Thursday, May 23, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၅)

သစ်ထူးလွင်



Posted: 23 May 2013 06:49 AM PDT
မင်္ဂလာဆောင်အကြိုညတွင် ခိုက်ရန်ဖြစ်ပွားကာ သတို့သား အဖမ်းခံရ ခြင်းကြောင့် မင်္ဂလာပွဲကို သတို့သမီးတစ်ဦးတည်း ကျင်းပခဲ့ရသည့်ဖြစ်ရပ် မေ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ ကျုံတွမ်ကျေးရွာတွင် မေ ၂၂ ရက်၌ မင်္ဂလာဆောင်မည့် သတို့သားလောင်း နိုင်လင်းအောင်နှင့် သတို့သမီးလောင်းတို့သည် မင်္ဂလာပွဲအကြိုည ဧည့်ခံပွဲကျင်းပနေစဉ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 May 2013 06:24 AM PDT
နေပြည်တော်(ပျဉ်းမနားမြို့ ) ယောက်သွားအင်းအုပ်စု၊ ခြေလျှင်စု ရပ်ကွက်မှာ ဒီနေ့  (၂၃.၅.၂၀၁၃)ရက်နေ့ ညနေ ၄း၂၀ ခန့်မှာ မီးလောင်မူ ဖြစ်ပွားခဲ့ပါတယ်။ ထိုမီးလောင်မူ့ ဖြစ်စဉ်မှာ ဒီဇယ်၊ ဓာတ်ဆီ သိုလှောင် ရောင်းချနေသော ဦးခိုင်ကြီး၏ အိမ်မှ ဓာတ်ဆီပေပါခြင်း လဲလှယ်ရာမှ မီးလောင်မူ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 23 May 2013 06:17 AM PDT
မိုးညှင်းမြို့နယ်၌ လူတစ်ဦးက သံဃာ ယောင်ဆောင်၍ ပဋိပက္ခ ဖြစ်အောင် ကြိုးပမ်းမှုကို အချိန်မီ
ထိန်းသိမ်း လိုက်နိုင်ကြောင်း မြို့နယ်သံ ဃာ့နာယက အတွင်းရေးမှူး ဆရာတော် ဦးဉာဏောက မိန့်ကြားသည်။ ဖြစ်စဉ်မှာ မေ ၂၀ ရက်ည ၉ နာရီခန့်က မိုးညှင်းဘူတာရုံ၌ သံဃာ မှတ်ပုံတင်မရှိသော အတုအယောင်သံဃာတစ်ပါး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 May 2013 06:13 AM PDT
မြန်မာနိုင်ငံ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည့် အတွက် ဘာသာတစ်ခုမှ အခြား ဘာသာတစ်ခုကို ထိပါးပုတ်ခတ်သည့် အသုံးအနှုန်းများဖြင့် ဟောပြောမိပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅၊၂၉၅ (က)တို့ဖြင့် အရေးယူ ခံရနိုင်သဖြင့် မိမိဘာသာမှ လွဲ၍ အခြား ဘာသာများအား ပုတ်ခတ် ပြောဆိုခြင်း မပြု မိရန် လိုအပ်ကြောင်း သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 May 2013 06:30 AM PDT
မြစ်ကြီးနားမြို့နယ် ပလနကျေးရွာ အုပ်စုရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းအနီး တစ်ဝိုက်တွင် ဆယ်ကျောက်သက်အရွယ် လူငယ် ၁၀ ဦးခန့် အုပ်စုဖွဲ့၍ ရမ်းကားလျက်ရှိကြောင်း ဒေသခံများက The Voice သို့ ဆက်သွယ်ပြောကြားသည်။ ယင်းလူငယ်များသည် ညပိုင်း ဖြတ်သန်းသွားလာသည့် လူငယ်များကို အုပ်စုဖွဲ့ ဝိုင်းရိုက်ခြင်းများ ပြုလုပ်သည့် အပြင် ဒုက္ခသည်စခန်းရှိ အမျိုးသမီး များကိုလည်း အဓမ္မပြုကျင့်ရန် ကြံစည်ကြောင်း ၄င်းတို့၏ အဆိုအရသိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 May 2013 05:45 AM PDT
မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့မတ်လ ပဋိပက္ခအတွင်း သံဃာတော်တပါး သေဆုံးခဲ့မှုနဲ့ အခုလ ၂၁ ရက်နေ့မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရတဲ့ ကိုမျိုးထွန်း၊ ကိုမျိုးညွန့်၊ ကိုမျိုးဝင်းနဲ့ ကိုဇော်သက်နိုင်တို့အတွက် အယူခံဝင်သွားမယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဘုန်းတော်ကြီး သေဆုံးမှုမှာ ကိုမျိုးထွန်းနဲ့ ကိုမျိုးညွန့်ဟာ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ်တဲ့အချိန် အဲဒီနေရာမှာ ရှိနေတယ်ဆိုတဲ့ သက်သေခံချက် အားမကောင်းတဲ့အတွက် အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

