Sunday, May 19, 2013

အိမ်နီးချင်း

Song Black ·

အထူးသဖြင့် ကျွန်တော်တို့နှင့် စီးပွားရေးအရ ထိစပ်ကုန်သွယ်မှု အပြုရဆုံး နိုင်ငံကြီး ဖြစ်သည့် တရုတ်ပြည်ကိုလည်း ကမ္ဘာ့ စံချိန်စံညွှန်းများနှင့်အညီ သိက္ခာရှိရှိ ကြီးပွားချမ်းသာသော နိုင်ငံ တစ်နိုင်ငံ ဖြစ်စေလိုပါသည်။

အိမ်နီးချင်းလွန်ခဲ့သည့် ဆယ်လခန့်က သတင်းတစ်ပုဒ် ဖတ်ခဲ့ရ ဖူးသည်။ ထူးသည်ဟု ဆိုနိုင်သော်လည်း ဆန်းတော့ လည်းမဆန်းပါ။ အကြောင်း အရာက တရုတ်ပြည်ထုတ် ချယ်ရီဝက်ဂွန်ကား လေးတွေ အကြောင်းဖြစ်သည်။ အဆိုပါကားလေးတွေ မြန်မာပြည်ရောက် လာတာ ယခုဆို နှစ်နှစ်ကျော်လောက် ရှိမည် ထင်သည်။



ရန်ကုန်မြို့မှာတော့ အိမ်စီးကားအဖြစ် သုံးသည်ထက် အများစုမှာ တက္ကစီအဖြစ် သာပြေးဆွဲ နေကြသည်။ အဆိုပါ ချယ်ရီကားလေး တွေကိုထုတ်လုပ်ရာတွင် မိုဒယ်မြင့် ကားများရော၊ မော်ဒယ်နိမ့် ကားတွေ ပါထုတ်လုပ် လျက်ရှိရာ ကမ္ဘာ့နိုင်ငံ အတော်များများ သို့လည်း တင်ပို့ ရောင်းချပြီးဖြစ်သည်ဟု ဆိုသည်။ ပါချယ်ရီကားလေးတွေ အပါအဝင် တရုတ်နိုင်ငံထုတ် ကားတွေကို ဩစတြေးလျ နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်ပို့နေ လေပြီ။

အကြောင်းမှာ အဆို ပါကားများတွင် အဆုတ်ကင်ဆာ ရောဂါဖြစ်စေနိုင်သည့် Asbestos ခေါ် ကျောက်ဂွမ်းများ ပါရှိနေသော ကြောင့်ဟုဆိုသည်။ အဆိုပါ ကျောက် ဂွမ်းကို ထည့်သွင်း အသုံးပြု ထုတ်လုပ် ခြင်းမပြုရန် ကမ္ဘာ့နိုင်ငံပေါင်း ငါးဆယ် မှ တားမြစ် ထားကြောင်းလည်း သိရ သည်။ ဩစတြေးလျမှ ပြန်ပို့လိုက် သော ကားအစီးရေမှာ ၂၃ယဝ၀ဝရှိ သည်။

ဒီသတင်းကိုအကြောင်းပြုပြီး ကျွန်တော်တို့ဆီက ကားဈေးကွက် တွင် ချယ်ရီဝက်ဂွန်ကားဈေးမှာ ဆယ့် ငါးသိန်း၊ သိန်းနှစ်ဆယ်ခန့် ပြုတ်ကျ သွားခဲ့ဖူးသည်။ နောက်ဆက်တွဲ သတင်းအနေ နှင့် ကြားသိရသည်မှာ တရုတ်ပြည်မှ ချယ်ရီကား ကုမ္ပဏီ၏ ထုတ်ပြန်ချက် ဖြစ်သည်။ သူတို့၏ ကားများကို မိုဒယ် အနိမ့်၊ အမြင့်ခွဲခြား ထုတ်လုပ်သည့် အလျောက် ကျွန်တော်တို့မြန်မာနိုင်ငံ ဆီတင်ပို့သောကားများမှာ မော်ဒယ် နိမ့်သောကားများသာဖြစ်ကြောင်း၊ ကြေညာ ခဲ့သည်။

