Thursday, May 30, 2013

"ဒါရိုက်တာ လွင်ဗို (သို့မဟုတ်) ဒုက္ခိတသူရဲကောင်း"

Photo: "ဒါရိုက်တာ လွင်ဗို (သို့မဟုတ်) ဒုက္ခိတသူရဲကောင်း"

၂၀၀၈ ခုနှစ်ဝန်းကျင် မြန်မာ့ရုပ်ရှင်လောကမှာပေါ့ဗျာ ...

အဲ့ဒိအချိန်မှာ မြန်မာ့ရုပ်ရှင်လောကမှာ ဖလင် နဲ့ ရိုက်တဲ့ ကားကြီးတွေက တစ်နှစ်လုံးနေမှ တစ်ဒါဇင်လောက်ဘဲ ထွက်တော့တဲ့အချိန် ..

ကျန်တဲ့ ၉၉ ရာခိုင်နှုန်းသော VIDEO/VCD/DVD ဈေးကွက်ထဲမှာကတော့ နယ်ဖက် နဲ့ အခြေခံလူတန်းစားအကြိုက် ...

ခေါက်ရိုးကျိုးနေတဲ့ ချစ်ကြိုက်ကွဲညား Drama တွေ ..
နှလုံးရောဂါသည် သက်ကြီးရွယ်အိုတွေကိုတောင် စိုးစဉ်းမျှသဲထိပ်ရင်ဖိုမှု မပေးနိုင်စွမ်းတော့တဲ့ Action ကားတွေ ..
မလိုအပ်ဘဲ အသံတွေ အကျယ်ကြီးအော်ပြောပြီး ဇွတ်ကြီးရီခိုင်းနေရတဲ့ အပေါစားဟာသကားတွေ ..

Camera နှစ်လုံးကို ဘယ်ညာ အသေထောင်ထားပြီး Actor တွေကို ပြဇာတ်စင်ပေါ်မှာ Live ရိုက်ထားသလို Cut တစ်ခုထဲနဲ့ အရှည်ကြီး ရိုက်ချက်တွေ ..
Scene တစ်ခုကို အသက်ဝင်စေဖို့ လိုအပ်တဲ့ Close Up/Tele/Zoom In/Zoom Out/Dolly/Crane/Multi-Angle Shots တွေ Foreground/Background တွေ စတဲ့ ရုပ်ရှင် ရဲ့ အခြေခံ တန်ဆာဆင် နည်းပညာလေးတွေတောင် မသုံးတော့တာတွေ ..

Dialogue တွေဆိုရင်လဲ ဇာတ်ညွှန်းထဲကနဲ့ အနီးစပ်ဆုံးတူရင် ပရိသတ် ဇတ်လမ်းနားလည်ရင်ပြီးရောဆိုပြီး ဖြစ်ကတတ်ဆန်းသင်ပေးထားတော့ Side Part / Supporting တွေရော Main Characters တွေပါ စကားလုံးအပိုတွေကို ရောယောင်ဝါးချရင်းနဲ့ မူရင်းဝတ္ထု/ဇာတ်လမ်း ရဲ့ ခိုင်မာမှုပြိုကွဲသွားပြီး Tempo တွေပါ အီယိုင်နဲ့သွားတာတွေ ..

၃ - ၅ ရက် တစ်ကားနှုန်းနဲ့ အနုပညာကို အပေါစားထုတ်ကုန်ပစ္စည်းလိုဖန်တီးလာမှုတွေ ..
Production Cost + Value က Actors ရဲ့ ဈေးအောက်မှာရောက်နေတာတွေ ..
Director က Actor တွေနဲ့ Producers တွေရဲ့ မျက်နှာပြန်ကြည့်နေရတာတွေ ..