“တရားလိုပြသက်သေ ၃၉ ယောက်မှာ၊ မျက်မြင်သက်သေ ၁၆ ယောက်ရှိတယ်။ တကယ်တွေ့တယ်လို့ ပြောနိုင်တာက ၁၀ ယောက်။ ကျန်တာက ခပ်လှမ်းလှမ်းက ၀ိုးတိုးဝါးတားမြင်တာ။ သူတို့ ၂ ဦးဟာ အခင်းဖြစ်ချိန်က အဲနေရာမှာရှိနေတယ်ဆိုတဲ့ သက်သေခံချက်တွေဟာ  အားမကောင်းဘူး။ သူတို့ဟာ ဆရာတော် ဦးသောဘိတကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ပါဝင်တယ်၊ အားပေးကူညီတယ်၊ လူသတ်ကွင်းဖြစ်တဲ့နေရာမှာ ရှိနေတယ်လို့ မထွက်ထားဘူး။ ဒါပေမယ့် ကျန်တဲ့ သက်သေ ၃ ယောက်လောက်က ဗလီရှေ့မှာ သတ်တယ်ဆိုတဲ့ ယေဘုယျ စွပ်စွဲချက်ရှိတယ်။ ကိုမျိုးထွန်းနဲ့ ကိုမျိုးညွန့်ဟာ ဖြစ်ချိန်က အဲနေရာမှာ မရှိဘူးဆိုတာကို ကောင်းကောင်းပြနိုင်တယ်ဆိုတော့၊ ကျနော်တို့အနေနဲ့က တရားခံတွေရဲ့ ထုချေချက်က ခိုင်လုံတယ်။ သူတို့ကို စွပ်စွဲတဲ့ ၂-၃ ယောက်က လွတ်လွတ်လပ်လပ် လက်ခံနိုင်တဲ့ အနေအထားမျိုးမရှိဘူးဆိုတာ ယူဆတယ်။ သူတို့ ၂ဦးက ပြစ်မှုထင်ရှားတွေ့ရင်တောင် ပုဒ်မ ၁၄၄ အရပဲ၊ ဥပဒေနဲ့ မညီညွတ်တဲ့ အဆင့်ပဲ ရှိတယ်။ ဆရာတော် ဦးသောဘိတကို သတ်ဖြတ်တာမှာ  ကိုယ်တိုင်လည်းမပါ၊ အားပေးကူညီတာလည်း မရှိဘူး။ လူသတ်ကွင်း အခင်းဖြစ်စဉ်မှာလည်း မပါဘူးဆိုတာနဲ့ တက်ပါမယ်။”

ဒါ့အပြင် ကိုမျိုးထွန်းနဲ့ ကိုဇော်သက်နိုင်ကို မြို့နယ်တရားရုံး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆို တောင်ချတာဟာလည်း တရားမျှတမှုမရှိဘူးလို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကိုမျိုးထွန်းက အခင်းဖြစ်ချိန်မှာ ဗလီရှေ့မှာ ဒီလိုရှိနေပါတယ်ဆိုပြီး ခရိုင်တရားရုံးက တွေ့ချိန်မှာပဲ၊ မြို့နယ်တရားရုံးက ၅၀၅(ခ)နဲ့ အဲကိစ္စအတွက် ထပ်စွဲတယ်။ ထောင်ဒဏ်ချခဲ့တာ။ တရားခံ ဇော်သက်နိုင်လည်း ဒီလိုပဲ။ မျက်မြင်သက်သေ ၁ ယောက်တည်းကပဲ ထွက်တယ်။ သူ ရှိနေတယ်၊ မရှိနေဘူးဆိုတာလည်း မသေချာဘူး။ ရုံးကတော့ ထွက်တဲ့ သက်သေရဲ့ ထွက်ချက်ကို လက်ခံတယ်။ ကျနော်တို့က လက်မခံနိုင်ဘူး။ မြို့နယ်တရားရုံးက ၅၀၅(ခ)နဲ့ အပြစ်ပေးတာကို ဥပဒေကြောင်းအရ မှန်ကန်တယ်လို့ မယူဆဘူး။ ခရိုင်တရားရုံးမှာ စစ်ဆေးခဲ့တဲ့အတွက် အဲလို စစ်ဆေးမယ်ဆို ခရိုင်တရားရုံးက တခါတည်း သုံးသပ်ယူဆခဲ့ရမှာလေ။ သီးခြားအမှုဖွင့်စရာမလိုပါဘူး။ ဒါ ဥပေဒျပဿနာပါ။ ဒီအတွက် အယူခံတက်ဖို့ ပြင်ဆင်သွားမှာပါ။”

