Wednesday, May 29, 2013

“ဒင့် ဘဝ ၊ ခဏဘယ်သူယူပါ့မယ်”


Min Din shared a photo.
၂၇၊၀၅၊၂၀၁၃ နေ့ထုတ် ဆဲဗင်းဒေးနယူးသတင်းစာ ။

“ဒင့် ဘဝ ၊ ခဏဘယ်သူယူပါ့မယ်”

              (မင်းဒင်)

(၁)

မြူနှင်းတို့ဝေသောကာလ၊ ချမ်းမြမြဆောင်းတစ်ညတွင်၊ယိုးဒယားနိုင်ငံ၊ဖူးခက်မြို့အန်မခမ်အရပ်ရှိ အိမ်အိုကြီး၏အပေါ်ထပ် ၌ ကျွန်ုပ် ဆြာဒင်တစ်ယောက် ဇီးကင်းခန့်ရှိသော ချွေးစေးများပြန်လျက် တတိယတန်းဒေါင်းဖတ်စာတစ်အုပ်ကိုဖွင့်ရင်း ခုနှစ်သံချီ အော်ဟစ်ကာ စာအံလျက်ရှိလေသည်။
“တောင်ရှိန်ပြင်းဟုန် ၊ ငှက်ဂဠုန် ၊သုန်သုန်ကိုလည်း နသတ်မည် ။”“မလည်မသုန် ၊ ရေကြောင်းစုန် ၊ဒဂုန်ကိုလည်း နသတ် မည် ။”“ကမ္ပည်းတံဆိပ် ၊ ရွှေပေလိပ် ၊သိပ်သိပ်ကိုလည်း ပသတ်မည် ။”“ငါးမည်မာရ်နှိပ် ၊ ပလ္လင်ထိပ် ၊ညောင်ရိပ်ကိုလည်း ပသတ်မည် ။”“ငါးမည်ရွှေကြာ ၊ ခက်ညွန့်ဖြာ ၊စိမ်းပြာကိုလည်း ရစ်ရမည် ။”
ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြား စာရွတ်သံကြောင့် ကာလနဂါးကဲ့သို့ ကုလားသေကုလားမော အိပ်မောကျတတ်သော တူတော် မောင် ရဲအောင်ပင်လျှင် စက်တော်ခေါ်ရာမှ လန့်နိုးလျက် ဝူးဝူးဝါးဝါးနှင့် ဦးရီးတော်ရှိရာ အပေါ်ထပ်သို့ တက်လာကာ ..
“ဦးကြီးဒင် ၊အဘယ်သတ္တဝါက လာရစ်ပါသဖြင့် သတ်ရန်ဖြတ်ရန် အချိန်မတော် ကြိမ်းမောင်းလေသနည်း”
တူတော်မောင်၏ ဇာတ်ဟန်ပါသော အပြောကို ယခင်ယခင့် အခါများက ရယ်တပြုံးပြုံး သွားဖုံးပေါ်အောင် သဘောကျ ခဲ့သော်ငြား ဤတစ်ကြိမ်တွင်မူ ငယ်ထိပ်သို့ရောက်နေသော ဒေါသသည် အမြှောင်းလိုက်ထွက်လာလေ၏။
“သောက်လိုက်ကန်းဆိုးမသိချက်ကတော့ကွာ၊ ကြိမ်းမောင်းနေတာ မဟုတ်ဘူးဟ၊ စာရွတ်စာအံနေတာ၊မြန်မာသတ်ပုံ သံပေါက်လို့ခေါ်တယ်၊ အိပ်မှာ အိပ်စမ်းကွာ၊ ထရိုက်မိမယ်”
“ကောင်းလှပေပြီ ဦးကြီးဒင်၊ပြန်အိပ်ပါအံ့ ၊ စိတ်ကိုလျှော့ပါလေ”
ထွက်ခတ်ခတ်ရင်း အောက်ထပ်သို့ ပြန်ဆင်းသွားသော တူတော်မောင်၏ သွန်သင်ဆုံးမစကားကြောင့် ကျွန်ုပ်၏ စိတ်ကို ပညာတည်းဟူသော ချွန်းဖြင့် ဘရိတ်အုပ်လိုက်ရပေ၏။ သို့သော် နှလုံးအိမ်ထဲတွင်ကား “မြန်မာစာမှာ သတ်ပုံဟာ အသက်ဝိညာဉ်ပဲ” ဟူသော ငယ်ဆရာ၏ စကားသံကို ပြန်လည် ကြားယောင်ကာ အံလက်စစာကို ဆက်ရွတ်မိပြန် သည်။
“ယာဉ်ပျံစကြာ ၊ ရွှေလိပ်ပြာ ၊ကြိုးကြာကိုလည်း ရစ်ရမည် ။”“ဇမ္ဗူ့သပြေ ၊ အသီးကြွေ ၊မိုးမြေကိုလည်း ရစ်ရမည်။ ”
“စည်းစိမ်မကြေ ၊ ကြိုးနှင့်ဖြေ ၊လက်ခြေကိုလည်း ရစ်ရမည် ။”“ရတနာစိန် ၊ ၀င်းလျှံထိန် ၊ရောင်ရှိန်ကိုလည်း နသတ်မည် ။”
“အသက်ဇီဝိန် ၊ စုတေချိန် ၊ညှိုးပိန်ကိုလည်း နသတ်မည် ။”“ပဉ္စအာလိန် ၊ တာဝတိန် ၊ဒေ၀ိန်ကိုလည်း နသတ်မည် ။”“မိုဃ်းကြိုးပုဆိန် ၊ တာဝတိန် ။ပစ်ချိန်ကိုလည်း နသတ်မည် ။”
………………………………
(၂)
