၁၆ ရက် ၁၇ ရက်နေ့ မေလ ၂၀၁၃ (ပန်ဆန်း-မိုင်းပေါက်) အပိုင်း (၅)
by Ucs Jugger (Notes) on Tuesday, May 28, 2013 at 11:35am

ပန်ဆန်းမှာ မနက်စောစော(၆) နာရီထ ပန်ဆန်းမြို့ ဈေးထဲကိုပတ်ပါတယ်… ဈေးထဲ မှာ ဈေးရောင်းသူအများစုဟာ တရုတ်နဲ့ ရှမ်းတွေပဲများပါတယ်… ပန်ဆန်းမှာ ဈေးရောင်းတဲ့ရှမ်းအများစုကတော့ တောင်အောက် “ရှမ်း” (တိုင်းတဲ့)တွေများပါတယ်… ဈေးထဲ မှာ တိုင်းတဲ့ရှမ်းတွေရောင်းတဲ့ ရှမ်းခေါက်ဆွဲဆိုင်မှာစားပါတယ်…

တည်းခိုရာကနေ ဗလီဝတ်ကျောင်းကို လှမ်းရိုက်ထားတာပါ..(သိပ်မရှင်း)
စေတီပုထိုးတွေကိုလည်းတွေ့ရပါတယ်… မိုင်းမောမှာတော့
စေတီဆိုလို့ ကောင်းတပ်ရွာနားမှာ ထုံးစေတီပဲ တွေ့တယ်ဗျ… ပန်ဆန်းမှာတော့
စေတီကြီးက ရွှေရောင်တွေဝင်းလို့ …. သပ္ပါယ်ပါတယ်ဗျာ…
ပန်ဆန်းရှိ စေတီတော် (တိုက်ကွယ်နေလို့ သိပ်မရှင်း)
ပန်းသေးတန်းဖက်က ထွက်ပြီး အပြန်မှာ တောရိုင်း
တိရိစ္ဆာန်ရောင်းတဲ့ တရုတ်ဆိုင်တွေရှေ့ ရောက်ပါတယ်…
တောရိုင်းတိရိစ္ဆာန်အများစုကို ၀တိုင်းရင်းသားများက တောထဲက ဖမ်းဆီးပြီး
ဆိုင်ပြန်သွင်းရောင်းချခြင်းပါ… ၀က်ဝံပေါက်လေး တစ်ကောင်ကို
ဈေးမေးကြည့်တော့ တရုတ်ငွေ (၈၀၀၀)ယွမ် မြန်မာငွေ ဆယ်သိန်းကျော်ဆိုတော့
တော်တော်လေးဈေးကြီးပါတယ်… မွေးတော့ မွေးချင်သား… တိရစ္ဆာန်ချစ်တဲ့ ပိုးက
ငယ်ငယ်ကတည်းက ရှိခဲ့တာဗျ…နောက်ပြီးမြွေတွေလည်း လျှောက်ကြည့်ကြည့်ပါတယ်… ကြွက်တွေ တောကြောင်တွေလည်း ရောင်းပါတယ်… ငှက်တွေ၊ ငါးတွေလည်း စုံစုံလင်လင်ရောင်းပါတယ်… ထူးထူးခြားခြား စပါးအုံလား၊ စပါးကြီးလားတော့ မသိပါဘူး… ၀ါးရင်းဘိုး အတုတ်လောက်ရှိမယ်… မြွေက အရေခွံလဲနေတာဗျ… ကြုံတောင်ကြုံခဲ ဓာတ်ပုံရိုက်ယူလာလိုက်ပါတယ်ဗျာ…တွေ့ရခဲပါတယ်… တော်တော်ဈေးကြီးမယ်ထင်တယ်…

ကြုံတောင်ကြုံခဲ မြွေအရေခွံလဲနေတာပါ (ပန်ဆန်း)

ဝံပေါက်လေး
ညပိုင်း အကင်သွားစားတော့ လောင်းကစားရုံတွေရှိရာ
ဖြတ်လာရပါတယ်… ပန်ဆန်းမှာ လောင်းကစားရုံ အနည်းငယ်များပြားပါတယ်…
လောင်းကစားရုံ ကာစီနိုဝိုင်းတွေရဲ့ အနီးဝန်းကျင်မှာလည်း
ညဉ့်ငှက်မလေးမျိုးစုံကိုလည်း စုံစုံလင်လင်တွေ့ရပါသေးတယ် … ပန်ဆန်းမြို့
တစ်ဖက်က တံတားကျော်ရင် တရုတ် နယ်စပ်ဂိတ်က စောင့်ပါတယ်…
ပန်ဆန်းမြို့ မြင်ကွင်း
၁၇ရက်နေ့ မနက် မိန်းပေါ (မိုင်းပေါက်)မြို့သွားဖို့ 
ပြင်ဆင်ထားရတယ်… မနက်ခင်းပိုင်း ဆီချက်သက်သက်လွတ်နဲ့ အာလူးကြော်
ကြက်ဥပြုတ်နဲ့ ဗိုက်ဖြည့်ပြီး… နေ့ခင်းပိုင်းတစ်ပိုင်းလုံး နားနားနေနေပါဘဲ…
ပန်ဆန်းပြည်သူ့ရင်ပြင်နဲ့ ငြိမ်းချမ်းရေး အထိမ်းအမှတ် ကျောက်တိုင်လည်း
သွားလည်လိုက်ပါသေးတယ်…အမနှစ်ဝမ်းကွဲ အိမ်သွားလည် ပြီး ညနေ (၄)နာရီ လောက်မှ မိုင်းပေါက်မြို့ကိုထွက်လာပါတယ်… ညပိုင်း (၆)နာရီ ၀န်းကျင်မှာ ကားဘီးဖာရပါတယ်… ကားကဘီးနိမ့်နေပြီး ဂျိုက်ကမြင့်နေတာနဲ့ မြေပျော့ပျော့ကို နည်းနည်းတူး ဂျိုက်ထောက်ပြီး ဘီးချွတ်ရပါတယ်… ဘီးကောင်းကလည်း တော်တော်နဲ့ ဖြုတ်ရတာမလွယ်ဘူးဗျ… ဘီးပြန်တပ်တာနဲ့တင် (၄၅)မိနစ်လောက်ကြာသွားပါတယ်…
မိန်းပေါ (မိုင်းပေါက်)မြို့ကို ရောက်တော့ ည (၈)နာရီထိုးပါပြီ… ပန်ဆန်း-မိုင်းပေါက်မြို့က လေးနာရီ ၀န်းကျင်ပဲကြာပါတယ်… ကားကလည်း အသားကုန်ဆွဲတာကိုး… မိန်းပေါ(မိုင်းပေါက်)မြို့သည်လည်း “၀” အထူးဒေသ(၂) အပိုင်ပါဘဲ… မိန်းပေါက်မြို့မဈေးထဲ သွားပြီး ညစာကို ခေါက်ဆွဲ သက်သက်လွတ်နဲ့ လွေးလိုက်ရတယ်…
0 comments:
Post a Comment