ကိုမျိုးထွန်းဟာ မြို့နယ်ရော ခရိုင်နှစ်ခုက ချမှတ်တဲ့ ထောင်ဒဏ် စုပေါင်း ၁၆ နှစ်၊ ကိုမျိုးညွန့်ဦးက ခရိုင်တရားရုံးကနေ ပုဒ်မ ၃၀၂၊ ၂၉၅၊ ၁၄၄ အမှုတွေနဲ့ ၁၄ နှစ်၊ ကိုဇော်သက်နိုင်က ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၄၄ အမှုတွေနဲ့ မြို့နယ်နဲ့ခရိုင်တရားရုံးက စုစုပေါင်းထောင်ဒဏ် ၄ နှစ် ကိုမျိုးဝင်းကတော့ ခရိုင်တရားရုံးက ပုဒ်မ ၁၄၄ နဲ့ ထောင်ဒဏ် ၂ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့မတ်လက ဖြစ်ပွားခဲ့ ပဋိပက္ခအတွင်း ဘုန်းတော်ကြီး ဦးသောဘိတ သေဆုံးခဲ့ရပြီး ဘုန်းတော်ကြီးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံသူ ၇ ဦးကို အခုလ ၂၁ ရက်နေ့က ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 by နော်နိုရင်း (ဒီဗွီဘီ)


Posted: 23 May 2013 06:38 AM PDT
မိုးတွင်းကာလတွင် ခရီးသည် တင်ယာဉ်များ အမိုးအကာ ကြံ့ခိုင်ရေးနှင့် လုံခြုံမှုရှိမရှိကို ကြပ်မတ်ဆောင်ရွက် သွားမည် ဟု မထသ(ဗဟို)မှ သိရသည်။ ခရီးသည်တင် ယာဉ်များတွင် အမိုးအကာ၊ ဘေးတံခါး၊ ကြမ်းခင်းများ ကောင်းမကောင်းနှင့် ဝှိုက်ဘာ (ရေသုတ်တံ)များ အသုံးပြုရေး တို့ကို သက်ဆိုင် ရာယာဉ်လိုင်းမှ တစ်ဆင့် ညွှန် ကြားသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိက ပြစ်မှု၊ ပြစ်ဒဏ် ၁၃၈ ချက်အရ အရေးယူ ဆောင်ရွက်မည်ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က မေ ၂၁ ရက်တွင် ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 May 2013 04:34 AM PDT
ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြားခဲ့သည့် အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်တွင် လူဦးရေ ၂၀ ခန့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်ရတာက သမ္မတကြီးက အမေရိကန် ခရီးစဉ်မှာ ဆန္ဒထုတ်ဖော်သူတွေက ၃၀၀၀ ၊ ၅၀၀၀ ရလို့ ဆန္ဒထုတ်ဖော် ကြတာလို့ ပြောခဲ့တယ် ၊ အဲ့ဒီအချက်ကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာပါဟု” ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်သူ နော်အုန်းလှ ကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် လျှောက်ထားမှု မရှိဟု ၄င်းက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်  မြို့နယ် ၊ ပုဇွန်တောင် မြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ်များသို့ စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရန်နိုင်
ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )

