “ဓမ္မနို့ရည်”တိုက်ကျွေးခြင်းဖြင့် မိခင်ကျေးဇူးကို“နို့နှစ်လုံးဖိုးကျေအောင်”ဆပ်နိုင်ခဲ့ ပါတယ်။ တို့ပြင်ခမည်းတော်သုဒ္ဓေါဒနမ င်းကြီးကိုလည်းလူဝတ်ကြောင်ဘ ၀နဲ့ရဟန္တာဖြစ်ပြီးကျွတ်တမ်း ၀င်အောင်လမ်းညွန်ပေးပြီးဖခင်ကျေးဇူးကိုလည်း“လက်ရုံးနှစ်ဖက်ဖိုးလုံးကျေအောင်”ဆပ်ခဲ့ ပါတယ်။ မြတ်စွာဘုရားရှင်က“ချစ်သား၊ ချစ်သမီးတို့..၊ မွေးမိခင်နှင့်မွေးဖခင်တို့ ကျေးဇူးကိုအလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး၊ ကျေအောင် ဆပ်ဖို့မလွယ်ဘူးလို့ ငါဘုရားပြောချင်ပါတယ်။“ချစ်သား၊ ချစ်သမီးတို့၊ အနှစ်တရာ သက်တမ်းမှာ အနှစ်တရာအသက်ရှည် တဲ့သားသမီးကအမေကိုလက်ယာပခုံးတင်၊ အဖေကိုလက်ဝဲ ပခုံးတင်ပြီးအမျိုးမျိုးပြု စုလုပ်ကျွေးပြီး ပခုံးထက်မှာဘဲ ကျင်ကြီးကျင်ငယ်စွန့်စေပြီး ရာသက်ပန်ပြုစု လုပ်ကျွေးသော်လည်း မိဘကျေးဇူးကို အကျေဆပ်ပြီးသားမဖြစ်သေး ပါဘူး”၊ “ချစ်သား၊ ချစ်သမီးတို့..၊ စကား ကုန်ပြောရရင် မိဘ နှစ်ပါးကို နှစ်သက်ဖွယ်ရာရတနာတွေအမျာြး ကီး ရှိတဲ့တလောကလုံးကို စိုးမိုး အုပ်ချုပ်အကြီးအကဲ လုပ်နိုင်တဲ့ စကြ၀တေးမင်းရာထူးမှာထားပြီး ကျေးဇူးဆပ်သော်လည်း ကျေအောင်ဆပ်နိုင်မည် မဟုတ်ပါ “ချစ်သား၊ ချစ်သမီးတို့…၊ ဒီလောက်ကျေးဇူးဆပ်ရက်သားနဲ့ ဘာလို့ကျေးဇူးမကျေနိုင်တာလဲ
ဆိုရင် မိဘတွေဟာသား သမီးတွေအပေါ် သိပ်ကို ကျေးဇူးများကြီးလို့၊
သားသမီးတွေကိုကြီးပြင်း အရွယ်ရောက် လူလားမြောက်အောင်
ဂရုတစိုက်စောင့်ရှောက်ကြလို့ ၊ နို့ချိုတိုက်ကျွေး မွေးမြူပြီး လောကကြီးရဲ့ အကောင်းအဆိုးအမျိုးမျိုးကို သိမြင်အောင်သေချာညွန်ကြားပြ သလို့ပဲ” ဖြစ်ပါတယ်။
မိဘကို ကျေးဇူးဆပ်ရာမှာလောကနည်းနဲ့ ဆပ်ခြင်း၊
ဓမ္မနည်းနဲ့ဆပ်ခြင်း ဟူ၍နှစ်မျိုးရှိပါသည်။ မိဘအတွက်စားဝတ်နေ
ရေးကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းသမျှ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့
ကျေးဇူး ဆပ်တာကို လောက နည်းနဲ့ကျေးဇူးဆပ်ခြင်းလို့ ခေါ်ပါတယ်။
လောကနည်းနဲ့ကျေးဇူးဆပ်လို့ မကျေနိုင်ပေမယ့် မိဘသက်ရှိ
ထင်ရှားရှိစဉ်နေ့စဉ်၊ လစဉ်အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက် သင့်ပါတယ် ။ မိဘသေခါမှ “ကျေးဇူးမဆပ်လိုက်ရလေခြင်း”
ဟု အကျိုး မရှိအော်ငိုနေခြင်းဖြင့် နောင် မှနောင်တ ရမနေသင့်ပါ။ စိတ်ထား
မတတ်တဲ့မိဘ ကိုစိတ်ထားတတ်အောင်၊ ကုသိုလ်နည်း ပါးတဲ့မိဘကို