အမှန်စင်စစ် ဤဒုက္ခ၊အနှီဒုက္ခကား ဆြာဒင့်ထံသို့ မိုးနတ်မင်း၏ပယောဂကြောင့်၊အထက်ဘဝဂ်၊အောက်အဝီစိမှ  ကံဆိုး မိုးမှောင်ကျကာ ရောက်လာခြင်းမဟုတ်။ ဒုက္ခနှင့် ပြဿနာကို မီးခွက်ထွန်းရှာတတ်သော၊ ကိုယ့်အပူ ကိုယ်ရှာ ၊ကိုယ့်မီး ကိုယ်မွှေးလိုသော ကျွန်ုပ်၏ဓလေ့၊ စရိုက်ဝသီကြောင့် ကြုံရခြင်းသာတည်း။   ဖြစ်ပုံပျက်ပုံ အလုံးစုံကို အစလှန်ရသော် ဤသို့ ဖြစ်၏။
အမိမြေရွှေနိုင်ငံတော်သည် ဒီမိုကရေစီဇမ္ဗူရစ်၊ခေတ်ကြီးဆီသို့ ပြောင်းလဲခဲ့လေပြီဟု ဆိုကြလေသောကြောင့် ဆြာဒင် တစ်ယောက် အကယ်တန္တု ပြည်တော်ဝင်ခဲ့သော် အလုပ်လက်မဲ့ တရာ့ကိုးတရာ့တဆယ်စာရင်း မဝင်စိမ့်သောငှာ စာပေ တိုက်တခုကို ထင်ရာစိုင်းထူထောင်မိခဲ့လေ၏။
အဆိုပါစာပေသို့ အဦးအစ စတင်မိတ်ဆက်လာသူမှာ ရတနာပုံ နေပြည်တော်မှ မန္တလာဒကာသင့်ဖြစ်၏။ဒကာသင့်မှာ မန်းဆေးကျောင်းတော်ကြီးမှ ကဝိတဆူဖြစ်ရကား သူ့လုပ်ဖော်ကိုင်ဖက်ဆရာဝန်ကြီးတစ်ဦး၏ စာမူကို စက်တင်ပုံနှိပ်ပါရန် စပ်ဟပ်ကမ်းလှမ်းလာသော တခဏ၌ပင် ရေငတ်တုန်းရေတွင်းထဲကျသူကဲ့သို့ ဆြာဒင့်ခမျာ ဝမ်းသာအားရ ချက်ချင်းပင် ခေါင်းငြိမ့် လက်ခံလိုက်လေ၏။ စာရေးသူ၏ ကလောင်နာမည်မှာ ဇာတ်ဟန်ပါသော်ငြား သူသည် ဖေ့စ်ဘွတ်ခေါ် ဆွေသဟာစာမျက်နှာ၌  ဆယ်လီဗရစ်တီဖြစ်နေသည်ကတကြောင်း၊သူ့စာရေးဟန်မှာ မြူးကြွသွက်လက်သည်က တကြောင်း တို့သည်လည်း ကျွန်ုပ်လက်ခံခဲ့ခြင်းအကြောင်းရင်းတစ်ရပ်ဖြစ်၏။(ဤကားစကားချပ်)
(၃)
အဆိုပါစာမူသည် ကွန်ပြူတာစာစီသူထံမှတဆင့် ကျွန်ုပ်၏လက်ဝယ်သို့ ရောက်လတ်သော် ကျွန်ုပ်သည် အခြားတပါးသော သူ မကြံစီဝံ့သော မဟာအကြံအစည်ကြီးတခုကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်လေ၏။ ဆင်ခေါင်းကို ခွေးချီမည့် ဧရာမအကြံအစည်ကား ငါ၏စာပေတိုက်မှ ထုတ်ဝေလတ္တံ့သော စာမူသည် သတ်ပုံအမှားကင်းစေရမည် ဟူသော အကြံပေတည်း။ ဤကာလမင်္ဂလာအခါသမယမှ စတင်လျက် ကျွန်ုပ်သည် ဒုက္ခတည်းဟူသော လှလှနှင့် ဖူးစာ ဖက်ရချေတော့ သည်။
အနှီစာမူကို ဖတ်ရှုနေရင်းဖြင့်  သနားစရာ အတို့ကျွန် ငဒင်ငယ်မှာ ဖြိုးကနဲ ဝမ်းသာခြင်း၊ ဖျတ်ကနဲ ဝမ်းနည်းခြင်း၊ လှပ်ကနဲ ရင်တုန်ခြင်း၊ ဇာတ်ကနဲ အကြောဆွဲခြင်း၊ ဖျတ်ကနဲ လက်ပန်းပေါင်းခတ်ခြင်း အမှုတို့ကို ပြုမိလေရာ ကျွန်ုပ်ကို ဘေးဘီမှ စောင့်ကြည့်အကဲခတ်သူတို့ပင် ရူးမတတ်ရှိကြလေ၏။
မြန်မာစာပေခေတ်ကြီးကား ဂငယ်ကွေ့ကွေ့လျက်ရှိပြီး ထွက်ရှိသမျှသော ဝတ္ထု၊သတင်းစာ၊ဂျာနယ်ဟူသမျှ သတ်ပုံမမှန်၊ တို့ထုံးစံခေတ်သို့ ရောက်နေခဲ့သော အဖြစ်ကို ကျွန်ုပ် မသိမဟုတ်။ သိပါ၏။လွန်ခဲ့သော နှစ်နှစ်ခန့်က မြန်မာစာတွင် သတ်ပုံမှန်သင့်ကြောင်း အချေအတင်စကားစစ်ထိုးကြရာ၌ အချေရှင် ညီတော်မောင်၊နာမည်ကျော်ဘလော့ဂါ နဗနက “အကိုကြီးရာ၊ ဖတ်တဲ့သူ နားလည်ရင် ပြီးတာပါပဲ။ဥပမာဗျာ အကိုကြီးကို ပြန်ပေးဆွဲပြီး အကိုကြီးမိန်းမဆီကို ပြန်ပေး ဓားပြတွေက စာတစောင် ပို့တယ်ဆိုပါစို့၊ အမဂျီး၊ ခင်ဗျားယောက်ကျားအူးမင်ဒင် အသက်မသေခြင်ရင် ငွေတယာ လာပို့ပါ ၊လို့စာရေးတာကို နားလည်ရင်ပြီးတာပဲ” ဟူသော ပွဲသိမ်းလက်သီးကြောင့် ဆြာဒင်ခမျာ၊ ဖင်ထိုင်ကာ ဒိုင်ပွဲရပ် အရှုံးပေး ခဲ့ရဖူးချေသည်တမုံ့။
