Sunday, May 26, 2013

မှတ်တမ်းရေးပုံရေးနည်း (How To Write A Memo)

Posted by Soe Soe Win on May 23, 2013 at 13:52 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ

မှတ်တမ်း (memo) ဆိုတာ အတိတ်ကအရာတစ်ခုလားလို့တောင် ထင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၄င်းနေရာမှ e-mail အမှာစာ (message) တွေ အစားထိုးဝင်ရောက်လာတာ ကြာလှပေါ့။ ဒါပေမယ့်လည်း မှတ်တမ်းရဲ့အကြမ်းဖျင်းပုံစံ (general format) ကတော့ အီလက်ထရွန်နစ် ဆက်သွယ်ရေးတွေ (electronic communications) မှာ အသုံးချလို့ရနိုင်ပါသေးတယ်။ ဒါ့အပြင် ကွန်ပျူတာနဲ့ရိုက်ပြီး print ထုတ်ထားတဲ့ (hard copy) မှတ်တမ်းတွေဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ တခြားအဖွဲ့အစည်းတွေမှာ ဆက်လက်ပြီးတော့ နေရာယူထား ပါသေးတယ်။ အထူးသဖြင့် ပုံနှိပ်ထား တဲ့ကြေညာချက် (သို့) အခြား အရာဝတ္တုတစ်ခုခုကို လူတစ်စုအကြားဝေငှတဲ့ အခါ စဉ်းစားစရာအကြောင်းအရာတွေ ဖန်တီးပေးရတဲ့ အခါမျိုးမှာဖြစ်ပါတယ်။ မှတ်တမ်းတစ်ခုကိုရေးသားတဲ့ အခါ ၄င်းရဲ့ပုံစံနှင့် ဖွဲ့စည်းပုံတို့နဲ့ပတ်သက်လို့ အကြံပြုချက်များ ဖော်ပြလိုက်ပါတယ်။



memo ရဲ့စာလုံးအရှည်ကတော့ memorandum ဖြစ်ပါတယ်။ အများက သဘောတူလက်ခံထားတဲ့ ၄င်းစာလုံး၏ အများကိန်း (plural forms) ၂ မျိုးကတော့ "memoranda" နဲ့ “memorandums” ပဲဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ "မှတ်မိစေရန်" (to be remembered) ပဲဖြစ်ပါတယ်။ မှတ်တမ်းတွေကို သတိပေးနှိုးဆော်စာ အဖြစ်အများအားဖြင့် အသုံးပြုကြပါတယ်။ ဒါပေမဲ့လည်း ၄င်းတို့ကို အင်အားတစ်ခုခု (resource) နဲ့ပတ်သက်လို့ အသိပေးလိုတဲ့အခါ (သို့) အဖြစ်အပျက်တစ်ခုခု (an event)၊ မူဝါဒတစ်ခုခု (a policy) (သို့) ဆွေးနွေးရမဲ့ အကြောင်းအရ တစ်ခုခု (an issue) ကို ဂရုပြုစေလိုတဲ့အခါမှာလည်း အသုံးပြုပါတယ်။


အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်လို့ လူအတော်များများကို သတင်းအချက်အလက်ပေးလိုတဲ့အခါ (သို့) သတိပေး လိုတဲ့အခါမှာ memo တွေဟာ အသုံးဝင်ပ့ါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ e-mail မသုံးပဲ မှတ်တမ်းဝေရတဲ့ အကြောင်းရင်းကတော့ မိမိသတင်းပေးချင်တဲ့သူ (သို့) သတိပေးချင်တဲ့သူတွေကလွဲပြီး တခြားသူတွေဆီ မပေါက်ကြား ရအောင်လို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်တမ်းဝေတဲ့အတွက် မလိုလားအပ်တဲ့အပြင် လူတွေဆီမပေါက် ကြားနိုင်ဘူး လားဆိုတော့လည်း ပေါက်ကြားနိုင်တာပါပဲ။ ဒီလိုမပေါက်ကြားဖို့ဆိုရင်တော့ မှတ်တမ်းဝေငှတာ မဟုတ်တော့ပဲ - လူကိုယ်တိုင်ပဲဖြစ်ဖြစ်၊ တယ်လီဖုန်းနဲ့ပဲ ဖြစ်ဖြစ် သတိပေးအကြောင်းကြားတာက ပိုသင့်တော်ပါ လိမ့်မည်။ ဒါကြောင့် အီလက်ထရွန်နစ်စနစ်ဖြင့် ပေးပို့တဲ့အခါ (သို့) အရာဝတ္တုပစ္စည်းတစ်ခုခုနှင့်တွဲလျက် မှတ်တမ်း ပေးပို့တဲ့အခါ အောက်ဖော်ပြပါအချက်တွေဟာ လိုက်နာဆောင်ရွက်သင့်တဲ့ အကြံပြု ချက်များပဲဖြစ်ပါတယ်။


