Thursday, May 30, 2013

ပြဿနာရှိစေသော စကားလုံးနှင့် စကားစု (၃၀)

    Posted by Soe Soe Win on May 27, 2013 at 16:05 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ

ပွဲတွေ့ပြီး အံဝင်ဂွင်ကျတဲ့ စကားလုံးတွေနဲ့ စကားစုတွေ (tried and true words and phrases) ဟာ အသုံးဝင်ကြပါတယ်။ ဒါပေမဲ့လည်း ၄င်းတို့ဟာ အပ်ကြောင်းထပ်နေတဲ့ စကားလုံးတွေလိုပဲ တကယ့်ကို သည်းခံရခက်ပါတယ်။ စာရေးသူတစ်ယောက်က အသုံးများတဲ့ စံ (stock usage) အသုံးအနှုန်းတွေပေါ်မှာ အလွန်အမင်း အားထားပြန်ရင်လည်း ဖြစ်ပေါ်လာတဲ့ အရေးအသားဟာ စိတ်ဝင်စားစရာ မကောင်းဘဲ ငြီးငွေ့စရာကောင်းပါတယ်။ ဒါကြောင့်မို့လို့ ဒီဆောင်းပါးမှာ ဖော်ပြလိုက်တဲ့ လွန်ကဲတဲ့ အသုံးအနှုန်းတွေကို သတိထားပါ။

1. After having (ပြီးနောက်)

After ရဲ့ အဓိပ္ပါယ်သည် "ပြီးလျှင်" ဖြစ်သလို Having ကလည်းပဲ "လုပ်ဆောင်ချက်တစ်ခုဟာ ပြီးမြောက်ခဲ့ပြီ" ဆိုတဲ့ သဘောကို ဆောင်ပါတယ်။
ဒါကြောင့် "လျှောက်ကြည့်ပြီးတဲ့နောက် ထိုင်ခုံတစ်ခုကို ကျွန်တော် ရွေးလိုက်ပါတယ်။" ဆိုတာကို ပြောချင်ရင် "After having looked around, I chose a seat." အစား "After looking around, I chose a seat." သို့မဟုတ် "Having looked around, I chose a seat" လို့သာ သုံးသင့်ပါတယ်။ "After" (သို့) "Having" တစ်မျိုးတည်းကို သုံးခြင်း ဖြင့် စာရေးသူဆိုလိုချင်တဲ့ အဓိပ္ပါယ်ဟာ ပေါ်လွင်နေပါပြီ။ "After having" လို့ တွဲသုံးခြင်းဟာ စကားလုံးပိုလျှံ (redundant)သွားပါပြီ။

2. Aged (အသက်အရွယ်ရှိသော)

လူတစ်ဦးတစ်ယောက်ရဲ့ အသက်၊ ဒါမှမဟုတ် လူတစ်စုရဲ့ အသက်အပိုင်းအခြားကို "aged"ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြတာဟာ ၀ါကျရဲ့ ကတ္တားတွေ (subject) ကို ဒိန်ခဲ (cheese) တို့နဲ့ ၀ိုင်အရက် (wine) တို့နဲ့ တစ်မျိုး တစ်စားတည်းဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ "aged 50 years"အစား "50 years old" လို့ ရေးရမှာဖြစ်ပြီး "aged 21-34" အစား "ages 21-34"ဟု ရေးရမှာဖြစ်ပါတယ်။

3. Aggravate (ပိုမိုဆိုးရွားစေသည်)

Aggravate ဟာ "တစ်ခုခုကို ပိုမိုဆိုးရွားစေတယ်" လို့ အဓိပ္ပါယ်ရပါတယ်။ စိတ်ရှုတ်စေတယ် (bother) ၊ စိတ်အနှောက်အယှက်ဖြစ်စေတယ် (annoy) ၊ စိတ်တိုစေတယ် (irritate) ဆိုတဲ့ အဓိပ္ပါယ်တွေမဟုတ်ပါ။ ဒါကြောင့် aggravate အစား bother (သို့) annoy (သို့) irritate တို့ကို မသုံးမိအောင် သတိထားစေလိုပါ တယ်။

