သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၅)
သစ်ထူးလွင်
|
- စီးပွားရေး သဘောတူညီမှု လက်မှတ်ထိုးပွဲ ဂျပန်ဝန်ကြီးချုပ် တက်ရောက်
- ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသူ သေဆုံးမှု CID ဖော်ထုတ်ပေးရန် မိသားစုမေတ္တာရပ်ခံ
- သားကောင်မှတ်၍ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်ကိုပါခိုးယူသုအား ဖမ်းဆီးရမိ
- ၀န်ထမ်းအယောင်ဆောင်၍ ပစ္စည်းများလု၊ ငွေတောင်းသူများအား ဖမ်းဆီးအရေးယူ
- မေလ(၂၅)ရက်နေ့ ထုတ် Focus Online Issue 42
- မေလထုတ် DIY (Do It Yourself)
- မေလ(၂၄)ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၄
- မေလ(၂၂)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၁၁
- မေလ(၂၅)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.20
- မေလ(၂၅)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၁၁)
- ဂျပန်ဝန်ကြီးချုပ် အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြု (ရုပ်/သံ)
- ထောက်လှမ်းရေး အတွက် အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း သူငယ်ချင်းဖြစ်သူ ထွက်ဆို
- ဘူတာတွင်ရထားစောင့်နေသူ မိန်းကလေးငယ်အား သားမယားပြုကျင့်
-
စမ်းချောင်းမြို့နယ်အောင်ချမ်း
သာရပ်ကွက်တွင် တိုက်ပြို၍ (၃)ဦးသေ (၁)ဦး ဒဏ်ရာရ - မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် တိမ်းမှောက် ၊ သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး
- အိမ်ရိုက် သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား ခွဲစိတ် ဖယ်ရှား
- အိမ်ဖြိုရင်း ပြိုကျလို့ လူတစ်ဦးသေဆုံး
- ရဲတပ်ကြပ်ကြီးတဦးမှ အမျိုးသမီးတဦးအား မုဒိမ်းကျင့်မှုဖြစ်ပွား
- မင်းဘူးမြို့ မှာ ရိုမီရိုနှင့်ညီများ မီးလောင် (ရုပ်/သံ)
- ဂျပန်ပေါ် တင်နေတဲ့ အကြွေးတွေ မြန်မာကို လျှော်ပေးနိုင်တော့မလား
- လဝက ဝန်ထမ်းများကို တိုက်ခိုက်ခဲ့သူများ စစ်တွေတရားရုံးမှာ အမှုစစ်ဆေး
- မေလ(၂၅)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ
- မေလ(၂၅)ရက်နေ့ ထုတ် ကြေးမုံသတင်းစာ
- မေလ(၂၄)ရက်နေ့ ထုတ် မဇ္ဈိမ သတင်းစာ အတွဲ ၁ အမှတ် ၁
- လွဲနေတယ်ဆိုရင်တော့ အမြန်ဆုံးပြင်လို့ ရအောင်
Posted: 25 May 2013 07:09 AM PDT
မြန်မာနိုင်ငံကို
ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နဲ့ မြန်မာနိုင်ငံ
အကြား စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မြဲစေရေး ရည်ရွယ်ချက်နဲ့ အဓိကကျတဲ့
စက်မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီကနေ့ စနေနေ့မှာ
သဘောတူလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အလိုအပ်ဆုံးဖြစ်တဲ့ စီးပွားရေး ပြန်လည်ရှင်သန်ဖို့ တွန်းအားပေးတဲ့ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံ အဆောက်အဦးအတွက် ဂျပန်စီးပွားရေး လုပ်ငန်းတွေက အကူအညီပေးမှာဖြစ်တယ်။ ဂျပန် ကော်ပိုရေးရှင်းကြီးတွေက သီလ၀ါ အထူးစီးပွားရေးဇုံ စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာ မြန်မာပြည်အတွက် သိပ်လိုအပ်နေတဲ့ အလုပ်အကိုင်တွေဖန်တီးရေးနဲ့ စက်မှုနည်းပညာအထောက်အကူအတွက်ပါ အကျိုးရှိစေတယ် လို့ဆို ပါတယ်။ မြန်မာလူထုအတွက်သာမက ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ပါ ၂ ဦး ၂ ဘက် အကျိုးဖြစ်ထွန်းကြဖို့ မျှော်လင့်တယ်လို့လည်း ဦးဆက်အောင်ကမှတ်ချက်ချကြောင်း ရန်ကုန်ကလာတဲ့ AFP သတင်းတရပ်မှာ ဖေါ်ပြထား ပါတယ်။ ဗွီအိုအေ (မြန်မာပိုင်း)
|
||
Posted: 25 May 2013 06:41 AM PDT
ရန်ကုန်၊ မေ ၂၄
အသက် ၁၈ နှစ်အရွယ် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသူ သေဆုံးမှုကို ရဲတပ်ဖွဲ့ဝင်များက သာမန် ရေနစ်သေဆုံးမှုဟု မှတ်တမ်း တင်သောကြောင့် အမှုမှန် ပေါ်ပေါက်စေရန် CID ကပါ ပူးပေါင်းဖော်ထုတ်ပေးရန် မေတ္တာရပ်ခံ ခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်။ အဆိုပါ မေတ္တာရပ်ခံချက်ကို မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီက MJN တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ သေဆုံးခဲ့သူ မနော်မေသူသူဇော် ကို ရည်းစားဖြစ်သူ ကိုရဲမင်းဦးက အိမ်ပြန်ချိန် တွင် ရန်ကုန်-မှော်ဘီ ဟိုင်းလတ်ခရီးသည် တင်ယာဉ်ပေါ်သို့ ကိုယ်တိုင်လိုက်ပို့ပေးပြီး ကားထွက်မှသာ ပြန်ခဲ့သည်ဟု ဖုန်းဆက် အကြောင်းကြား ခဲ့သော်လည်း ၄င်း တင်ပေးလိုက်သည့်ယာဉ်၏ အရောင်ကို မသိရှိသည် ဟု ပြောဆိုနေခြင်းမှာ သံသယဖြစ်ဖွယ် ရှိကြောင်း သေဆုံးသူနှင့် ဦးလေး တော်စပ်သည့် ဦးစောအေးမင်းက ရှင်းပြဆိုသည်။ မနော်မေသူသူဇော် ကို ၄င်း၏ချစ်သူ ကိုရဲမင်းဦးနှင့် ဦးလေးဖြစ်သူက ခေါ်သွားသည်ကို မျက်မြင်သက်သေများ ရှိခဲ့သော်လည်း ၄င်းတို့ဘက်မှ ဦးလေးအစား အစ်ကိုဖြစ်သူကို အမှုထဲသွင်းကာ ဦးလေးဖြစ်သူကို အမှုတွဲမှ သွေဖည်အောင် လုပ်ဆောင်နေသည့် အတွက်လည်း သံသယဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။ မနော်မေသူသူဇော်မှာ ကိုရဲမင်းဦး က မွေးနေ့တွင် ဖုန်းဆက်၍ အတင်းခေါ်ဆောင်သည့် အတွက် လိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ညီမဖြစ်သူဘက်မှ မကြာခဏ သဘောထားကွဲနေသော ကိုရဲမင်းဦးကို မွေးနေ့တွင် အဆက်သွယ်ဖြတ်မည်ဟု ယခင်က