မိမိရဲ့မှတ်တမ်းကိုတဖက်က လက်ခံမဲ့သူတွေကို သေသေချာချာရွေးချယ်ပါ။ လူတွေအများကြီးရွေးမိ တဲ့အတွက် မိမိရဲ့ အရည်အချင်းညံ့ဖျင်းမှုကို ဖော်ပြရာရောက်သလို တချို့သောသူများကို တမင်တကာပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ချန်မိခဲ့ပြန် တော့လည်း ငြိုငြင်မှုကို ခံရနိုင်ပါတယ်။ အထက်လူကြီးတစ်ယောက်ယောက်က သူ့ထံမှတ်တမ်းပို့ဖို့တောင်းဆိုထားရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ်မှတ်တမ်းထဲမှာ ပါတဲ့အကြောင်းအရာတွေကို ဖတ်ရတဲ့ အတွက် ထိုပုဂ္ဂိုလ်မှာ အကျိုးရှိရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် သင်ပေးလိုတဲ့မှတ်တမ်းဆိုတာသိရရုံနဲ့တင် ကျေနပ်နေတဲ့ သူဖြစ်နေတယ်ဆိုရင်တော့ ထိုသူကိုမှတ်တမ်းလက်ခံမဲ့သူတွေရဲ့ စာရင်းထဲမှာ မလွဲမသွေထည့်သွင်းရမှာဖြစ် ပါတယ်။ ဒါပေမဲ့လည်း အထက်လူကြီးအနေဖြင့် မဖြစ်မနေသိထားရမဲ့ အကြောင်းအရာမဟုတ်ရင်တော့ အဲ့ဒီ မှတ်တမ်းကိုမပေးမိဖို့ သတိထားပါ။ အဲဒါမှမဟုတ်ရင်လဲ အထက်လူကြီးဆီကို မှတ်တမ်းပို့သင့်မပို့သင့်ဆိုတာကို လောလောဆယ်တာဝန်ရှိတဲ့ ကြီး ကြပ်သူကို ဆုံးဖြတ်ခိုင်းလို့လည်းရပါတယ်။


မှတ်တမ်းကို ယေဘုယျကျကျရေးတဲ့အခါ (သို့) တဖက်ကမှတ်တမ်းကို လက်ခံပြီး ဖတ်မဲ့သူတွေကို လိပ်မူ ခေါ်ဝေါ်တဲ့အခါ သတ်မှတ်စနစ်ကျပြီး ရုံးသုံးလုပ်ငန်းသုံး အသုံးအနှုန်းတွေ (formality) ကို ဘယ်အတိုင်းအတာအ ထိ သုံးရမလဲဆိုတာကို ဆုံးဖြတ်တဲ့အခါမှာ မှတ်တမ်းရဲ့ သဘောသဘာဝ (nature) နဲ့ စီးပွားရေးလုပ်ငန်း (သို့) အဖွဲ့အစည်းရဲ့ ထုံးတမ်းအစဉ်အလာ (culture) တွေကိုပါ ထည့်သွင်းစဉ်းစားပါ။


မှတ်တမ်းတစ်ခုကိုရေးတဲ့အခါ စာကြောင်းတွေကို တစ်ကြောင်းနဲ့တစ်ကြောင်းကြားမှာ လိုင်းတစ်လိုင်းစာပဲ ခြား (single line space) ပါ။ ဘယ်ဘက်မာဂျင် (left margin) ကို မူတည်ပြီး စာကြောင်းတွေရဲ့အစွန်းတွေကိုညီ အောင်ညှိပါ။ စာပိုဒ်တစ်ပိုဒ်နှင့် တစ်ပုဒ်ခွဲခြားပြရာတွင် စာပိုဒ်၏ပထမဆုံးစာကြောင်းကို အတွင်းသွင်း၍ ရေးသား တဲ့နည်းကိုမသုံးပါနဲ့။ စာပိုဒ်အသစ်ရဲ့ ပထမဆုံးစာတစ်ကြောင်းရဲ့ အစကို ဘယ်ဘက်မာဂျင်နားက ကပ်ပြီးတော့သာပြန်စပါ။ ရှင်းလင်းကျစ်လစ်ပြီး တဲ့တိုးကျတဲ့ (direct) စကားလုံးအသုံးအနှုန်းကို အသုံးပြုပါ။ အဓိကအချက်တွေကို ထင်ရှားစေရန်တွက် ခေါင်းစဉ် (heading) တပ်ပါ (သို့) စက်ဝိုင်း၊ စတုရန်းကဲ့သို့သော အမှတ်အသားများတပ်ပါ (bullet) (သို့) အမှတ်စဉ်တပ်ပါ။