4. And also (နောက်ပြီးတော့)

And နှင့် also စကားလုံး (၂) လုံးစလုံးဟာ "နောက်ပြီးတော့"လို့ အဓိပ္ပါယ်ရတဲ့အတွက် "and also" လို့ တွဲသုံးတာဟာ စကားလုံးပိုလျှံနေတဲ့အတွက် and (သို့) also တစ်လုံးတည်းသာသုံးပါ။

5. Anticipate (ကြိုမြင်သည်)

Anticipate ရဲ့ အဓိပ္ပါယ်ကကော "ကြိုမြင်သည်" (foresee) ပဲ ဖြစ်ပါတယ်။ (ပြီးတော့ ဒီကြိုမြင်ခြင်းပေါ်မှာ ပြုမူဆောင်ရွက်ရမှာဖြစ်ကောင်းဖြစ်ပါတယ်။) မျှော်လင့်သည် (expect) ဆိုတဲ့ အဓိပ္ပါယ်မဟုတ်တဲ့အတွက် ထိုစကားလုံး (၂)လုံးကို သတိထားစေချင်ပါတယ်။

6. Anxious (ပူပန်သောက ရောက်ခြင်း)

"Anxious"ဆိုတာကတော့ သောကရောက်ခြင်း (distressed) သို့မဟုတ် စိတ်ပူသည် (worried) လို့ အဓိပ္ပါယ်ရပါတယ်။ "စိတ်အားထက်သန်သော" လို့ အဓိပ္ပါယ်ရတဲ့ "eager" နှင့် မတူပါ။ အဲဒီစကားလုံး (၂) ခု ကို မှားယွင်းအသုံးမပြုဖို့ သတိပြုစေလိုပါတယ်။

7. Approximately (ခန့်မှန်းခြေအားဖြင့်)

Approximately အစား "ခန့်"လို့ အဓိပ္ပါယ်ရတဲ့ "about" ကိုလည်း အသုံးပြုနိုင်ပါတယ်။ Syllable (စကားလုံးတစ်လုံး၏ သရသံပါသော အစိတ်အပိုင်း) (၃) ခုတောင် သက်သာသွားသေးတယ်။ သိပ္ပံပညာ (သို့) စက်မှုပညာနှင့်ဆိုင်သော အကြောင်းအရာများတွင် "approximately" ကို သုံးတာဟာ သင့်တော်ပေမဲ့ တခြားအခြေအနေတွေမှာ အသုံးပြုတာကတော့ နည်းနည်းလွန်ကဲနေမှာ ဖြစ်ပါတယ်။

8. As to whether (လျှင်)

"As to whether" ဆိုတဲ့ စကားလုံး (၃) လုံးမှာ "As to" ဟာ တိုက်ရိုက်မသက်ဆိုင်တဲ့ အပိုဖြစ်နေပါ တယ်။ "Whether" တစ်လုံးတည်းသုံးပါ။

9. At this point in time (ဒီတစ်ခါ)

"This time" (ဒီတစ်ခါ) ဆိုတဲ့ စကားစုတွင် အဓိပ္ပါယ်လည်းမရှိ အပိုလည်းဖြစ်နေသော အဖြည့်စကားလုံး များဖြစ်သော at, point in တို့ကို ဖြုတ်ပစ်ပါ။

10. Basically (အခြေခံအားဖြင့်) essentially (အခြေခံလိုအပ်ချက်ဖြစ်သော) totally (လုံးဝ)

အထက်ပါ စကားလုံးများသည် မလိုအပ်သော စကားလုံးများဖြစ်တဲ့အတွက် သူတို့ကို ဖယ်ရှားပစ်နိုင်ပါ သည်။

11. Being as (or) Being that (ထိုသို့ဖြစ်သောကြောင့်)

ဒီစကားစုတွေကို "သောကြောင့်"လို့ အဓိပ္ပါယ်ရတဲ့ "because" နှင့် အစားထိုး အသုံးပြုနိုင်ပါသည်။

