Wednesday, May 29, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၅)

သစ်ထူးလွင်



Posted: 29 May 2013 07:11 AM PDT
လားရှိုးအာဏာပိုင်တွေက ပုဒ်မ ၁၄၄ အရေးပေါ်အခြေအနေတွေ   ကြေညာထားပေမယ့်လည်း ဒီနေ့ မွန်းလွဲပိုင်းကစပြီး လူအုပ်စုတစုက ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတဦး ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခံရပြီးတဲ့ နောက်ပိုင်း အဆောက်အဦ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားတဲ့အတွက်  သက်ဆိုင်ရာ အာဏာပိုင်တွေက ညတွင်းချင်း အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် ဒီနေ့ ထပ်မံ ဖြစ်ပွားတာပါ။

မျက်မြင်ဒေသခံတဦးက “လူအုပ်ကြီး ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ ရွေ့လျားသွားနေတော့ ဟိုဘက်လုံခြုံရေးချ ဒီဘက်သွား၊ ဒီဘက်ချ ဟိုသွားနဲ့ ဟိုရွေ့ဒီရွေ့ဖြစ်နေတယ်။ ရုပ်ရှင်ရုံကို ခဲနဲ့ထုတယ်၊ ကျက်တန်းတခုက စားသောက်ဆိုင်တွေကို ဖျက်တယ်၊ သာရေးနာရေးကားတွေကို မီးရှို့လိုက်တယ်” လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးမှုတွေကို သတင်းရယူနေတဲ့ အိုင်စီဂျေ သတင်းထောက် ၂ ဦး လည်း ၇ ရပ်ကွက်ထဲမှာ လူအုပ်စုတစုရဲ့ ရိုက်နှက်တာ ခံခဲ့ရပါတယ်။

အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။”

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ  လားရှိုးမြို့ခံ ဦးစိုင်းမြင့်မောင်ကလည်း ဒီနေ့မွန်းလွဲပိုင်းက စပြီး ဆူပူမှုတွေ ထပ်ဖြစ်ကြောင်း၊ ၂ ရပ်ကွက်ထဲက သီတာအေး ရုပ်ရှင်ရုံအတွင်းပိုင်း မီးလောင်ပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ၇ ရပ်ကွက်ထဲမှာ ဈေးဆိုင်ဖျက်ဆီးမှုတွေရှိတယ်လို့ ပြောပါတယ်။

“ဒီနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်စ ထပ်ဖြစ်တယ်။ သီတာအေးရုပ်ရှင်ရုံ ၁ ရုံကို မီးရှို့တယ်။ အတွင်းဘက် လောင်တယ် ပြောတယ်။ အပြင်ဘက် ဆိုင်တန်းတွေ ရှို့တယ်။ ပိုင်ရှင်က ပန်းသေးဗျ။ နောက် ရပ်ကွက် ၇ ထဲက ဗလီတခုဆီ သွားတယ်ပြောတယ်။ ဖျက်သလား၊ မဖျက်သလား မသိဘူး။ ကျနော်သိသလောက်ဆို ရပ်ကွက်ကလူတွေ ဦးဆောင်တာ မဟုတ်ဘူး။ ဦးဆောင်သူတွေက ဒီမြို့မှာ မျက်မှန်းတန်းမိနေသူတွေ မဟုတ်ဘူးလို့လည်း ပြောတယ်။”

မေ ၂၈ ရက်နေ့ ညနေပိုင်းက ၈ ရပ်ကွက်ထဲမှာ  ဦးနေ၀င်းဆိုသူက ဓာတ်ဆီရောင်းသူ ဒေါ်အေးအေးဝင်းကို ဓာတ်ဆီနဲ့ ပက်ပြီး မီးရှို့ခဲ့ရာက လူအုပ်စုကြား မကျေနပ်မှုတွေ ဖြစ်ပွားပြီး  ၂၊ ၃၊ ၇ နဲ့ ၉ ရပ်ကွက်တွေက  ဗလီတခု၊ မိဘမဲ့ကျောင်းတကျောင်း၊ ဗလီဆရာသင်တန်းကျောင်းတကျောင်း  မီးရှို့ခံရပြီး ဈေးဆိုင်ပေါင်း အနည်းဆုံး ၁၀ ဆိုင်နဲ့ နေအိမ် ၃ လုံး ဖျက်ဆီးခံခဲ့ရပါတယ်။

မီးရှို့ခံရသူ ဒေါ်အေးအေးဝင်းကို မြို့ခံတွေက လားရှိုးဆေးရုံမှာ ပို့ဆောင်ကုသထားပြီး ဦးနေ၀င်းကိုတော့ အမှတ် ၁ မြို့မရဲစခန်းက  အရေးယူထားပြီး လုံခြုံရေးတွေလည်း တိုးမြှင့်ချထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်သာသနာရေးရာကောင်စီဌာနချု
ပ် ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်ကတော့ ပဋိပက္ခဖြစ်ပျက်မှုတွေက ဘူးသီးတောင်၊ မောင်တောတွေလိုပဲ တပုံစံတည်းလို ဖြစ်နေတာ မကောင်းကြောင်းနဲ့ လူ ၂ ဦးချင်း ဖြစ်တဲ့ပြဿနာကို တရားဥပဒေနဲ့သာ ဖြေရှင်းသင့်ပြီး အများပြည်သူပိုင်ပစ္စည်းတွေ မဖျက်ဆီးသင့်ဘူးလို့ ပြောပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဗုဒ္ဓဘာသာသံဃာတော်တွေ၊ အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီနေ့ မွန်းလွဲပိုင်းက လားရှိုးမြို့တော်ခန်းမမှာ တွေ့ဆုံဆွေးနွေးပြီး ပဋိပက္ခဖြစ်ပွားမှုဟာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့အကြောင်းတွေ ရှင်းလင်းပြောကြားခဲ့ပါတယ်။

by နန်းမြနဒီ (ဒီဗွီဘီ)



