Saturday, May 18, 2013

“နိုးတူး၊ နို့တစ်လုံး၊ နှိုးတစ်လုံး..တို့နှင့် ပတ်သက်၍”

(ဘာပဲဖြစ်ဖြစ် သခင်တင်မြဟာ မောင်ဂျူ့အတွက်တော့ သူရဲကောင်းပါပဲ။
ဒီကနေ့ ငပိကျော်ကြိုက်ပေမယ့် နောက်နေ့မှာ ချိစ်နဲ့ဒိန်ခဲ ကြိုက်ချင်ကြိုက်သွားတတ်တဲ့အပြင် အခြားနေ့တွေမှာလည်း ချိုချဉ်ကျော် စားချင်စားတတ်တဲ့ သခင်တင်မြကို မောင်ဂျူ အတော်သဘောကျ ပါသဗျ။ ဟုတ်တယ်လေ၊အစားစုံတော့ ဗိုက်ပြည့်လွယ်တာပေါ့။ ဘယ်သူတွေက သူရဲကောင်းကို ထမိန်ဝတ်ပေးပေး သူရဲကောင်းကတော့ သူရဲကောင်းပါပဲ။
)


“နိုးတူး၊နို့တစ်လုံး၊နှိုးတစ်လုံး..တို့နှင့် ပတ်သက်၍”
ဟာဂျူလီ (ကသာ)
 
-NORTHERN STAR မှာ ရေးခဲ့တဲ့ သမိုင်းဆိုင်ရာ နိုးတူးစိန်နှင့် ပါတ်သက်၍ လျှပ်တစ်ပြက်ဂျာနယ်ကနေ သခင်တင်မြ ထံ ကျွန်တော်ရေးခဲ့ဖူးတဲ့ပေးစာ...(ထုံးစံအတိုင်း ဘာမှ ပြန်မရှင်းခဲ့ပါဘူး၊)

အခုနှစ်ပိုင်းတွေအတွင်းမှာ နိုင်ငံရေးစာပေများ ရေးသားဖော်ပြခွင့်ပြုလာလို့ မောင်ဂျူတစ်ယောက် ရေငတ်တုန်း
ပင်လယ်ထဲပြုတ်ကျသလို နိုင်ငံရေးစာပေတွေ အတော်များများဖတ်ရှုလေ့လာခွင့် ရလာခဲ့ပါတယ်။ ကျေးဇူး လည်းတင် ၀မ်းလည်းမြောက်မိတဲ့အကြောင်း အရင်ဆုံးပြောပါရစေ။
မောင်ဂျူတစ်ယောက် ၁၉၆၃ ခုနှစ်မှာမှ လူ့လောကထဲရောက်လာခွင့် ရခဲ့သူဖြစ်လေတော့ နိုင်ငံရေး စာပေတွေစုံအောင် ဖတ်ခွင့်မရခဲ့ဘူးပေါ့။ ယခင်ခေတ်ကဖတ်ခဲ့ရတဲ့ မဟတဟ နိုင်ငံရေး စာပေတွေ အကြားမှာ သခင်တင်မြရဲ့ ““ဘုံဘ၀မှာဖြင့်””လည်း အပါအ၀င်ပေါ့ဗျာ။ ““ဘုံဘ၀မှာဖြင့်”” နဲ့ လူလားမြောက်ခွင့်ရခဲ့တဲ့ မောင်ဂျူအတွက် သခင်တင်မြဟာ ဧရာမသူရဲကောင်းကြီးပါ။ ဟော အခုနိုင်ငံရေး စာပေတွေကို ရေးသားဖော်ပြခွင့် ရလာကြပြီ ဆိုတော့ -----။
ဟုတ်ကဲ့ အများဆုံးရေးလာသူကတော့ သခင်တင်မြပဲ ဖြစ်နေပါတော့တယ်။ သခင်တင်မြဟာ အဲဒီလိုနိုင်ငံရေး စာပေတွေကို အများဆုံး ရေးသူဖြစ်လေတော့ ဟိုဂျာနယ်၊ ဒီဂျာနယ်တွေကနေ သခင်တင်မြရဲ့ သမိုင်း အမှတ်မှားပုံများကို ထောက်ပြရေးသားကြတာလည်း တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သခင်တင်မြဟာ မောင်ဂျူ့အတွက်တော့ သူရဲကောင်းပါပဲ။
