Sunday, May 26, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၅)

သစ်ထူးလွင်



Posted: 26 May 2013 06:19 AM PDT
အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ မော်ဝါဒီသူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ အာဏာရ ကွန်ကရက်ပါတီတာဝန်ရှိသူတွေ အပါအ၀င် ၂၇ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ Chhattisgarh ပြည်နယ်ရဲ့ တောတောင်ထူထပ်တဲ့ Sukuma ဒေသမှာ ခရီးထွက်နေတဲ့ ကွန်ကရက်ပါတီဝင်တွေရဲ့ ယာဉ်တန်းကို အင်အားအတော်များတဲ့ မော်ဝါဒီသူပုန်တွေ က စနေနေ့နေ့လည်ပိုင်းကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 May 2013 06:01 AM PDT
သမ္မတဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သမ္မတအိမ်တော်မှာ စီးပွားရေးဆိုင်ရာ သဘောတူလက်မှတ် ရေးထိုးပွဲ၌တွေ့ရစဉ်။ (မေ၊ ၂၆၊ ၂၀၁၃)
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာနေတဲ့ မြန်မာနိုင်ငံ အတွက် ဖွံ့ဖြိုးရေး အကူအညီတွေ တိုးချဲ့ ပေးအပ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) က ကတိပြုလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံချိန် - ဂျပန်ဝန်ကြီးချုပ်က အဲ့ဒီလို ကတိပြုခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပေးပါမယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး လာရောက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးဟာ သူ့ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှု အတွင်း မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ လာရောက် ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့ကြပြီးတော့ နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးမှုတွေလည်း လုပ်ခဲ့ကြပါတယ်။

ဒီအထဲက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကူအညီတွေကို ကဏ္ဍ ၃ ရပ်ခွဲပြီး ဂျပန်နိုင်ငံကနေ မြန်မာ ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် တိုးချဲ့ ကူညီသွားမယ့်ကိစ္စလည်း ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“ဂျပန်ဝန်ကြီးချုပ်က နောက်ထပ် ODA အကူအညီတွေ တိုးချဲ့ပေးမယ်ပေါ့နော်။ ပေးမယ့်ဟာက ကဏ္ဍ သုံးခုပေါ့။ တစ်ခုက နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး-က နယ်မြေတစ်ခု၊ ဒုတိယနယ်မြေကတော့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တတိယကတော့ အခြေခံအဆောက်အအုံတည်ဆောက်ရေး- အဲဒီကိစ္စမှာ ODA အကူအညီတွေ ထပ်ပြီးပေးမယ်ဆိုတဲ့ ကိစ္စ ပြောသွားပါတယ်။ ကျနော်တို့ဘက်ကတော့ SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စ၊ နောက်တစ်ခါ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးဖို့။ နောက်တစ်ခါ လမ်းစဉ်ပါတီလက်ထက်မှာတုန်းက လုပ်ခဲ့တဲ့ စက်မှု စီမံကိန်းတွေရှိတယ်။ ဂျပန်ရဲ့နည်းပညာတွေနဲ့ လုပ်ခဲ့တာတွေ၊ နောက်တစ်ခါ JICA အစီအစဉ်နဲ့ဆောက်ခဲ့တဲ့ ဆေးရုံတွေရှိတယ်။ အဲဒီလို ပုံစံမျိုးတွေနဲ့ ဆက်ပြီးတော့ အကူအညီပေးနိုင်ဖို့တွေ ပြောပါတယ်။”

ဒါ့အပြင် ဒီအထဲမှာ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနဲ့ လူထု ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်တွေကိုလည်း အလေးထား ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ ၀န်ကြီး ဦးရဲထွဋ် က ဆက်ပြောပြပါတယ်။

“မြန်မာနိုင်ငံရဲ့ပထမဦးဆုံး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ နောက်တစ်ခါ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတည်ဆောက်နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံက အကူအညီပေးနိုင်မယ့် အခြေအနေ၊ နောက်တစ်ခါ ကျန်းမာရေး ပညာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍ၊ နောက်တစ်ခါ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပါတယ်။”

ဂျပန်ဝန်ကြီးချုပ်ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်မှာ ဂျပန်ထိပ်တန်းစီးပွားရေးလုပ်ငန်
းရှင်ကြီးတွေလည်း အတူလိုက်ပါလာကြတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဂျပန်က လာရောက်ရင်းနှီးမြှုပ်နှံမယ့်ကိစ္စနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါ သေးတယ်။ ဂျပန်အစိုးရဘက်ကတော့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ အများဆုံး ရင်းနီးမြုပ်နှံထားတဲ့ ရန်ကုန်တိုင်း သီလ၀ါဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေးလည်း ပါဝင်တယ်လို့ ၀န်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

ဒီကနေ့ သမ္မတအိမ်တော်မှာ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ စာချွန်လွှာထဲမှာတော့ - လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာသင်ဆုပေးရေး စီမံချက်၊ ရန်ကုန်မြို့တော် ရေပေးဝေရေးစနစ် တိုးတက်မြှင့်တင်ရေးစီမံချက်၊ ဖွံ့ဖြိုးရေးစီမံကိန်း သုံး ခုအတွက် ချေးငွေ သဘောတူညီချက်၊ ကြွေးမြီလျှော်ပေးရေး သဘောတူညီချက်တွေ ပါဝင်တယ်လို့လည်း ၀န်ကြီးဦးရဲထွဋ်ရဲ့ လူမှုကွန်ရက် facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မနေ့ကတော့ ဂျပန်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ရန်ကုန် သီလ၀ါ အထူးစီးပွားရေးဇုန်မှာ အကျိုးတူ လုပ်ငန်းတွေ လက်တွဲ လုပ်ဆောင်ဖို့အတွက် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နားလည်မှု စာချွန်လွှာတရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။