သို့သော် ဝယ်ယူစီး နင်းသူတို့မှာ ထိုကားများအပေါ် စိတ် မသိုးမသန့်ဖြစ်ကုန်ကြလေပြီ။ မြန်မာနိုင်ငံသို့ တရုတ်ပြည်မှ မြောင်း ဆီများ (ကြော်လှော် ချက်ပြုတ်ပြီး နောက် မြောင်းထဲသို့ သွန်ချထားသည့် ဆီများ)ကို တရုတ်ပြည်မှ မသမာသူလူ တစ်စုကစုစည်းပြီး အလုံးအရင်းဖြင့် တင်သွင်းရောင်းချကြောင်းသတင်းကို ဖတ်ရဖူးသည်။

ဒါ့အပြင် ကြက်ဥအတု ဆိုတာကလည်း တရုတ်ပြည်မှပင် အစုလိုက်အပြုံလိုက်ဝင်လာလိုက်သေး သည်။ နောက်တစ်ခုက တရုတ်နို့မှုန့် အချို့ဖြစ်သည်။ သူကလည်း မယ်လ မင်းဓာတ် ပါဝင်သဖြင့် သောက်သုံးသူ တို့တွင် ကျန်းမာရေး ပြဿနာရှိစေ ကြောင်းသိရပြန်သည်။ တရုတ်ပြည် လုပ် စားစရာမုန့်အချို့တွင်လည်း လူကိုဘေးအန္တရာယ်ဖြစ်စေတတ် သော အရာများပါဝင်လျက်ရှိကြောင်း သတင်းကိုလည်း ဖတ်ခဲ့ရသည်။ တကယ်တော့ တရုတ်ပြည်သည် စီးပွားရေး အင်အားကြီး အဖြစ် ကမ္ဘာ ကအသိအမှတ်ပြုခြင်း ခံထားရသော နိုင်ငံတစ်ခုဖြစ်သည်။

နောင်ဆယ်စုနှစ် သုံး/လေးခု လောက်ကြာလျှင် ကမ္ဘာ့ ထိပ်သီးနံပါတ် (၁)နေရာသို့ တရုတ် ပြည်ရောက်ရှိ သွားမည်ဟု မှန်းဆသူ ကမှန်းဆသည်။ တရုတ်ပြည်ကြီး အရှိန်အဟုန်ဖြင့် တိုးတက် နေသည်ဆို သည်ကိုကြည့်ပြီး အချို့ကလည်း တရုတ်၏ စီးပွားရေး ပြုပြင်ပြောင်းလဲ ရေးမိုဒယ်ကို အတုယူသင့်သည်ဟုဆို သည်။

ဗီယက်နမ်သည် တရုတ်မိုဒယ် ကို အတုယူခဲ့သဖြင့် တိုးတက်ခဲ့သည် ဟု အချို့ကလည်းဆိုသည်။ သို့သော် ဤသို့အများက ဝိုင်း၍ ချီးမွမ်း ဩဘာပေးခြင်း ခံနေရသော တရုတ်နိုင်ငံ ကြီးထဲတွင် ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေပေသည်။ မီဒီယာ လွတ်လပ်ခွင့် အပြည့်အဝမရှိ သည့်ကြားမှပင် တရုတ် အစိုးရ အရာရှိ ကြီးများနှင့် တရုတ်ကွန်မြူနစ်ပါတီ ထိပ်သီးကြီးများ၏ အကျင့်ပျက်ခြစား မှုကြောင့် ကြီးလေးသော ပြစ်ဒဏ်ချ မှတ်ခံရသည့် သတင်းတွေကို မကြာ ခဏကြားသိ နေရသည်။ ဗဟိုအစိုးရ နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ အကြား အမိန့်အာဏာစီးဆင်းမှု ပြေပြစ်ညီညွတ်မှုကင်းမဲ့နေသည့် အကြောင်းကိုလည်း စာအုပ်စာတမ်း များတွင် ဖတ်ရှုရသည်။ ကြီးတွေနှင့် အစိုးရ အာဏာပိုင်အချို့ ပူးပေါင်းပြီး လုပ်ပိုင်ခွင့် မတရားရယူမှု တွေက ရှိနေပြန်သည်။

