Saturday, May 25, 2013

ဘီသိုဗင်၊ မဟာဇနက်နဲ့ အတွေးကွန်ယက်

by Thiri Htetsan (Notes) on Saturday, May 25, 2013 at 10:57am
 
ဒီရက်ပိုင်း ခေါင်းနောက် စိတ်မကြည်တာတွေကြောင့် စိတ်ဖိစီးမှု သက်သာအောင် ဆင်ဖိုနီ ဂီတတွေ နားထောင်ဖြစ်တယ်။ နာမည်အကြီးဆုံးကတော့ ဘီသိုဗင်ပါပဲ။ သားသမီး၇ယောက်မွေးတဲ့ အထဲက ၃ယောက်ပဲ ရှင်ပြီး မွေးသမျှ ဒုက္ခိတ မသန်စွမ်းသူတွေချည့် မွေးလာတဲ့ မိဘတွေရဲ့ ဒုတိယသားက ဘီသိုဗင်ပါ။ အကြားအာရုံ ချို့တဲ့သူ ဘီသိုဗင်ကို ၀ါသနာပါရာ ဂီတပညာကို ဆရာကောင်းသမားကောင်း ရှာပြီး သင်စေတဲ့ မိဘတွေကို လက်ဖျားခါပါတယ်။ မြန်မာလူ့အဖွဲ့အစည်းမှာသာ ဆိုရင် နားမကြားတဲ့လူကို ဂီတသင်ပေးတာ အရူးအလုပ်လားလို့ ကန့်ကွက်လိုက်ကြမယ့် ဖြစ်ခြင်း၊

ဒီလိုသာဆိုရင် ဘီသိုဗင်ရဲ့ ဘ၀ကို သတ်တာ ဖြစ်ပြီး အံ့မခမ်းဂီတကို လူသားတွေ နားဆင်ခွင့်ကို ပိတ်ပင်လိုက်တာနဲ့ တူတူပါပဲ။


+++++++++++++++++++++++++++++++++++

ဒီအတွေးနဲ့ တဆက်တည်း တွေးမိတာက ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဘုရားလောင်း မဟာဇနက္ကရဲ့ ဇာတ်တော်၊ မဟာဇနက္က လောင်း လျာကို ကိုယ်ဝန်ရှိချိန်မှာ ညီအကို ဘုရင်နဲ့ အိမ်ရှေ့စံ စစ်ဖြစ်ရာက မဟာဇနက္ကရဲ့ ဖခင် ဘုရင် သေပြီး စစ်ရှုံးလို့ မိခင် မိဖုရားကြီး တကိုယ်တည်း အ၀တ်တထည် ကိုယ်တခု တောင်းတလုံးနဲ့ ရုပ်ဖျက် ထွက်ပြေးရပါတယ်။ ပြီးတော့ ဆွေမရှိမျိုးမရှိ သူတပါးရပ်ရွာ အထိ ထွက်ပြေး ဇာတ်မြှုပ်ပြီး သူဘယ်သူဆိုတာ လူသိမခံဘဲ နေခဲ့ရပါတယ်။

ဒီလောက် ခိုက်တဲ့ ကလေး။ ဒီကလေးကို ကိုယ်ဝန် ရှိချိန် ဖအေသေ၊ ဘ၀ပျက်၊ တိုင်းပြည်ပျက် စစ်ကြောင့်လဲ လူတွေအများ ကြီး သေကြေပျက်စီးရတယ် ဒီကလေးက နမိတ်မကောင်းဘူး လို့များ အယူထားလိုက်ကြရင်... ဒါ ဘုရားလောင်း ကို ပြစ်မှား လိုက်တာပဲ။

++++++++++++++++++++++++++++++++++

ကိုယ့်မြန်မာ့ လူ့အဖွဲ့အစည်းမှာတော့ ကုန်ရှုံးတခေါက်၊ ကံကြမ္မာအလှည့်အပြောင်း ဘာကြောင့်ညာကြောင့်တွေကြောင့်ရော ကိုယ်တိုင်ရဲ့ အမှားနဲ့ လစ်ဟာချက်တွေကြောင့်ပါ ဆုံးရှုံးမှု ကြုံရတိုင်း မိဘ ဘိုးဘွား ဆွေမျိုးမိတ်ဆွေတွေက အခြေအမြစ် မရှိတဲ့ အစွဲတွေ၊ ချင့်ချိန်မှု ဥာဏ်ပညာမပါတဲ့ အစဉ်အလာ ယုံကြည်ချက်တွေ ကိုင်စွဲရင်း ကိုယ့်မျိုးဆက်သစ် တွေရဲ့ ဘ၀တွေကို ထိုးကျွေးချနင်း ဖျက်ဆီးလို့ ကောင်းတုံးးး ကိုယ့်ရင်သွေးတွေကိုယ် သတ်ဖြတ်လို့ ကောင်းတုံးးး

ဘယ်မြို့ရွာ ဘယ်နေရာ ဘယ်လိုချောင်ကြားမဆို ဘာဆိုင်လေးဖွင့်ဖွင့် ချက်ချင်းရောက်လာတတ်တဲ့ အခွန်ကောက်မယ့် သူတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ တနိုင်ငံလုံးမှာ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဥပဒေအရ ကလေးဖျက်ချခွင့်မရှိပေမယ့် ကလေးဖျက်ချပေးနေတဲ့ အရပ်လက်သည်တွေကတော့ ခုထိ ပန်းပန်လို့ ကောင်းတုံးးးး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...