မိမိကို ပြောဆိုခဲ့ဖူးကြောင်း အစ်မဖြစ်သူ မခမ်းမွန်ထွေးက ဆိုသည်။ သမီးဖြစ်သူ၏ အလောင်းကို အင်းစိန် ရဲစခန်းမှ ဆယ်ယူရရှိခြင်းကို သွားရောက် စုံစမ်းရာ သေဆုံးစဉ် မှတ်တမ်းဓာတ်ပုံများ အရ အတည်ပြုနိုင် ခဲ့သော်လည်း အလောင်းကို သင်္ဂြိုဟ်လိုက်ပြီဟု ပြောဆိုခဲ့သဖြင့် မိသားစုဝင်များ ကိုယ်တိုင် အင်းစိန်ဆေးရုံ သို့ လိုက်လံစုံစမ်းရာမှ အလောင်းကို ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးစာတွင် ရေနစ်သေဆုံးသည့် အနေအထားဖြင့် ထုတ်ပြန်ခဲ့သောကြောင့် အဆင့်ဆင့် တိုင်ကြားခဲ့ရာ ယခုအခါ မြောက်ပိုင်းခရိုင်က ဆက်လက်စုံစမ်းလျက် ရှိသော်လည်း ထပ်မံ စစ်ဆေးချက်အရ ရေနစ်၍ သေဆုံးသည်ဟု အဖြေ ထွက်လာနိုင်ကြောင်း၊ သေဆုံးသူနှင့် နောက်ဆုံးကျန်ရှိခဲ့သူကို သံသယရှိ၍ အမှုဖွင့် ပေးရန် တိုင်ကြားသော်လည်း အဆိုပါ ရဲစခန်းမှ အမှုဖွင့်ပေးခြင်း မရှိကြောင်း သေဆုံးသူ၏ မိခင်က ဆိုသည်။ "၁၉ ရက်နေ့ သူ့ရည်းစားက ၇ နာရီ ၄၅ မိနစ်လောက်မှာ ကားပေါ်တင်ပေးပြီး ကားထွက်သွားတယ် ပြောတယ်။ လှိုင်သာယာ အောင်ဇေယျ တာဝန်ကျရဲက ၈ နာရီ ၁၅ လောက်မှာ သမီးလေးရဲ့ အင်းစိန်လိပ်စာ ပါတဲ့ ကျောင်းသားကတ်ရယ်၊ မှတ်ပုံတင်ရယ် ဖိနပ်ရယ် အပါအဝင် ပစ္စည်း ၁၁ မျိုးကို ညတွင်းချင်း တွေ့တယ်။ အင်းစိန် အုတ်သဲ ကျောက်ကွင်းနားမှာ ၂၀ ရက်နေ့ မနက် ၇ နာရီလောက်ထဲက သမီးအလောင်း ပေါ်နေပြီ။ ဒါကို ၂၁ ရက်နေ့ မရမ်းကုန်း စခန်းမှာ လူပျောက် အမှုဖွင့်တော့ နှစ်နာရီအတွင်း သတင်းဓာတ်ပုံတွေ ဖြန့်ပေးမယ် ပြောတယ်။ ၂၃ ရက်နေ့မှ အင်းစိန်မှာ အလောင်းတစ်လောင်း ရှိတယ်ဆိုလို့ စုံစမ်းကြည့်မှ သမီးမှန်း သိရတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။ အထက်ပါဖြစ်စဉ်နှင့် ဆက်စပ်နေသည့် ဖိုခုံလောက်ဆိုင်နေသော မြို့နယ်သုံးခု၏ ရဲစခန်းများ ချိတ်ဆက်ဆောင်ရွက်မှု ပေါ့လျော့သည့်အတွက် ယခုကဲ့သို့ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာရ ခြင်းဖြစ်ပြီး ကွပ်ကဲရုံးသို့ အကြောင်းကြားကာ ချက်ချင်းဖော်ထုတ်ပါက နယ်စပ်ဒေသရှိ တရားခံများကို ချက်ချင်းမိသည့် အတွေ့ အကြုံများစွာ ရှိဖူးကြောင်း အငြိမ်းစား အကြီးတန်း ရဲအရာရှိတစ်ဦးက ဆိုသည်။ မနော်မေသူသူဇော် ၏ ပစ္စည်းများကို ပြန်လည်တွေ့ရှိခဲ့သည့် အောင်ဇေယျတံတား သည် လေးပေခန့်အမြင့်ရှိသည့် လက်ရန်း သံတိုင်များ ရှိသောကြောင့် ၄င်းခုန်ချသည် ဟု ယူဆမည်ဆိုက အမျိုးသမီးတစ်ဦး အနေနှင့် တက်ရန် ခက်ခဲကြောင်း၊ မူးယစ်စေသည့် အရာတစ်ခုကို တိုက်ကျွေးပြီး ရေထဲသို့ပစ်ချ လျှင်လည်း အဆုတ်တွင်းရေဝင်ပြီး သေစေနိုင်ကာ ယခုအမှုမှာ သံသယဖြစ်ဖွယ်များ ရှိပြီး လက်ရှိတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြီးကြပ်ကာ ကြိုးစားဖော်ထုတ်လျက် ရှိကြောင်း မှုခင်းတပ်ဖွဲ့မှ အငြိမ်းစား အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ The Voice Weekly |