တရုတ်ပြည် တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံ ခြားကုမ္ပဏီများ အနေဖြင့် တရုတ် ကွန်မြူနစ် ပါတီမှ ဩဇာရှိသူများနှင့် မဖြစ်မနေပူးပေါင်းဆောင်ရွက်မှသာ ပြေလည်မှု ရှိသည်ဟူသော ရေးသား ထုတ်ဖော်ချက် များလည်း ကမ္ဘာ တစ်ဝန်းပျံ့နှံ့ လာသည်။ တရုတ်ပြည် အတွင်း ကုန်ပစ္စည်း ဖြန့်ဖြူးလိုပါက တရုတ်ပြည်သူ့ တပ်မတော်နှင့် အချိတ် အဆက်ရှိမှသာ ပြေလည်သည်ဟု လည်းဆိုကြသည်။ ဤသို့သော မကောင်းသတင်းတွေ တစိမ့်စိမ့်ထွက် လာနေသော အဆိုပါတရုတ်ပြည်ကြီး တွင် မြို့ပြများ၌ လူနေအိုးအိမ်ဖယ် ရှားပေးလိုက်ရခြင်း၊ ကျေးလက်ဒေသ တွင် လယ်သမားတို့၏လယ်ယာမြေ အဓမ္မအသိမ်းခံရခြင်း အစရှိသော ဖြစ်ရပ်များကြောင့် အခြေခံလူတန်း စားက မကျေမနပ်ဖြစ်ကာ ဆန္ဒပြမှု၊ ဆူပူမှုတွေ မကြာခဏပေါ်ပေါက် လျက်ရှိပေသည်။

ဒီတော့ တရုတ်မိုဒယ် (Chinese Model) သည် ကျွန်တော်တို့လို စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေ သည့် နိုင်ငံများ အတွက် အတူယူ လျှောက်လှမ်း သင့်သည် မိုဒယ်ဟုတ်ပါ ၏လော။ သံသယ မျက်လုံး ဖြင့်ကြည့် ပြီး လေ့လာဆန်းစစ်ဖို့ တော့လိုပါ သည်။ တရုတ်ပြည်၏ အဓိကချို့ယွင်း ချက်မှာ နိုင်ငံရေးစနစ် (Political System)ကို စီးပွားရေးစနစ် ( Economic System)နှင့် လိုက်လျောညီ ထွေ အချိန်မီပြုပြင်ပြောင်းလဲမှု မလုပ်ခြင်းပင်ဖြစ်သည်။

တရုတ်ပြည် ၏အချုပ်အခြာအာဏာကို ဆုပ်ကိုင် ထားသော တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဝင်အများစုမှာ ရှေးရိုး စွဲများဖြစ်နေပြီး တစ်ပါတီစနစ်မှာပင် ပိုနေမြဲကျားနေမြဲ ဆက်ထိုင်နေလို သော ဆန္ဒရှိနေကြပေသည်။ ထို့ ကြောင့်လည်း စီးပွားရေးတိုးတက်မှုနှင့် အပြိုင် လူ့အဖွဲ့အစည်းအတွင်း လူမှု ရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြဿနာ တွေကြီးထွား လာသည်ကို တွေ့ရှိရ သည်။ သိပ်မကြာ သေးသောကာလက ပင် တရုတ်ကွန်မြူနစ် ပါတီအရာရှိ ကြီးတစ်ဦးမှာ အကျင့်ပျက်ခြစားမှု ကြောင့် တရားစွဲဆို ခံနေရပြီး သူ့ဇနီး မှာလည်း အနောက်တိုင်း သားခရိုနီ တစ်ဦးအား အဆိပ်ခတ် သတ်ဖြတ်မှု ကြောင့် တရားရင်ဆိုင် ခဲ့ရသည်။

ထို သို့ တရားရင်ဆိုင်ရာမှာပင် အဆိုပါ အမျိုးသမီးက လူစားထိုးပြီး ရင်ဆိုင် နေကြောင်းနှင့် ထိုကဲ့သို့ လူစားထိုးရန် အတွက် အကြံပေးသူမှာ တရုတ် ဝန်ကြီးချုပ်ဟောင်း ဝမ်ကြားပေါင်၏ ဇနီးဖြစ်သည်ဟုပင် ကောလာဟလ များထွက်ပေါ်ခဲ့သည်။ စင်စစ်အားဖြင့် တရုတ်မိုဒယ်မှာ နိုင်ငံတော် အရင်းရှင် ဝါဒနှင့် အာဏာရှင် ဆန်သော အုပ်ချုပ် မှုတို့ကို ရောမွှေထားခြင်းသာဖြစ်ပြီး လွတ်လပ်သောဈေးကွက်စီးပွားစနစ် နှင့်အပ်စပ်သော နိုင်ငံရေးစနစ်ကင်းမဲ့ နေပေသည်။ ခေါင်းဆောင် အချို့ကတော့ အလျဉ်း သင့်တိုင်း တရုတ်ပြည်၏ နိုင်ငံရေး စနစ်ကို ပြုပြင်ပြောင်းလဲရတော့မည် ဟု မိန့်ခွန်းတွေပေးလေ့ရှိသည်။

