Thursday, May 30, 2013

"ရယ်မောခြင်း၏နောက်ကွယ်မှ ရဿများ"



Video လေးကိုအရင်ကြည့်ပြီးမှ အောက်ကစာပိုဒ်ကိုဖတ်ပေးပါ..ကျွန်တော်တို့နိုင်ငံအတွက်အရမ်းအရေးကြီးတဲ့ ရဿလေးမို့ပါ ... ၅ မိနစ်လောက်အချိန်ပေးပါ ဗျာ ..။


ကယ်...... video လေးကိုကြည့်ပြီး သင် ရယ်မောနေမိပြီထင်ပါတယ်။
အဲ့ဒီ video လေးကိုအစအဆုံးကြည့်တဲ့အခါ သူတို့ရဲ့ လွှဲချော်မှုလေးတွေကြောင့်
သင်ကြည့်ပြီး ရယ်မောနေတာပဲဖြစ်ပါလိမ့်မယ်....

ကျွန်တော်တစ်ခုတော့ပြောပြချင်တယ်ဗျာ ... အဲ့ဒီ Video ထဲက အချက်(5)ချက်ကိုပါပဲ
သင့်အတွက် ဗဟုသုတလေးဖြစ်ကျွန်တော်ပြောပြချင်မိတယ် ဗျာ့ ..

စာလေးကိုဆက်ဖတ်သွားပေးပါအုံး...

NO(10) လျှောက်လမ်းပေါ်က မော်ဒယ်လေးဟာ သူခြေခွင်သွားပါတယ်
ဒါပေမယ့် သူမဟာပြုံးပြီးလက်ခုတ်လေးကို တီးလိုက်ပါတယ် ...ထိုနည်းတူ
ပရိတ်သတ်တွေကလဲ လက်ခုတ်တီး အားပေးနေပါတယ်...

ဒါပေမယ့်သူမဟာ ပြန်ထလာပြီး ဆက်လျှောက်ပါတယ် သူမ၏ဖိနပ်အဆင်မပြေခြင်းကြောင့်
နောက်ထပ်တစ်ကြိမ် ခြေခွင်သွားပြန်သည်.. ဒါကြောင့်သူမဟာ အဲ့ဒီဖိနပ်ကိုချွတ်ပြီး
ပြုံးပြုံးလေးနဲ့ ပရိသတ်ကို ဂါဝရပြုပြီး ထွက်ခွါသွားတဲ့အခါ အားလုံး လက်ခုတ်တီး အားပေးနေတုန်းပါပဲ ...

NO(6) နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ သူ့ရဲ့လျှောက်လမ်းမှ ရေထဲသို့ပြုတ်ကျသွားပါတယ်
ဒါပေမယ့် ဆက်လျှောက်လာတဲ့အမျိုးသားဟာ ပြုံးလျှက် သူ့လမ်းသူလျှောက်ပါတယ် မကူညီချင်တာမဟုတ်ပါဘူး
သူတို့ရဲ့ အမူအရာတွေပျက်သွားမှာစိုးလို့ပဲဖြစ်တယ် .. အမှားအယွင်းရှိနေတဲ့သူကိုအာရုံစိုက်မိခြင်းကြောင့်
သူ့လျှောက်လမ်းအတွက် အပြစ်ဖြစ်သွားနိုင်လို့ပဲဖြစ်တယ် ........

NO(5) နောက်ထပ် အမျိုးသမီးတစ်ယောက်ကတော့ ခေါင်းမူးတတ်တာလဲဖြစ်မယ်
ဖိနပ်အဆင်မပြေမှုကြောင့်လဲပါတယ် သူမအပြန်လမ်းကသူမြင်နေရတဲ့မှန်ဟာ ခေါင်းမူးချင်စရာပါပဲ
ဒါကြောင့် သူမခြေခွင်သွားခဲ့တယ် သူမအမူအရာမပျက်ပြန်ထတယ် တခါခွင်ပြီးသားခြေက
နောက်ထပ်တစ်ခါ သွားဖို့အဆင်မပြောတော့ဘူး ပြန်ခွင်သွားတယ် ... ထို့ကြောင့် သူမက
အဲ့ဒီအဆင်မပြေတဲ့တစ်ဖက်ကိုကိုင်ပြီး အမူအရာမပျက် ဖိနပ် တစ်ဖက်တည်းဖြင့်ဆက်လျှောက်သွားတယ်...