ဒါ့အပြင် မနေ့ကတော့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံခဲ့ပြီး ဂျပန်လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကိစ္စ အပါအ၀င် မြန်မာဈေးကွက်ထဲကို ဂျပန်လုပ်ငန်းတွေ ၀င်ရောက်လာမှုက မြန်မာနိုင်ငံကို အကျိုး ဖြစ်စေဖို့၊ ပြီးတော့ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ က ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်လောက်တဲ့ အထိ ခိုင်မာမှု ရှိဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို ဂျပန်သတင်းတွေမှာ ဖော်ပြကြပါတယ်။

မြန်မာနိုင်ငံက နိုင်ငံတကာကို ပေးစရာရှိနေတဲ့ ပြည်ပကြွေးမြီ သန်း ၆ ထောင်လောက်ထဲက ထက်ဝက်လောက်ကိုတော့ ဂျပန်နိုင်ငံက ဒီနှစ်ဆန်းပိုင်း ကပဲ ကြားဝင်ကူညီပြီး လျော်ပေးထားတာ ဖြစ်ပါတယ်။ ဒီလို ဂျပန်နိုင်ငံ ဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ အများဆုံးပေးနေတဲ့ တိုင်းပြည် တခု ဖြစ်ပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေမှာတော့ နောက်တန်းနေရာမှာသာ ရှိနေခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၃ ခုနှစ် မတ်လအထိဆိုရင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ သာရှိတဲ့အတွက်လည်း မြန်မာနိုင်ငံ မှာ ပြည်ပက ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတွေစာရင်းမှာ အဆင့် ၁၁ မှာသာ ရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုအခါမှာတော့ ပြည်ပတင်ပို့မှုတွေနဲ့ ကုန်သွယ်မှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတဲ့ ၀န်ကြီးချုပ် ရှင်ဇို အာဘေး အစိုးရက မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှုတွေကိုပါ တိုးမြှင့်လုပ်ဆောင်လာနေတာဖြစ်
ပြီး နှစ်ပေါင်း ၄၀ နီးပါး အတွင်း ဂျပန်ခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ခဲ့ပါတယ်။ မွန်းလွဲပိုင်းကတော့ ဂျပန်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၃ ရက်ကြာ သူ့ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံ ကနေ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

မနန္ဒာချမ်း (ဗွီအိုအေ)


Posted: 26 May 2013 03:41 AM PDT
ဥက္ကံပဋိပက္ခတွင် မီးလောင်ခံရသည့် အိမ်ခြေ ၈၁ လုံးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် အလှူရှင်များ၏ အစီအစဉ်ဖြင့် ပျဉ်ထောင်အိမ်များကို မေလကုန်တွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်စိုး က The Voice သို့ ပြောကြားသည်။
"အိမ်တစ်လုံးကို ၁၅ သိန်းလောက် ကုန်ကျမှာပါ" ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 May 2013 03:07 AM PDT
နေပြည်တော် ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။

နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၆မိုင် ၅ဖာလုံက ဆင်ခြေလျှောကုန်းဆင်းမှာ အံ့သြဘွယ် ဆွဲငင်အား ရှိနေကြောင်း ကို မေလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ရှေ့မျက်နှာဖုံး ခေါင်းကြီး သတင်းမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီ့လို ဆွဲငင်အား ဓါတ်သက်ရောက်မှုဖြစ်ပေါ်နေတဲ့ Magic Hill ကုန်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး၊ ကနေဒါနဲ့ အိုင်ယာလန်နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။ (ဒီဗွီဘီ)

(ရိုက်ကူးပေးပို့ - ဖိုးသား(ပျဉ်းမနား)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 26 May 2013 03:04 AM PDT
မေလ(၂၆)ရက်နေ့ တနင်္ဂနွေနေ့ ထုတ် မြန်မာ့အလင်း သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 26 May 2013 03:01 AM PDT
မေလ(၂၆)ရက်နေ့ တနင်္ဂနွေနေ့ ထုတ် ကြေးမုံ  သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 26 May 2013 02:57 AM PDT
မေလ(၂၆)ရက်နေ့ တနင်္ဂနွေနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 26 May 2013 02:50 AM PDT
မေလ(၂၅)ရက်နေ့ ထုတ် ရတနာပုံ နေပြည်တော် သတင်းစာ အတွဲ ၅ ၊ အမှတ် ၁၀

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 26 May 2013 02:47 AM PDT
မေလ(၂၄)ရက်နေ့ ထုတ် Auto World ဂျာနယ် အတွဲ ၂ ၊ အမှတ် ၁၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 26 May 2013 02:44 AM PDT
မေလ (၂၃)ရက်နေ့ ထုတ် ပြည်သူ့ ဆန္ဒ ဂျာနယ် အတွဲ (၁) ၊ အမှတ် (၁၀)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 26 May 2013 01:42 AM PDT
မြစ်ကြီးနား၊ မေ ၂၅