Popular Myanmar News Journal




Posted: 23 May 2013 03:47 AM PDT
၂.၄.၂၀၁၃ ရက်နေ့က ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိရင်ချွမ်း သည် အောင်မင်္ဂလာ အဝေးပြေးမှ လှည်းတန်းသို့ ၄၃လိုင်း၊ ဒိုင်နာ အဖြူရောင် ကားစီး၍ သမိုင်း လမ်းဆုံတွင် ဆင်းခဲ့ပြီး ဘေးလွယ်အိတ် မှာ ဇစ်ပွင့်နေသဖြင့် စစ်ဆေးကြည့်ရာ ငွေကျပ်(၆)သိန်းနှင့် စိစစ်ရေး ကဒ်ပြား ပျောက်ဆုံး နေသဖြင့် အရေးယူပေးပါရန် မရမ်းကုန်း ရဲစခန်းသို့ တိုင်တန်းခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 May 2013 03:35 AM PDT
မုံရွာ၊ မေ ၂၂
မုံရွာမြို့မှ ကလေး-တမူးမြို့ တို့သို့ ပြေးဆွဲသည့် တင့်တိုင်းအောင် ခရီးသည်တင် မှန်လုံယာဉ်သည် မေလ၂၁ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်အချိန်က မုံရွာ-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၄၉မိုင် ၄ဖာလုံ တွင် ချောက်ထဲထိုးကျခဲ့ရာ နှစ်ဦးသေဆုံးပြီး လူလေးဦး ဒဏ်ရာရခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

“မှန်လုံကားက မုံရွာကနေ ထွက်သွားတဲ့ ကားပါ။ မှန်လုံဆိုပေမယ့် ခရီးသည်က အနည်းအကျဉ်းပဲ ပါတယ်။ ကားပေါ်မှာ သရက်သီးကုန်တွေ တင်ထားတယ်။ ကုန်းဆင်းမှာ ချောက်ထဲ ထိုးကျသွားတာ”ဟု ယင်းရဲအရာရှိက ဆက်လက် ပြောကြားသည်။

ယင်းမှန်လုံအမြန်ယာဉ်မှာ မိုင်တိုင် အမှတ်၄၉အနီးရှိ ကုန်းဆင်းတွင် ချောက်အတွင်း ပြုတ်ကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူမှာ ယာဉ်မောင်းနှင့် ခရီးသည် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း၊ ဒဏ်ရာ ရရှိသူလေးဦးမှာ မုံရွာ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူ နေကြောင်း အဆိုပါ မှန်လုံယာဉ်လိုင်းထံမှ သိရသည်။

The Voice Weekly


Posted: 23 May 2013 03:33 AM PDT
ဟင်္သာတ၊ မေ ၂၂

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့ စိတ္တသုခလမ်းတွင် ဇနီးဖြစ်သူ သေဆုံးပြီး နှစ်ပတ်ကျော်အကြာတွင် ခင်ပွန်းဖြစ်သူ အဆိပ်သောက်သေဆုံးမှု မေလ ၁၉ ရက်နေ့ နံနက် ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့ခံများထံမှ သိရသည်။

အဆိပ်သောက် သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ်ရှိ ဦးဖြိုးဝေလှိုင် ဖြစ်ပြီး မေလ ၂ ရက်နေ့က ဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ကျ သေဆုံးသွားသည့်အတွက် ဝမ်းနည်းကြေကွဲကာ အဆိပ်သောက်ခြင်း ဖြစ်ကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကို သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၃ ဖြင့် အမှုဖွင့်ထား ကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ သိရသည်။

The Voice Weekly


Posted: 23 May 2013 03:25 AM PDT
မေလ(၂၄)ရက်နေ့ ထုတ် ရှေ့ဆောင်ဂျာနယ်အတွဲ(၁) အမှတ် (၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 23 May 2013 02:52 AM PDT
မေလ(၂၅)ရက်နေ့ ထုတ် Net Guide Journal ဂျာနယ် အတွဲ ၂ အမှတ် ၈၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 23 May 2013 02:55 AM PDT
မေလ(၂၃)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ ၂ အမှတ်၂၀
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 23 May 2013 02:44 AM PDT
မေလ(၂၃)ရက်နေ့ ထုတ် ပညာပဒေသာ ဂျာနယ် အတွဲ ၂ အမှတ် ၁၇
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 23 May 2013 02:42 AM PDT
မေလ(၂၂)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် ဆေးပညာ ဂျာနယ် အတွဲ ၂ အမှတ် ၁၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 23 May 2013 02:33 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘင်္ဂါလီလူမျိုး စာရင်းကောက်ခံ ရာတွင် စစ်ဆေးရေးအဖွဲ့ များကို ခဲများဖြင့်ပစ်ပေါက်ကာ ဆူပူမှု ဖန်တီးခဲ့ရာတွင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားသူဟု ယူဆရသူ ၁၅ ဦးကို ဖမ်းဆီး စစ်ဆေးနေပြီး ရက်ပိုင်းအတွင်း တရားရုံးတင် စစ်ဆေးမည်ဖြစ်ကြောင်း စစ်တွေမြို့ အမှတ်(၁) ရဲတပ်ဖွဲ့စခန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