NO(3) အချက်အတွက်နောက်ထပ် ၀တ်စုံအနီနှင့် အမျိုးသမီးတစ်ယောက်က ၈ လက်မခန့်ဒေါက်ထင်ရပါတယ်
အရမ်းမြင့်နေတဲ့အတွက် သူမခြေထောက်ရိုင်နေပါတယ် ဒီလိုနဲ့ သူမထိမ်းနိုင်သဖြင့် ခြေခွင်၍ထိုင်လျှက်လဲကျမလိုဖြစ်နေတဲ့အခါ
ပရိတ်သပ်တွေအားလုံးဟာ လက်ခုတ်တီးပြီးသူမကိုဆက်လက်လျှောက်ဖို့အားပေးပါတယ် ....

NO(2) ဒီမှာတော့ ၀တ်စုံအ၀ါဒေါက်လျှောက်နှင့် မော်ဒယ်မလေးပါ သူမဟာ လေကားထစ်မှာ ချော်ကျသွားပါတယ်
ဒါပေမယ့် သူသက်ပျင်းချပြီး ခက်ထန်တော့ မူရင်းအမူအရာဖြင့်သာ ဆက်လျှောက်ခဲ့ပါတယ် ပရိတ်သတ်တွေကတော့
စိုးရိမ်သွားပါတယ် သူမ ဘာကိုမှဂရုမစိုက်ပါဘူး နောက်ထပ်ဖြစ်လာပုံက အခန်းအနားအပြင်အဆင်ကြောင့်
နာရီလက်တံဟာသူမကို ရိုက်မိသလိုဖြစ်သွားခဲ့တယ် စဉ်ပေါ်မှပြုတ်ကျသွားခဲ့တယ် ပရိသတ်တွေအားလုံးစိုးရိမ်စိတ်တွေနဲ့ပါပဲ...

ကဲ ...... ဟုတ်ပါပြီဗျာ သူငယ်ချင်းတို့ ဒီအထိတော့ဖတ်ပြီးပြီ ကျွန်တော်ပြောချင်တဲ့ဆိုလိုရင်းက အဲ့ဒါမဟုတ်သေးဘူးဗျ။
ပြောပြချင်တာလေး ဆက်ဖတ်ပေးပါအုံးဗျာ ...

အဲ့ဒီအချက်အလက်တွေကိုကြည့်ပြီး ကျွန်တော် ရယ်မောလိုက်သည်။ ဘယ်နှစ်ခါပဲကြည့်ကြည့် ကျွန်တော်ရယ်ချင်တာဘာကြောင့်မှန်းမသိ
ဒါပေမယ့် ကျွန်တော်ကြည့်တဲ့ အဲ့ဒီအထဲက ပရိတ်သတ်တွေဘာလို့မရယ်ပဲ အားပေးနေကြသလဲလို့ တကယ်အံ့သြမိတယ် ...

ဒါကြောင့် ကျွန်တော်တွေးမိတယ် သူတို့နိုင်ငံမှာ အားနည်းသူကို အးပေးတတ်ကြတယ်ဒါသူတို့ရဲ့အမူအကျင့်ပဲ ...
ဒါကြောင့် ကျွန်တော် ထပ်တလဲ ပြန်ကြည့်တယ် ရယ်ချင်တုန်းပါပဲ.. မရယ်တဲ့အထိကျွန်တော်ပြန်ကြည့်တယ်
အားပေးတတ်တဲ့စိတ်လေးမွေးကြည့်တော့ ကျွန်တော် အားပေးတတ်လာခဲ့တယ် ၀မ်းသာတဲ့မျက်ရည်လေးဝဲနေသလိုပါပဲ
ကျွန်တော်အရမ်းသဘောကျတယ်ဗျာ ကိုယ့်လမ်းကိုယ်လျှောက်ပြီး အားပေးတတ်တာလေးကိုလေ ဗျ ...။

ဒါနဲ့ .... ကျွန်တော် တကယ်လုပ်နိုင်ခဲ့ပြီ နောက်ထပ် ကျွန်တော်အတွေးလေးတွေက ကျွန်တော်တို့နိုင်ငံကိုနိုင်းယှဉ်ကြည့်မိတယ်
ကျွန်တော်တို့နိုင်ငံက လူမျိုးတွေက ရယ်မောရခြင်းကိုနှစ်သက်ကြတယ်။
ဥပမာ။ ပွဲလန်းသဘင်အငြိမ့်ကရင်တောင်မှ မင်းသမီးကတာကိုမကြည့်ချင်ဘူး အဲ့ဒီမင်းသမီး ထိုင်မသိမ်းတက်နှင်းမိရင် ရယ်ကြသေးတာလေ။
ပိုပြီးအားပေးတာက လူရွှင်တော် ပျက်လုံးထုတ်တဲ့အခါလေးပေါ့ဗျာ ...။တဟားဟားနဲ့ကိုနေတာပဲ။