12. "Considered to be" (ယူဆသည်။)

"Considered to be" တွင် "to be" သည် အပိုဖြစ်နေတဲ့အတွက် ဖြုတ်ပစ်ပြီး "considered" တစ်လုံး တည်းသုံးပါ။

13. Could care less

အထက်ပါစကားစုက ရေးနေကျအတိုင်း ဘေးက အဓိပ္ပါယ်ပြန်ပေးလို့မရသေးပါဘူး။ ဘာကြောင့်လဲဆို တော့ စကားလုံးတွေ မပြည့်စုံသေးလို့ပါ။ အမှန်တကယ်ပြောချင်တာကတော့ "ဂရုမစိုက်ဘူး"ဆိုတာကိုပါပဲ။ အဲဒါဆိုရင်တော့ သုံးရမဲ့ အသုံးအနှုန်းကတော့ "couldn't care less"ပဲ ဖြစ်ပါတယ်။

14. Due to the fact that (အဲဒီအချက်အလက်ကြောင့်)

ဒီစကားစုကို "သောကြောင့်"လို့ အဓိပ္ပါယ်ရတဲ့ "because"နဲ့ အစားထိုးအသုံးပြုနိုင်ပါတယ်။

15. Each and every (……….တိုင်း)

Each (…….တိုင်း) နှင့် every (………တိုင်း)တို့သည် အဓိပ္ပါယ်တူညီကြသည်။ ထို့ကြောင့် ၄င်းစကားလုံး (၂)လုံးကို တွဲမသုံးသင့်ပါ။ "အရာဝတ္ထုတိုင်းသည် တစ်မူထူးခြားကြသည်"လို့ ပြောလိုတဲ့အခါ "Each and every item is unique" လို့ ရေးမဲ့အစား "Each item is unique" (သို့) "Every items is unique" လို့ ရေးသင့်ပါတယ်။

16. Equally as (အညီအမျှ)

"Equally as"ဆိုတဲ့ စကားစုမှာတော့ "as" သည် မလိုလားအပ်တဲ့ (superfluous) စကားလုံးဖြစ်နေပါ တယ်။ Equallyတစ်လုံးတည်းသာ ရေးပါ။

17. Was a factor, is a factor, will be a factor (အချက်ဖြစ်ခဲ့တယ်၊ အချက်ဖြစ်တယ်၊ အချက် ဖြစ်လိမ့်မည်။)

သင့်ရဲ့ အရေးအသားထဲမှာ အထက်မှာ ဖော်ပြထားတဲ့ စကားစုတွေပါခြင်းသည် သင့်အနေဖြင့် ကိုယ်ရေးထားတဲ့ စာကို ပြန်စိစစ်လို့ မပြီးသေးဘူးဆိုတာကို ဖော်ပြနေပါတယ်။ "မော်တော်ယာဉ်ရဲ့ အခြေအနေသည် ၄င်း၏ စွမ်းဆောင်မှုပေါ်၌ အကျိုးသက်ရောက်မှုရှိသည်"ဆိုတဲ့ စာကြောင်းကို "The vehicle's condition is a factor in its performance." လို့ ရေးမဲ့အစား "The vehicle's condition effects its performance." လို့ ရေးသားခြင်းက ပို၍ သင့်တော်ပါသည်။

18. Had ought (သင့်သည်)

"Ought ၏ အဓိပ္ပါယ်မှာ "သင့်သည်" ဖြစ်ပါတယ်။ ဒါကြောင့် "had" ဟာ မလိုအပ်တဲ့အတွက် ၄င်းကို ဖယ်ပြီး "ought" တစ်လုံးတည်းသာရေးပါ။