Posted: 29 May 2013 06:37 AM PDT
မေလ(၂၉)
ညနေ နှစ်နာရီကျော်မှ လားရှိုးမြို့ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ကနဦးသတင်း အများအရ ဒဏ်ရာရရှိသူ လေးဦး၊ သေဆုံးသူ တစ်ဦးရှိကြောင်း သိရှိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီးလည်း လားရှိုးမြို့ ကို ရောက်ရှိနေပါတယ်။ ရဲတပ်ဖွဲ့ကလည်း သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်လို့လည်း သိရပါတယ်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်တို့ကလည်း ဘာသာရေးခေါင်းဆောင်များနဲ့ အတူ နှစ်ဘက်တိုက်ခိုက်မှုများ ရပ်တန့်အောင်ဆောင်ရွက်နေပါတယ်။

လားရှိုးမြို့ ဆူပူအကြမ်း ဖက်မှုများအား လုံခြုံရေးတပ်ဖွဲ့များမှ တားဆီးအရေးယူမှုများ ပြုလုပ် နေပါတယ်။

သတင်း - ဓါတ်ပုံ ။ ။ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ် (Facebook)






Posted: 29 May 2013 06:27 AM PDT
မေ ၂၈ ရက်နေ့ ညနေ ၁၆၁၅ နာရီမှာ မအေးအေးဝင်း ( ၂၄) နှစ်ကို ကျိုင်းတုံကနေ ရောက်ရှိ နေထိုင်နေတဲ့ နေ၀င်း (၄၈) နှစ်က ဓာတ်ဆီနဲ့ ပတ်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

နေ၀င်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးတဲ့အခါ အကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွ ဆေးပြား နှစ်ပြားပါတွေ့ရှိတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊ ၃၂၆ တို့ အပြင် မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) နဲ့ ပါ အမှုဖွင့်အရေးယူခဲ့ပါတယ်။

ညနေ ၁၇၄၅ နာရီမှာ သံဃာ ၅၀ ပါးခန့်နဲ့ လူ ၈၀ ခန့် အမှတ် ၁ ရဲစခန်းရှေ့ကိုရောက် လာတဲ့ အတွက် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖျောင်းဖျလူစုခွဲခဲ့ပါတယ်။

ည ၁၉၂၀ နာရီမှာ ပြည်နယ် ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားက ဆိုင်တစ်ဆိုင်ရဲ့ရှေ့က ခုံအချို့ ကို လူအုပ်စုနဲ့ ရိုက်ချိုးဖျက်ဆီးမှုစဖြစ်ပါတယ်။ ၁၉၂၅ မှာ ရပ်ကွက် ၃ က ဘာသာရေး အဆောက် အဦကို စတင်ဖျက်ဆီးမီးရှို့ပါတယ်။ ၁၉၄၀ နာရီမှာ ရဲတပ်ဖွဲ့များရောက်ရှိပြီး လူစုခွဲခြင်း၊ မီးသတ် နဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခြင်းများပြုလုပ်ပါ
တယ်။

ည ၈ နာရီမှာ အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းနဲ့ ကြာနီကန်လမ်းထောင့်ရှိ မိဘမဲ့ ကလေး ကျောင်းအောက်ရှိ ဈေးဆိုင်ခန်းများ၊ ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားရှိ ဆိုင်ခန်းများ ကို တိုက်ခိုက်ဖျက်ဆီးမှုဖြစ်ပါတယ်။ ၂၀၃၅ နာရီမှာ လုံခြုံရေးတပ်ဖွဲ့များက အဲဒီအဖွဲ့များကို တားဆီးလူစုခွဲခဲ့ပါတယ်။ ည ၂၃၃၀ မှာ မီးအားလုံးငြိမ်းသတ်နိုင်ခဲ့ပါ
တယ်။

ယခုအချိန်ထိ လူထိခိုက်သေဆုံးတဲ့သတင်းမရရှိေ
သးပါဘူး။

လားရှိုးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးတပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက် လျှက်ရှိပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများက နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုများမဖြစ်
အောင် ပူးပေါင်းဆောင်ရွက် နေပါတယ်။

 ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ် (Facebook)


Posted: 29 May 2013 05:44 AM PDT
ရန်ကုန်၊ မေ- ၂၇

အလုပ်သမားများ ဆန္ဒပြတောင်းဆို မှုများအပေါ် ပြည်ပရင်းနှီး မြှုပ်နှံသူများက စိုးရိမ်မှုများ ရှိနေသောကြောင့် အလုပ်ရှင်များက အလုပ်သမားများကို ထိုက်သင့်သော လုပ်ခပေးသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေက လှိုင်သာယာ မြို့နယ်ရှိ ကနောင်ခန်းမတွင် တိုက်တွန်းပြောကြားခဲ့သည်။

“ရင်းနှီးမြှုပ်နှံမယ့်သူတွေက တစ်နေ့နှစ်ဖွဲ့၊ သုံးဖွဲ့ဆန္ဒပြတာ တွေ့နေတော့ မင်းတို့ စက်ရုံအလုပ်သမားတွေက နင်းကန်ပြီး တောင်းနေတာ လားလို့ အမြဲမေးတယ်။ ကျွန်တော်တို့ကလည်း အလုပ်သမားဥပဒေလည်း ထွက်နေပါပြီ။ အနိမ့်ဆုံးလုပ်ခလည်း ဘယ်လောက်ဆိုတာ သတ်မှတ် နေပါပြီလို့ပြောရတယ်။ ဒီဟာတွေကို သူတို့ဘက်ကကြောက်နေပါတယ်”ဟု ၀န်ကြီးချုပ်ဦးမြင့်ဆွေကပြော
သည်။

ယခုနှစ် ဇန်န၀ါရီမှ မေလကုန်ပိုင်းအထိ အခြေခံလုပ်ခလစာတိုးမြှင့်ရေးနှ
င့် ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြစ်ပွားသော စက်ရုံပေါင်း ၂၀ ကျော်ရှိကာ စုပေါင်းတောင်းဆိုသော လုပ်သားခြောက်ထောင်ကျော်ရှိခဲ့ကြောင်း သတင်းရရှိသည်။လုပ်ခလစာနှုန်းထားနှင့် ပတ်
သက်၍ လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဒုအတွင်းေ
ရးမှူး ဦးအေးထွန်းက “အလုပ်ရှင်အများစုက ကျွန်တော်တို့ဘာလို့ပိုမပေးနိုင် လည်းဆိုရင် ကျွန်တော်တို့ အမြတ်များများရမှ ပေးနိုင်မှာပေါ့။ လက်ရှိ မြန်မာဈေးကွက်က သေးနေတော့ ပြဿနာဖြစ်နေတာ”ဟုဆိုသည်။