ဒီကနေ့ ငပိကျော်ကြိုက်ပေမယ့် နောက်နေ့မှာ ချိစ်နဲ့ဒိန်ခဲ ကြိုက်ချင်ကြိုက်သွားတတ်တဲ့အပြင် အခြားနေ့တွေမှာလည်း ချိုချဉ်ကျော် စားချင်စားတတ်တဲ့ သခင်တင်မြကို မောင်ဂျူအတော် သဘောကျပါသဗျ။ ဟုတ်တယ်လေ၊အစားစုံတော့ ဗိုက်ပြည့်လွယ်တာပေါ့။ ဘယ်သူတွေက သူရဲကောင်းကို ထမိန်ဝတ်ပေးပေး သူရဲကောင်းကတော့ သူရဲကောင်းပါပဲ။
အဲ -အဲ -အဲဒီလို မောင်ဂျူရဲ့သူရဲကောင်း ဆရာသခင်တင်မြဟာ
NORTHERN STAR မှာ
““ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနှင့် ပတ်သက်၍”” ဆိုတဲ့ခေါင်းစဉ်နဲ့ အခန်းဆက်ဆောင်းပါးများ ရေးသားလာပါတယ်။ အဓိက
ကတော့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ရေးသားမှုတွေကို ““ပြင်ဆင်၊ဖြည့်စွက်၊ထောက်ပြ၊ဝေဖန်၊ ထန်းရွက်နဲ့ကာတဲ့ တုန့်ပြန်ရေးသားမှုများပါ။ ဘာပဲဖြစ်ဖြစ်မောင်ဂျူတို့ မသိခဲ့တဲ့ အကြောင်းအရာတွေဖြစ်လေတော့ ဗဟုသုတလည်း ရပါရဲ့၊ ကျေးဇူးတင်ပါရဲ့။ သို့သော်လည်း သခင်တင်မြရဲ့အရေးအသားများမှု (ရမ်းတယ် မပြောပါဘူးနော်)ကြောင့်လား မသိပါဘူး၊ အချို့ဆောင်းပါး
တွေဟာ မောင်ဂျူဖတ်ဖူး၊ မှတ်ဖူးတာတွေနဲ့ ကွဲလွဲနေတတ်ပါတယ်။ ဥပမာအနေနဲ့ အခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ်
NORTHERN STAR ဂျာနယ်မှာပါတဲ့ ဆောင်းပါးလေးအကြောင်းထောက်ပြချင်ပါတယ်။
ဒီဆောင်းပါးရဲ့အစမှာ သခင်တင်မြက““နိုင်ငံရေးတွင် စကားအသုံးအနှုန်းတိကျရမည်။ မတိကျလျှင် စကား
နောက်တရားပါ ဖြစ်လေ့ရှိသည်””လို့ အစချီထားပြီး နောက်တစ်ကော်လံမှာတော့ နို့တစ်လုံးစိန်အကြောင်း အခုလိုရေးသားခဲ့ပါတယ်။
နောက်တစ်ပါတ်အကြာတွင် သခင်မသိန်းတင်၊ ဆေးမှူးမ၀င်းစိန် (နို့တစ်လုံးစိန်ဟု အမည်တွင်သူ)
(အမှန်က မ၀င်းစိန်သည် စကားပြောတိုင်းမဟုတ်ဘူးဆိုက အင်္ဂလိပ်လို“ No” ဟု ပြောလေ့ရှိ သဖြင့်နိုးတစ်လုံးစိန်ဟု ပြောင်ခေါ်ရာမှ နို့တစ်လုံးစိန် ဖြစ်သွားရခြင်းဖြစ်သည်။)
အဲ့ဒီသခင်တင်မြ ရေးတာဖတ်မိတော့ မောင်ဂျူတစ်ယောက် ဂျာနယ်လေးလက်ကချပြီး စဉ်းစားပါတယ်။ နို့