(၄)
ဘယ်အရာမဆို လွယ်လွယ်နှင့် လက်မလျှော့လိုသော၊ ခေတ်တည်းဟူသော ရေစီးကို အဆန်ကူးလိုသော ကျွန်ုပ်ကား သတ်ပုံစိစစ်ရေးစီမံချက်ကြီးကို ပီပြင်စွာအကောင်အထည်ဖော်အံ့သောငှာ ရှေးစာဟောင်းတို့ကို လှန်၏။ သတ်ပုံကျမ်းတို့ ကို မွှေ၏။ ဒေသန္တရ၊ဘာသန္တရစကားတို့ပါ မကျန်စေရ။အကြိမ်ကြိမ်အဖန်ဖန် အာဂုံပြန်ဆောင်၏။ထို့နောက်တွင်ကား..
“တရုပ်ဟူသောအမှားကို တရုတ်ဟုပြင်သည်”
“တွေ့ဘူးလား ကို တွေ့ဖူးလား ဟု ပြင်၏”
“ပွဲသိမ်းပလိုက်မယ် ကို ပွဲသိမ်းပစ်လိုက်မယ် ဟု တည့်မတ်၏”
“ပဏ္ဍာပစ္စည်း ကို ပဏ္ဏာပစ္စည်းဟု အမှန်ဖြစ်စေ၏”
“ဘိက်သိက် ကို ဘိသိက် ဟု ပြောင်းလဲ၏။”
“ မူးမတ်ကို မှူးမတ် သို့ ပြန်ဖြစ်စေ၏”
“ ငြိုးငယ်ခြင်းကို ညှိုးငယ်ခြင်းဟု ပြင်ပြန်၏။”
ထို့မူတဝ ဆင်ကြီးဂဠုန်ချီသည့် အရေးအသားဖြစ်သော “သေခမူနာတရော်၌တည်း” ဟူသော စာအလွဲကို ပျူ၊ပါဠိ၊ မွန်၊မြန်မာလေးဘာသာဖြင့်ရေးထိုးအပ်သည့် ရာဇကုမာရ ကျောက်စာ(မြစေတီကျောက်စာ)ကို လှန်လျက် “သေခမူနာ သရော၌တည်း” ဟု အမှန်ဖြစ်အောင်အားထုတ်မိပြန်၏။
ထိုထိုဤဤသော စာလုံးရေထောင်ချီသည့် စာအကျအပေါက်တို့ကို ဖင်ကြားမှချွေးယိုအောင် ပြင်ရသော်ငြား ကျွန်ုပ်ပင်ပန်း သည် မထင်မိသေး၊ဒုက္ခဟု မသတ်မှတ်။စာစီဆရာ၏ အားနည်းချက်ဟုသာမြင်၏။ ငယ်နုစဉ်အရွယ်က သတ်ပုံမှားသဖြင့် ဆရာမ၏ လက်စွဲတော်ပေတံနှင့် လက်ဆစ်တို့အား  ကြိမ်ဖန် များစွာ အခေါက်ခံခဲ့ရသည်ကို ပြန်လည်သတိရခြင်းဖြင့် အားတင်း၏။သို့သော် ၊ သို့သော် …. ။
ဤသို့သော်ကား တကိုယ်လုံးယားယံလာသယောင်ခံစားရရုံမက ၊မန္တလာဒကာသင့်ကိုပါ ပလီစိချောက်ချက်၊ ကြမ်းပိုးကို မီးရထားစက်ခေါင်းဖြစ်အောင် ၊ဤအခြေဆိုက်အောင် အယုံသွင်းလေခြင်းဟူသောအတွေးပင် ဝင်လာကာ ကြီးစွာသော စိတ်ဒုက္ခကို ခံစားရလေသည်။ ဆက်၍ ရှုပါလော့။
(၅)
အဆိုပါ စာမူ၏ တခုသောနေရာ၌ “ခက်ထှာ” ဟူသော စကားလုံးကို တွေ့ရ၏။ ထူးဆန်းသော စကားလုံးပေတကားဟု သတ်ပုံကျမ်းကို လှန်၏။မတွေ့၊ပေါရာဏဖြစ်တန်ရာသည်ဟူသော အတွေးကြောင့် ကျမ်းအဆူဆူကိုလှန်သည်။ မရှိ။ မတတ်နိုင် ။ စာရေးဆရာသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းသမှု ပြုရတော့သည်။ 
“အော် ဒါလား ဆရာ၊ (ခက်လိုက်တာ)ကို အခုခေတ်မှာ “ခက်ထှာ”လို့သုံးနေပြီလေ၊ ဂျီတော့ ချပ်တင်စကားအသုံး ဆိုပါ တော့”
ကျွန်ုပ် ရုတ်ခြည်းလဲ၍သာ သေချင်တော့၏။ ရှိစေတော့။ ဆက်၍လှန်ပါအံ့။
စာမူ၏ အခြားတပါးသော နေရာတွင်လည်း .. ..“ပိတ်သတ်ကြီး”ဟူသော ထူးဆန်းလှသည့် စကားလုံးကို တွေ့ပြန်ရာ ဤကား ပရိသတ်ကြီးကို ဆိုလိုဟန်ရှိသောကြောင့် အမှားပြင်ပြီးသည်၏တခဏ၌ စာရေးသူထံ အသိပေးပြန်ရာ .. “ပိတ်သတ်ကြီးဆိုတာ အမှန်ဗျ။ မော်ဒန်အသုံးအနှုံး ဆိုပါတော့” ဟူသတည်း။နီးရာတိုင်ကို ခေါင်းနှင့်ပြေးဆောင့်ချင်စိတ် ကို အတော်ထိန်းရ၏။ ဆက်၍လှန်ပြန်သော် ..