မှတ်တမ်းရဲ့ထိပ်ဆုံးမှာအပိုင်းလေးခုပါပါတယ် -

'သို့' လို့တပ်ပြီး - မှတ်တမ်းလက်ခံမည်သူရဲ့အမည်၊ ရာထူး၊ အလုပ်ဌာနပါတဲ့ အပိုင်းဖြစ်ပါတယ် ပြီးတော့
'မှ' လို့တပ်ပြီး ပေးပို့သူရဲ့ အမည်၊ ရာထူးနှင့် အလုပ်ဌာနတို့ပါတဲ့အပိုင်း အပြင်
နေ့စွဲအပြည့်အစုံနှင့်
အကြောင်းအရာ တို့ပါဝင်ရပါမယ်။


အကြောင်းအရာ (topic) ကို ပထမစာပိုဒ်မှာ နိဒါန်းပျိုးဖော်ပြတဲ့အခါမှာ အောက်ပါတို့ကို ထည့်သွင်းဖော်ပြနိုင် ပါတယ်။

မှတ်တမ်းရဲ့ရည်ရွယ်ချက် (ဥပမာ - ဒီလိုပုံနှိပ်ထားတဲ့မှတ်တမ်းကို ဝေငှတဲ့အကြောင်းရင်းကိုရှင်းလင်း ပြခြင်း)
အကြောင်းအရာ (topic) နှင့်ဆက်စပ်နေတဲ့အခြေအနေ (မှတ်တမ်းကိုလက်ခံရရှိသူတွေ၊ ကုမ္ပဏီနှင့် အဖွဲ့ အစည်းတို့အတွက် မှတ်တမ်းရဲ့ အရေးပါမှု)
မျှော်လင့်ထားတဲ့ရလဒ် (မှတ်တမ်းလက်ခံရရှိသူများအနေဖြင့် - ၄င်းကို ဖတ်ရှုပြီးတဲ့အခါ၊ နောက်ပြုလုပ်မဲ့ အစည်းအဝေးတွင် ၄င်းနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ရန် အဆင်သင့်ဖြစ်နေနိုင်မှု)

နောက်စာပိုဒ်တွေမှာတော့ အခြေအနေနဲ့ လုပ်ငန်းပေါ်မှာထပ်ရှင်းပါ။ ပြီးလျှင်အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ်ဖော်ပြရှင်းလင်းပါ။ ထို့နောက်အကြောင်းအရာကိုပြန်ချုပ်ပါ။ နိဂုံးချုပ်အနေနဲ့ လိုအပ်တဲ့ (သို့) တောင်းဆိုလာတဲ့ ဆက်လက်အရေးယူဆောင်ရွက်ရမဲ့ လုပ်ငန်းအကြောင်း ထင်မြင်သုံးသပ် ချက်ပေးပါ။ (ဥပမာ - အကြံပြု ထောက်ခံချက်များနှင့် အခြားတုံ့ပြန်မှုများတောင်းခံခြင်း၊ (သို့) စီစဉ် ထားသောအစည်းအဝေး (သို့) အခြားအဖြစ်အပျက်နှင့်ဆက်စပ်၍မေးမြန်းခြင်း) မိမိတပ်လိုက်တဲ့ ခေါင်းစဉ်တွေဟာ တိကျဖို့ လိုပါတယ်။ ဥပမာ - "Recommendation" ဆိုတာထက် "Ethics Policy Recommendations" ဆိုတာက ပိုတိကျပါတယ်။ စာရင်း (lists) တွေကိုတော့ ပုဒ်စု အနည်းငယ် (a few phrases) (သို့) တိုတောင်းတဲ့ကြေညာချက် (brief statements) တွေအဖြစ် ကန့်သတ်ထားတာကတော့ အကောင်းဆုံးပါပဲ။


တခြားသောစာအရေးအသားတွေလိုပါပဲ - မှတ်တမ်းတွေဟာလည်းရေးသားသူရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းပြတ်သားစွာဖော်ပြပြီး၊ အဲ့ဒီ့ရည်ရွယ်ချက်ကို မှတ်တမ်းကို လက်ခဲ့မည့်သူများရဲ့လိုအပ်ချက်နှင့် အကျိုးတို့နှင့် ဆက်စပ်ပြနိုင်ရပါမယ် ဆိုတာကို မမေ့စေလိုပါ။





[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- ယခုလ (May 2013) မှစ၍ အသင်းဝင်များကို လစဉ် ၁၀၀၀၀ တန် ဖုန်းငွေဖြည့်ကဒ် ၁၀ ကဒ်ကို ကံစမ်းမဲဖောက်ပေးမည် ဖြစ်ပါသည်။
- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်ပြီး အသင်းဝင်အချင်းချင်း အွန်လိုင်းမှ စကားပြော (Chat) နိုင်မည်၊ Message ပေးပို့နိုင်မည်ဖြစ်ပါသည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

Read more: မှတ်တမ်းရေးပုံရေးနည်း - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A869288&xgs=1&xg_source=msg_share_topic#ixzz2UT8Ru6GZ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...