အဲ့ဒါတွေ အပြင် အခြားအခြားသော အကြောင်းပေါင်းတွေ များစွာကြောင့် မြန်မာ့ရုပ်ရှင်ကားတွေဟာ "နိုင်ငံတကာ အညံ့ဆုံးရုပ်ရှင်ဆု" လို့ သရော်ပြီးပေးကြတဲ့ Golden Raspberry Award ဆိုတဲ့ စာရင်းထဲမှာတောင်မဝင်တော့တဲ့ အခြေအနေထိ နိမ့်ကျနေပါတော့တယ်။

အဲ့ဒိလို ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာဘဲ မြန်မာ့ရုပ်ရှင်လောကမှာ လွင်ဗို ဆိုတဲ့ လူငယ်ဒါရိုက်တာတစ်ယောက် ထူးခြားစွာပေါ်ထွန်းလာခဲ့ပါတယ်။

ကျွန်တော် သူ့ကိုသတိထားမိသွားတာကတော့ မြန်မာ့ရုပ်ရှင်လောကမှာ ၁၉၈၀ ခုနှစ်လယ်လောက်မှာကစပြီး ဘယ်သူမှ အချိန်ကုန်မခံ ကျိုးစားအားထုတ်မှုလဲမရှိတော့ဘဲ Hollywood ကိုတော့ ငါတို့ တစ်သက်လိုက်လို့ မမှီတော့ပါဘူးကွာဆိုပြီး အပြီးတိုင်အရှုံးပေးစွန့်ပြစ်ခြင်းခံခဲ့ရတဲ့ အထူးဖန်တီးမှုပုံရိပ် ခေါ် VFX (Visual Effect) တွေကို ပြန်အသက်သွင်းဖို့ ကျိုးစားလာတဲ့ ပထမဆုံးသော လူငယ်ဒါရိုက်တာ တစ်ယောက်ဖြစ်နေလို့ပါဘဲ။

အဲ့ဒိ မတိုင်ခင်အထိ လွင်ဗို ဘယ်သူလဲ ဘာလဲ ကျွန်တော် မသိပါဘူး ဒါပေမယ့် ကျွန်တော် သူနဲ့ စသိကထဲက တစ်ဖြေးဖြေး သတိထားမိလာတာတစ်ချို့က ...

(၁) သူ ဟာမြန်မာ့ရုပ်ရှင်တွေရဲ့ ကမ္ဘာမှာ အောက်ဆုံးဖြစ်နေတဲ့ နည်းပညာပိုင်းကို မြှင့်တင်ပေးချင်တဲ့ လေးနက်စစ်မှန်တဲ့ အနုပညာသစ္စာ နဲ့ စေတနာစစ်စစ် ရှိသူဖြစ်တယ်။
(၂) သူ့ မှာ မရှိရှိတာလေးနဲ့ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်တတ်တဲ့ ဇွဲရှိတယ်။
(၃) သူ့ ရဲ့ လုပ်နိုင်စွမ်းဟာ လောလောဆယ် အချိန်မှာတော့ နိုင်ငံတကာနဲ့ယှဉ်ရင် လူအများ လှောင်ပြောင်ရီမောစရာ အဆင့်ဖြစ်နေသေးနိုင်တာ ၊ တကယ်လဲ လှောင်ပြောင်နေကြသေးတာ တွေကို သိပေမယ့် အပြုံးမပျက်တောင့်ခံပြီး ဆက်လုပ်ရဲတဲ့ သတ္တိရှိတယ်။ ဝေဖန်တာကို ခံနိုင်တဲ့ ရင့်ကျက်တဲ့ သည်းခံနိုင်စွမ်း ရှိတယ်။
(၄) သူ့ မှာ ပညာကို လျှိုထားမယ်ဆိုတဲ့တစ်ကိုယ်ကောင်းစိတ် / ဒီဂွင်ကို ငါအရင်ဆုံးစဖေါက်တာ ငါဘဲ ဆရာကြီး ဖြစ်ရမယ် ဆိုတဲ့ ပညာမာန/အတ္တ မရှိဘူး။
(၅) သူ ဟာ မသိရင် မည်သူ့ကိုမဆို ကျိုးနွံစွာ ဝန်ခံဆည်းပူးလေ့လာတတ်သလို သူ သိလာသမျှကိုလဲ အများကို ပြန်ဝေမျှသင်ကြားပေးလိုတဲ့ ရှင်းသန့်ရိုးသားတဲ့ ပညာ ပရဟိတ စိတ်ရှိတယ်။

ဒီအချက်တွေကြောင့် ကျွန်တော် ဟာ သူ့ကို ညီအရင်းသဖွယ်ချစ်ခင်လေးစားမှု အမြဲထားခဲ့ပါတယ်။