တစ်လုံးစိန်အကြောင်း မောင်ဂျူ ဖတ်ဖူးသိဖူးတာက အဲ့ဒီလိုမဟုတ်၊ အခု သခင်တင်မြရေးသလို ဆို နို့တစ်လုံးစိန်နာမည်တွင်
လာပုံက ပေါတိပေါချာနိုင်လှပါတယ်။ အဲဒါနဲ့မောင်ဂျူလည်း ချက်ချင်းပဲကိုယ်ပိုင်စာအုပ်စင်ကို ထပြီး မွှေနှောက်ရှာဖွေဖြစ်ပါတယ်။ ဟော -ဟော တွေ့ပါပြီ နို့တစ်လုံးစိန်အကြောင်း ရေးထားတဲ့ စာအုပ်။ ရေးတဲ့သူက ဆရာသောင်းဝေဦး၊ စာအုပ်အမည်က““ဒို့ကွန်မန်ဒို”” ထုတ်တဲ့ ခုနှစ်က ၂၀၀၉၊ နိုဝင်ဘာလ။ အဲ့ဒီစာအုပ်ထဲမှာ ဆရာသောင်းဝေဦးက နို့တစ်လုံးစိန်အကြောင်း အခုလို
စာမျက်နှာ (၆၄) မှာ ကျယ်ကျယ်ပြန့်ပြန့် ရေးထားပါသဗျ။
ပီကင်းပြန် မစိန်ဝင်း
ဤနေရာတွင် ဗဟိုဆေးကျောင်းတာဝန်ခံဖြစ်လာသူ ပီကင်းပြန်မစိန်ဝင်း၏ ကိုယ်ရေးရာဇ၀င်ကို
အတန်ငယ်ဖော်ပြရန် လိုပါလိမ့်မည်။
 
မစိန်ဝင်း၏အမည်ရင်းမှာ ခင်ခင်ကြည်ဖြစ်၏။ အစ်မတစ်ဦးရှိ၍ အမည်မှာ မပွင့်ရည် ဖြစ်
သည်။ မန္တလေးမြို့တွင်နေထိုင်သော အငြိမ်းစားစက်ရှင်မင်းကြီးတစ်ဦး၏ သမီးများဖြစ်ကြပြီး ညီအစ်မ
နှစ်ယောက်စလုံး ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်ကြ၍ ၁၉၄၈ ခုနှစ်၌ အထက်မြန်မာပြည်မသုံးလုံး
ဒေသ၌ တောခိုလာခဲ့ကြ၏။
မစိန်ဝင်းသည် တောတွင်း၌ မမျိုးသန့်ဟု အမည်ပြောင်းခဲ့၏။ ၁၉၅၃ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ် ပါတီပေါ်လစ်ဗျူရိုအဖွဲ့ဝင် သခင်သန်းမြိုင်၏ တာဝန်ပေးချက်အရ တရုတ်ပြည်သို့ ဆေးမှူး
အဖြစ် လိုက်ပါသွားခဲ့၏။ တရုတ်ပြည်တွင် မာက်စ်လီနင်ဝါဒ နိုင်ငံရေးတက္ကသိုလ်၌ မာက်စ်ဝါဒ လီနင်
ဝါဒကို လေ့လာခဲ့သည်။ ဆေးပညာလည်းလေ့လာခဲ့သည်။ အထူးသဖြင့် မော်စီတုန်း၏ အကြမ်းဖက်ရေး
တော်လှန်ပုန်ကန်ရေး၊ လက်နက်ဖြင့် အာဏာသိမ်းရေး အတွေးအခေါ်နှင့် ပို့ချချက်များကို သင်ကြား
နာယူခဲ့၏။ တရုတ်ပြည်တွင် မစိန်ဝင်း၏အမည်မှာ ၀မ်ယွင်ဖြစ်သည်။ ၁၉၆၁ ခုနှစ်၌ ရဲဘော်မျိုးတင့်
ခေါ် ယီကြုနှင့် လက်ထပ်ခဲ့၏။
၁၉၆၃ ခုနှစ်၌ မစိန်ဝင်းသည် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းပြု၍ မြန်မာ