19. Have got (ရှိသည်)

Have got ဟာ စည်းဘောင်မခတ်ထားတဲ့ ရင်းနှီးတဲ့ အရေးအသားတွေ (informal writing) မှာသာ အသုံးပြုဖို့ ကောင်းပါတယ်။ သင့်အနေဖြင့် (မဖြစ်မနေပြုလုပ်) "ရမည်" ဆိုတဲ့ သဘောနဲ့ သုံးချင်တာဆိုရင်တော့ "have got" အစား "must" ကို စဉ်းစားပါ။ အကယ်၍ ပိုင်ဆိုင်မှုသက်သက်ကို ပြောချင်တာဆိုရင်တော့ စကားစုကနေ "got" ကို ဖယ်ပြီး "have" ကိုပဲ သုံးပါ။

20. In many cases / it has often been the case. (များပြားလှတဲ့ ကိစ္စတွေမှာ)

အဆိုပြုဝါကျတွေ (statements) မှာ ဒီလို ရှည်လျားတဲ့စကားစုတွေကို ဖယ်ရှားခြင်းဖြင့် စာလုံးအရေ အတွက်ကို လျော့ချပါ။ "in many cases" အစား "often" ကို သုံးလိုက်ပါ။

21. In the process of (လုပ်နေဆဲ)

ဒီအပိုစကားစုသည် လက်တန်းပြောသော အပြောတွင် လက်ခံနိုင်စရာရှိပေမဲ့ ပြင်ဆင်ထားသော မိန့်ခွန်းနှင့် အရေးသားများတွင်တော့ မလိုအပ်တဲ့ စကားကြောရှည်ခြင်းအဖြစ် မှတ်ယူခံရတတ်သည်။

22. Is a ………..which / who (…………..သောအရာ/လူတစ်ဦးဖြစ်သည်။)

အထက်မှာဖော်ပြထားတဲ့ စကားစုမျိုးကို သင်ရေးနေပြီဆိုရင်တော့ ဒီထက်ပိုပြီး တိုတိုရှင်းရှင်းနဲ့ လိုရင်းရောက်အောင် ရေးရမလဲဆိုတာကို ပြန်စဉ်းစားပါ။ "စမစ်(သ)သည် ဘယ်လိုဈေးဆစ်ရမယ်ဆိုတာ သိတယ်။"ဆိုတဲ့ အဓိပ္ပါယ်ဆောင်တဲ့ ၀ါကျကို ရေးတဲ့အခါ "Smith is a man who knows how to haggle." အစား "Smith knows how to haggle" လို့ အတိုချုပ်ပြီး ရေးနိုင်ပါတယ်။

23. Kind of / sort of (အမျိုးအစား)

စာဟန်ပေဟန်ပါပြီး စည်းဘောင်အတွင်းက ရေးသားရတဲ့ ရုံးစာတွေ (formal writing) မှာ အဆိုပြုဝါကျတွေကို အဆင့်မီအောင် ရေးသားချင်တယ်ဆိုရင်တော့ ဒီထက်ပို၍ ခန့်ညားသော အထူးပြုပုဒ်တွေ (qualifiers)ကို အသုံးပြုရပါမည်။ ဥပမာ - rather (တော်တော်)၊ slightly (နည်းနည်းပါးပါး) (သို့) somewhat (တော်တော်ကလေး)

24. Lots / lots of (အများကြီး)

Formal အရေးအသားမှာတော့ အထက်က ဗန်းစကား (၂) လုံးအစား "many" (သို့) "much" ကို သုံးပါ။