ဒါပေမယ့် ခုရက်ပိုင်းလေးတင်ဘဲ သူ ပြန်မွန်းမံတည်းဖြတ်ပြီးစီးသွားတဲ့ သူ့ရဲ့ မူပိုင် ဇာတ်လမ်း/ဖန်တီးမှု တစ်ခုဖြစ်တဲ့ "နဂါးနိုင်ဓါး" ဆိုတဲ့ ကားရဲ့ ကြော်ငြာကို သူ့ FaceBook မှာတင်လိုက်ပါတယ်။

https://www.facebook.com/photo.php?v=3121320889831

ကျွန်တော်ကြည့်လိုက်တဲ့အခါမှာ သူဒီဇတ်ကားတစ်ခုထဲအတွက် ဘယ်လောက်တောင် အပင်ပန်းခံထားခဲ့ရတယ်ဆိုတာ နားလည်မြင်တွေ့လိုက်ပါတယ်။

VFX ဆိုတာ ရုပ်ရှင်ပိတ်ကားထက်မှာ ၁၀ စက္ကန့်လောက်ကြာတဲ့ မြင်ကွင်းလေးတစ်ခုဖြစ်ဖို့ CGI (Computer-Generated Imagery) နည်းပညာရဲ့ ဘိုးအေကြီး George Lucas ပိုင်တဲ့ ILM (Industrial Light & Magic) တို့လို ခေတ်အမှီဆုံး စက်ပစ္စည်းနည်းပညာတွေ Software တွေ Programmers တွေ လိုလေသေးမရှိ ပြည့်စုံနေတဲ့ Monster Company ကြီးတွေမှာတောင် CGI ပညာရှင် လူသားတစ်ယောက်ရဲ့ စွမ်းအားသုံးချိန် နာရီပေါင်း ရာ ထောင် ချီပြီးကြာနိုင်တဲ့သဘာဝရှိပါတယ်။

ဒီတော့ လွင်ဗို လို သာမန် PC လေး နဲ့ သာမန် Software Program လေးတွေနဲ့ လူလေး နှစ်ယောက် သုံးယောက် ဟာ ဘယ်လောက်တောင် ကျိုးစားအားထုတ်ထားရတယ်ဆိုတာ ကျွန်တော် ကြည့်လိုက်တာနဲ့ နားလည်ပါတယ်။

ဒါပေမယ့်ဗျာ ...
သူတင်ထားတဲ့ ကြော်ငြာလေးကို လူတစ်ယောက်က ဟောဒိမှာ ပြန်ပြီး Share လုပ်လိုက်ပါတယ်။

https://www.facebook.com/photo.php?v=384450761666038

အဲ့ဒိ Nay Min ဆိုသူရဲ့ မူရင်းရည်ရွယ်ချက်ကတော့ ဘာရယ် မသိပေမယ့် အောက်မှာ ရေးထားတဲ့ Comment တွေကို ကျွန်တော် လိုက်ဖတ်မိတဲ့အခါမှာ အရမ်း စိတ်မကောင်းဖြစ်သွားတယ်။
လွင်ဗို ကို ကျွန်တော် အရမ်း သနား အားနာ မိသလို မြန်မာ အချင်းချင်း ခုလောက်တောင် ရက်ရက်စက်စက် နှိမ်ချ ပြောဆိုတတ်တဲ့သူတွေရဲ့ စိတ်နေစိတ်ထားတွေကို အရမ်းအံ့သြသွားတယ်။

Comment တွေ ဖတ်နေရင်း လက်သီးဆုပ် အံကျိတ်ရင်း အကြိမ်ကြိမ် တောက်ခေါက်မိတဲ့အထိပါဘဲ။

ဖြစ်နေတာက ဘာနဲ့တူသလဲဆိုရင် ...

VFX နည်းပညာ ဆိုတဲ့ အနုပညာ အပြေးပြိုင်ပွဲလမ်းမကြီးပေါ်မှာ နိုင်ငံတကာကိုယ်စားပြုထားတဲ့ သန်မာထွားကျိုင်းတဲ့ အားကစားသမားတွေ အသီးသီး ဝင်ပြိုင်နေကြတယ်ဆိုပါစို့ဗျာ ...

ဒီပွဲမှာ မြန်မာပြည်ကို ကိုယ်စားပြုထားတဲ့ လွင်ဗို ဆိုတဲ့ လူငယ်တစ်ယောက်ရှိနေတယ် ..