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှုလက်မှတ် မရေးထိုး ရသေးသော ကေအိုင်အို၏ ထိန်းချုပ်နယ်မြေ၌ လာမည့် စက်တင်ဘာလတွင် အမျိုးသား ကောလိပ်ကျောင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ကေအိုင်အို ပညာရေးဌာန၏ ဒုတိယ တာဝန်ခံ ဦးခွန်းအောင်က The Voice သို့ ပြောကြားသည်။

လက်ရှိတွင် ကေအိုင်အိုနယ်မြေ အတွင်းရှိ အထက်တန်းအောင်မြင်သော ကျောင်းသားများမှာ တက္ကသိုလ် တက်ရောက်ရန် အခက်အခဲ ဖြစ်နေသောကြောင့် ယခင်ရှိပြီးသား အစီအစဉ်ဖြစ်သော အမျိုးသားကောလိပ် ဖွင့်လှစ်ရေးကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
"နိုင်ငံတကာအသိအမှတ်ပြုကောလိပ် ဖြစ်ဖို့အတွက် ချိတ်ဆက်နေပါတယ်။ ဘယ်နိုင်ငံနဲ့ ချိတ်ဆက်ဖြစ်မယ် ဆိုတာတော့ ပြောလို့မရသေးပါဘူး" ဟု ၄င်းကဆိုသည်။

လက်ရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားသော အထက်တန်းကျောင်းများမှ အောင်မြင်သော ကျောင်းသားများသည် ကေအိုင်အိုက ဖွင့်လှစ်ထားသော ဗိုလ်သင်တန်း၊ အုပ်ချုပ် ရေးသင်တန်း၊ ဆရာအတတ်သင်ကျောင်း၊ သူနာပြုသင်တန်းကျောင်း နှင့် စိုက်ပျိုးရေးသင်တန်းကျောင်း တို့တွင် တက်ရောက် နေရသည်။
"ကောလိပ် ဖွင့်ဖွင့်ချင်းမှာ စိုက်ပျိုး ရေးဘာသာ၊ အင်္ဂလိပ်ဘာသာ အစရှိတဲ့ ဘာသာရပ်လေးခု ပါပါမယ်။ နောက်တော့ တဖြည်းဖြည်းတိုးချဲ့မယ်" ဟု ဦးခွန်းအောင် က ပြောကြားသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၂၆၅ ဦးဖြေဆိုခဲ့ပြီး ၁၂၃ ဦးအောင်မြင်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကလည်း စစ်ဘေးဒုက္ခသည် စခန်းများရှိ ကျောင်းသားများ သီးသန့် ပညာသင်ကြားနိုင်ရေးအတွက် အထက်တန်းကျောင်း တစ်ကျောင်းကို လိုင်ဇာမြို့အနီး အလဲန်းဘွမ် ကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့သည်။

The Voice Weekly


Posted: 26 May 2013 01:21 AM PDT
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရွှေသံလွင် ကုမ္ပဏီသည် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ လျှပ်စစ် ဓါတ်တိုင်များ သွယ်တန်း ရာ လမ်းတစ်လျှောက်တွင် ဒေသခံများ၏ ရော်ဘာ ပင်များနှင့် နှစ်ရှည်ပင်များ မြောက်များစွာ ပျက်စီးပြီး သက်ဆိုင်ရာ ဒေသခံ များ လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ဒေသခံများကို ညှိနှိုင်းဖြေရှင်းမှုများ မလုပ်ဆောင်ဘဲ လျှပ်စစ်သွယ်တန်းရာလမ်းတစ် လျှောက် ပျက်စီးဆုံးရှုံးကြသည့် ဒေသခံများ၏ ရာဘာပင်များနှင့် အခြားနှစ်ရှည်ပင်များကိုလည်း လျော်ကြေးငွေ မရရှိကြောင်း ရာဘာနှင့် နှစ်ရှည်ပင် ပျက်စီးဆုံးရှုံးခံရသူ ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ရေကျော်၊ မဟော်ဂနီလမ်းမှ နန်းမြင့်မြင့်ဇင်က ပြော သည်။

“ကျမ ရာဘာခြံကို လျှပ်စစ်ဓါတ်တိုင်ဖြတ်တော့ ရာဘာပင်တွေ၊ နှစ်ရှည်ပင်တွေ ရာထောင်ချီပြီး ပျက်စီးသွားတယ်။ ဖြတ်တဲ့လမ်း ကြောင်းမှာ ဧက(၂၀)လောက် ရှိတာကိုး။ လျှပ်စစ်ဓါတ်တိုင် သွယ်တန်းတဲ့ ကန်ထရိုက် ဇော်မျိုးအောင်က ကျမကို ပြောတယ်။ ရွှေသံလွင် ကုမ္ပဏီသူဌေး လာရှင်းမယ်တဲ့။ အခုထိ ဘယ်သူမှ မလာဘူး။ ဘာလျော်ကြေးငွေမှ မပေးဘူး”ဟု ပြောသည်။

ယင်းသို့ ပျက်စီးသွားခဲ့သည့် ဒေသခံများ၏ နှစ်ရှည်ခံအပင်များကို ရွှေသံလွင်ကုမ္ပဏီက ဖြေရှင်းပေးရန်နှင့် ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာကို ဒေသခံများက သွားရောက် အကူအညီတောင်းမည်ဖြစ်ကြောင်း နန်းမြင့်မြင့် ဇင်က ပြောသည်။