သို့ သော် ရှေးရိုးစွဲတွေက အများစုဖြစ်နေ နိုင်ငံတစ်ခုတွင် စီမံကိန်း စီးပွားရေး စနစ် (Market Economy) ဆီသို့ ပြောင်းလဲမှု လုပ်တော့ မည်ဆိုလျှင် နိုင်ငံရေး စနစ်ကလည်း တစ်ဦး၊ တစ်ဖွဲ့၊ တစ်ပါတီက ချုပ်ကိုင်ထားသော အာဏာရှင် စနစ်မှသည် အများပြည် သူအာဏာပိုင်စိုးသည့် ပါတီစုံဒီမိုက ရေစီစနစ်သို့ ပြောင်းလဲပေးရမည်သာ ဖြစ်သည်။ တရုတ်ပြည်ရှိ ရှေးရိုးစွဲ ဝါဒီအချို့ အကြောင်းပြသည်မှာ အကယ်၍ ပါတီစုံဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ လိုက်ပါက နိုင်ငံရေး မတည်ငြိမ်မှုဖြစ် ပြီး တရုတ်ပြည်ကြီး ပြိုကွဲသွားနိုင်သည် ဟူ၍ဖြစ်သည်။

တကယ်တော့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲထူ ထောင်လိုက်ပြီး စီမံအုပ်ချုပ်မှု၊ ဥပဒေ ပြုမှုနှင့် တရားစီရင်မှု ဟူသော မဏ္ဍိုင် ကြီးသုံးရပ်ကို လွတ်လပ်စွာ အပြန် အလှန်ထိန်းကျောင်း ညှိနှိုင်းခွင့် (Check and Balance) ပေးလိုက် ပါလျှင် တိုင်းပြည် မတည်မငြိမ် ဖြစ်ပြီး ပြိုကွဲပျက်စီးရန် အကြောင်း မရှိပါချေ။ စတုတ္ထမဏ္ဍိုင်ဟု တင်စားခေါ်ဝေါ် ခြင်းခံရသော မီဒီယာများကိုပါ လွတ်လပ်ခွင့်ပေးလိုက်လျှင် ယနေ့ တရုတ်ပြည်ကြီးရင်ဆိုင်နေရသော ပြဿနာအထွေထွေမှာ အေးငြိမ်း သွားမည်ဖြစ်သည်။

ယခုတော့ တရုတ်ပြည်ကြီးမှာ စီးပွားရေး လွတ်လပ်ခွင့်ပေးလိုက်သည့် အလျောက် စီးပွားရေးသမားတွေက အားကြိုးမာန်တက် စီးပွားရှာကြ သည်။ သို့သော် သူတို့စီးပွားရှာနေ သည့် ဈေးကွက်မှာ အပြည့်အဝယှဉ် ပြိုင်နိုင်ခွင့်ရှိသော လွတ်လပ်သည့် ဈေးကွက် (Free Market) အစစ် အမှန် မဟုတ်ချေ။ အုပ်ချုပ်ရေး မဏ္ဍိုင်၏ထိန်းချုပ်မှုအောက်မှာ တည် ရှိနေသည့်ဈေးကွက်ဖြစ်သည့်အလျောက် အုပ်ချုပ်ရေးနယ်ပယ်မှ အာဏာရှိသူ တို့နှင့် အဆက်အသွယ်အပေးအယူ ကင်းမဲ့သူတို့အဖို့ ဘယ်လိုမှတိုးတက် အောင်မြင်စရာလမ်းမရှိချေ။ ဥပဒေပြု မဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ မှာလည်း အုပ်ချုပ်ရေးမဏ္ဍိုင်၏ အောက်တွင်သာရှိနေပေရာ တရား ဥပဒေစိုးမိုးမှု အားနည်းလျက်ရှိပေ သည်။ အာဏာပိုင်တို့အကျင့်ပျက်ခြ စားခြင်း၊ သမ္မာအာဇီဝမကျသော စီးပွားရှာမှုများတိုးပွားလာခြင်း၊ ဧရာမ ခရီုနီများကြီးထွားအားကောင်းလာကာ အနိုင်ကျင့်ဗိုလ်ကျမှုတွေများပြားလာ ခြင်း အစရှိသော ဆိုးဝါးသည့်အရင်းခံ အကြောင်းချက်များအပေါ်မူတည်ပြီး တရုတ်ပြည်ကြီးအား ပြိုကွဲပျက်စီးမည့် လမ်းကြောင်းပေါ်သို့ တွန်းတင်နေခြင်း ဖြစ်ပေသည်။