7Day News Journal


Posted: 29 May 2013 05:41 AM PDT
ရန်ကုန်၊ မေ ၂၈

မြန်မာနိုင်ငံတွင် သန့်ရှင်းသော သောက်သုံးရေရရှိမှု အားနည်းသောကြောင့် အသက်ငါးနှစ်အောက် ကလေး လေးသောင်းခန့် ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် နှစ်စဉ် သေဆုံးလျက် ရှိကြောင်း အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ သမီး ဖြစ်သူ ကလင်တန်ဖောင်ဒေးရှင်းမှ ချယ်လ်ဆီး ကလင်တန်က မေလ ၂၇ ရက်နေ့ Procter & Gamble (P&G) နှင့် ကလင်တန် ဖောင်ဒေးရှင်းတို့၏ ရေခြောက်ဘီလီယံ လီတာမြောက် ရေလှူဒါန်းပွဲတွင် ပြောကြားသည်။

သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးပြီး ကမ္ဘာပေါ်ရှိ ကလေးတစ်သန်းခန့်သည် ဝမ်းပျက်ခြင်းနှင့် ခန္ဓာကိုယ်တွင်း ရေခန်းခြောက်ခြင်းကြောင့် နှစ်စဉ် သေဆုံးနေကြကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အမေရိကန် အစိုးရ၏ နိုင်ငံတကာ ကူညီပံ့ပိုးမှု အစီအစဉ် (USAID) က လာမည့် ၂ နှစ်အတွင်း သောက်သုံးရေရရှိမှု၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး တိုးတက်စေရန် အမေရိကန်ဒေါ်လာနှစ်သန်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း အဆိုပါပွဲတွင်ပင် USAID က ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် သောက်သုံးရေ ရရှိမှု တိုးတက်လာသော်လည်း လုံလောက် သောအခြေအနေ မရရှိသေးသည့်အတွက် ကျန်းမာရေးထိခိုက်သူ များစွာကျန်ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီမှာ ရာသီဥတု အပြောင်းအလဲကြောင့် ရေကောင်းရေသန့် မပြောနဲ့ ရေရဖို့တောင် မနည်း ရုန်းကန်နေရတယ်” ဟု World Vision ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး အဖွဲ့၏ ဒါရိုက်တာ ဦးဝင်းဇင်ဦးက ပြောဆိုသည်။

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ယခုနှစ် နွေရာသီ၌ ရေရှားပါးမှု အခက်အခဲများ ပိုရင်ဆိုင်ခဲ့ ရသည်။

The Voice Weekly


Posted: 29 May 2013 05:36 AM PDT
မြဝတီ၊ မေ ၂၈
ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်စဉ် အလှူငွေ ကောက်ခံခြင်းကို နှစ်စဉ်တင်းကျပ်စွာ တားမြစ်ထားသော်လည်း မြဝတီမြို့ရှိ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် အလှူငွေ ကောက်ခံခြင်းကြောင့် ကျောင်းသားမိဘများ ကိုယ်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ မေလ ၂၆ ရက်နေ့တွင် လာရောက်တိုင်ကြား ထားကြောင်း အုပ်ချုပ်ရေးမှူး ဦးစိုးနောင် က The Voice သို့ပြောကြားသည်။

အဆိုပါကျောင်းမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူတိုင်းကို ကျောင်းအပ်ရာတွင် ငွေကျပ်သုံးထောင်စီ ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်တိုင်ကြုံ တွေ့ခဲ့သူ မိဘများထံမှ သိရသည်။
"အစိုးရက မူလတန်းအဆင့်တွေ အားလုံး အခမဲ့ပညာရေးစနစ် ဆောင်ရွက် နေချိန်မှာ ဒီလိုငွေကြေးတောင်းခံတာ မပြုလုပ်ရဘူးလို့ ပြောထားတဲ့အတွက် အရေးယူဆောင်ရွက်ဖို့ မြို့နယ်အုပ်ချုပ်ရေးကို တင်ထားတယ်"ဟု အုပ်ချုပ်ရေးမှူး ဦးစိုးနောင်က ပြောဆိုသည်။

"ငွေကြေးကောက်ခံတဲ့ ပညာရေး ဝန်ထမ်းကို သေချာစစ်ဆေးပြီး အရေးယူ ဆောင်ရွက်သွားမယ်" ဟု မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က The Voice သို့ ထပ်လောင်းပြောဆိုသည်။

ပညာရေးဝန်ကြီးဌာနက မသင်မနေရ မူလတန်းပညာရေးစနစ် အတွက် ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းဝင်ကြေး အခမဲ့အပြင် ပြဋ္ဌာန်းစာအုပ်များ၊ ဗလာ စာအုပ်ခြောက်အုပ်နှင့် ငွေကျပ်တစ်ထောင်စီ ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။

The Voice Weekly


Posted: 29 May 2013 05:34 AM PDT
ရန်ကုန်၊ မေ ၂၈

ရွှေတီဂုံ စေတီတော်တွင် အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်း ဦးရဲမင်းဦး လွတ်မြောက်စေရန် စာရွက်များ ကိုင်ဆောင်၍ မေတ္တာပို့ ဆန္ဒဖော် ထုတ်ရာတွင် ဦးဆောင်နေသော မကွေးဆရာတော်ကို မေလ ၂၈ရက်နေ့ မွန်းလွဲ ၁နာရီ မိနစ် ၃၀ တွင် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့မှ ဆရာတော်ကြီးများက ခေါ်ယူတွေ့ဆုံရန် စီစဉ် ထားသော်လည်း ယင်းအစီအစဉ် ပျက်သွားကြောင်း ရန်ကုန်တိုင်း သံဃနာယက အဖွဲ့မှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။