26-4-2013နေ့တွင် ဘင်္ဂါလီလူမျိုး စာရင်းကောက်ခံ ရာတွင် စစ်ဆေးရေးအဖွဲ့ များကို ခဲများဖြင့်ပစ်ပေါက်ကာ ဆူပူမှု ဖန်တီးခဲ့ ။ ဓါတ်ပုံ - RSV

Posted: 23 May 2013 02:39 AM PDT
ဂျာကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ကြိုးကိုင် စီစဉ်သူဟု ယူဆရသူတဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ညတွင် ဖမ်းဆီးရမိလိုက်သည်။ ည ၈ နာရီခွဲအချိန်က ဂျာကာတာမြို့တော် မြောက်ပိုင်း၌ ဖမ်းဆီးရမိသူ ဆီဂျစ် ဆိုသူမှာ ရဲက အလိုရှိနေသူ တဦးလည်းဖြစ်ပြီး မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ဦးဆောင်သူ တဦးအဖြစ်လည်း သံသယရှိ ထားသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဘွိုင် ရဖ်လီ အမားရ် အား ကိုးကား၍ အေပီ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးသို့ ဆန္ဒပြသူများ မလာမီ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးပေးရန် ၂၀၁၃ ခုနှစ်၊ မေလ ၃ ရက်နေ့က ရောက်ရှိလာကြစဉ်။ (ဓာတ်ပုံ - AFP)

Posted: 23 May 2013 02:05 AM PDT
ရန်ကုန်၊ မေ ၂၂

နှစ်ပေါင်း ၄၆ နှစ်ကြာ ပထမဦးဆုံး အဖြစ် အမေရိကန် ပြည်ထောင်စုသို့ တရားဝင် သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အပြီးတွင် အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို အပြီးသတ်ဖယ်ရှားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ ရီပတ်ဘလစ်ကန်ပါတီ ဆီးနိတ်လွှတ်တော်အမတ် Mr. Mitch McConnell က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စု သမိုင်းဝင်ခရီးစဉ် တတိယမြောက်နေ့ အမေရိကန် ပြည်ထောင်စု လွှတ်တော်အဆောက်အအုံတွင် လွှတ်တော် အမတ်များနှင့် တွေ့ဆုံရာ၌ ၄င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Mr. Mitch McConnell သည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ရန် အစဉ်တစိုက်ဦးဆောင် လှုပ်ရှားခဲ့သူဖြစ်ပြီး ယခုသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင်မူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့် ဥပဒေများကို သက်တမ်းတိုးရန် အဆိုတင်သွင်းပါက ယင်းဥပဒေများကို ဖယ်ရှားပေးရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
"ပိတ်ဆို့မှုတွေကို တစ်ဖန်အသက် ပြန်ဝင်လာအောင် ဆောင်ရွက်ခြင်းက ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို စော်ကားသလို ဖြစ်စေမယ့်အပြင် နောက်ကြောင်း ပြန်လှည့်လိုသူတွေကို အားပေးအားမြောက် လုပ်သလို ဖြစ်နေလိမ့်မယ်" ဟု ၄င်းကဆိုသည်။

အမေရိကန်အစိုးရက ချမှတ်ထားသော ပိတ်ဆို့မှုများကို ဖက်ဒရယ်ဥပဒေ ငါးခု၊ သမ္မတအထူး အာဏာလေးခုဖြင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။