||
Posted: 25 May 2013 05:10 AM PDT
၂၄-၅-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ နမ့်ကြုပ်ရွာနေ အိုက်ရွှေ(၂၃)နှစ်နှင့်ဇနီးဖြစ်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 May 2013 05:04 AM PDT
၂၄-၅-၂၀၁၃
ရက်နေ့ ၁၃၃၀ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်
ရပ်ကွက်လမ်းဆုံတွင် ပဲခူးမြို့၊ မဟာကု သိနာရုံကျောင်းနေ ဆရာတော် ဥူးရေ၀တ(ခ)
ဦးတင်ကြွယ်(၇၇)နှစ်(၂၇)၀ါထံသို
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 May 2013 04:42 AM PDT
|
||
Posted: 25 May 2013 04:38 AM PDT
|
||
Posted: 25 May 2013 04:35 AM PDT
|
||
Posted: 25 May 2013 03:50 AM PDT
|
||
Posted: 25 May 2013 03:23 AM PDT
မေလ(၂၅)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.20
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။ http://www.mediafire.com/? |
||
Posted: 25 May 2013 03:18 AM PDT
မေလ(၂၅)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၁၁)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 May 2013 01:44 AM PDT
မြန်မာနိုင်ငံကို
ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ရက်နေ့ မနက်က
ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြု။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 May 2013 01:10 AM PDT
ပြီးခဲ့တဲ့
ဗုဒ္ဓဟူးနေ့တုန်းက လန်ဒန်တောင်ပိုင်းက လမ်းပေါ်မှာ စစ်သားတယောက်ကို
သတ်ဖြတ်ခဲ့တဲ့ နှစ်ယောက်ထဲက တယောက် ဖြစ်တဲ့ မိုက်ကယ် အက်ဒ်ဘိုလာဂျို နဲ့
အမြဲတွဲနေတဲ့ သူငယ်ချင်း Abu Nusaybah က ဘီဘီစီကို ပြောကြားရာမှာ
လုံခြုံရေး အဖွဲ့တွေက အက်ဒဘိုလာဂျို ကို သူတို့အတွက် အလုပ်လုပ်ပေးဖို့
ထပ်တလဲလဲ ကမ်းလှမ်းခဲ့ပြီး သတင်း အချက်အလက်တွေလည်း တောင်းခဲ့တယ်လို့
ဆိုပါတယ်။
ဒီပြောကြားချက်နဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ အတည်ပြုချက်တွေ မရသေးဘဲ အဲဒီလို ပြောကြားလိုက်ပြီးတဲ့နောက် နူဆေးဘက်ဟာ အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ မနှစ်က နှစ်ကုန်ခါနီး အချိန်လောက်မှာ ကင်ညာ လုံခြုံရေး တပ်ဖွဲ့တွေက အက်ဒ်ဘိုလာဂျိုကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးတဲ့နောက် ဗြိတိန်က