“သမီးမှာ ကိုဝင်းကြည်ရှိနေပြီ” ဟူသော စာသားကို တွေ့ပြန်၏။ “ဘယ်က ကိုဝင်းကြည်ပါလိမ့်။ ဇာတ်ကောင်ကလေးမရဲ့ မိတ်ဆွေထင်ပါရဲ့။ ငါ့အသိကိုဝင်းကြည်များလား ”ဟု၊ဇဝေဇဝါ ဖြစ်ရသည်၏ အဆုံးတွင် ပြုမြဲအတိုင်း စာရေးသူထံ မေးရ ပြန်ရာ …။
“အော် ၊ဒါလား၊ ကိုယ်ဝန်ရှိတာကိုပြောတာလေဗျာ”ဟူ၏။“ဗျာ” ဟုသာ အော်နိုင်တော့သည်။ တခါမှ မရှိခဲ့ဖူးသော သွေးတိုးရောဂါကို ရုတ်ခြည်းခံစားရသယောင်ရှိလာလေသည်။ဆက်ဦးအံ့။ တခုသောနေရာတွင် ….
“အသည်းနာနွန်းနွန်းလို့” ဟု ပါရှိပြန်၏။ “အသည်းနာလွန်လွန်းလို့” ဖြစ်အံ့ထင်လျက် ပြင်မည်ကြံသော ခဏတွင်ပင် စာရေးသူကို မေးမိပြန်ရာ ….
“ အဲဒါ အမှန်လေဆရာ၊ မိုးဒီကြီးရဲ့ လက်သုံးစကားဗျ” ဟူသတည်း။
“ဖုသွားပြီ” ဟူသောစကားကိုလည်းတွေ့ရပြန်၏။“စိတ်ဆိုး၊စိတ်ခု၊စိတ်ကောက်သွားပြီ” ဟုဆိုသတည်း။
ထိုထိုသော စကားဆန်းတို့ကို နာခံပြင်ဆင်ပြီးသည်တွင် ဇာတ်လမ်းဆုံးခါနီးတနေရာ၌“ ဥထုဇဉ်”ဟူသော စကားကို တွေ့ရပြန်သဖြင့် ဒီတကြိမ်ဖြင့် အမှားသေချာပြီဟု အရဲကိုးကာ “ပုထုဇဉ်”ဟု ပြင်ဆင်လျက် စစ်ဆေးပြီးဆုံးသည့် စာမူဖိုင်ကို စာရေးသူ ပြန်ပို့ပြီးသည်နှင့် မကြာမတင် ပြန်စာရောက်လာသည်ကား ….
“ ကျနော်ရေးထားတဲ့ “ဥထုဇဉ်” ဆိုတာ အမှန်ပါ၊ကျနော်ဖော်ပြထားတဲ့ ဇာတ်ကောင်ဟာ သူ့လဥသူ ထုပြီး သေဖို့ကောင်း တဲ့ သူမို့ “ဥထုဇဉ်”လို့ သုံးတာပါ” ဆိုလေသတည်း။ကျွန်တော်မျိုးကြီးငဒင်ကား အမှန်ပင်သေသင့်ခဲ့ပြီ။
(၆)
အကျွန်ုပ်ကိုယ်တိုင်သာ သူ့ဇာတ်ကောင်နေရာကိုဝင်ကာ ကိုယ့်ဟာကိုယ်ထုလျက် ပျော်ပျော်ကြီး အဆုံးစီရင်ချင် စိတ်ပေါက်မိတော့ သည်။ မန္တလာ ဒကာသင့်ကို ဆုံမှာထည့်ထောင်းကာ အမှုန့်ကြိတ်ချင်စိတ်ပေါက်မိတော့သည်။အို၊ မန္တလာဒကာသင့်၊ ကိုယ်ချင်းစာ၊နာနိုင်ခြင်းငှာ …အသင့်အား ဆုံတွင် ထည့်မထောင်းမိခင်၊ ဒင့်ဘဝ ခဏယူပါခလှဲ့။
……………………………..