သမ္မတအမိန့်ဖြင့် မြန်မာနိုင်ငံဘက်မှ တိုးတက်အခြေအနေများပေါ် မူတည်၍ ဖြေလျော့နိုင်သော်လည်း အချို့ပိတ်ဆို့မှု များသည် ဥပဒေများနှင့် ကန့်သတ်ထိန်းချုပ် ထားသည့်အတွက် အုပ်ချုပ်ရေးဘက်က သီးသန့် အထူးအာဏာဖြင့် ဆောင်ရွက်၍ မရသော အခြေအနေများ ရှိနေသေး ကြောင်း နိုင်ငံ ရေးဆောင်းပါးရှင် မှူးဇော်က ဆိုသည်။
"အတိုချုပ်ပြောရရင် မြန်မာနိုင်ငံကို ပိတ်ဆို့ထားတဲ့ ဆန်ရှင်က ကွန်ဂရက် (လွှတ်တော်) ပေါ်မှာ အများကြီး မူတည်နေပါတယ်" ဟု ၄င်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာ လိမ့်မည်ဟု ၄င်းတို့အနေနှင့် မည်သို့မျှ မျှော်လင့်မထားဘဲ ယခုအချိန်သည် အမေရိကန် ပြည်ထောင်စုလွှတ်တော် အနေနှင့်လည်း တာဝန်သိသော လိုက်လျောမှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း အမေရိကန် ဆီးနိတ်လွှတ်တော်တွင် သြဇာကြီးမားသော လူနည်းစု ရီပတ်ဘလီကင် ခေါင်းဆောင်တစ်ဦး ဖြစ်သည့် Mr. Mitch McConnell က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အမေရိကန်အစိုးရ၏ ဖိအားပေးမှု လျော့ကျမည်ကို ပြန်လည် ထိန်းညှိသောအားဖြင့် မြန်မာအစိုးရ၏ အကြီးမားဆုံး ဝင်ငွေ အရင်းအမြစ်ဖြစ်သည့် ကျောက်မျက်တင်သွင်းမှုကို ပိတ်ပင်သည့် ဥပေဒကို ဆက်လက်တည်ရှိစေမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားကလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများစွာကို ဖြေလျော့ပေးခဲ့ပြီး ဖြစ်သော်လည်း ပိတ်ဆို့မှုများ အချိန်မရွေး ပြန်စတင်နိုင်သည့် အချက်ကို ထားရှိသွားမည် ဖြစ်ပြီး ယင်းအချက်သည် မြန်မာအစိုးရ၏ နိုင်ငံပြုပြင်ပြောင်းလဲရေး နှင့် ပြဿနာများကို ဖြေရှင်းရာတွင် များစွာ အထောက်အပံ့ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၄င်းကရှင်းပြသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်း လာစေရေး၊ လူ့အခွင့်အရေး အကာအကွယ် ပေးစေရေး၊ ပွင့်လင်းမြင်သာမှု ရှိလာစေရေး၊ တရားဥပဒေစိုးမိုးမှု ရှိလာစေရေးတို့ကို
ရည်ရွယ်၍ ပိတ်ဆို့မှုအရေးယူမှုများကို ကိရိယာတစ်ခုအဖြစ် အသုံးပြု ဖိအားပေးခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု မျှော်မှန်းထားသည့်အတိုင်း ပြုပြင်ပြောင်းလဲမှုများ ရှိလာချိန်တွင် အဆိုပါကန့်သတ် ပိတ်ပင်မှုများသည် လက်ရှိအခြေအနေနှင့် သဟဇာတဖြစ် မဖြစ် အမေရိကန်က အမှန်တိုင်း ကြည့်မြင်နိုင်ရန် လိုအပ်နေကြောင်း မှူးဇော်က ပြောဆိုသည်။
သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့
သော ဆီးနိတ်လွှတ်တော်အမတ် Mr. Mitch Mc Connell သည် မြန်မာနိုင်ငံသို့ အောက်လွှတ်တော်အမတ် အချို့နှင့် လာရောက်ခဲ့ပြီး ဒုတိယသမ္မတနှင့် တွေ့ဆုံ ခဲ့ဖူးသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် သမ္မတဘားရက်အိုဘားမား၏ ဒီမိုကရက်တစ် ပါတီမှ လွှတ်တော်အမတ် လေးဦးနှင့်လည်း တွေ့ဆုံခဲ့ပြီး ၄င်းတို့က သမ္မတဦးသိန်းစိန်ကို လက်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ပြည်တွင်းပဋိပက္ခ များကို အမြန်ဆုံး ဖြေရှင်းရန် တိုက်တွန်းပြောကြားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် ၁၉၄၇ ခုနှစ်က သံတမန် ဆက်ဆံရေး စတင်ခဲ့ သော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းတွင် အကြမ်းဖက်မှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်များကို အသိအမှတ် မပြုခဲ့သောကြောင့် ၁၉၉၆ ခုနှစ် အမေရိကန် ပြည်ထောင်စုကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Charge d’ Affaires ကို ပြန်လည်ရုပ်သိမ်း၍ သံအဆင့်လျော့ချ ဆက်ဆံခဲ့သည်။

သို့သော် အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် သမ္မတဂျော့ဒဗလျူဘုရှ် လက်ထက် ၂၀၀၃ ခုနှစ်တွင်မြန်မာနိုင်ငံအပေါ် ပို့ကုန်၊ သွင်းကုန်၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ဘဏ္ဍာရေး အထောက်အပံ့၊ အစိုးရအရာရှိများ ပြည်ဝင်ခွင့်ပိတ်ပင်မှု စသည့် အလုံးစုံပိတ်ဆို့မှုကို စတင်ခဲ့သည်။