လုံခြုံရေး အဖွဲ့တွေက သူ့ဆီ ချဉ်းကပ်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာနက်ဆေးဘက်က ပြောပါတယ်။ ကင်ညာမှာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရစဉ် အတွင်း ကိုယ်ခန္ဓာရော လိင်ပိုင်း အရပါ မတရား ပြုကျင့် ခံခဲ့ရတယ်လို့ အက်ဒ်ဘိုလာဂျိုက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
|
||
Posted: 25 May 2013 12:45 AM PDT
၂၄.၅.၂၀၁၃
ရက်နေ့ နံနက် ၀၃၀၀ အချိန် မ----- (၁၅)နှစ်၊ (ဘ) ဦးတင်ဝင်း၊
မော်လမြိုင်မြို့နေသူသည် ကြည့်မြင်တိုင်ဘူတာတွင် ရန်ကုန် - ပြည်
ရထားစီးရန်စောင့်နေစဉ် ထွန်းလွင်(ခ)ဆံရှည် ပါ(၅)ဦးမှ
မီးရထားတွဲဟောင်းပေါ်ခေါ်ဆောင်၍ အလိုမတူဘဲ သားမယား
အဖြစ်ပြုကျင့်ကြောင်းတိုင်တန်း
|
||
Posted: 25 May 2013 12:19 AM PDT
၂၅.၅.၂၀၁၃
ရက်နေ့ ၀၉၁၀ အချိန် စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊
ရှင်စောပုလမ်း၊ တိုက်အမှတ်(၁)နေ ကိုဖြိုး ပိုင်ဆိုင်သည့်လုံးချင်း
နှစ်ထပ်တိုက်(အိမ်ဟောင်းဖျက်ခွ
|
||
Posted: 25 May 2013 12:48 AM PDT
နေပြည်တော် ရန်ကုန် အမြန်လမ်း ခရီးသည်တင်ကားတစ်စီး တိမ်းမှောက် ၊ သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး
ရန်ကုန်၊မေ ၂၅ ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာ သွားသော မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် လိုင်းမှ ကားတစ်စီးသည် ၁၂၅ မိုင် ၄ ဖာလုံ အရောက်တွင် အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လိုက်ပါ စီးနင်းလာသော ခရီးသည် ၂၆ ဦးမှ ၁၁ ဦး သည် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှု မှ သေဆုံးသူများထဲတွင် သံဃာတော်တော် တစ်ပါး ပါဝင်ကြောင်း၊ထို့ပြင် နိုင်ငံခြားသား ခရီသွား ဧည့်သည် တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း အခင်း ဖြစ်ပွားရာ နေရာသို့ရောက်ရှိနေသော ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်နေ ဦးကျော် မိုးအောင်က ဆက်သွယ်ပြော ကြားသည်။ " ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ရစရာတောင်မရှိ သလောက်ပဲ၊ လောလောဆယ် တာဝန်ရှိသူတွေရဲ့ စစ် ဆေးချက်အရ ၁၁ ဦးဆုံးသွားတယ်လို့ ပြောနေတယ်" ဟု၎င်းက ပြောသည်။ AH - Popular Myanmar News Journal
|
||
Posted: 24 May 2013 10:38 PM PDT
ပဲခူးတိုင်း
ဒေသကြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၌ အိမ်ရိုက်သံဟောင်း ခုနစ်ချောင်း
မျိုချခဲ့သူအား အရေးပေါ်ခွဲစိတ်ပြီး အသက်ကယ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၂ ရက် နံနက်ပိုင်းက ဖြူးမြို့နယ် ဖြူးအရှေ့ဘက်ဝဲကြီး