စာရွက်စာတမ်းများ ကိုင်ဆောင်၍ ရွှေတိဂုံစေတီတွင် ဆန္ဒဖော် ထုတ်နေသော ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ မကွေးပရိယတ္တိ စာသင်တိုက် ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခကို လိုအပ်သလို ဆောင်ရွက် ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးသံဃ နာယကအဖွဲ့ ရုံးတည်ရာ ဗဟန်းမြို့နယ် ကြားတောရလမ်းတွင် မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁နာရီ မိနစ် ၃၀ ၌ ချိန်းဆိုထားရာမှ ပျက်ပြယ်သွားခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များက တိုင်းသံဃနာယက ရုံးရှေ့တွင် အဆိုပါဆရာတော် တစ်ပါးတည်းကိုသာ ဝင်ရောက်ခွင့်ပေးရာ နောက်လိုက်သံဃများက လိုက်ပါခွင့်ရရန် ကြိုးပမ်းရာမှ မွန်းလွဲ ၂ နာရီကျော် အထိ မပြေလည်သဖြင့် လှည့်ပြန်ခဲ့ကြောင်း မကွေး ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

"သံဃတွေရှေ့မှာ ပွင့်ပွင့်လင်းလင်း မေးမြန်းစေချင်တာ" ဟု မကွေးဆရာတော် က ရှင်းပြသည်။

နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်တာ မဟုတ်သဖြင့် ရွှေတိဂုံစေတီ အရှေ့ ဘက်စောင်းတန်းကြေးသွန်း ဘုရားရှေ့၌ လာမည့်ဗုဒ္ဓဟူးနေ့တွင် ဦးရဲမင်းဦးအတွက် စာရွက်များ မကိုင်တော့ဘဲ မေတ္တသုတ်ရွတ်ဖတ်မည်ဖြစ်ကြောင်း မကွေးဆရာတော် က ဆက်လက်မိန့်ကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ကြီးများက မကွေး ဆရာတော် ဦးပါမောက္ခနှင့် ထပ်မံတွေ့ဆုံရန် လတ်တလော မသတ်မှတ်ရသေးကြောင်း ယင်းသံဃနာယကအဖွဲ့ ထံမှသိရသည်။

"တားမြစ်ချက်တွေကို ဦးပါမောက္ခ က ဆက်လုပ်ရင်တော့ တိုင်းသံဃနာယက အဖွဲ့နဲ့ မဆိုင်တော့ဘဲ အာဏာပိုင်များရဲ့ အရေးယူမှုပေါ်သာ မူတည်ပါတယ်"ဟု ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ မှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။

The Voice Weekly


Posted: 29 May 2013 05:32 AM PDT
ပြည်ခရိုင်၊ ပန်းတောင်းမြို့က သိမ်းဆည်းခံ လယ်ယာမြေဧက ၂သောင်းကျော် ပြန်လည်ရရှိရေးအတွက် တရားဝင် ဆန္ဒ ဖေါ်ထုတ်ခွင့် ရရှိခဲ့တာကြောင့်မေလ ၂၇ ရက်နေ့က ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ ဒေါ်ခင်မင်းဇော် ပေး ပို့ထား ပါတယ်၊ ရိုက်ကူး အိုင်စီဂျေ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 29 May 2013 05:04 AM PDT
ကရင်ပြည်နယ် မြ၀တီခရိုင် အတွင်းက ကရင် လက်နက်ကိုင်တွေ သိမ်းဆည်းမြေမှာ ထောင်ထားတဲ့ အလံတွေကို ဒီနေ့ နောက်ဆုံးထားပြီး ဖြုတ်ပေးဖို့ အစိုးရတပ်က အမိန့်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့က ရှေ့တန်းရုံးမှာ ပြုလုပ်တဲ့ အစည်းဝေးအတွင်း အစိုးရ တပ်မတော်မှ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် ထင်မော်ထွန်းက အခုလို သတိပေးပြောဆိုလိုက်တာလို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကေအန်ယူ မြ၀တီဆက်ဆံရေးရုံးရဲ့ ဒု-တာဝန်ခံ ဗိုလ်ကြီးစဂျွန်က ဒီဗွီဘီကို ပြောပါတယ်။

“ဆက်ဆံရေးရုံးမှာတပ်ထားတဲ့အလံနဲ
့ မပတ်သက်ပါဘူး။ ဌာနချုပ်ရှိတဲ့နေရာတွေ ကိုယ့်အလံကိုယ်ထောင် ဘာမှမဖြစ်ဘူး။ သူပြောတဲ့ အဓိပ္ပာယ်က တချို့က မြေကွက်တွေလိုက်သိမ်းပြီး အဲမှာစိုက်ထားတဲ့အလံကို ဆိုလိုတာ။ အဲဒီ အလံတွေကိုပဲ ပြန်ရုပ်သိမ်းပေးဖို့ပါ။ မရုပ်ပေးရင် ဥပဒေအရ အရေးယူမယ်တဲ့။”

ဒီနှစ်ဆန်းပိုင်းကစပြီး ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီနဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) တို့က မြ၀တီမြို့ အာရှလမ်းမကြီးဘေးရှိ  မြေကွက်တချို့ကို သိမ်းယူပြီး အလံတွေ စိုက်ထားတာတွေရှိတဲ့အတွက် အစိုးရဘက်က အခုလို သတိပေးလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကေဘီအေကို မေးမြန်းကြည့်ရာမှာတော့ ဒီမြေသိမ်းမှုဟာ ဒီကေဘီအေ တပ်ဖွဲ့က သိမ်းဆည်းထားတာ မဟုတ်ဘူးလို့  ဗိုလ်မှူးစောဝေထူးက ပြောပါတယ်။

ဒါအပြင် ကရင်ပြည်နယ်ရှိ  လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မြ၀တီမြို့အတွင်း လက်နက်ကိုင်ဆောင်ပြီး မသွားလာဖို့နဲ့ လက်နက်ကိုင်ဆောင်မယ်ဆိုရင် ကြိုတင်အသိပေးဖို့ ဗိုလ်မှူးချုပ် ထင်မော်ထွန်းက ပြောဆိုသွားတယ်လို့ ဗိုလ်ကြီးစဂျွန်က ပြောပါတယ်။