ကုသိုလ်တိုးပွားအောင် ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။ “သဒ္ဓါတရားမရှိ တဲ့မိဘ ကိုသဒ္ဓါတရားနဲ့ပြည့်စုံအောင်၊ နတ်တွေ၊ ဘိုးတော်တွေအထင်ကြီး ကိုးကွယ်နေတဲ့မိဘတွေကိုဘုရား၊တရား၊ သံဃာရတနာသုံးပါးသာ ကိုးကွယ်ရာ အစစ်ဖြစ်ကြောင်း၊ သေရင်ပြီးပြီလို့ယူဆနေတဲ့မိ ဘ ကိုသေရင်မပြီးသေးဘဲ ကိုယ်ပြုတဲ့ကောင်းကံ၊ မကောင်းကံ အားလျော်စွာဘ၀သစ် ထပ်ဖြစ်ရအုံး မယ်ဖြစ်ကြောင်း ၊ ကံကိုမယုံတဲ့မိဘကိုယုံကြည်ေ အာင်၊ သီလ မရှိတဲ့မိဘကို သီလနဲ့ပြည့်စုံအောင်၊ နှမြော တွန့်တိုတဲ့မိဘကို အလှူဒါနနဲ့ပြည့်စုံအောင်၊ စိတ်ထား မမှန်တဲ့မိဘကိုစိတ်ထားမှန်ေ အာင်၊ ၀ိပဿနာ အလုပ်အားမထုတ်ချင်တဲ့ မိဘကို
ပစ္စုန်စိတ်အေးချမ်းဖို့ အတွက် ရော၊ သံသရာ ဘ၀လွတ်မြောက်ဖို့ အတွက်ပါ
ဝိပဿနာဟာမလုပ်မဖြစ် အရေးကြီးကြောင်းအိမ်မှာ တရားအားထုတ်ဖြစ်အောင်၊
လိုအပ်ရင် ရိပ်သာသွားပြီး တရားအားထုတ်ဖြစ်အောင် အစွမ်းကုန်ကူညီဆောင်ရွက်ပေး ရမည်ဖြစ်ပါသည်။
ကိုယ်ရဲ့စွမ်းဆောင် မှုကြောင့် မိဘမှာတစ်မဂ်တစ်ဖိုလ် ကျွတ်တန်းဝင်ခွင့်ရရင် မိဘကျေးဇူး အကြွင်းမဲ့ကျေသွားပြီဖြစ်ပါ တယ်။ ကိုယ်ကိုယ် တိုင်မဂ်ဖိုလ်နိဗ္ဗာန် ရအောင်စွမ်းဆောင်နိုင်ရင်လဲ မိဘကျေးဇူးအကြွင်းမဲ့ကျေပါတ ယ်။ နိဗ္ဗာန်ကိုထာဝရစံဝင်သွားကြတဲ့ ရဟန္တာယောက်ျား၊ ရဟန္တာမိန်းမတွေအားလုံး မိဘအပေါ်မှာရော၊ တခြားပုဂ္ဂိုလ်တွေအပေါ်မှာရော ဘာကျေးဇူး၊ ဘာအကုသိုလ်ကြွေးမှ မကျန်တော့ပါ။ ထို့ကြောင့်မြတ်စွာဘုရားရှင်က“ချစ်သား၊
ချစ်သမီးတို့…၊ မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို
ငါဘုရားညွန်ပြပါမည်၊ သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ပြည့်စုံအောင်၊
သီလမရှိတဲ့မိဘ ကိုသီလလုံနဲ့ပြည့် စုံအောင်၊ မပေးရက်မလှူရက်နှမြော
ဝန်တိုတဲ့မိဘကိုစွန့်ကြဲပေး ကမ်း လှူဒါန်းခြင်းနဲ့ပြည့်စုံအောင်၊
ပညာဥာဏ် မရှိတဲ့မိဘကိုပညာ ဥာဏ်နဲ့ပြည့်စုံအောင် ကောင်းစွာနာယူ
ဆောက်တည်စေမယ်၊ လေးလေးနက် နက်သက်ဝင်စေမယ်၊ ခိုင်ခိုင်ခံ့ခံ့တည်တံ့မြဲ မံစေ မယ်ဆိုရင်မိဘ ကျေးဇူးကိုတုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါ တယ်လို့” ဟောကြားတော်မူခဲ့ပါသည်။ ကျွန်တော်တို့သည်မိဘကျေးဇူး ကျေတာမကျေတာကို အဓိက မထားဘဲလောကနည်းနဲ့ရော၊ ဓမ္မနည်းနဲ့ရော မိဘကိုအမြဲ ကျေးဇူးဆပ်နေဖို့အရေးကြီးပါ တယ်။ မိဘကျေးဇူးသိတတ်သော သားသမီးများသည် အိုတောင် မဆင်းရဲဘဲ ကံကောင်းခြင်းလက်ဆောင်တွေ မိမိထံမှောက်သို့ အလုံးအရင်းနဲ့ဝင်ရောက်လာပြီး
ဘ၀ကို ပျော်ရွင်ချမ်းမြေ့စွာဖြတ် သန်းနိုင်မည်ဖြစ် ပါသည်။
ဓမ္မမိတ်ဆွေသူတော်ကောင်း အပေါင်းတို့ မိဘကျေးဇူးကို
သိပြီးမိဘသက်ရှိထင်ရှားရှိစ ဉ် မိဘကျေးဇူးကိုဆပ်နိုင်သော သားကောင်း သမီးကောင်းလေးများဖြစ်ြကပါေ စ။
Posted by မေတ္တာစမ်းရေ
Posted by မေတ္တာစမ်းရေ
0 comments:
Post a Comment