ဇာတ်ပွဲကြည့်လို့ပြန်လာရင် ဟာသအကြောင်းတွေပဲပြောပြောကြတာပဲလေ။
ကျွန်တော်ကတော့ လူရွှင်တော်တွေစကားလုံးတွေသုံးနှုန်းပြီး ဟာသလုပ်နေတာတွေက နိုင်ငံရေးလေးလဲပါတယ် ဟိုမင်းသားမင်းသမီးလေးအကြောင်းရယ်
မြန်မာနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းအကြောင်းရယ် အဲ့လိုလေးတွေ ကိုပျက်လုံးထုတ်တော့ ပရိတ်သတ်တွေ ရယ်မောကြတာပဲမဟုတ်လား ...။
ကျွန်တော်လည်း နှစ်သက်ပါတယ် အမှန်တရားတွေကိုပျက်လုံးထုတ်တာပဲလေ ဒါပေမယ့် ပရိတ်သတ်တွေကအဲ့အချက်အလက်ကိုသိလို့ ရယ်ကြတာပဲမဟုတ်လားဗျာ။
တကယ်တမ်းမသိတဲ့သူမရယ်ပါဘူး ဘယ်သူ့အကြောင်းပြောမှန်းမသိဖြစ်နေလောက်တယ်။

စာဖတ်မပျင်းနဲ့အုံးဗျာ ဆက်ဖတ်သွားပေးအုံး ဟုတ်ပြီလား ....

အခြားနိုင်ငံနှင့်ယှဉ်ကြည့်မယ်ဆိုရင်တော့ ကမ္ဘာကျော်ဟာသလူရွှင်တော်အဖြစ်ရပ်တည်လာတဲ့ Charlie Chaplin ကိုသိကြမလားဗျ။
သူ့ရဲ့ ဟာသလေးတွေဆိုရင် အသံဖိုင်မပါဘူး အမူအရာလေးတွေနဲ့ ပရိတ်သတ်ကိုရယ်မောစေတယ်ဗျ ။ ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ပါဘူး...။
နောက်ထပ်တစ်ဦး ဒီခေတ်မှာနာမည်ကြီး ဟာသလူရွှင်တော်က Mr-Bean ဖြစ်တယ် သူလည်းပဲ အမူအရာလေးတွေနဲ့ ပရိတ်သတ်ကိုဟာသဖြစ်စေခဲ့တယ်
ကမ္ဘာကျော်ခဲ့ပါတယ် ... ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ပဲ ပရိတ်သတ်တွေကိုပျော်ရွှင်ရယ်မောစေခဲ့ပါတယ် ....

ကဲ ... အဲ့ဒီအချက်အလက်လေးတွေ သင်နှိုင်းယှဉ်ကြည့်ဘူးမယ်လို့ ကျွန်တော်ထင်ပါတယ်။

သြော် ဒါနဲ့ ကျွန်တော်စာတွေဖတ်ရတာ စိတ်ဝင်စားစရာမှကောင်းရဲ့လားဗျာ စကားဆက်စရာရှိသေးတယ် ..
စာဖတ်ဝါဒနာပါသူများအတွက် ဆက်လက်ပြီးတော့ ဖတ်စေချင်လို့ ကျွန်တော်ဆက်ပြောမယ်ဗျာ ...

ဒါဆိုရင် ဟုတ်ပြီ ကျွန်တော်အခုပြောတဲ့အချက်တွေကို ကျွန်တော်နှိုင်းယှဉ်ကြည့်တဲ့အခါ
သူတို့နိုင်ငံသားတွေအတွက် ဘယ်သူ့ကိုမှမထိခိုက်စေပဲ အောင်မြင်လာခဲ့တယ်လေ
ပြီးတော့ ဒါသူတို့နိုင်ငံသားတွေရဲ့စစ်မှန်တဲ့ ကိုယ်ကျင့်သိက္ခာလို့ပဲဆိုရမလား ပေါ့ဗျာ ...။