သူဟာ တတိယနိုင်ငံတွေထဲမှာ အဆင်းရဲဆုံးဖြစ်နေတဲ့ တိုင်းပြည်မှာ မွေးဖွားကြီးပြင်းလာခဲ့ရတယ်။

သူ့မှာ ပြိုင်ပွဲဝင်ဖို့ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ ခွန်အား နဲ့ တူတဲ့ ငွေကြေး (Financially) မပြည့်စုံဘူး။ 

သူ ပိုင်ဆိုင်တာဆိုလို့ ယုံကြည်မှု နဲ့ ဇွဲ ဆိုတဲ့ စိတ်ဓါတ်ခွန်အားဘဲရှိတယ်။

ပြိုင်ပွဲအတွက် လိုအပ်တဲ့ လေ့ကျင့်မှု အတွေ့အကြုံ (Training/Experience) ရဖို့ ရုပ်ဝတ္ထုပစ္စည်းပံ့ပိုးမှု Material Support အလုံအလောက်မရှိဘူး။

သူဟာ ဆိုရှယ်လစ်အစိုးရ ကျေးဇူးကြောင့် ငွေကြေး အတွေ့အကြုံ စက်မှုနည်းပညာဆိုတဲ့ ခြေ လက် ခန္တာကိုယ် အစိတ်အပိုင်းတွေ အကုန် သေးသိမ် ကျုံလှီ ချိနဲ့ နေတဲ့ အနုပညာ ဒုက္ခိတ တစ်ယောက်သာဖြစ်တယ်။

ဒါပေမယ့် သူက "ငါ ပန်းတိုင်ကို မရောက်ရောက်အောင်ပြေးမယ်" ဆိုတဲ့ အားကစားစိတ်ဓါတ် နဲ့ တူတဲ့ အနုပညာယုံကြည်ချက်တစ်ခုထဲနဲ့ မစခင်ကထဲက ရှုံးနေတဲ့ပြိုင်ပွဲကို ဝင်ခဲ့ပါတယ်။

တစ်ကယ်တော့ အားလုံး ပန်းဝင်ပြီးသွားတဲ့ ပြေးလမ်းမကြီးက နှစ်ပေါင်းများစွာကြာလို့ ရှင်းတောင်နေခဲ့ပါပြီ။

ဒါပေမယ့် ပြေးလမ်းပေါ်မှာ မြန်မာ့အလံ ကို ကိုင်ထားပြီး ချွေးသွေးတရဲရဲ နဲ့ လွင်ဗို ဆိုတဲ့ ဒုက္ခိတ တစ်ယောက်ကတော့ သူ့တိုင်းပြည် အတွက် .. အနုပညာလောကအတွက် ..  စေတနာ ဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲနဲ့ ဦးမညွတ်ဘဲ တစ်လှမ်းချင်း ဆက်လှမ်းနေဆဲပါဘဲ ...

သူ ဘယ်တော့ ပန်းဝင်မလဲ ဆိုတာ သူမတွေးဘူး ...
သူ့ ခေါင်းထဲမှာရှိတာက သူ ပန်းတိုင်ကို အသက်ရှိနေသေးသ၍ မရောက်ရောက်အောင်သွားမယ် ဆိုတာဘဲ ရှိတယ်။

အဲ့ဒိလို အချိန်မှာ မိတ်ဆွေတို့လို ဂုဏ်သရေရှိလူကြီးမင်းများက ကိုယ့်တိုင်းပြည် အလံကိုင်ထားတဲ့ ပြေးလမ်းပေါ်က သွေးသံရဲရဲနဲ့ ကိုယ့်လူမျိုး ဒုက္ခိတ တစ်ယောက်ကို ...

ေ$ာက်ပေါ ...
ဘာတွေလျှောက်လုပ်နေတာလဲ
ကြည့်ရမှာတောင် ရှက်တယ် ...
ညံ့ဖျင်းလိုက်တဲ့ Quality ...
တရုပ်ကိုကော်ပီတောင် မတူဘဲ တုတယ် ... 
(တစ်ကယ်က ကော်ပီလဲ မဟုတ်ပါဘူး အမည်ဘဲ ဘာသာပြန်လိုက်ရင် တူနေတာပါ)
တခြားနိုင်ငံတွေ နဲ့ ယှဉ်လိုက်ရင် ရှက်ဖို့တောင်ကောင်းတယ် ...