“အဖွဲ့အစည်းတွေအနေနဲ့ မြို့ထဲသွားလာရင် လက်နက်မကိုင်ဆောင်ဖို့၊ တကယ်လိုအပ်လို့ သွားလာစရာရှိလို့ ကိုင်ဆောင်မယ်ဆိုရင် ကြိုတင်အသိပေးဖို့ပေါ့။ စိတ်အထင်ကတော့ အခုက နိုင်ငံခြားသားတွေက ဘားအံ၊ မြ၀တီတို့အထိ လာကြတယ်ဆိုတော့ မြို့ထဲမှာ ကိုးရို့ကားယားတွေ့ရင် မကောင်းဘူးထင်လို့ အခုလို ထုတ်ပြန်တာထင်တယ်။”

ပြီးခဲ့တဲ့ မေ ၂၇ ရက်က သင်္ကန်းညီနောင်ရှိ ရှေ့တန်းစခန်းမှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ကရင်အမျိုးသားအစည်းအရုံး၊ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်ယူ/ကေအန်အယ်လ်အေ)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ) တပ်ဖွဲ့ အပါအ၀င် နယ်ခြားစောင့်တပ်နဲ့ အစိုးရတပ်က အရာရှိတွေနဲ့ မြ၀တီခရိုင်အုပ်ချုပ်ရေးအရာရှိေ
တွ တက်ရောက်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

 by နော်နိုရင်း (ဒီဗွီဘီ)


Posted: 29 May 2013 04:58 AM PDT
လားရှို့မြို့တွင် အကြမ်းဖက် ပဋိပက္ခသတင်း ရယူနေသော နယ်ခံ အလွတ်သတင်းထောက် ကိုခွန်ဇော်ဦးကို အကြမ်းဖက်သမားများက ရိုက်နှက်ကြသည့်အပြင် ကင်မရာကိုပါ ဖျက်ဆီးခဲ့မှုအပေါ် သတင်း လွတ်လပ်ခွင့် ကော်မတီ အနေဖြင့် လုံးဝ ရှုတ်ချပါသည်။

လားရှို့မြို့တွင် ရောက်ရှိနေသော သတင်းထောက်များ၏အဆိုအရ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင်
့ အာဏာပိုင်များသည် သတင်းထောက်များ၏ လုံခြုံရေးကို အာမခံခြင်းမရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု မရှိမှုဟု ကြားသိရပါသည်။

အစိုးရတာဝန်ရှိသူများ၊ မိဘပြည်သူများအနေဖြင့် သတင်းမှန်များကို တင်ပြနိုင်ရေး ကြိုးပမ်းနေသော သတင်းမီဒီယာသမားများ၏ လုံခြုံရေးကို အထူးဂရုစိုက်ပေးပါရန်နှင့် သတင်းသမားများအနေဖြင့်လည်း မိမိ၏ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုကြပါရန် အလေးအနက်ထား တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီ။
ရန်ကုန်မြို့။

Committee For Freedom of Press (Myanmar)

ဓါတ်ပုံ - DVB TV News

Posted: 29 May 2013 04:55 AM PDT
လားရှိုးမြို့ မီးရှို့မှုတွေနဲ့ ပဋိပက္ခတွေအကြောင်း  လိုက်လံသတင်း ရိုက်ယူနေတဲ့ အိုင်စီဂျေ ရုပ်သံ အလွတ် သတင်းသမား ၂ ဦးကို ဒေါသထွက်နေတဲ့ လူအုပ်စုတစ်စုက လာရောက် ရိုက်နှက်သွားတဲ့ အတွက်  ဦးခေါင်းနဲ့နောက်ကျော ဘက်တွေမှာ ဒဏ်ရာရ သွားပါတယ်။

လားရှိုးမြို့  (၇) ရပ်ကွက် အနီးနားမှာ စားသောက်ဆိုင်တခုကို ဖျက်ဆီးနေတဲ့ သတင်းယူနေစဉ် ဒီကနေ့ညနေပိုင်းက အရိုက်ခံရ တာဖြစ်ပါတယ်။

အရိုက်ခံရတဲ့ အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။”

လားရှိုးမြို့မှာ အစိုးရက ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် အခြေအနေက ဆိုးဝါးနေဆဲပဲလို့ ဆိုပါတယ်။

“လူအုပ်ကြီးက ဆိုင်ကယ်တွေ၊ ကားတွေ၊ သုံးဘီးတွေနဲ့ သွားနေတော့ ဒီဘက်မှာ လုံခြုံရေးချလိုက်ရင် ဟိုဘက်ကို သွားတယ်။ ဟိုဘက်မှာ လုံခြုံရေး ချလိုက်ရင် ဒီဘက်ကိုသွားတယ်။ ဟိုရွှေ့လိုက်ဒီရွှေ့လိုက် ဖြစ်နေတယ်။”

နန်းမြနဒီ  (ဒီဗွီဘီ)


Posted: 29 May 2013 02:13 AM PDT
တရုတ်နိုင်ငံ ဂွမ်ဇူးက သုတေသန သမားတွေက ဒီနှစ် အစောပိုင်းမှာ ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ဆန်တွေကို စမ်းသပ်ကြည့်ခဲ့ရာမှာ သူတို့က စိုးရိမ်စရာ ကောင်းတဲ့ အဖြေတွေကို ရရှိခဲ့ကြပါတယ်။

စမ်းသပ် စစ်ဆေးခဲ့တဲ့ ဆန်နမူနာ ၁၈ မျိုးရဲ့ ထက်ဝက် လောက်နီးပါးဟာ ခန္ဓာကိုယ်က ကျောက်ကပ်တွေကို အများကြီး ထိခိုက်ပျက်စီး စေနိုင်တဲ့၊ မြေဆီလွှာမှာ တွေ့ရှိရတဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ သတ္တုဓာတ် တမျိုးဖြစ်တဲ့ ကက်ဒ်မီယမ်ဓာတ် ပိုလွန်မြင့်မားတဲ့ အဆင့်ထိ ပါဝင်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆန်တွေကို ဟူနန်ပြည်နယ်နားမှာ စိုက်ပျိုးပြီး အငယ်စားထုတ်လုပ်တဲ့ ဆန်စက်တွေမှာ ကြိတ်ခွဲကြတာလို့ ယူဆရပါတယ်။