ကရင်ပြည်နယ်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး စောကြည်လင်းက လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်းရာ၌ မလွဲမရှောင်သာ၍ ဒေသခံများ၏ အကျိုးစီးပွားများ ထိခိုက်မှုများရှိခဲ့သော် ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်ပြီး လုပ်ထုံးလုပ်နည်းအရ ပျက်စီးသွား သည့် ဒေသခံများ၏ ရာဘာပင်များ၊ နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေများ အဆင့်ဆင့် ပေးဆောင်ရမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့ လုပ်ထုံးလုပ်နည်းအရဆိုရင် လျှပ်စစ်ဓါတ်တိုင်တွေ သွယ်တန်းရာမှာ အတတ်နိုင်ဆုံး ဒေသခံတွေရဲ့ အကျိုးစီးပွား မထိခိုက်အောင် လုပ်ရပါတယ်။ မရှောင်ကွင်းနိုင်လို့သာ ဒေသခံများရဲ့ အကျိုးစီးပွားများကို ထိခိုက်မှုများရှိခဲ့ရင် ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပျက်စီးသွားတဲ့ အရာတွေ၊ အပင်တွေကို လျော်ကြေးငွေများ ပေးဆောင်ရပါတယ်”ဟု စောကြည်လင်းက ပြောဆိုသည်။

ရွှေသံလွင်ကုမ္ပဏီမှ လုပ်ကိုင်နေသည့် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ သွယ်တန်းထားသော လျှပ်စစ်ဓါတ်တိုင်လမ်းတစ် လျှောက်ရှိ ဒေသခံများ၏ ရာဘာခြံများ၊ ဥယျာဉ်ခြံများအပြင် ဘားအံမြို့အဝေးပြေးကားဂိတ် အရှေ့ဘက် ကြာအင်းတောင်ခြေ ရင်းရှိ ဒေသခံများ၏ ရာဘာနှင့် နှစ်ရှည်ပင်များလည်း ပျက်စီးဆုံးရှုံးခဲ့သေးသည်။

ထိုပျက်စီးမှုများကို ရွှေသံလွင်ကုမ္ပဏီက ယခုအချိန်ထိ ဒေသခံများနှင့် လာရောက်ဆွေးနွေးမှုများ၊ လျော်ကြေးငွေများ ပေး ဆောင်ခြင်းများ မရှိသေးကြောင်း သိရှိရသည်။

KIC (Karen Information Center)
 
 
Posted: 26 May 2013 12:55 AM PDT
၂၅-၅-၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ နွယ်ခွေရပ်ကွက်နေ ဒေါ်ခင်ထွေးရီ (၅၈)နှစ်သည် ဈေးသို့သွား ရာတွင်လည်းကောင်း၊ ပိုင်ထက်အောင်(ခ)ကိုပိုင်(၁၇)နှစ်သည် ဈေးမှအပြန်တွင် လည်းကောင်း ဘုရင့်နောင် အခြေခံအပညာ အထက်တန်းကျောင်းခွဲရှေ့အရောက် အလျား ၁ လက်မခန့် အရွယ် ပတူပျားများသည် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 May 2013 12:37 AM PDT
တောင်ငူ၊ မေ ၂၅

ခရီးသည် ၃၀ ခန့် တင်ဆောင်လာသော ရန်ကုန်မှ မန္တလေးသို့ ပြေးဆွဲသည့် မန်းရွှေမြို့တော် အဝေးပြေးခရီးသည်ယာဉ် သည် မေလ ၂၅ ရက် နံနက် ၅ နာရီ မိနစ် ၃၀ က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၅/၃ နှင့် ၁၂၅/ ၄ အကြား ကိုးကွေ့တံတား ချဉ်းကပ်လမ်းတွင် အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၁ ဦးသေဆုံးခဲ့ကြောင်း ဗောဓိကုန်း အမြန်လမ်း ရဲစခန်း ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မန်းရွှေမြို့တော် ခရီးသည်ယာဉ်သည် ရန်ကုန်မြို့မှ မန္တလေးသို့အသွား ကိုးကွေ့တံတား ချဉ်းကပ်လမ်း၌ အရှိန်လွန်ပြီး လမ်းလယ်ကျွန်းတုံးများကို ဝင်တိုက်ရာမှ တစ်ဆင့် တံတား
လက်ရန်းကို ကျော်ကာ ခရီးသည်ယာဉ် ထက်ပိုင်းကျိုး၍ ပက်လက်လန် တိမ်းမှောက် ခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ၏ ကနဦး စစ်ဆေးချက်အရ သိရှိရသည်။

သံဃာတစ်ပါးနှင့် အသက် ၁၀ နှစ် ခန့် ကလေးငယ်တစ်ဦး အပါအဝင် အမျိုး သားခြောက်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က အတည်ပြုပြောကြားသည်။

"သေဆုံးနေတဲ့သူတွေကို ချောင်းထဲမှာ တွေ့ရသလို တချို့က သွေးသံရဲရဲနဲ့ ထိုင်နေသူတွေ ကိုလည်း တွေ့ရတယ်။ သွေးတွေကြားကနေ အရေးပေါ် ရှေးဦးသူနာပြုစုဖို့ လိုသူတွေကို ချက်ချင်း ပြုစုပေးပြီး ဖြူးဆေးရုံကို ပို့ပါတယ်" ဟု အမြန်လမ်း ၁၁၅ မိုင် အရေးပေါ်ရှေးဦး သူနာပြုစခန်းမှ တာဝန်ခံသူနာပြု ဆရာမ ဒေါ်သန်းသန်းမြင့်က ပြောကြားသည်။