၂၇၊ ၀၅၊၂၀၁၃ နေ့ထုတ် ဆဲဗင်းဒေးနယူးသတင်းစာ ။

(၁)

မြူနှင်းတို့ဝေသောကာလ၊ ချမ်းမြမြဆောင်းတစ်ညတွင်၊ ယိုးဒယားနိုင်ငံ၊ ဖူးခက်မြို့အန်မခမ်အရပ်ရှိ အိမ်အိုကြီး၏ အပေါ်ထပ်၌ ကျွန်ုပ် ဆြာဒင်တစ်ယောက် ဇီးကင်းခန့်ရှိသော ချွေးစေးများပြန်လျက် တတိယတန်းဒေါင်းဖတ်စာတစ်အုပ်ကိုဖွင့်ရင်း ခုနှစ်သံချီ အော်ဟစ်ကာ စာအံလျက်ရှိလေသည်။

“တောင်ရှိန်ပြင်းဟုန် ၊ ငှက်ဂဠုန် ၊ သုန်သုန်ကိုလည်း နသတ်မည် ။”“မလည်မသုန် ၊ ရေကြောင်းစုန် ၊ဒဂုန်ကိုလည်း နသတ် မည် ။”“ကမ္ပည်းတံဆိပ် ၊ ရွှေပေလိပ် ၊သိပ်သိပ်ကိုလည်း ပသတ်မည် ။” “ငါးမည်မာရ်နှိပ် ၊ ပလ္လင်ထိပ် ၊ညောင်ရိပ်ကိုလည်း ပသတ်မည် ။”“ငါးမည်ရွှေကြာ ၊ ခက်ညွန့်ဖြာ ၊ စိမ်းပြာကိုလည်း ရစ်ရမည် ။”
ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား စာရွတ်သံကြောင့် ကာလနဂါးကဲ့သို့ ကုလားသေကုလားမော အိပ်မောကျတတ်သော တူတော် မောင် ရဲအောင်ပင်လျှင် စက်တော်ခေါ်ရာမှ လန့်နိုးလျက် ဝူးဝူးဝါးဝါးနှင့် ဦးရီးတော်ရှိရာ အပေါ်ထပ်သို့ တက်လာကာ ..
“ဦးကြီးဒင် ၊အဘယ်သတ္တဝါက လာရစ်ပါသဖြင့် သတ်ရန်ဖြတ်ရန် အချိန်မတော် ကြိမ်းမောင်းလေသနည်း”
တူတော်မောင်၏ ဇာတ်ဟန်ပါသော အပြောကို ယခင်ယခင့် အခါများက ရယ်တပြုံးပြုံး သွားဖုံးပေါ်အောင် သဘောကျ ခဲ့သော်ငြား ဤတစ်ကြိမ်တွင်မူ ငယ်ထိပ်သို့ရောက်နေသော ဒေါသသည် အမြှောင်းလိုက်ထွက်လာလေ၏။
“သောက်လိုက်ကန်းဆိုးမသိချက်ကတော့ကွာ၊ ကြိမ်းမောင်းနေတာ မဟုတ်ဘူးဟ၊ စာရွတ်စာအံနေတာ၊မြန်မာသတ်ပုံ သံပေါက်လို့ခေါ်တယ်၊ အိပ်မှာ အိပ်စမ်းကွာ၊ ထရိုက်မိမယ်”
“ကောင်းလှပေပြီ ဦးကြီးဒင်၊ပြန်အိပ်ပါအံ့ ၊ စိတ်ကိုလျှော့ပါလေ”
ထွက်ခတ်ခတ်ရင်း အောက်ထပ်သို့ ပြန်ဆင်းသွားသော တူတော်မောင်၏ သွန်သင်ဆုံးမစကားကြောင့် ကျွန်ုပ်၏ စိတ်ကို ပညာတည်းဟူသော ချွန်းဖြင့် ဘရိတ်အုပ်လိုက်ရပေ၏။ သို့သော် နှလုံးအိမ်ထဲတွင်ကား “မြန်မာစာမှာ သတ်ပုံဟာ အသက်ဝိညာဉ်ပဲ” ဟူသော ငယ်ဆရာ၏ စကားသံကို ပြန်လည် ကြားယောင်ကာ အံလက်စစာကို ဆက်ရွတ်မိပြန် သည်။
“ယာဉ်ပျံစကြာ ၊ ရွှေလိပ်ပြာ ၊ကြိုးကြာကိုလည်း ရစ်ရမည် ။”“ဇမ္ဗူ့သပြေ ၊ အသီးကြွေ ၊မိုးမြေကိုလည်း ရစ်ရမည်။ ”
“စည်းစိမ်မကြေ ၊ ကြိုးနှင့်ဖြေ ၊လက်ခြေကိုလည်း ရစ်ရမည် ။”“ရတနာစိန် ၊ ၀င်းလျှံထိန် ၊ရောင်ရှိန်ကိုလည်း နသတ်မည် ။”
“အသက်ဇီဝိန် ၊ စုတေချိန် ၊ညှိုးပိန်ကိုလည်း နသတ်မည် ။”“ပဉ္စအာလိန် ၊ တာဝတိန် ၊ဒေ၀ိန်ကိုလည်း နသတ်မည် ။”“မိုဃ်းကြိုးပုဆိန် ၊ တာဝတိန် ။ပစ်ချိန်ကိုလည်း နသတ်မည် ။”
………………………………
(၂)
အမှန်စင်စစ် ဤဒုက္ခ၊အနှီဒုက္ခကား ဆြာဒင့်ထံသို့ မိုးနတ်မင်း၏ပယောဂကြောင့်၊အထက်ဘဝဂ်၊အောက်အဝီစိမှ ကံဆိုး မိုးမှောင်ကျကာ ရောက်လာခြင်းမဟုတ်။ ဒုက္ခနှင့် ပြဿနာကို မီးခွက်ထွန်းရှာတတ်သော၊ ကိုယ့်အပူ ကိုယ်ရှာ ၊ကိုယ့်မီး ကိုယ်မွှေးလိုသော ကျွန်ုပ်၏ဓလေ့၊ စရိုက်ဝသီကြောင့် ကြုံရခြင်းသာတည်း။ ဖြစ်ပုံပျက်ပုံ အလုံးစုံကို အစလှန်ရသော် ဤသို့ ဖြစ်၏။