ဂွမ်ဇူး အစားအစာနဲ့ ဆေးဝါး အုပ်ချုပ်ရေးအဖွဲ့က သူ့ရဲ့ ၀က်ဘ်ဆိုက်မှာ တွေ့ရှိချက်အဖြေတွေကို ထုတ်ဝေ ဖော်ပြလိုက်တဲ့အချိန်မှာတော့ သန့်ရှင်းမှုမရှိတဲ့ အစားအသောက်တွေအကြောင်း မကောင်းသတင်းတွေ ကြားရဖန်များနေတဲ့ ပြည်သူတွေက ဒေါသထွက်ခဲ့ကြတာကတော့ မဆန်းပါဘူး။

ဩစတြေးလျရေဒီယိုက သတင်းထောက် လီယမ် ခေါ့ခရာနီက ဟောင်ကောင် ဘက်ပတစ် တက္ကသိုလ် ဇီဝဗေဒဌာနက ပါမောက္ခ ဂျွန်နသန် ဝေါင်းနဲ့ ပြောဆိုသတင်းရယူထားပါတယ်။ ယုယမိုး တင်ဆက်ပေးထားပါတယ်။

by ဒီဗွီဘီ

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 May 2013 02:09 AM PDT
ပြည်တွင်းမှာ အမေရိကန် ဒေါ်လာတန်ဖိုး အတက်ကြမ်းခဲ့တဲ့ အကျိုးဆက်ကြောင့် ကုန်စည် ထုတ်လုပ်မှုတန်ဖိုး မြင့်တက်လာခြင်းဟာ စားသုံးသူနှင့် လုပ်ငန်းရှင် တို့အပေါ် ဈေးနှုန်းကြီးမြင့်တဲ့ အကျိုးကို ခံစားနေရပါတယ်။

“အမေရိကန် ဒေါ်လာတန်ဖိုး အခုလို အတက်ကြမ်းခဲ့တာက  import လုပ်တဲ့ သွင်းကုန်ပစ္စည်း မှန်သမျှ ဈေးတက်ခဲ့ တာကြောင့်ပါ။ အဓိကက နိုင်ငံခြားကနေ ဒေါ်လာနဲ့ တင်သွင်းရတဲ့ ဒီဇယ်၊ ဓါတ်ဆီ စက်သုံးဆီတွေရဲ့ ဈေးနှုန်းကလဲ တက်သွားလို့ သယ်ယူပို့ဆောင်တဲ့ကုန်ကျစရိတ်
အပါအ၀င် ထုတ်လုပ်တဲ့စရိတ်တွေပါ မြင့်သွားရတယ်။ ဒီအကျိုးသက်ရောက်မှုက စားသုံးသူနဲ့လုပ်ငန်းရှင်အပေါ်မှာ ထိခိုက်မှုရှိစေပါတယ်” လို့ ကုန်သည်အသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းနိုင်ငံခြားသုံးငွေရော
င်းဝယ်ရေးဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာတန်ဖိုးက ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ ၁ ဒေါ်လာကို ၈၇၅ ကျပ်ရှိခဲ့သော်လည်း မေလဆန်းကစပြီး နေ့စဉ်နီးပါး တန်ဖိုးမြင့်တက်လာခဲ့ရာ မေလ၂၉ ရက် နေ့မှာ ကျပ် ၉၄၆ ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ ဒေါ်လာနဲ့တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေအားလုံး ဈေးတက်ခဲ့သလို ပြည်တွင်းမှာ ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းလည်း မြင့်တက်မှုရှိပါတယ်။

“ဒေါ်လာဈေးနှုန်းက အခုလို အတက်ကြမ်းခဲ့တာကြောင့် လူတွေအနေနဲ့ ဒီ shock ကို မခံနိုင်ကြဘူး။ပြီးတော့ ဒီအကျိုးသက်ရောက်မှုက သွင်းကုန်အပေါ် တခုတည်းကိုပဲ သက်ရောက်တာမဟုတ်တော့ဘူး။ ပြည်တွင်းမှာ ရှိတဲ့ industry တခုအပေါ်လုံးမှာ သက်ရောက်မှုရှိတာပါ။ ဘာလို့လဲဆိုတော့ အခုက အကုန်လုံး တခုနဲ့ တခု အပြန်အလှန် ချိတ်ဆက်မှုရှိနေတာဖြစ်လို့ တခုဖြစ်တာနဲ့အကုန်လုံး ထိတာ။ စီးပွားရေးလုပ်တဲ့နေရာမှာ အရောင်းအ၀ယ်ကို ကြိုတင်ဟောကိန်းတော့ ထုတ်လို့မရပေမယ့် ဒီပစ္စည်းကို ဘယ်လောက်ထုတ်မယ်၊ ဘယ်လောက်နဲ့ရောင်းမယ်ဆိုပြီးတော
့ လုပ်ကြတာရှိပါတယ်။ ဒါပေမယ့် အခုတော့ ဒါတွေအားလုံး ကမောက်ကမတွေ ဖြစ်ကုန်တယ်” လို့ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

ဒါကြောင့် မမျှော်လင့်ဘဲ အခုလိုဖြစ်တာဟာ တော်တော်လေး ထိန်းရသိမ်းရ ခက်တဲ့အခြေအနေမှာ ဖြစ်နေတယ်လို့ သိရပါတယ်။

“ကုန်သည်အနေနဲ့ ယခင်က ၁ ဒေါ်လာကို ကျပ် ၈၀၀ ကျော်နဲ့ ၀ယ်နိုင်ပေမယ့် အခု အဲဈေးနှုန်းနဲ့ မ၀ယ်နိုင်တော့လို့ ပစ္စည်းမသွင်းနိုင်တဲ့အပြင် နိုင်ငံခြားငွေကိုလည်း ကျုံ့သွားစေပါတယ်။ ဒီ့အတွက် အကျိုးသက်ရောက်မှုက ကုန်ပစ္စည်းဈေးနှုန်းတွေ တက်လာတာပဲ ဖြစ်ပါတယ်” လို့ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက အမေရိကန်ဒေါ်လာတန်ဖိုး အခုလို အတက်ကြမ်းလာတာကြောင့် မြန်မာ့စီးပွားရေးအပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