............
............
............

အဲ့ဒိလိုတွေ ပယ်ပယ်နယ်နယ် ဝိုင်း ထောပဏာပြုထားကြတာ သင့်တော် တရားမျှတမှုရှိရဲ့လားဗျာ ...???

တစ်ချို့ကတော့ပြောချင်ပြောမယ်လေ ..
ခုလိုပြောပေးမှ ကောင်းအောင် လုပ်မှာဆိုပြီး ...

Constructive Critisim (အပြုသဘောဝေဖန်ခြင်း) နဲ့ Insult (နှိမ်ချစော်ကားခြင်း) လုံးဝ မတူပါဘူးဗျာ။
အများစုက လှောင်ပြောင် ချိုးနှိမ်နေကြတာ အသိသာကြီးပါ။

ကျွန်တော်တို့ မြန်မာ လူမျိုးတွေဟာ အကြင်နာတရားကြီးတယ်ဆို ..
ဖေးမစာနာတတ်တယ်ဆို ..
ဗြဟ္မာစိုတရားပြည့်ဝတယ်ဆို ..
ကိုယ့်လူမျိုး အချင်ချင်းတောင် ဖေးမရိုင်းပင်းတတ်တဲ့ စိတ်မထားနိုင်ကြတော့ဘူးလား ...
VFX ဆိုတဲ့ လမ်းမကြီးပေါ်မှာ ချိနဲ့နဲ့ အားယူလျှောက်နေရတဲ့ အဖက်ဖက်က မပြည့်စုံတဲ့ လွင်ဗို ဆိုတဲ့ မြန်မာ အနုပညာ ဒုက္ခိတ တစ်ယောက်ရဲ့ အားထုတ်မှုကိုတောင် အသိအမှတ်မပြုပေးနိုင်ကြဘူးလား ... ???

သေချာ ခေါင်းအေးအေးပြန်တွေးကြည့်ပါဗျာ။

တစ်ကယ်လို့ ဒီစာဖတ်မိတဲ့သူတွေထဲမှာ ကျွန်တော် နဲ့ သဘောထားခြင်း တိုက်ဆိုင်ကြမယ်ဆိုရင် ကျွန်တော့် ညီငယ် ကိုလွင်ဗိုကို အားပေးဖြစ်အောင်ပေးလိုက်ကြပါ။

ကျွန်တော်သာ အဲ့ဒိလူတွေထဲကတစ်ယောက်ဖြစ်ခဲ့ရင် အနည်းဆုံး (ခုလိုမတွေးမိခဲ့လို့ ကိုလွင်ဗို ကို လှောင်ပြောင် စော်ကားခဲ့မိဖူးရင် တောင်းပန်ပါတယ်) ဆိုတဲ့ စကားလောက်တော့ရေးပြီး ကိုယ်ရေးထားမိတာကို ပြန်ဖျက်ပေးမိမှာပါ။

စာဖတ်သူတွေပါ အဲ့လိုလုပ်ရမယ်လို့ မတိုက်တွန်းပါဘူး။

ဒါပေမယ့် မှားတာကို ဝန်ခံရဲတာရော အမှန်တရားဖက်က ရပ်တည်ပေးတာဟာ လူသားဆန်ပြီး မြင့်မြတ်တဲ့ အပြုအမူလို့ ကျွန်တော် ယုံကြည်ပါတယ်။

မြန်မာတွေ ကိုယ့်လူမျိုးအချင်းချင်း ကူညီရိုင်းပင်း ဖေးမစာနာ စိတ် ထားနိုင်ကြပါစေလို့လဲ ရည်ရွယ်ပါတယ်။

ကျွန်တော် လေးနက်စွာထပ်ပြောပါရစေ ...

သူတစ်ပါးရဲ့ ရွေးချယ်ခွင့်မရှိခဲ့တဲ့ အားနည်းချက်တစ်ခုကို အုပ်စုဖွဲ့ လှောင်ပြောင် ကဲ့ရဲ့ ချိုးနှိမ် တိုက်ခိုက် မိသူတွေထဲမှာ မိတ်ဆွေ မပါပါစေနဲ့ဗျာ ...

