Sunday, May 19, 2013

" မှန်မကြည့်သူတို့၏ အကြီးစားဟာသ "


အစကတော့ ဘာမှ မပြောဘူးလို့ပါဘဲ ဒါပေမယ့် ကျွန်တော့်မှာရှိတဲ့ များပြားလှစွာသော မကောင်းတဲ့ အကျင့်တွေထဲက တစ်ခုက တစ်ဖက်သပ်ဆန်လွန်းတဲ့ မတရားမှုမှန်သမျှကို ဥပေက္ခာမပြုနိုင်တာဘဲ။
ဒီတော့ လိုရင်းကိုပြောပါရစေ မဟုတ်ရင် ကျွန်တော် ပြောလေ အကုန်လုံး အထိနာလေဖြစ်ကုန်မှာမို့ပါ။


ခု မြန်မာသမ္မတကြီး ဦးသိန်းစိန် အမေရိကားရောက်နေတော့ ထုံးစံအတိုင်း နိုင်ငံခြားမှာ အနေကြာ ကိုယ့်ဘဝနဲ့ကိုယ် ဟန်ကျနေတာကို နယ်စပ်မှာ ထောင်ထဲမှာ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ တစ်ကယ့်သတ္တိနဲ့ ရောင်းရင်းတွေကို ထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးခဲ့မိတာကို မလုံမလဲ လိပ်ပြာမသန့်တဲ့စိတ်တွေနဲ့ ပြည်ပနိုင်ငံရေးသမားပါလို့ သူတို့ဖာသာ အမည်ခံထားသူတွေရဲ့ထုံးစံအတိုင်း ယတြာချေသလို ရှက်ကိုးရှက်ကန်း တာဝန်အရ ဆန္ဒပြဖို့ အလုပ်စများပါတော့တယ်။

တစ်ကယ်ကတော့ လူဆိုတာ ကိုယ့်ရဲ့ မှားယွင်းမှု သူရဲဘောကြောင်မှု ဆိုတာတွေကို ဝန်ခံနိုင်ခြင်းမရှိတဲ့အခါ အဲ့ဒါတွေကို ဖုံးကွယ်ဖို့ လွှဲချစရာ ဆင်ခြေတစ်ခု ကို အမြဲ ရှာဖွေလေ့ရှိတာ ဓမ္မတာပါဘဲ။

သူတို့ကို ကြုံရင် ဒီလောက် ခံစားချက်တွေ ပြင်းထန်နေရက်နဲ့ ဘာလို့ ခင်ဗျားတို့ တောထဲမှာ လက်နက်ကိုင်ဘဝနဲ့ ဆက်မနေဘဲ နိုင်ငံခြားထွက်သွားပြီး ၂၅ နှစ် နီးနီး ကိုယ့်ဘဝ သာယာရေးဘဲ လုပ်နေတာလဲ လို့ မေးကြည့်ပါ
ဘယ်ပြည်ပနိုင်ငံရေးသမားဆိုသူတွေမှ မျက်စေ့မျက်နှာမပျက်ဘဲ မဖြေနိုင်ပါဘူး။
တစ်ဆက်ထဲ ဖြစ်နိုင်တာကတော့ မေးသူကို သူတို့ ဆဲဆို / ရန်လုပ် / တိုက်ခိုက် ခြင်းတွေနဲ့ဘဲ တုံ့ပြန်မှာ သေချာပါတယ်။

ခုဦးသိန်းစိန်ကို ဆန္ဒပြနေသူတွေ ကိုင်တွယ်ထားတဲ့ ဆောင်ပုဒ်တွေ ကျွန်တော် အကုန်ကြည့်ပြီးပါပြီ။
ဦးသိန်းစိန် သမ္မတဖြစ်တဲ့ သက်တမ်း ၂ နှစ်အောက်မှာ ဖြစ်မလာသေးတဲ့အရာတွေကို မီးမောင်းထိုးပြီးတိုက်ခိုက်နေတာတွေပါဘဲ။
ဒါဆို ကျွန်တော် ပြန်မေးပါရစေ ...

" မိတ်ဆွေတို့ တော်လှန်လာတဲ့ ၂၅ နှစ်ခရီးတစ်လျှောက်လုံးမှာရော မြန်မာပြည်သူတွေ ကိုတိုက်ရိုက် အကျိုးပြုစေမယ့် အရာဆိုလို့ ဘာတွေလုပ်ပေးနိုင်ခဲ့ပါသလဲ ??? "

ဘာဆိုဘာမှ မရှိခဲ့တာ မြန်မာတွေ အားလုံး သိပါတယ်။
Oh Wait!
Sanction တွေကို ရည်ညွှန်းမယ် မဟုတ်လား။
အဲ့ဒိ Sanction တွေကြောင့် Unocal, Chevron, Pepsi စတာတွေနဲ့ အခြားသော ကုမဏ္ဏီကြီးတွေ မြန်မာပြည်ကို လက်လျှော့ဆုတ်ခွာသွားခဲ့တာ ဘယ်သူတွေကိုဘဲ တိုက်ရိုက် သက်ရောက်ခဲ့တယ် ထင်ပါသလဲ ??