သမ္မတအိုဘားမားသည် မြန်မာအစိုးရသစ်၏ ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုဆိုသည့် အနေဖြင့်ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်း ခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၂၀ ရက်နေ့မှ ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့အထိ တစ်နှစ် ဆိုင်းငံ့ပေးခဲ့သည်။
ယင်းဆိုင်းငံ့မှုကို နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား က မေလ၂ ရက်နေ့တွင်ပင် ထုတ်ပြန် ကြေညာခဲ့သည်။

သို့သော် သတ်မှတ်ထားသည့် ပုဂ္ဂိုလ်အချို့ နိုင်ငံသားဖြစ်ခွင့်၊ ပြည်ဝင်ခွင့် ပိတ်ပင်မှု၊ ကျောက်စိမ်းကျောက်မျက် ရောင်းဝယ်မှု၊ လက်နက်ရောင်းဝယ်မှု တို့ကိုမူ ဆက်လက်ပိတ်ပင်ထားမှု တည်ရှိနေမည် ဖြစ်ကြောင်း ၄င်းက ကြေညာထားသည်။

The Voice Weekly


Posted: 23 May 2013 01:22 AM PDT
မိမိကိုယ်ကိုယ်မိမိ ဒေါက်တာဆိတ်ဖွားပါလို့ တရားဝင် လာရောက်ဝန်ခံသူ မရှိပေမယ့် သူအယ်ဒီတာချုပ်လုပ်တဲ့ ဂျာနယ်မှာ ဒေါက်တာဆိတ်ဖွား ကလောင်အမည်နဲ့ ဆောင်းပါး ဖော်ပြခဲ့သူ၊ ဂျာနယ်ပါ ဒေါက်တာဆိတ်ဖွား ဆိုသူရဲ့ ဆောင်းပါးကို တာဝန်ယူပါတယ်လို့ ပြောဆိုသူကို ဒေါက်တာဆိတ်ဖွားအဖြစ် လွှတ်တော်စုံစမ်းရေးကော်မရှင်က သုံးသပ်ထားကြောင်း ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ဒီဗွီဘီကို ပြောပါတယ်။

ကော်မရှင်ဟာ ဒေါက်တာဆိတ်ဖွားရေးတဲ့ စာတွေနဲ့ အဲဒီအယ်ဒီတာချုပ် ရေးတဲ့ အရေးအသား၊ ရေးဟန်၊ မြန်မာစကားလုံး အသုံးပြုပုံ စတာတွေကို နှိုင်းယှဉ်စစ်ဆေးကြည့်ရှုပြီး ခုလို ကောက်ချက်ချလိုက်တာလို့ သူက ရှင်းပြပါတယ်။

ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ သူအနေနဲ့ Smart News ဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်စဉ် အင်တာနက်မှာ ဖော်ပြထားတဲ့ မည်သူကိုမှ ထိခိုက်နစ်နာစေခြင်း မရှိတဲ့ ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါး ၁ ပုဒ်ကို ဖော်ပြခဲ့ဖူးတာ မှန်ကြောင်း၊ ဒါပေမယ့် ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာကိုတော့ မသိကြောင်း၊ သူဖော်ပြခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်တာတွေကိုတော့ သူတာဝန်ယူကြောင်း ဒီဗွီဘီကို ရှင်းပြခဲ့ဖူးပါတယ်။

by ဒီဗွီဘီ


Posted: 23 May 2013 01:17 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့နယ်တွင် လမ်းပြုပြင်ရာမှ တောင်သူ လယ်သမားများ  နစ်နာဆုံးရုံးမှု့များပြား သဖြင့် ဒေသခံ လယ်သမား ဒုက္ခရောက်နေကြကြောင်း သိရပါတယ်။

 ပုလဲမြို့၏ အနောက်ဘက် ၂ မိုင်အကွာ နွယ်ရှောက်ကျေးရွာမှ ပုလဲ-ဂန့်ဂေါ လမ်းမကြီးဆီသို့ ဆက်သွယ်သွားသော လမ်းဟောင်းအား ပြုပြင်ရာတွင် လမ်း၏ အကျယ်အဝန်းမှာ သတ်မှတ် နယ်နိမိတ်ထက် အများအပြား ပိုနေပါသဖြင့် လမ်းဘေးဝဲယာရှိ ယာမြေများ ပျက်ဆီး ဆုံးရှုံးမှုကြောင့် တောင်သူလယ်သမားများ ဒုက္ခရောက်သည့်အပြင် အချို့သော တောင်သူ လယ်သမားများမှာ ယာမြေ တစ်ကွက်သာရှိသည့် အတွက် အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိ ခဲ့ကြောင်း ဒေသခံ လယ်သမားများက Myanmar News Now ကို ပြောပါတယ်။