“ကျနော်မြင်တာကတော့ ဒီမှာဒေါ်လာ inflation ဖြစ်ဖို့ ဦးတည်နေတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ ဒေါ်လာနဲ့ ချိတ်ဆက်ပြီး လုပ်ရတာက များတယ်လေ။ ကုန်သွယ်မှုကလဲ တက်လာတယ်။ အခုက မြန်မာကျပ်ငွေတန်ဖိုးက deflection ဖြစ်ဖို့ များလာလို့ မြန်မာပြည်သူတွေအတွက် မကောင်းဘူး။ အိတ်စပို့အတွက်ကောင်းတယ်လို့ ပြောကြပေမယ့် သူ့အတွက်လဲ မကောင်းဘူး။ ဘာလို့လဲဆိုတော့ သူက ကျပ်ငွေတန်ဖိုးကျရင် အိတ်စပို့ကို မြှင့်တင်နိုင်မယ်လို့ထင်တာကို။ ဒါပေမယ့် ကိုယ့်ရဲ့အိတ်စပို့စ်က ၀ယ်လိုအားရှိတဲ့ အိတ်စပို့စ်မဟုတ်ရင် နည်းနည်းစဉ်းစားဖို့တော့ လိုပါတယ်။ ဒါကြောင့် လက်ရှိ မြန်မာ့စီးပွားရေးအပေါ် ဒေါ်လာရဲ့အကျိုးသက်ရောက်မှုက အနုတ်လက္ခဏကို ပြနေတယ်။”

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး အခုလို အတက်အကြမ်းလာတာကို ဗဟိုဘဏ်အနေနဲ့ ၀င်ရောက် ဖြေရှင်းမှသာ ယင်းပြဿနာမှာ ပြေလည်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာမောင်မောင်စိုးက “ဒီကိစ္စက မဖြေရှင်းရင် ပြီးမှာမဟုတ်ဘူး။ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေက အများကြီး ရှိပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်အနေနဲ့ သူဝင်ပါမှာမဟုတ်တဲ့အကြောင်းနဲ့ ဈေးကွက်သဘောအရ သူသဘာဝ သဘောအတိုင်း ဖြစ်တာလို့ ပြောတယ်။ ဒါကြောင့် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ဘယ်လိုဘဲပြောပြော သူကိုယ်တိုင်က မဖြေရှင်းရင် ဘာမှလုပ်လို့မရဘူး။ အမှန်တော့ သူ့အနေနဲ့ ဒါကို care လုပ်ရမှာပါ။ ပြီးတော့ ဒေါ်လာဈေးနှုန်း အတက်အကျက ရိပ်ခနဲရိပ်ခနဲ ဖြစ်တာလဲမကောင်းတဲ့လက္ခဏာပါ” လို့ ပြောပါတယ်။

 by သိုက်ဇင်  (ဒီဗွီဘီ)


Posted: 29 May 2013 02:05 AM PDT
ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးနောက်ပိုင်း . တပ်မတော်မှ လုံခြုံရေး ယူပြီးနောက် လားရှိုးမြို့ မှာ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ မြို့ ခံတဦးက Myanmar News Now ကို ပြောပါတယ်။  လားရှိုးမြို့မဈေးကြီးနှင့် ပျက်စီးနေသော ဆိုင်ခန်းများမှာ တပ်မတော်မှ လုံခြုံရေး ယူထားပြီး ၊ မြို့မဈေးကြီးကို ပိတ်ထားရပါယ်။ တစ်မြို့လုံးနီးပါး ဈေးဆိုင်ခန်းများ ဖွင့်လှစ်ခြင်း မရှိတော့ ကြောင်းလည်း သိရပါတယ်။
Myanmar News Now







Posted: 29 May 2013 01:50 AM PDT
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အမျိုးသမီးတဦး မီးရှို့ခံရပြီးတဲ့နောက် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားပြီး အဆောက်အအုံနဲ့ ဈေးဆိုင်ခန်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မေ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က လားရှိုးမြို့ ၈ ရပ်ကွက်ထဲမှာ ဓာတ်ဆီရောင်းတဲ့ အမျိုးသမီးတဦးကို လာဝယ်သူ အမျိုးသားတဦးက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့ရာကနေ လူစုလူဝေးနဲ့ ဆူပူမှုတွေ ဖြစ်ပွားပြီး ဗလီနဲ့ ဈေးဆိုင်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လားရှိုးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းမြင့်မောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျိုင်းတုံကလာတဲ့ မှတ်ပုံတင်ကိုင်ထားတဲ့ အသက် ၄၈ နှစ်အရွယ် ကိုနေ၀င်းဆိုတဲ့လူက၊ ရဲတပ်ဖွဲ့က ဆေးကြောင်နေတယ်လို့လည်း ပြောတယ်။ ဆေးပြား ၂ ပြားတွေ့တယ်တဲ့။ သူက လမ်းဘေးမှာ ဓာတ်ဆီရောင်းနေတဲ့ အေးအေးဝင်းဆီက ဓာတ်ဆီဝယ်တယ်၊ ပက်တယ်၊ မီးခြစ်နဲ့လိုက်ရှို့တော့ ထွက်ပြေးတယ်။ ဒါပေမယ့် အေးအေးဝင်း မီးလောင်သွားတယ်။ သူလည်း လောင်တယ်။ ရပ်ကွက်က ၀ိုင်းဖမ်းပြီး အမှတ် ၁ ရဲစခန်းကို ပို့လိုက်တယ်။”

ကျူးလွန်သူကို ရပ်ကွက်ထဲက လူတွေက လားရှိုးမြို့ အမှတ် ၁ ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး ညနေ ၆ နာရီလောက်မှာ လူပေါင်း ၁၅၀ လောက် ရဲစခန်းကို လာဝိုင်းပြီး တရားခံကို ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ သံဃာတော်အပါး ၅၀ လောက်လည်း ရောက်လာပြီး ရဲစခန်းက ပြေရာပြေကြောင်း ပြောတဲ့အတွက် ပြန်သွားကြတယ်လို့ ဆိုပြောပါတယ်။