ကျွန်တော်အပြောအဆို မှားယွင်းရိုင်းပျသွားခဲ့မိတာရှိရင် ခွင့်လွှတ်ပါနော် .. ။ 

ထာဝရမေတ္တာဖြင့်

မျိုးချစ်မြန်မာ

မှတ်ချက်။ ။ ဒီကားဟာ Copy လားဆိုပြီး မေးမြန်းသံသယရှိသူတွေကိုလဲ လွင်ဗို က ခုလို ဖြေကြားထားပါတယ်။

https://www.facebook.com/knowledgehunter.gambi/posts/3126657743249

နဂါးနိုင်ဓားဇာတ်ကားက မထင်မှတ်ပဲစိတ်ဝင်စားတဲ့သူတွေများတာတွေ့ရတာဝမ်းသာပါတယ်။ အဲဒီမှာကွန်မန့်လေးတွေလည်းအများကြီးတက်လာတော့ ကျွန်တော့အနေနဲ့ပြောပြစရာလေးတွေရှိလာပါတယ်။ တကယ်တော့ ဒီကားရဲ့ဇာတ်လမ်းကကော်ပီလုံးဝမဟုတ်ဘူးဆိုတာအာမခံပါတယ်ဗျာ။ နာမည်ကတော့ နဂါးနိုင်ဓားဆိုတဲ့ တရုတ်သိုင်းဇာတ်လမ်းတွဲနာမည်နဲ့တူပါတယ်။ ဒါကလည်း မြန်မာလိုပြန်လိုက်စဉ် ခေါ်လို့ကောင်းမယ့်နာမည်မျိုးဖြစ်ပါလိမ့်မယ်။ နဂါးကိုနိုင်တဲ့ဓား၊ နဂါးကြောက်သောဓား စသဖြင့်ပေးရင်လည်းရပေမယ့် ခေါ်လို့မကောင်းပြန်ဘူးဗျ။ ဒီတော့ လူတွေနားယဉ်ပြီးသား နဂါးနိုင်ဓားဆိုပြီးနာမည်ပေးလိုက်ရတာခွင့်လွှတ်နားလည်ပေးကြပါဗျာ။ နောက်ပြီး နဂါးဆိုတဲ့သတ္တ၀ါဟာ တရုတ်မှာပဲရှိတာမဟုတ်၊ မြန်မာမှာလည်းကိုယ့်ရိုးရာနဂါးလေးရှိနေတော့ ဒီလိုနာမည်ပေးလိုက်ခြင်းဟာ ပရိတ်သတ်တွေအတွက်စိတ်အနှောက်အယှက်မဖြစ်လောက်ဘူးလို့ယူဆမိလို့ပါ။ မြန်မာမှာလည်း နဂါးနိုင်မင်းပေါက်ကြိုင်းလိုဇာတ်တွေလည်းရှိနေတာပဲမဟုတ်လားခင်ဗျာ။ 
ဇာတ်လမ်းကကိုယ်ပိုင်စဉ်းစားတာဆိုပေမယ့် တချို့သော idea, sub plot တွေမှာတော့ တရုတ်နဲ့ နိုင်ငံခြားကားတွေကို reference ယူရတာကိုတော့ ကျတော်ဝန်ခံရပါလိမ့်မယ်။ ဓားပျံပစ်တဲ့အိုင်ဒီယာဆိုရင် ဂျက်လီရဲ့. Flying sword of dragon gate ထဲကစတိုင်လေးကိုအတုယူပါတယ်။ နဂါးပေါ်လာပုံလေးဆိုရင် dragon war, နောက်တချို့ဆို စာအုပ်အနေနဲ့ဖတ်ဖူးတာလား ဇာတ်ကားကြည့်ဖူးတာလား သေချာမမှတ်မိတော့တဲ့ ပလော့ လေးတွေလည်းပါပါတယ်။ ဖန်တီးမှုတိုင်းမှာတော့ ဒီလိုမျိုး စု၊တု၊ပြုလေးတွေတော့ လိုလိမ့်မယ်လို့ထင်မိပါတယ်