ပုလဲမြို့ နယ်မှာ လမ်းချဲ့ ထွင်မှုကြောင့် ဒေသခံ လယ်သမား ဆုံးရှုံးမှု များပြား



Posted: 23 May 2013 01:06 AM PDT
မိမိကိုယ်ကိုယ်မိမိ ဒေါက်တာဆိတ်ဖွားပါလို့ တရားဝင် လာရောက်ဝန်ခံသူ မရှိပေမယ့် သူအယ်ဒီတာချုပ်လုပ်တဲ့ ဂျာနယ်မှာ ဒေါက်တာဆိတ်ဖွား ကလောင်အမည်နဲ့ ဆောင်းပါး ဖော်ပြခဲ့သူ၊ ဂျာနယ်ပါ ဒေါက်တာဆိတ်ဖွား ဆိုသူရဲ့ ဆောင်းပါးကို တာဝန်ယူပါတယ် လို့ ပြောဆိုသူကို ဒေါက်တာ ဆိတ်ဖွားအဖြစ် လွှတ်တော် စုံစမ်းရေးကော်မရှင်က သုံးသပ်ထားကြောင်း ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ဒီဗွီဘီ ကိုပြောပါတယ်။

ကော်မရှင်ဟာ ဒေါက်တာဆိတ်ဖွားရေးတဲ့ စာတွေနဲ့ အဲဒီ အယ်ဒီတာချုပ် ရေးတဲ့ အရေးအသား၊ ရေးဟန်၊ မြန်မာစကားလုံး အသုံးပြုပုံ စတာတွေကို နှိုင်းယှဉ်စစ်ဆေး ကြည့်ရှုပြီး ခုလို ကောက်ချက်ချ လိုက်တာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

DVB TV News


Posted: 23 May 2013 12:50 AM PDT
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ မှာ ၂၀၁၃ မေလ ၂၃ ရက်နေ့ က မနက်ပိုင်း က လေတပ်ဗိုလ်ကြီး သားအဖ က အိမ်ရှေ့ မှာ ကားလာရပ်တဲ့ မိန်းခလေးတဦးကို ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။  ပုသိမ်ဘူတာ ဈေးရှေု့မှ နေထိုင်တဲ့ ဒေါက်တာအောင်ငြိမ်းနှင့် သူ့သား လေတပ်ဗိုလ်ကြီး ဖြိုးပြည့်အောင်တို့မှ အိမ်ရှေ့တွင် ရပ်ထားသော ကားမှ ပါသော မိန်းခလေး တယောက်အား  ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 ဓါတ်ပုံ ၊ ။ ပုသိမ်မြို့မှာ လေတပ်ဗိုလ်ကြီး သားအဖမှ မိန်းခလေးတယောက်အား ၀ိုင်းရိုက်မှု ဖြစ်ပွားစဉ်






Posted: 22 May 2013 09:22 PM PDT
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာပြည်မှာ ဒီမိုကရေစီစံနစ်ကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်တယ်။ အခက်အခဲတွေကို ရင်ဆိုင်ရင်း ပြုပြင် ပြောင်းလဲရေးလမ်းကို ဆက်လျှောက်မယ်လို့ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးအနေနဲ့ ပြောဆိုနေရုံနဲ့မပြီးပဲ အလုပ်နဲ့ပါသက်သေပြဖို့သင့်ပြီလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 May 2013 08:45 PM PDT
အီရန် နိုင်ငံမှာ လာမယ့်လမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင် နိုင်ခွင့် ရှိသူ စာရင်းကို Guardian Council က ထုတ်ပြန်ခဲ့ ရာမှာ အီရန် သမ္မတ အာမက် ဒီနီဂျတ် ရဲ့ အနီးကပ် မဟာမိတ် ဖြစ်သူ Esfandiar Rahim Mashaeiရော အရင် သမ္မတဟောင်း Akbar Hashemi Rafsanjani ပါ မပါ ဝင်ခဲ့ပါဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အီရန် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြခွင့် ရကြသူများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...