ကျေးရွာအုပ်စု ဝဲကြီးတောင်ကမ်းရွာနေ မောင်ရန် နိုင်ထွန်း ၃၅ နှစ် (ဘ)
ဦးသန်းထွန်း (လယ်လုပ်)မှာ စိတ်ရောဂါ အခံရှိပြီး အဆိုပါနေ့ နံနက်ပိုင်းက
မခံနိုင်အောင် ဝမ်းဗိုက်အောင့်နေသဖြင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 May 2013 10:25 PM PDT
ရန်ကုန်၊မေ၊၂၅
စမ်းချောင်းမြို့နယ် ရှင်စောပုလမ်း အောင်ချမ်းသာရပ်ကွက် အိမ်အမှတ်(၁) မှာ အိမ်ဖြို ဖျက်ရင်း နဲ့ပြိုကျ မှုကြောင့် လူတစ်ဦး သေဆုံး ပြီး ၃ယောက် ဒဏ်ရာရ သွားတယ်လို့သိရပါတယ်။ “ဖြစ်တာက ၉နာရီ ၁၀မိနစ် မှာဖြစ်ဖြစ်ချင်းနေရာမှာ တစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။နှစ်ယောက် က ဒဏ်ရာပြင်းထန်တယ်။ “လို့ အောင်ချမ်းသာရပ်ကွက် ရာ အိမ်မှုး ဦးမိုးမြင့်ကပြောပါတယ်။ သေဆုံးသူ ကိုထွန်းလွင်မျိုး ဖြစ်ပြီး ဒဏ်ရာ ရသူတွေကတော့ ကိုရှိန်းကို၊ ကိုမိုးကျော်သူ ၊ကိုသီဟ တို့ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအိမ်ကို ဦးနိုင်တိုး အပါအ၀င် မိသားစု ၀င် နှစ်ဦးက ပိုင်ဆိုင်တယ်လို့ ဦးမိုးမြင့်ကပြောပါတယ်။ အဆိုပါကိုဖြိုဖျက် တဲ့ နေရာမှာ တာဝန်ယူ ထား တဲ့ အင်ဂျင်နီယာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ လဲမို့၊မိုးမြင့်ဇော် (Kumudra) |
||
Posted: 24 May 2013 09:09 PM PDT
ပုဇွန်တောင်မြို့နယ်၊
ရေကျော်ရပ်၊ မြောင်းကြီးလမ်း၊ အမှတ် (၆၉)နေ မ------၊ ၄၀နှစ်၊
(ဘ)ဦးရွှေထွန်း သည် ၄.၅.၂၀၁၃ ရက်နေ့ နံနက် ၀၂၀၀ အချိန် နေအိမ်တွင်ရှိနေစဉ်
သူမနှင့်ခင်မင် ရင်းနှီးပြီးနေအိမ်များသို့ အပြန်အလှန်ဝင် ထွက်သွားလာနေသူ
အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးတင့်အောင်ဝင်းသည် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 May 2013 08:40 PM PDT
မကွေးတိုင်း
ဒေသကြီး မင်းဘူးမြို့ တွင် မေလ(၂၅)ရက်နေ့ နံနက် တစ်နာရီခန့် က
ရိုမီရိုနှင့်ညီများ အထွေထွေ အရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွား
ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုကို မင်းဘူးမီးသတ် ၊ မကွေးမီးသတ်နှင့် အများပြည်သူတို့ မှ ၀ိုင်းဝန်းငြှိမ်း သတ်လျှက် ရှိကြောင်းနှင့် မီးလောင်မှု အကြောင်းအရင်းကို မသိရသေးကြောင်း မင်းဘူးမြို့ ကနေ ကိုလူနီကလေး က သတင်း ပေးပို့ ထားပါတယ်။ မီးလောင်မှု မြင်ကွင်း ရုပ်သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 May 2013 08:24 PM PDT
ဂျပန်
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံကို သောကြာနေ့ မနေ့တုန်းက