အမိမြေရွှေနိုင်ငံတော်သည် ဒီမိုကရေစီဇမ္ဗူရစ်၊ခေတ်ကြီးဆီသို့ ပြောင်းလဲခဲ့လေပြီဟု ဆိုကြလေသောကြောင့် ဆြာဒင် တစ်ယောက် အကယ်တန္တု ပြည်တော်ဝင်ခဲ့သော် အလုပ်လက်မဲ့ တရာ့ကိုးတရာ့တဆယ်စာရင်း မဝင်စိမ့်သောငှာ စာပေ တိုက်တခုကို ထင်ရာစိုင်းထူထောင်မိခဲ့လေ၏။
အဆိုပါစာပေသို့ အဦးအစ စတင်မိတ်ဆက်လာသူမှာ ရတနာပုံ နေပြည်တော်မှ မန္တလာဒကာသင့်ဖြစ်၏။ဒကာသင့်မှာ မန်းဆေးကျောင်းတော်ကြီးမှ ကဝိတဆူဖြစ်ရကား သူ့လုပ်ဖော်ကိုင်ဖက်ဆရာဝန်ကြီးတစ်ဦး၏ စာမူကို စက်တင်ပုံနှိပ်ပါရန် စပ်ဟပ်ကမ်းလှမ်းလာသော တခဏ၌ပင် ရေငတ်တုန်းရေတွင်းထဲကျသူကဲ့သို့ ဆြာဒင့်ခမျာ ဝမ်းသာအားရ ချက်ချင်းပင် ခေါင်းငြိမ့် လက်ခံလိုက်လေ၏။ စာရေးသူ၏ ကလောင်နာမည်မှာ ဇာတ်ဟန်ပါသော်ငြား သူသည် ဖေ့စ်ဘွတ်ခေါ် ဆွေသဟာစာမျက်နှာ၌ ဆယ်လီဗရစ်တီဖြစ်နေသည်ကတကြောင်း၊သူ့စာရေးဟန်မှာ မြူးကြွသွက်လက်သည်က တကြောင်း တို့သည်လည်း ကျွန်ုပ်လက်ခံခဲ့ခြင်းအကြောင်းရင်းတစ်ရပ်ဖြစ်၏။(ဤကားစကားချပ်)
(၃)
အဆိုပါစာမူသည် ကွန်ပြူတာစာစီသူထံမှတဆင့် ကျွန်ုပ်၏လက်ဝယ်သို့ ရောက်လတ်သော် ကျွန်ုပ်သည် အခြားတပါးသော သူ မကြံစီဝံ့သော မဟာအကြံအစည်ကြီးတခုကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်လေ၏။ ဆင်ခေါင်းကို ခွေးချီမည့် ဧရာမအကြံအစည်ကား ငါ၏စာပေတိုက်မှ ထုတ်ဝေလတ္တံ့သော စာမူသည် သတ်ပုံအမှားကင်းစေရမည် ဟူသော အကြံပေတည်း။ ဤကာလမင်္ဂလာအခါသမယမှ စတင်လျက် ကျွန်ုပ်သည် ဒုက္ခတည်းဟူသော လှလှနှင့် ဖူးစာ ဖက်ရချေတော့ သည်။
အနှီစာမူကို ဖတ်ရှုနေရင်းဖြင့် သနားစရာ အတို့ကျွန် ငဒင်ငယ်မှာ ဖြိုးကနဲ ဝမ်းသာခြင်း၊ ဖျတ်ကနဲ ဝမ်းနည်းခြင်း၊ လှပ်ကနဲ ရင်တုန်ခြင်း၊ ဇာတ်ကနဲ အကြောဆွဲခြင်း၊ ဖျတ်ကနဲ လက်ပန်းပေါင်းခတ်ခြင်း အမှုတို့ကို ပြုမိလေရာ ကျွန်ုပ်ကို ဘေးဘီမှ စောင့်ကြည့်အကဲခတ်သူတို့ပင် ရူးမတတ်ရှိကြလေ၏။
မြန်မာစာပေခေတ်ကြီးကား ဂငယ်ကွေ့ကွေ့လျက်ရှိပြီး ထွက်ရှိသမျှသော ဝတ္ထု၊သတင်းစာ၊ဂျာနယ်ဟူသမျှ သတ်ပုံမမှန်၊ တို့ထုံးစံခေတ်သို့ ရောက်နေခဲ့သော အဖြစ်ကို ကျွန်ုပ် မသိမဟုတ်။ သိပါ၏။လွန်ခဲ့သော နှစ်နှစ်ခန့်က မြန်မာစာတွင် သတ်ပုံမှန်သင့်ကြောင်း အချေအတင်စကားစစ်ထိုးကြရာ၌ အချေရှင် ညီတော်မောင်၊နာမည်ကျော်ဘလော့ဂါ နဗနက “အကိုကြီးရာ၊ ဖတ်တဲ့သူ နားလည်ရင် ပြီးတာပါပဲ။ဥပမာဗျာ အကိုကြီးကို ပြန်ပေးဆွဲပြီး အကိုကြီးမိန်းမဆီကို ပြန်ပေး ဓားပြတွေက စာတစောင် ပို့တယ်ဆိုပါစို့၊ အမဂျီး၊ ခင်ဗျားယောက်ကျားအူးမင်ဒင် အသက်မသေခြင်ရင် ငွေတယာ လာပို့ပါ ၊လို့စာရေးတာကို နားလည်ရင်ပြီးတာပဲ” ဟူသော ပွဲသိမ်းလက်သီးကြောင့် ဆြာဒင်ခမျာ၊ ဖင်ထိုင်ကာ ဒိုင်ပွဲရပ် အရှုံးပေး ခဲ့ရဖူးချေသည်တမုံ့။