ကျွန်တော်တို့မြန်မာလူမျိုးများ တွင် "အိမ်နီးချင်းကောင်းမှ လင် ကောင်းရမည်"ဟူသည့် ဆိုရိုးစကားရှိ ပါသည်။ မိမိကိုယ်ကိုယ် ဘယ်လိုပင် ကောင်းအောင်နေပါစေ၊ အိမ်နီချင်း တွေမကောင်းခဲ့လျှင် ဘေးဒုက္ခတွေ့ နိုင်ပေသည်။ မကြာသောကာလက ပင် ဆင်းရဲမွဲတေသလောက် မိမိနိုင်ငံ သားများအပေါ်တာဝန်မယူတတ်သော အိမ်နီးချင်းဆိုးကြောင့် နိုင်ငံတော်၏ အနောက်ဘက်စည်းရိုး ကျိုးပေါက်ခဲ့ရ ပြီမဟုတ်ပါလား။ ထို့အတူ အရှေ့ ဘက်စည်းရိုးကို ချိုးဖျက်ဝင် လျက်ရှိသည့် အိမ်နီးချင်းတို့၏ အန္တရာယ်ကလည်း စိုးရိမ်ဖွယ်ပင် ဖြစ်ပါသည်။ ထို့ကြောင့် မိမိနိုင်ငံတိုးတက် သလို မိမိအိမ်နီးချင်းနိုင်ငံ များကိုလည်း တိုးတက်ဖွံ့ဖြိုး စေချင်ပါသည်။

အထူး သဖြင့် ကျွန်တော်တို့နှင့် စီးပွားရေးအရ ထိစပ်ကုန်သွယ်မှု အပြုရဆုံး နိုင်ငံကြီး ဖြစ်သည့် တရုတ်ပြည်ကိုလည်း ကမ္ဘာ့ စံချိန်စံညွှန်းများနှင့်အညီ သိက္ခာရှိရှိ ကြီးပွားချမ်းသာသောနိုင်ငံတစ်နိုင်ငံ ဖြစ်စေလိုပါသည်။ စီးပွားရေးပြုပြင် ပြောင်းလဲမှုများလုပ်သလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကိုပါလုပ်ဆောင် သည့် ဒီမိုကရေစီအင်အားကြီးနိုင်ငံ တစ်ခုအဖြစ် တရုတ်ပြည်ကို တွေ့မြင် လိုပါသည်။ သို့မှာသာ ကျွန်တော်တို့မြန်မာ ပြည်သူ ပြည်သားများ အဖို့ ဆေးဝါး အတု၊ ငွေစက္ကူအတု၊ မြောင်းဆီ၊ အန္တရာယ်ဖြစ်စေတတ်သောမုန့်များ၊ မယ်လမင်းပါသောနို့မှုန့်များမှသည် အဆုတ်ကင်ဆာရောဂါဖြစ်နိုင်သည့် ကျောက်ဂွမ်းပါရှိသော ကားများအထိ "သုံးစွဲသူကို ဘေးဒုက္ခပေးမည့်ထုတ် ကုန်နှင့်ဝန်ဆောင်မှုများ"၏ အန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်နိုင်လိမ့် မည်ဟု ယုံကြည်မျှော်လင့် မိကြောင်း တင်ပြ လိုက်ရပါသည်။

ဝင်းသိန်းဦး By အခွင့်အလမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...