ရောက်ရှိလာပြီး ဒါဟာ ၃၆ နှစ် အတွင်း ဂျပန် နိုင်ငံ အကြီးအကဲ တယောက်ရဲ့
ပထမဆုံး ခရီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၊ စစ်အုပ်ချုပ်ရေး ကာလ
အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး မတိုးတက်ခဲ့ပေမယ့် ဂျပန်ဟာ မြန်မာ ရဲ့
ထိပ်ဆုံးက စီးပွားရေး မိတ်ဖက် ဖြစ်ကြောင်းကို အခု ခရီးစဉ်က ပြသနေတာ
ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 May 2013 07:47 PM PDT
ပြီးခဲ့တဲ့
ဧပြီလက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ မွတ်စလင် လူဦးရေစာရင်းကောက်ခံစဉ်
လဝက ဝန်ထမ်းတွေကို ထိခိုက်ဒဏ်ရာရတဲ့အထိ ခဲတွေနဲ့ ပစ်ပေါက်ခဲ့သူတွေထဲက
ဦးဆောင်သူတွေလို့ ယူဆရသူ ၇ ဦးကို စစ်တွေခရိုင်တရားရုံးမှာ မနေ့က
ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 May 2013 07:38 PM PDT
|
||
Posted: 24 May 2013 07:36 PM PDT
|
||
Posted: 24 May 2013 07:34 PM PDT
|
||
Posted: 24 May 2013 10:26 AM PDT
နေပြည်တော်ကနေ
လွိုင်ကော်ကို ပင်းလောင်းလမ်းကနေ 17.05.13 ရက်နေ့က ပြန်ရင်းကြုံခဲ့တာပါ။
အဲဒီလမ်းရဲ့ အကွေ့အများဆုံးဖြစ်တဲ့ 15 ကွေ့၊ နောက်ပြီး ကွေ့အမှတ် 6
မှာထင်တယ်။ ကားအကြီးကြီး တစ်စီးလမ်းလွဲပြီး ကန့်လန့်ခံနေလို့ အဲဒီလမ်းမှာ သွားလာနေတဲ့ကားအားလုံး ခရီးဆက်လို့မရဖြစ်နေတာ ကြုံခဲ့ရတယ်။ နေပြည်တော်ကနေ ကျွန်တော်တို့စီးလားတဲ့ ဒို့ညီနောင်ကားတစ်စီးပဲ လွိုင်ကော်ကလာတဲ့ကားနဲ့ ကားချင်းချိန်းပြီး ခရီးဆက်လို့ရခဲ့တယ်။ ဒါတောင်တော်တော်စောင့်ခဲ့ရတယ်။ ကျန်တဲ့ကားအားလုံးကတော့ တန်းစီစောင့်ကျန်နေခဲ့ကြတယ်။ ဘယ်လောက်ကြာအောင်စောင့်လိုက်ရမှ ကျွန်တော်လည်း မသိဘူး။ ဗိုက်ဆာလို့မှ အနားမှာ ဝယ်စားစရာ ဆိုင်မရှိ၊ ရေဆာလို့မှတောင်းသောက်စရာမရှိ တစ်ကယ့်ကို ဒုက္ခ တော်တော်ရောက်ခဲ့ကြရတယ်။ နောက်ပြီးအဲဒီရက် မုန်တိုင်းရှိပါတယ်ဆိုပြီး ကြော်ငြာထားတဲ့ရက်။ လေမတိုက်ပေမယ့် အဲဒီအရင်တစ်နေ့က မိုးတွေလည်း ရွာထားသေးတယ်။ ကားသမားကိုယ်တိုင်ကိုက ဒီလောက်ကြီးတဲ့ကားနဲ့ ဒီလောက်ကျဉ်းတဲ့လမ်းကိုမောင်း လမ်းကိုထိမ်းသိမ်းဆောင့်ရှောက်ေ ခွင့်ပြုသင့်သလားဆိုတာကိုပါ။ လွဲနေတယ်ဆိုရင်တော့ အမြန်ဆုံး အဲဒီအပြုအမူတွေကိုပြင်သင့်ပါတယ် တိုးတက်ဖွံဖြိုးလာနေတဲ့ နိုင်ငံတော်ကြီးကို ကျွန်တော်တို့တစ်တွေကလည်း တာဝန်သိစိတ်နဲ့၊ တာဝန်ရှိသူတွေကလည်း တာဝန်ကျေပွန်ရင်းနဲ့ လက်ကမ်းကြို လိုက်ကြရအောင်ပါ။ အများဆုံးဖြတ်လို့ရအောင် အဲဒီနေ့က ရိုက်ခဲ့တဲ့ဓါတ်ပုံတွေပါ တင်ပေးလိုက်ပါတယ်။ မောင်မျိုး(ပြည်) by Myanmar News Now |
0 comments:
Post a Comment