(၄)
ဘယ်အရာမဆို လွယ်လွယ်နှင့် လက်မလျှော့လိုသော၊ ခေတ်တည်းဟူသော ရေစီးကို အဆန်ကူးလိုသော ကျွန်ုပ်ကား သတ်ပုံစိစစ်ရေးစီမံချက်ကြီးကို ပီပြင်စွာအကောင်အထည်ဖော်အံ့သောငှာ ရှေးစာဟောင်းတို့ကို လှန်၏။ သတ်ပုံကျမ်းတို့ ကို မွှေ၏။ ဒေသန္တရ၊ဘာသန္တရစကားတို့ပါ မကျန်စေရ။အကြိမ်ကြိမ်အဖန်ဖန် အာဂုံပြန်ဆောင်၏။ထို့နောက်တွင်ကား..
“တရုပ်ဟူသောအမှားကို တရုတ်ဟုပြင်သည်”
“တွေ့ဘူးလား ကို တွေ့ဖူးလား ဟု ပြင်၏”
“ပွဲသိမ်းပလိုက်မယ် ကို ပွဲသိမ်းပစ်လိုက်မယ် ဟု တည့်မတ်၏”
“ပဏ္ဍာပစ္စည်း ကို ပဏ္ဏာပစ္စည်းဟု အမှန်ဖြစ်စေ၏”
“ဘိက်သိက် ကို ဘိသိက် ဟု ပြောင်းလဲ၏။”
“ မူးမတ်ကို မှူးမတ် သို့ ပြန်ဖြစ်စေ၏”
“ ငြိုးငယ်ခြင်းကို ညှိုးငယ်ခြင်းဟု ပြင်ပြန်၏။”
ထို့မူတဝ ဆင်ကြီးဂဠုန်ချီသည့် အရေးအသားဖြစ်သော “သေခမူနာတရော်၌တည်း” ဟူသော စာအလွဲကို ပျူ၊ပါဠိ၊ မွန်၊မြန်မာလေးဘာသာဖြင့်ရေးထိုးအပ်သည့် ရာဇကုမာရ ကျောက်စာ(မြစေတီကျောက်စာ)ကို လှန်လျက် “သေခမူနာ သရော၌တည်း” ဟု အမှန်ဖြစ်အောင်အားထုတ်မိပြန်၏။
ထိုထိုဤဤသော စာလုံးရေထောင်ချီသည့် စာအကျအပေါက်တို့ကို ဖင်ကြားမှချွေးယိုအောင် ပြင်ရသော်ငြား ကျွန်ုပ်ပင်ပန်း သည် မထင်မိသေး၊ဒုက္ခဟု မသတ်မှတ်။စာစီဆရာ၏ အားနည်းချက်ဟုသာမြင်၏။ ငယ်နုစဉ်အရွယ်က သတ်ပုံမှားသဖြင့် ဆရာမ၏ လက်စွဲတော်ပေတံနှင့် လက်ဆစ်တို့အား ကြိမ်ဖန် များစွာ အခေါက်ခံခဲ့ရသည်ကို ပြန်လည်သတိရခြင်းဖြင့် အားတင်း၏။သို့သော် ၊ သို့သော် …. ။
ဤသို့သော်ကား တကိုယ်လုံးယားယံလာသယောင်ခံစားရရုံမက ၊မန္တလာဒကာသင့်ကိုပါ ပလီစိချောက်ချက်၊ ကြမ်းပိုးကို မီးရထားစက်ခေါင်းဖြစ်အောင် ၊ဤအခြေဆိုက်အောင် အယုံသွင်းလေခြင်းဟူသောအတွေးပင် ဝင်လာကာ ကြီးစွာသော စိတ်ဒုက္ခကို ခံစားရလေသည်။ ဆက်၍ ရှုပါလော့။
(၅)
အဆိုပါ စာမူ၏ တခုသောနေရာ၌ “ခက်ထှာ” ဟူသော စကားလုံးကို တွေ့ရ၏။ ထူးဆန်းသော စကားလုံးပေတကားဟု သတ်ပုံကျမ်းကို လှန်၏။မတွေ့၊ပေါရာဏဖြစ်တန်ရာသည်ဟူသော အတွေးကြောင့် ကျမ်းအဆူဆူကိုလှန်သည်။ မရှိ။ မတတ်နိုင် ။ စာရေးဆရာသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းသမှု ပြုရတော့သည်။
“အော် ဒါလား ဆရာ၊ (ခက်လိုက်တာ)ကို အခုခေတ်မှာ “ခက်ထှာ”လို့သုံးနေပြီလေ၊ ဂျီတော့ ချပ်တင်စကားအသုံး ဆိုပါ တော့”
ကျွန်ုပ် ရုတ်ခြည်းလဲ၍သာ သေချင်တော့၏။ ရှိစေတော့။ ဆက်၍လှန်ပါအံ့။
စာမူ၏ အခြားတပါးသော နေရာတွင်လည်း .. ..“ပိတ်သတ်ကြီး”ဟူသော ထူးဆန်းလှသည့် စကားလုံးကို တွေ့ပြန်ရာ ဤကား ပရိသတ်ကြီးကို ဆိုလိုဟန်ရှိသောကြောင့် အမှားပြင်ပြီးသည်၏တခဏ၌ စာရေးသူထံ အသိပေးပြန်ရာ .. “ပိတ်သတ်ကြီးဆိုတာ အမှန်ဗျ။ မော်ဒန်အသုံးအနှုံး ဆိုပါတော့” ဟူသတည်း။နီးရာတိုင်ကို ခေါင်းနှင့်ပြေးဆောင့်ချင်စိတ် ကို အတော်ထိန်းရ၏။ ဆက်၍လှန်ပြန်သော် ..