ခရီးသည်ယာဉ်သည် ရန်ကုန်မှ ၁၀၅ မိုင်အထိ ကောင်းမွန်နေသော်လည်း ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့်နေရာတွင် ကားဘီးပေါက်သံ ကြားရပြီး လမ်းလယ်ကျွန်းများကို တိုက်ကာ တံတားပေါ် တက်ခဲ့သည်ကိုသာ မှတ်မိကြောင်း တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ယာဉ် ပေါ်လိုက်ပါလာသူ သက်တော် ၂၁ နှစ်ရှိ သံဃာတော်အရှင်ဇနကက မိန့်ကြားသည်။

ခရီးသည်တင် ယာဉ်ပေါ်တွင် ရန်ကုန်မြို့မှ လိုက်ပါလာသော ခရီးသည်စုစုပေါင်း ၂၁ ဦးကိုသာ သိရှိရသော်လည်း လမ်းကြုံ ခရီးသည်များ ပါဝင်ပါက ၃၀ ခန့်ရှိနိုင်ကြောင်း ဖြူးမြို့အမြန်လမ်း ယာဉ်ရပ်နား စခန်းမှ လိုက်ပါလာသူ အသက် ၂၀ အရွယ် ဦးကျော်ဇင်မင်းက ဆိုသည်။

"ဆေးရုံမှာ အတွင်းလူနာ ၁၃ ဦး ရှိပါတယ်။ အမေရိကန်နိုင်ငံသား ခရီးသည် က ညှပ်ရိုးကျိုးပြီး လက်ပြင်ပြုတ်သွားတယ်။ သူ့ကိုဖြူးဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါပြီ" ဟု ဖြူးမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ရှင်းပြသည်။

အဆိုပါ အမေရိကန်နိုင်ငံသားကို သက်ဆိုင်ရာသံရုံးကို အကြောင်းကြားထားပြီး ဆေးရုံပြောင်းရွှေ့ ပို့ဆောင်လိုက်ကြောင်း ဗောဓိကုန်းအမြန်လမ်း ရဲစခန်း စခန်းမှူး ရဲအုပ်ကျော်သန်းက ပြောကြားသည်။
"ယာဉ်မှောက်တာက လမ်းကြောင့် လုံးဝမဟုတ်ပါဘူး။ မောင်းလာတဲ့ယာဉ်ရဲ့ တာယာပန်းက မရှိတော့ပါဘူး။ ဘီးအပေါက်မှာ လမ်းလယ်အုတ်ခုံတွေကို တိုက်ပြီး ညာကြောက တံတားပေါ်တက် တယ်။ ယာဉ်ထက်ပိုင်းကျိုးပြီး ပက်လက် လန်သွားတာပါ။ သူတို့လမ်းမှာလည်း ဘီးပေါက်ခဲ့တယ်လို့လည်း ကြားတယ်" ဟု ရန်ကုန်-မန္တလေးအမြန်လမ်း အင်ဂျင် နီယာမှူးကြီး ဦးမျိုးမြင့်က ရှင်းပြသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသူနှင့် သေဆုံးဒဏ်ရာရရှိသူ များ၏ အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ယာဉ်မောင်းသီဟအောင်ကို ပုဒ်မ ၃ဝ၄ (က)/၃၃၇/၃၃၈ဖြင့် အမှု ဖွင့်ထားကြောင်း အုတ်တွင်းမြို့နယ် ဗောဒိ ကုန်းအမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။

ခရီးအကွာအဝေး စုစုပေါင်း ၃၅၈ မိုင်ရှိသည့် ရန်ကုန်-မန္တလေး လေးလမ်းသွား အမြန်လမ်းမကြီးကို ၂၀၀၅ ခုနှစ်တွင် စတင် ဖောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းကို ၂၀၀၉ ခုနှစ် မတ်လတွင် လည်းကောင်း၊ နေပြည်တော်-မန္တလေး အမြန်လမ်းပိုင်းကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် ဖြစ်ပွားသော ယဉ်မတော်တဆမှု များကြောင့် စတင်ဖွင့်လှစ်သည့် အချိန်မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ အချိန်ထိ လူ ၂၀၀ကျော် သေဆုံးခဲ့ရကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly


Posted: 26 May 2013 12:23 AM PDT
ရန်ကုန်မြို့၊ သံဃာတော်များအား ဆင်းတွန်းခိုင်းပြီး မောင်းပြေးသော Probox TAXI ယာဉ်အား ရဲတပ်ဖွဲ့မှ ၂၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး ရမိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ် ပြန်ထားပါသည်။

၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်တွင် သီလဘန် ကျောင်းတိုက်နေ ဆရာတော် ဦးနန္ဒသာရသည် ရေးမြို့မှ အောင်မင်္ဂလာ အဝေးပြေးသို့ ရောက်ရှိလာပြီး Probox အဖြူရောင် အဌားယာဉ် (နံပတ်မမှတ်မိ)အား အတူပါဆရာတော် ဦးကောဝိဒ နှင့်အတူဌားရမ်းစီးလာစဉ် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆရာတော်များမှ ဆင်းတွန်းပေးရာ မောင်းနှင်ထွက်ပြေး သွား၍ ငွေ၊ ဟန်းဖုန်းနှင့် သံဃာအသုံးအဆောင် ပစ္စည်းများပါဆုံးသွားသဖြင့် တိုင်တန်းခဲ့သောကြောင့် မင်္ဂလာဒုံမြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားရှိခဲ့ပါ သည်။