ဒါပေမယ့်လည်း ည ၇ နာရီလောက်မှာ လူ ၄၀ လောက်က ဆိုင်ကယ်တွေ၊ ဓာတ်ဆီပုလင်း၊ တုတ်တွေ၊ ဓားတွေနဲ့ ဟံသာဝတီလမ်းဘက်ကနေ လာပြီး မြို့မဗလီနားက ဈေးဆိုင်တခုကို စပြီးဖျက်ဆီးတယ်။ အဲဒီနောက် မြို့မဗလီ၊ မော်လ၀ီ သင်တန်းကျောင်းနဲ့အနီးက ဈေးဆိုင်တွေကို မီးရှို့ခဲ့တယ်လို့ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

ရပ်ကွက်သူရပ်ကွက်သားတွေက မီးမရှို့ဖို့ ၀ိုင်းဝန်းတောင်းပန်တဲ့အတွက် ဈေးဆိုင်တချို့ ဖျက်ဆီးခံခဲ့ရကြောင်း၊ အဖျက်ခံရတဲ့ ဆိုင်ခန်းထဲက ပစ္စည်းတွေကို လူတချို့က အိတ်တွေနဲ့ သယ်ယူထွက်ပြေးကြောင်း၊ စတင်ဆူပူသူတွေကို ဒေသခံတွေက အရင်က မမြင်ဖူးဘူးလို့လည်း သူက ပြောပါတယ်။

မီးလောင်ရာကို မီးသတ်ကားပေါင်း ၁၀ စီးထက်မနည်း လာရောက်ငြိမ်းသတ်ကြပြီး ည ၉ နာရီမှာ လားရှိုးအာဏာပိုင်တွေက ကာဖျူးအမိန့်ထုတ်ခဲ့တယ်။ ည ၁၂ နာရီနောက်ပိုင်း အခြေအနေတွေ ငြိမ်သက်သွားပြီး ဒီမနက်မှာတော့ ဈေးဆိုင်တော်တော်များများ ပိတ်ထားကာ ကြောက်စိတ်မပြေသေးတဲ့ပုံတွေ ဖြစ်နေတယ်လို့ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

လားရှိုးမြို့က သံဃာတော် တပါးဖြစ်သူ အရှင်အင်္ကုရကတော့ ပဋိပက္ခတွေဟာ ဘာသာရေးနဲ့ မပတ်သက်ကြောင်း ရဲစခန်းက ထုတ်ပြန်ပေးဖို့အတွက် မနေ့ညနေက သံဃာတော်တွေ စုပြီး သွားရောက်တောင်းဆိုခဲ့တာလို့ မိန့်ပါတယ်။

“အဲလိုဖြစ်ပြီး ဦးဇင်းတို့ ရဲစခန်းသွားတယ်။ သူတို့ဘက်က ဗုဒ္ဓဘာသာကို အကြမ်းဖက်လုပ်နေတဲ့အကြောင်း၊ ဗုဒ္ဓဘာသာက ဘာမှအကြမ်းမဖက်ဘူးဆိုတာ ကြေညာချက်ထုတ်ပြန်ပေးဖို့၊ ခဏနေ ဗုဒ္ဓဘာသာက ဘာညာ အပြောမခံနိုင်ဘူးလေ။ အဲဒါ သွားတောင်းဆိုတယ်။”

ဒဏ်ရာရသူအမျိုးသမီးကိုလည်း ဒီမနက်က လားရှိုးဆေးရုံမှာ သွားရောက်ကြည့်ရှု အားပေးခဲ့တယ်လို့ အဲဒီသံဃာက မိန့်ပါတယ်။

မနေ့ညက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဒီနေ့ မွန်းလွဲ မြို့တော်ခန်းမမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်
လို့ လားရှိုးမြို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကြောင့် ၃၊ ၉ နဲ့ ၂ ရပ်ကွက်ထဲက ဗလီတခု၊ ဗလီဆရာ သင်တန်းကျောင်းတခု မီးရှို့ခံရပြီး လက်ဖက်ရည်ဆိုင် ၃ ဆိုင်၊ ဒန်အိုးဒန်ခွက် အရောင်းဆိုင် ၅ ဆိုင်၊ လားရှိုးဓာတ်ပုံတိုက်၊ စိန်ကြယ် ဒံပေါက်ဆိုင်နဲ့ နေအိမ် ၃ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ အရှင်အင်္ကုရက မိန့်ပါတယ်။

လားရှိုးမြို့မှာ မနေ့ညကတည်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ အပျက်အစီးစာရင်း အတည်ပြုချက်နဲ့ လားရှိုးမြို့ လုံခြုံရေးအခြေအနေသိရဖို့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ဆက်သွယ်ထားဆဲ ဖြစ်ပါတယ်။

နန်းမြနဒီ - DVB


Posted: 29 May 2013 01:46 AM PDT
လားရှိုးမြို့တွင် အမျိုးသမီးတဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှု နောက်ပိုင်း ဗလီမီးရှို့မှုတွေ ဖြစ်ပွားခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ထားရပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါတင်ဆက်။ ရိုက်ကူး ခွန်ဇော်ဦး

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 29 May 2013 01:39 AM PDT
ဗိုလ်တစ်ထောင်မြို့နယ် စိန့်မေရီ ခရစ်ယာန် ဘုရားကျောင်းရှေ့၌ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သော သရုပ်ဆောင် ရဲတိုက်က လူသိရှင်ကြား တရားဝင် ပြန်လည်တောင်းပန် ပါက အမှုအား ပြန်လည် ရုတ်သိမ်းပေးသွားမည်ဟု ဘုရားကျောင်းသာသနာ့ အကျိုးဆောင်အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

ကက်သလစ်တို့ အထွဋ်အမြတ်ထားရာ သန့်ရှင်းသောဂူဗိမာန်တွင် ကျောခိုင်းထိုင်နေပုံ Photo - St.Mary Cathedral

...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...