“သမီးမှာ ကိုဝင်းကြည်ရှိနေပြီ” ဟူသော စာသားကို တွေ့ပြန်၏။ “ဘယ်က ကိုဝင်းကြည်ပါလိမ့်။ ဇာတ်ကောင်ကလေးမရဲ့ မိတ်ဆွေထင်ပါရဲ့။ ငါ့အသိကိုဝင်းကြည်များလား ”ဟု၊ဇဝေဇဝါ ဖြစ်ရသည်၏ အဆုံးတွင် ပြုမြဲအတိုင်း စာရေးသူထံ မေးရ ပြန်ရာ …။
“အော် ၊ဒါလား၊ ကိုယ်ဝန်ရှိတာကိုပြောတာလေဗျာ”ဟူ၏။“ဗျာ” ဟုသာ အော်နိုင်တော့သည်။ တခါမှ မရှိခဲ့ဖူးသော သွေးတိုးရောဂါကို ရုတ်ခြည်းခံစားရသယောင်ရှိလာလေသည်။ဆက်ဦးအံ့။ တခုသောနေရာတွင် ….
“အသည်းနာနွန်းနွန်းလို့” ဟု ပါရှိပြန်၏။ “အသည်းနာလွန်လွန်းလို့” ဖြစ်အံ့ထင်လျက် ပြင်မည်ကြံသော ခဏတွင်ပင် စာရေးသူကို မေးမိပြန်ရာ ….
“ အဲဒါ အမှန်လေဆရာ၊ မိုးဒီကြီးရဲ့ လက်သုံးစကားဗျ” ဟူသတည်း။
“ဖုသွားပြီ” ဟူသောစကားကိုလည်းတွေ့ရပြန်၏။“စိတ်ဆိုး၊စိတ်ခု၊စိတ်ကောက်သွားပြီ” ဟုဆိုသတည်း။
ထိုထိုသော စကားဆန်းတို့ကို နာခံပြင်ဆင်ပြီးသည်တွင် ဇာတ်လမ်းဆုံးခါနီးတနေရာ၌“ ဥထုဇဉ်”ဟူသော စကားကို တွေ့ရပြန်သဖြင့် ဒီတကြိမ်ဖြင့် အမှားသေချာပြီဟု အရဲကိုးကာ “ပုထုဇဉ်”ဟု ပြင်ဆင်လျက် စစ်ဆေးပြီးဆုံးသည့် စာမူဖိုင်ကို စာရေးသူ ပြန်ပို့ပြီးသည်နှင့် မကြာမတင် ပြန်စာရောက်လာသည်ကား ….
“ ကျနော်ရေးထားတဲ့ “ဥထုဇဉ်” ဆိုတာ အမှန်ပါ၊ကျနော်ဖော်ပြထားတဲ့ ဇာတ်ကောင်ဟာ သူ့လဥသူ ထုပြီး သေဖို့ကောင်း တဲ့ သူမို့ “ဥထုဇဉ်”လို့ သုံးတာပါ” ဆိုလေသတည်း။ကျွန်တော်မျိုးကြီးငဒင်ကား အမှန်ပင်သေသင့်ခဲ့ပြီ။
(၆)
အကျွန်ုပ်ကိုယ်တိုင်သာ သူ့ဇာတ်ကောင်နေရာကိုဝင်ကာ ကိုယ့်ဟာကိုယ်ထုလျက် ပျော်ပျော်ကြီး အဆုံးစီရင်ချင် စိတ်ပေါက်မိတော့သည်။ မန္တလာ ဒကာသင့်ကို ဆုံမှာထည့်ထောင်းကာ အမှုန့်ကြိတ်ချင်စိတ်ပေါက်မိတော့သည်။အို၊ မန္တလာဒကာသင့်၊ ကိုယ်ချင်းစာ၊နာနိုင်ခြင်းငှာ …
အသင့်အား ဆုံတွင် ထည့်မထောင်းမိခင်၊ ဒင့်ဘဝ ခဏယူပါခလှဲ့။

(မင်းဒင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...