၎င်းအမှုအား မြောက်ပိုင်းခရိုင်အထူးအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ဆရာတော်ဦးနန္ဒသာရနှင့်အတူပါသူ ဦးကောဝိဒ (ခ) ထွန်းလွင်၊ (၅၀) နှစ်၊ (ဘ) ဦးအောင်ဖေ၊ ရေးမြို့နယ်၊ ဇော်မင်း (ခ) လှကြိုင် (စုံစမ်းဆဲ) နှင့် BB 6672 ပရိုဘောက်အဖြူရောင်အဌားယာဉ်မော
င်းဖြစ်သူ အောင်လွင်ဦး (၂၇) နှစ်၊ (ဘ) ဦးလှစိုး၊ သမိုင်းမြို့သစ်ရပ်၊ မရမ်းကုန်းမြို့နယ်နေသူတို့မှ ပူးပေါင်းကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့၍ ဦးကောဝိဒနှင့် အောင်လွင်ဦးတို့အား ၂၄.၅.၂၀၁၃ နေ့ ၂၃၀၀ အချိန် ဖမ်းဆီးရမိပြီး ကျန်တရားခံ ဇော်မင်း (ခ) လှကြိုင် အားဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ချက် အရသိရပါသည်။

Posted: 26 May 2013 12:13 AM PDT
ဥရောပ ချန်ပီယံလိဂ်ဖိုင်နယ်ကို လန်ဒန်မြို့က ၀င်ဘလေကွင်းမှာ မှာ စနေနေ့က ကစားခဲ့ကြတာမှာ ဘိုင်ယန်မြူးနစ် အသင်း အနိုင်ရပြီးတော့ ဥရောပ ချန်ပီယံ ဖြစ်သွားပါတယ်။  မြန်မာစံတော် စနေညသန်းခေါင်ကျော်၊ တနင်္ဂနွေနေ့ မနက် ၁ နာရီ ၃၀ မှာ ကစားခဲ့ကြတာမှာ ဘိုင်ယန်မြူးနစ်က၊ ပြိုင်ဘက် ဘိုရုစီယားဒေါ့မန်အသင်းကို  ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို အနိုင်ရသွားတာပါ။

ပထမပိုင်းမှာ ၂ သင်းစလုံးက ဂိုးသမားတွေလက်စွမ်းပြသွားတာေ
ကြာင့် ၂သင်းစလုံး ဂိုးမရခဲ့ကြပါဘူး။ ဘိုင်ယန်အသင်းအတွက် မန်ဇူကစ်က မိနစ် ၆၀ မှာ ပထမဂိုး သွင်းပေးခဲ့ပြီး၊ ဒေါ့မန်အသင်းက ဂွန်ဒိုဂန်က ၆၇ မိနစ်မှာ ပယ်နယ်တီကနေ ပြန်ပြီးတော့ ချေပဂိုးသွင်းခဲ့ပါတယ်။ ၁ ဂိုးစီ သရေဖြစ်နေပြီး ၈၉ မိနစ်မှာတော့ ဘိုင်ယန်အတွက် အနိုင်ဂိုးကို ရော်ဘင်က ဒေါ့မန်နောက်တန်းကို ဖြတ်ဆွဲပြီး ဂိုးသမား နဲ့ တစ်ယောက်ချင်းအတွေ့မှာ သွင်းခဲ့တာပါ။

ဒါဟာ ဘိုင်ယန်မြူးနစ်အတွက်တော့ ဥရောပချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်မြောက်ရသွားခဲ့တာဖြစ်သလို၊ နည်းပြ Jupp Heynckes အတွက် ချန်ပီယံလိဂ်ကို ဒုတိယအကြိမ်ရတာပါ။ ဘိုင်ယန်မြူးနစ်အနိုင်ရသွားတာေ
ကြာင့် အတော်များများခန့်မှန်းသလိုဖြစ်လာခဲ့သလို၊ ဂျာမနီက ဆင်ကလေး နယ်လီရဲ့ ခန့်မှန်းချက်လည်း မှန်သွားတယ်လို့ဆိုရမှာပါ။ ဒီပွဲကို ဂျာမနီဝန်ကြီး အန်ဂလာ မာကဲလ်တက်ရောက်အားပေးခဲ့သလို၊ ဟောလီးဝုဒ်ရုပ်ရှင်မင်းသား Will Smith လည်း ကြည့်ရှုခဲ့ပါတယ်။ ဥရောပချန်ပီယံလိဂ်ကို ရီးယဲလ်မက်ဒရစ် ၁၀ ကြိမ်၊ အေစီမီလန်က ၇ ကြိမ်ရထားပြီး၊ လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ၅ ကြိမ်စီ နဲ့ တတိယအများဆုံး ရထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ချန်ပီယံဆု ဆွတ်ခူးသွားတဲ့ Bayern Munich ကစားသမားတွေ အောင်ပွဲခံနေစဉ် ( မေ ၂၅၊ ၂၀၁၃)