Vfx ဖန်တီးမှုအပိုင်းဆိုရင်လည်း ဒီကားလေးကအားနည်းပါတယ်ခင်ဗျာ။ နိုင်ငံခြားကားတွေကြည့်နေကျမိတ်ဆွေတွေအတွက်တော့ ရယ်စရာပါပဲ။ ဒါပေမယ့် ကျတော်တို့မြန်မာ vfx artist တွေဒီကားလေးကို ဒီလောက်လေးထွက်လာဖို့ မရယ်နိုင်ခဲ့ပါဘူး။ မြန်မာနဂါးဆိုတာ ပန်းချီတွေ၊ ဘုရားတွေမှာသာမြင်ခဲ့ဘူးပေမယ့် ဘယ်လိုလှုပ်ရှားလည်းဆိုတာမတွေ့ဖူးကြဘူး။ ဒီလိုနဲ့ နဂါးanimation ဖန်တီးတဲ့ ကိုဇော်ရဲမြင့်တို့အဖွဲ့နဲ့ ခေါင်းခြင်းဆိုင်ပြီး ခန့်မှန်းယူဆဖန်တီး ခဲ့ကြရပါတယ်။ ကျတော်တို့အားလုံးသိပ်စိတ်တိုင်းမကျလှပေမယ့် ရသလောက် လုပ်နိုင်သလောက်လေးတွေနဲ့ နောက်ဆိုဒီထက်ပိုကောင်းဖို့ပဲရှိပါတယ်ကွာ ဆိုပြီး အချင်းချင်းအားပေးကာ ဆက်လက်ချီတက်ခဲ့ကြရပါတယ်။ ဒီအပေါ်မှာအပြစ်မြင်ကြတဲ့သူတွေကိုလည်း ကျနော်အနေနဲ့အပြစ်မမြင်ရက်ဘူး။ ကျွန်တော်သိပါတယ် ခင်ဗျားတို့ဟာ မြန်မာပြည်က မြန်မာလူမျိုးတွေလုပ်တဲ့ဖန်တီး မှုတွေကို ခြောက်ပြစ်ကင်း သဲလည်းစင်ဖြစ်စေခြင်ကြတယ်။ ဒါမြန်မာပြည်ကလုပ်တာကွ ဆိုပြီးနိုင်ငံတကာငလူတွေကြားမှာဂုဏ်ယူချင်ကြတယ်။ အဲလိုဖြစ်မလာနိုင်တော့ ဂရုဏာဒေါသနဲ့ပြောကြဆိုကြတယ်။ ဘယ်လိုပဲပြောပြော အားလုံးရဲ့ရင်ထဲမှာမျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တွေအပြည့်ရှိတယ်ဆိုတာ ကျွန်တော်အကြွင်းမဲ့ယုံကြည်တယ်။ ဘာလို့လဲဆိုရင် ဘောလုံးပွဲတွေမှာဆိုရင်သိသာပါတယ်။ မြန်မာဘောလုံးအသင်းအပေါ်ဘယ်လောက်ပဲ အထင်သေးနေပေမယ့် အချိန်တန်လို့ တခြားနိုင်ငံနဲ့ပြိုင်ကြရင် အားမပေးဘဲမှမနေနိုင်ကြတာပဲ။ ကိုယ့်မြန်မာကိုနိုင်စေချင်ကြတာပဲမဟုတ်လားခင်ဗျာ။ ဒါကြောင့်ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်တို့မြန်မာ vfx ဖန်တီးမှုလေးတွေကို ၀ိုင်းဝန်ဝေဖန်ပေးကြတဲ့အပေါ်မှာရော၊ စိတ်ဝင်တစားဖြစ်လာတဲ့အပေါ်မှကောပေါ့။ ကျွန်တော်ယုံကြည်တယ်။ ဒီလိုအဆင့်ကနေပြီး ကျွန်တော်တို့ထက်ပိုတော်တဲ့လူငယ်မျိုးဆက်သစ်တွေပေါ်ထွက်လာကာ မြန်မာရုပ်ရှင် vfx တွေအဆင့်မြင့်လာစေရမယ်ဗျာ။ 

အားလုံးကိုလေးစားအားကိုးလျက်ပါခင်ဗျာ :-)

အားလုံးကိုလေးစားအားကိုးလျက်ပါခင်ဗျာ
— with Ye Yint Nge and 98 others.
14

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...