" စုတ်ပြတ်ပြီး ကျန်ခဲ့ရတဲ့ ပြည်သူတွေပါ ၊ အစိုးရက ဘာမှ မဖြစ်ပါဘူး ၊ ဒါပေမယ့် မိတ်ဆွေကြီးတို့တော့ ပြောစမှတ်ဖြစ်ပြီး ဂုဏ်ယူစရာတွေဖြစ်ခဲ့ပါတယ် "

ဒါဆိုရင် နှစ်ဆယ့်ငါးနှစ်လုံးလုံး ဘာဆိုဘာမှ မလုပ်ပေးနိုင်ခဲ့သူတွေက နှစ်နှစ်အတွင်း တစ်စုံတစ်ခု လုပ်ပေးခဲ့တဲ့သူကို ဆန္ဒပြမယ်ဆိုတာ အကြီးစား ဟာသကြီး ဖြစ်မနေဘူးလားဗျာ ???

ကိုယ့်မျက်ချေးထူလဗျစ်ကို မှန်ထဲမကြည့်ခင် သူများမျက်ချေးကို လက်ညှိုးထိုးဟားတိုက်နေသလိုပါဘဲ။
သေချာတွေးကြည့်ရင် သိပ်ရှက်ဖို့ကောင်းတဲ့ အုပ်စုဖွဲ့ရူးသွပ်မှု တစ်ခုပါဘဲ။

ထားပါလေ ခု ကျွန်တော်ပြောပြမယ့် ကိစ္စဟာ သိပ်အရေးကြီးပါတယ် ကျေးဇူးပြုပြီးသေချာဖတ်ပါ

ပြည်ပနိုင်ငံရေးအဖွဲ့တွေ ရဲ့ ရပ်တည်မှုတွေ နဲ့ပါတ်သက်လို့ မြန်မာပြည်က ပြည်သူတွေ မသိသေးတဲ့ အချက်တွေ အများကြီးရှိပါသေးတယ်။

ကမ္ဘာကြီးမှာ လူ့အခွင့်အရေးနိမ့်ကျနေတဲ့ တတိယနိုင်ငံတွေ အတွက် အမေရိကားနဲ့ ဥရောပနိုင်ငံတွေက လုပ်ငန်းရှင် သန်းကြွယ် ကုဋေကြွယ် သူဌေးတွေ အနုပညာသမားတွေ အားလုံးရဲ့ အလှူငွေတွေနဲ့ စုပေါင်းဖွဲ့တည်ထားတဲ့ The National Endowment for Democracy (N.E.D) ဆိုတဲ့ အဖွဲ့အစည်းကြီးတစ်ခုရှိပါတယ်။

သူတို့ကို http://www.ned.org/ မှာ သွားရောက်လေ့လာနိုင်ပါတယ်။

အဲ့ဒိ အဖွဲ့ကြီးရဲ့ နောက်မှာလဲ အဓိက ငွေကြေးအများဆုံး ထောက်ပံ့နေသူတွေဟာ ဆော်ဒီ အပြင် အခြားအရှေ့အလယ်ပိုင်းက စော်ဘွားတွေ အများစုပါသလို ခုထိ လက်ရှိ တာလီဘန် အဖွဲ့အစည်းတွေနဲ့ ပါတ်သက်နေဆဲ အစ္စလာမ် အကြမ်းဖက်ဘာသာရေးဂိုဏ်းကြီးတွေ ဖြစ်ပါတယ်။
ဒီ အဖွဲ့အစည်းကြီးက (VOA BBC RFA DVB ဧရာဝတီ မဇ္ဈိမ Burma Today မိုးမခ) စတဲ့ အတိုက်အခံ Media တွေ အားလုံးကို ကျောရိုးသဖွယ် ထောက်ပံ့ထားလာတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။

(ကျေးဇူးပြုပြီး ခုနေရာကို ဘာသာရေး နဲ့ မရောပြစ်ကြပါနဲ့ ၊ စိတ်အေးအေးထားပြီး ဆုံးအောင်ဖတ်ပါ)

VOA နဲ့ BBC ကတော့ အမေရိကန် နဲ့ ဗြိတိသျှ အစိုးရတွေက တိုက်ရိုက်ထိန်းချုပ်ထားပေမယ့် NED ရဲ့ တိုက်ရိုက်ထောက်ပံ့လွှမ်းမိုးမှုတွေကလဲ များစွာရှိနေပါသေးတယ်။
ဒါပေမယ့် ခုနောက်ပိုင်း ကမ္ဘာ့စီးပွားရေး ကျပ်တည်းမှုကြောင့်ရယ် မြန်မာ့နိုင်ငံရေးဟာ ဖြစ်သင့်တာထက် နှစ်ပေါင်းများစွာ ကြာနေတာတွေရယ် ခု မြန်မာပြည်မှာ အစိုးရ နဲ့ ပြည်သူတွေကြား ပွင့်လင်းလာတဲ့ အချက်တွေရယ် တွေကို ပေါင်းပြီး သူတို့ Organization ရဲ့ မြန်မာ နိုင်ငံရေးအတိုက်အခံတွေရဲ့ အတွက် သုံးစွမှု Budget တွေကို လျှော့ချလိုက်ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံရေး အခြေအနေ ကောင်းမွန်တိုးတက်လာတာနဲ့ သူတို့ရဲ့ရပ်တည်မှုတွေကို ပြောင်းလဲ ရပ်တန့်လိုက်တော့မယ် ဆိုတဲ့ အနေအထားတွေကို NED က သိသိသာသာထုတ်ပြောလာခဲ့ပါတယ်