Posted: 26 May 2013 12:11 AM PDT
အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒတ်ခ်ျပြည်နယ်မှာ အပူလှိုင်းဖြတ်ပြီး အပူချိန် အရမ်းမြင့်တက်နေတာကြောင့် လူအများအပြားသေဆုံးခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့ကတည်းကစပြီး အပူချိန် အလွန်ပြင်းထန်တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၇၄ ယောက်ရှိသွားပြီဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ သဘာဝဘေးဒုက္ခ အန္တရာယ်စီမံခန့်ခွဲမှုဌာနက စနေနေ့မှာ ပြောပါတယ်။
အိန္ဒိယ အာဏာပိုင်တွေက သောကြာနေ့တုန်းက သေဆုံးသူ အရေအတွက်ဟာ ၈၄ ဦးရှိတယ်လို့ ဆိုခဲ့ပေမယ့်၊ သောကြာနဲ့ စနေနေ့တွေမှာသေဆုံးတဲ့သူတွေကို အတိအကျ မဖော်ပြခဲ့ပါဘူး။

အပူလှိုင်းဟာ တလန်ဂါနာ နဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်တွေမှာ တနင်္လာနေ့အထိ ဆက်ပြီး ရှိနေအုံးမှာဖြစ်တယ်လို့ အိန္ဒိယမိုးလေ၀သနဌာနက ခန့်မှန်းပါတယ်။
စနေနေ့တုန်းက တိုင်းတာချက်အရတော့ ဂွန်တူအားပြည်နယ် အပူချိန်ဟာ ၄၇. ၃ ဒီဂရီ စင်တီဂရိတ် နဲ့ အမြင့်ဆုံးဖြစ်ပါတယ်။ အခုလိုမျိုး အပူချိန်တွေမြင့်နေတဲ့ တချိန်တည်းမှာပဲ မီးပျက်တဲ့ဒဏ်ကို လူသန်းပေါင်းများစွာ ခံနေရပြီး၊ ရေရှားပါးတဲ့ ပြဿနာပါ ကြုံနေရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အပူလှိုင်းဖြတ်နေတဲ့ နယူးဒေလီမြင်ကွင်း ( မေ ၂၄၊ ၂၀၁၃)

Posted: 26 May 2013 12:08 AM PDT
ဆီးရီးယား ပဋိပက္ခမှာ သမ္မတ အာဆက် အောင်ပွဲ ခံနိုင်အောင် သူတို့ရဲ့ တိုက်ခိုက်ရေး သမားတွေက ပူးပေါင်း ကူညီမယ်လို့ လက်ဘနွန် နိုင်ငံက ဟစ်ဇဘိုလာ လှုပ်ရှားမှု ခေါင်းဆောင် က ပြောကြား လိုက်ပါတယ်။

ဆီးရီးယား သမ္မတကို ဖယ်ရှားတာဟာ အကြမ်းဖက်မှု တိုးလာအောင် လုပ်သလို ဖြစ်သွားလိမ့်မယ် ၊ ဒါဟာ အရှေ့အလယ်ပိုင်းကို အမှောင် ခေတ်ထဲ ရောက်သွားအောင် တွန်းပို့ လိုက်တာဘဲလို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ဟစ်ဇဘိုလာ ခေါင်းဆောင် ရှိတ်ခ် ဟတ်ဒ်ဆန် နက်စ်ရာလာ့ က သတိပေး လိုက်ပါတယ်။

လက်ဘနွန် နယ်စပ်နားက ဗျူဟာကျတဲ့ ဆီးရီးယား မြို့တမြို့ ဖြစ်တဲ့ ကူဆဲ ကို အစိုးရ တပ်တွေက ပြန်သိမ်းနိုင်ဖို့ တိုက်ခိုက်ရာမှာ ဟစ်ဇဘိုလာက ထောက်ပံ့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားမှာ သူပုန်တွေသာ အနိုင်ရသွားရင် လက်ဘနွန်ရဲ့ အကျိုးစီးပွား ထိခိုက်နိုင်တယ် လို့ ဆိုပြီး သူတို့ အဖွဲ့ရဲ့ ပါဝင် ပတ်သက်မှုကို ရှိတ်ခ် နက်စရာလာ့ က ကာကွယ် ပြောကြားခဲ့ပါတယ်။

ဆီးရီးယား ပဋိပက္ခမှာ အစိုးရ တပ်တွေဖက်ကနေ ဟစ်ဇဘိုလာ တိုက်ခိုက်ရေး သမားတွေက ဝင်တိုက်ပေးနေတာ ဖြစ်ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)


ဟစ်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallah

Posted: 26 May 2013 12:06 AM PDT
ကချင် လွတ်လပ်ရေး အဖွဲ့ KIO နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ကြား မေလ ၂၈ ရက်နေ့ ကျရင် မြစ်ကြီးနားမှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

နှစ်နှစ်ကြာ တိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွားမှု အတွင်း ငြိမ်းချမ်းရေး အတွက် တရုတ် နိုင်ငံ ရွှေလီမှာ အရင်က တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် မြစ်ကြီးနားမြို့မှာတော့ ဒါဟာ နှစ်ဖက် ပထမဆုံး တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ မျှော်လင့်လို့ ရတာက နိုင်ငံရေး ဆွေးနွေးမှု ဖြစ်လာရေးက အဓိကဘဲလို့ ကေအိုင်အို ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

အပစ်ရပ်ရေးကို အရင်က နှစ်ကြိမ် ၊ သုံးကြိမ် ဆွေးနွေးခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။