ကျွန်တော် ကြားဖူးတာလေးပြောပြမယ် ...
ကျွန်တော်တို့ နိုင်ငံမှာကော ဟာသလူရွှင်တော်တွေပျက်လုံးထုတ်နေကြတယ်
မိုက်တိုင်လေးရှေ့မှာချပြီး ဟိုလူ့အကြောင်း ဒီလူ့အကြောင်း ရပ်ကွက်အကြောင်း စုံနေတာပဲ
မမှန်ကန်တာမဟုတ်ပါဘူး မှန်ကန်တယ် ပရိတ်သတ်တွေလဲ သိပြီးသားကိုထုတ်ဖေါ်နေလို့
ရယ်မောကြတာပါပဲ နိုင်ငံသားအချင်းချင်းမို့ပါဗျာ အခြားနိုင်ငံခြားသားတစ်ယောက်က
ဒါဘာပွဲလဲ သူမသိဘူး စကားပြန်နှင့်တကွ သူကြည့်တယ် စိတ်ဝင်စားစရာကောင်းလို့ပေါ့ဗျာ

အဲ့တော့ စကားပြန်ကလဲ အတိအကျပြန်ပြတော့ နိုင်ငံခြားသား မျက်နှာရှုံ့သွားတယ်
ဘာလို့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးမကောင်းကြောင်းကို မိုက်ရှေ့မှာ အသံချဲ့စက်နဲ့ ဖွင့်ပြီး
ပရိတ်သတ်ကို လှောင်ရယ်စေသလဲတဲ့ ....
အဲ့ဒီတော့ စကားပြန်လေးက ရှက်မိသွားတယ်....။

ဟုတ်တယ်ဗျာ့ တကယ်တော့ အဲ့လိုမပြောသင့်ဘူးလို့ထင်ပါတယ်ဗျာ ...
ကျွန်တော့်အထင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေကို သိက္ခာချနေသလိုပဲ ဗျာ စိတ်မကောင်းဖြစ်မိတယ်...။

ကျွန်တော်လည်း ကျွန်တော်အဖြစ်နိုင်ဆုံးဆင်ခြင်တယ် ကျွန်တော်တို့နိုင်ငံလူမျိုးအချင်းချင်း
ဘယ်တော့မှမလှောင်ရယ်တော့ဘူးဗျာ ... ငွေကြေးမကူညီနိုင်ရင်တောင် လက်ခုတ်တီး
အားပေးမယ်ဗျာ့ .... ကိုယ့်နိုင်ငံမှာ ကိုယ်ကိုယ်တိုင်က လူတော်မဖြစ်နိုင်ဘူးထားပါအုံးဗျာ ..
လူတော်လူကောင်းပေါ်လာရင် သူ့အတွက်ကြိုးစားခွင့်ကို အားပေးမယ်လေ ဗျာ ...။

သူတစ်ပါးကို ရယ်မောစေချင်လို့ရှိရင် အခြားဘယ်သူ့ရဲ့သိက္ခာကိုမှမထိခိုက်စေပဲ
ရယ်မောစေခြင်းဟာ အကောင်းဆုံးပဲမဟုတ်လားဗျာ .....။

ကယ် ... စာကို အဆုံးအထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ...

ရယ်မောရခြင်းနဲ့ပတ်သက်တဲ့ ရဿလေးအဖြစ်တင်ဆက်လိုက်ရပါတယ်ဗျာ ...။
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ဘ၀လေး ပိုင်ဆိုင်ကြပါစေဗျာ..။

ရဿတစ်ခုအဖြစ်ရေးသားသူ/ POEM SNPZ
Link us - www.facebook.com/poem.snpz

  1 comment:

  1. မရယ်ချင်ပါဘူးဗျာ.. သုံးခါထက်မနည်းတော့ ကြည့်ဖြစ်ခဲ့တယ်။
    သူတို့တတွေကို အားနာသလိုလို၊ သနားသလိုလို၊ ရှက်ရွံ့အားငယ်စိတ်များ ဖြစ်နေမလားလို့တောင် ဘေးကနေ တွဲကူပေးချင်စိတ်တောင် ဖြစ်မိပါသေးတယ်။ ရေထဲ ပြုတ်ကျတဲ့တစ်ယောက်မှာ ကိုယ့်ကိုယ်ကို မသိလိုက်ပဲ ပြုံးမိတယ်လို့တော့ ထင်မိပါတယ်။ ကျွန်တော် ဗမာစစ်စစ်တစ်ယောက်ပါ။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...