အဲ့ဒိမှာတင် လူကြီးမင်းတို့အားလုံး မိုးပြိုသလိုဖြစ်ပြီး မြန်မာပြည်ကြီး မတည်ငြိမ်ရေးအတွက် အပူတပြင်းကျိုးစားကြတော့တာပါဘဲ။

ဒီလောက်ဆိုရင် ဘာလို့ ရခိုင် အရေးအခင်း မိတ္ထီလာ အရေးအခင်းတွေမှာ အဲ့ဒိ Media ကြီးတွေ နှာစေး ၊ ချောင်းဆိုး ၊ အသံဝင် နေခဲ့ကြတာလဲဆိုတာ မိတ်ဆွေတို့လဲ နားလည်လောက်ရောပေါ့။

ဒိထက် ကျွန်တော် အသေးစိတ်တွေ အကုန်လိုက်ဖေါ်ရမယ်ဆိုရင် အားလုံး အရှက်တစ်ကွဲ အကျိုးနည်းစရာတွေသာဖြစ်လာမှာမို့ ဒီမှာဘဲ မေတ္တာ ရှေ့ထားပြီး ရပ်လိုက်ပါရစေ။

အခု ဆန္ဒပြနေတဲ့ ဟိုအော်ဒီအော်လုပ်နေတဲ့သူတွေတိုင်းလဲ ဒီအခြေအနေတွေကို အကုန် မသိကြပါဘူး။

အများစုကတော့ ကျွန်တော် အထက်မှာပြောခဲ့တဲ့အတိုင်း တာဝန်အရ လုပ်နေကြတာပါ။

ဒီတော့ သူတို့ကို ခွင့်လွှတ်ပေးလိုက်ပါ။

ဒါပေမယ့် နိုင်ငံရေးဆိုတာဟာ မိတ်ဆွေတို့ မျက်စေ့နဲ့ မြင်နေနိုင်တာတွေထက် ပိုနက်နဲရှုပ်ထွေးတယ်ဆိုတာကို အမြဲသတိပြုပါ။

လောလောဆယ်ကတော့ ကျွန်တော်တို့ အားလုံး ကို မူတူးတို့အဖွဲ့က မျက်လှည့်အပြခံနေရတယ်ဆိုတာ သေချာ နားလည်ထားဖို့ လိုပါတယ်။

အဓိကအရေးအကြီးဆုံးကတော့ ကျွန်တော်တို့အားလုံး ခေါင်းရှိဖို့ ၊ သတ္တိရှိဖို့ ၊ သွေးနီရောင်ခြင်းတူနေဖို့ ၊ ရင်ခုန်သံခြင်းတူနေဖို့ ပါဘဲ။

ရန်သူ အစစ် ကို ကျွန်တော်တို့ အားလုံး မတွန်းလှန်နိုင်သေးရင်တောင် ထင်ရှားပြတ်သားစွာ မြင်ထားဖို့ လိုနေပြီလို့ယုံကြည်လို့ ကျွန်တော် ဒီစာကို ရေးလိုက်တာပါ။

ဒီစာရဲ့နောက်မှာ ကျွန်တော့်အပေါ် အန္တရာယ်ပေါင်းများစွာကပ်ပါလာမယ်ဆိုတာ သိပေမယ့် လိုအပ်လို့ ရေးလိုက်တာပါ။

အားလုံး အသိ ၊ သတိ နဲ့ ဥာဏ် ထပ်တူကျစွာ အသက်ရှင်နိုင်ပါစေ။

အမျိုးသားသစ္စာ + ထာဝရမေတ္တာ ဖြင့်

မျိုးချစ်မြန်မာ


မှတ်ချက်။ ။ ကျွန်တော် နိုင်ငံရေး ကိစ္စတွေ နဲ့ အတတ်နိုင်ဆုံး ကင်းအောင်နေဖို့ ဆုံးဖြတ်ထားသလို နိုင်ငံရေးအစွန်းရောက်တွေနဲ့ ငြင်းခုံဆွေးနွေးလိုစိတ် လုံးဝ မရှိပါဘူး။

ဒီစာနဲ့ပါတ်သက်ပြီး လူကြီးလူကောင်းမဆန်စွာ တိုက်ခိုက်လာသူတွေကို လုံးဝ ခွင့်ပြုမှာ မဟုတ်ပါဘူးဆိုတာ ရိုးသားစွာ ကြိုတင် အသိပေးလိုက်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...