နိုင်ငံရေးကြောင့် ဖြစ်လာရတဲ့ ကိစ္စကို နိုင်ငံရေး နည်းနဲ့ဘဲ ဖြေရှင်းသွားမယ် ၊ အပစ်ရပ်ရေး လောလောဆယ် မဖြစ်နိုင်ဘူးလို့ ထင်ကြောင်း သူက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာက စောင့်ကြည့်ရေး အဖွဲ့ထားဖို့ကိုလည်း အဓိက ဆွေးနွေးသွားမယ်လို့ သူက ပြောသွားခဲ့ပါတယ်။

အစိုးရက တိုင်းပြည်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးကြောင့် ပဋိပက္ခ ဖြစ်ရတာလို့ အသိအမှတ် မပြုဘဲ ဆူပူ သောင်းကျန်းမှု လုပ်တာလို့ ထင်နေတယ် ဆိုပြီး သူ့အမြင်ကို ရှင်းပြခဲ့ပါတယ်။

တခါ ကေအိုင်အေ ဒု ဗိုလ်ချုပ်ကြီးက နိုင်ငံတကာက စောင့်ကြည့်မှု မပါရင် အလုပ် ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တရုတ်ကလည်း အမေရိကန် ဖက်က ပါဝင်မှု နယ်စပ်ထိ ရောက်လာမှာကို စိုးရိမ်ပုံရပြီး US နဲ့ UK စတဲ့ အနောက်နိုင်ငံတွေ ပါဝင်လာမှာကို မလိုလားပုံ မရဘူးလို့ သူက ပြောပါတယ်။

နိုင်ငံတကာက စောင့်ကြည့်မှုတွေ မပါရင် ကေအိုင်အို ဖက်က လက်မခံဘူးလို့ ဆုံးဖြတ်ထားပြီး ကုလသမဂ္ဂ အရာရှိ ဘီဂျေး နမ်ဘီးယား ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မယ် ဆိုတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ကေအိုင်အေ ကတော့ US ၊ UK အပြင် တရုတ်တို့ ပါဖို့ ကမ်းလှမ်းထားပြီး အစိုးရက နိုင်ငံရေး ဆွေးနွေးဖို့ မချမှတ် နိုင်ရင် ဆွေးနွေးမှုက အလကားဘဲလို့ ဆိုပါတယ်။

အစိုးရက နိုင်ငံရေး ဆွေးနွေးမှုကို သိတ်အလေးထားပုံ မရဘဲ သူတို့ အနေနဲ့ အပစ်ရပ်ရေးကို အဓိက မထားရခြင်းက လက်ရှိ တခြား တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့ ၁ဝ ဖွဲ့နဲ့ အပစ်ရပ်ထား ပေမယ့် တိုက်ပွဲတွေ ခဏခဏ ပြန်ဖြစ် နေတာကို တွေ့ရတဲ့ အတွက် နိုင်ငံရေး အရ ဖြေရှင်းဖို့ စဉ်းစားရတာလို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် သူတို့နဲ့ UNFC နဲ့ ပြောထားတာ ရှိပြီး သူတို့ လိုလားချက်တွေကို ပန်းတိုင် တခုတည်းအောက်မှာ တခြား တိုင်းရင်းသား အဖွဲ့တွေနဲ့ အတူ အဖြေရှာသွားဖို့ ဖြစ်တယ်လို့ ကေအိုင်အေ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လန်ဒန် ဘီဘီစီ စတူဒီယို ထဲက KIO ဒုတိယ ဗိုလ်ချုပ်ကြီး N' Ban La

Posted: 26 May 2013 12:02 AM PDT
တောင်ကိုရီးယား နိုင်ငံ ဘူဆန် တောင်ပိုင်းရှိ အသက် (၄၀) အရွယ်ရှိ Jang ဆိုသူသည် ၄င်းနေထိုင်ရာ အထပ်မြင့် အဆောက်အဦး၏ ၁၀ လွှာမှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ရာ ၄င်းပြုတ်ကျသည့် အရှိန်ဖြင့် ရိုက်မိခဲ့သည့် အသက် (၇) နှစ်အရွယ် တောင်ကိုရီးယား မိန်းကလေးငယ် တစ်ဦးလည်း သေဆုံးခဲ့ရကြောင်း

SBS ရုပ်သံလိုင်းမှ သတင်း ထုတ်ပြန်ခဲ့သည်။ အဆုံးစီရင်ခဲ့သူ Jang မှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၄င်းနှင့် ရိုက်မိခဲ့သည့် မိန်းကလေးငယ်မှာ ဆေးရုံသို့ ရောက်ပြီး မကြာခင် သေဆုံးခဲ့ရသည်။

Jang မှာ စိတ်ကျရောဂါနှင် စိတ်ဝေဒနာ ခံစားနေရသူ တစ်ဦးဖြစ်သည်။ စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအဖွဲ့ဝင် နိုင်ငံများ အနက် တောင်ကိုရီးယား နိုင်ငံသည် မိမိကိုယ် အဆုံးစီရင်မှု အဖြစ်ပွား ဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၀ ခုနှစ်အတွင်း မိမိကိုယ်ကို အဆုံးစီရင်သူ အရေအတွက်မှာ ပျမ်းမျှ လူ အယောက် (၁၀၀၀၀၀) တွင် (၃၃) ယောက်ကျော် ရှိကြောင်း ၊ တစ်နေ့လျှင် မိမိကိုယ်ကို အဆုံးစီရင်မှု အကြိမ် (၅၀) ခန့် ဖြစ်ပွားကြောင်း သိရှိရသည်။

Source: AFP
MRTV4


...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...