25. Of a ………………character (……………..စရိုက်/လက္ခဏာရှိသော)

သင့်အနေဖြင့် character (စရိုက်)ကို quality (အရည်သွေး)ရဲ့ synonym အဖြစ်အသုံးပြုရင် သင့်ရဲ့ ရည်ညွှန်းချက်ဟာ ကျစ်လစ်ပါစေ။ "၀ိုင်အရက်ဟာ အောက်တဲ့အရသာရှိနေတယ်။ "ဆိုတာကို ပြောချင်ရင်တော့ "The wine has a musty character." ဆိုတာထက် "The wine tasted musty." လို့ ရေးသားချင်းက ပို၍ ကောင်းမွန်စေပါသည်။ ထို့အတူပင် "သူသည် အဆင့်မြင့်ပြီး ယဉ်ကျေးတဲ့ သူဖြစ်တယ်။"လို့ ပြောချင်ရင်လည်း "He was a man with a refined character." လို့ ရေးမဲ့အစား "The man was refined" လို့ ရေးခြင်းက ကိုယ့်ရဲ့ အရေးအသားကို ကျစ်ကျစ်လစ်လစ်ရှိစေပါ တယ်။ အရေးသားပိုကောင်းချင်ရင်တော့ ထိုသူဟာ ဘယ်လိုအဆင့်မြင့်ပြီး ဘယ်လို ယဉ်ကျေး တယ်ဆိုတာကို အသေးစိတ်ဖော်ပြလိုက်ပါ။

26. Of a ……….nature (………………သော သဘာဝရှိတယ်။)

အထက်ကပြောခဲ့တဲ့ character လိုပါပဲ။ nature ကိုလည်း quality ရဲ့ synonym အဖြစ် သုံးတဲ့အခါမှာတော့ ကိုယ့်ရဲ့စကားစုကို သပ်သပ်ရပ်ရပ်ဖြစ်အောင် တိချဖို့လိုပါတယ်။ "သူ့မှာ တွေးခေါ် တတ်တဲ့ သဘာဝရှိတယ်"လို့ ပြောချင်ရင် "She had a philosophical nature." ကို "She was philosophical" သို့ လျော့ချလိုက်ပါ။

27. Oftentimes (မကြာခဏ)

မကြာခဏလို့ အဓိပ္ပါယ်ရတဲ့ oftentimes သည် ခေတ်မမီတော့သလို often ဆိုတဲ့ စကားလုံးပေါ်မှာ လာပြီး ရှုပ်ထွေးစေပါတယ်။

28. On account of (အကြောင်းကြောင့်)

ဒီအချိုးမကျတဲ့ စကားစုကို because နှင့် အစားထိုးသုံးပါ။

29. Renown (ကျော်ကြားမှု)

Renown သည် နာမ် (noun) ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုခဲလှတဲ့ verb လည်း ဖြစ်ပါတယ်။ နာမ၀ိသေသန ကတော့ renowned (ကျော်ကြားသော) ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ "the renown statesman" ကဲ့သို့သော အရေးအသားမျိုးကို ရှောင်ကျဉ်ပါ။

30. Thankfully (ကျေးဇူးတင်စွာဖြင့်)

Formal အသုံးအနှုန်းမှာတော့ ဒီစကားလုံးကို "ကံကောင်းထောက်မစွာဖြင့်"လို့ အဓိပ္ပါယ်ရတဲ့ fortunately ရဲ့ synonym အဖြစ် မသတ်မှတ်ပါ။

Patricia Fripp ၏ Want to be an Effective Writer and Speaker? 30 Ways to Improve ဆောင်းပါးအား ဆီလျှော်သလို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ 





[ Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- ယခုလ (May 2013) မှစ၍ အသင်းဝင်များကို လစဉ် ၁၀၀၀၀ တန် ဖုန်းငွေဖြည့်ကဒ် ၁၀ ကဒ်ကို ကံစမ်းမဲဖောက်ပေးမည် ဖြစ်ပါသည်။
- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်ပြီး အသင်းဝင်အချင်းချင်း အွန်လိုင်းမှ စကားပြော (Chat) နိုင်မည်၊ Message ပေးပို့နိုင်မည်ဖြစ်ပါသည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

Non-members can now view all the content at http://www.myanmar-network.net/ but we would very much like you to join our community as a member so you can enjoy the above benefits.

With more than 49,000 members worldwide, Myanmar Network is the largest English language learning network in Myanmar. Join us now to read hundreds of lessons and articles for free!

Join us now at - www.myanmar-network.net/main/authorization/signUp



Read more: ပြဿနာရှိစေသော စကားလုံးနှင့် စကားစု (၃၀) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A873189&xgs=1&xg_source=msg_share_topic#ixzz2UkYReBDP

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...