နိုင်ငံသို့ တရုတ်ပြည် ပီကင်းမှတစ်ဆင့် ပြန်လည်ရောက်ရှိခဲ့၏။ မစိန်ဝင်းအား ဗမာပြည် ကွန်မြူနစ်
ပါတီမှ သာယာဝတီ ခရိုင်ကော်မတီတွင် တိုက်ရိုက်တာဝန်ပေးခဲ့လေသည်။ အာဏာနီတည်ဆောက်ရေး
ကာလများ၌ မစိန်ဝင်းသည် ဒေသခံပြည်သူများကို အစိုးရကျောရိုးများဟုဆိုကာ ရက်စက်စွာသတ်
ဖြတ်ခဲ့သည်။ သတ်ဖြတ်ရာ၌ ကိုယ်တိုင်ကိုယ်ကျဦးစီးခဲ့သည်။ ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်ခဲ့သည်။
အချင်းချင်း ဖြုတ်ထုတ်သတ်ပွဲများ၌လည်း ပါဝင်ခဲ့၏။ ထို့ကြောင့်ပြည်ခရိုင်မှဒေသခံများက မစိန်ဝင်း
ကိုဖိန့်ဖိန့်တုန်အောင်ကြောက်ကြ၏။
၁၉၇၃ ခုနှစ်တွင် မစိန်ဝင်းသည် ဗဟိုဆေးကျောင်း အာဏာပိုင်နှင့် အလင်းရောင်တာဝန်ခံ
တပ်မှူးကြီးဖြစ်၍ လာခဲ့လေသည်။
ဤကား မစိန်ဝင်းအကြောင်း တစေ့တစောင်းပင်ဖြစ်ပါ၏။
အဲ့ဒါအပြင် ဆရာသောင်းဝေဦးဟာ စာမျက်နှာ(၇၄) မှာလည်း အောက်ပါအတိုင်း ဆက်လက်ရေးခဲ့
ပြန်ပါတယ်။
““မင်းတို့ ဆေးရုံခေါင်းဆောင်က ဘယ်သူလဲ””
““နို့တစ်လုံးစိန်ပါ ခင်ဗျာ””
““ဟ . . . . တခြားနာမည် မရှိဘူးလား””
““ရှိပါတယ်ခင်ဗျာ။ မစိန်ဝင်းပါ””
““နော့ နို့တစ်လုံးစိန်လို့ ဘာဖြစ်လို့ ခေါ်တာလဲကွ””
““ဒါတော့ ကျွန်တော် မသိဘူးခင်ဗျ။ နို့တစ်လုံးပဲ ရှိလိုများလား မသိဘူး””
ထိုအခါ စစ်ဆေးသူများက ၀ိုင်းရယ်ကြသည်။
အမှန်တော့ သူပြောသလိုမဟုတ်ပါ။ မစိန်ဝင်းသည် ပီကင်းပြန်များတွင် အလွန်တက်ကြ၏။
ကွန်မြူနစ်ပါတီပေါ် အလွန်ယုံကြည်သည်။ ဗပကအမျိုးသမီးများတွင် ရှာမှရှား No two နှစ်ယောက်
မရှိသည့် နိုးတူးဖြစ်သည်။နိုးတူးစိန်ဟု အမည်ရသည်။နိုးတူးစိန်ကို အင်္ဂလိပ်စကားနားမလည်သူများက
လျှာလည်ကာ နိုးတူးစိန် အစား နို့တစ်လုံးစိန်ဟုခေါ်ကြတော့၏။ ဤတွင် နိုးတူးစိန်မှ နို့တစ်လုံးစိန်
ဖြစ်သွားရတော့၏။
ဒါတင်မကသေးပဲ ဆရာသောင်းဝေဦးက-
သေနတ်သံများ ဆူညံသွားတော့၏။ ညိုအောင်မှာ ချက်ချင်းကျဆုံးသွားသော်လည်း
မစိန်ဝင်းက ဒဏ်ရာမပြင်းထန်၍ ပြန်လည် ခုခံပစ်နေသည်။ လက်နက်ချ အဖမ်းခံရန် နှစ်ခါသုံးခါ
အော်ဟစ်သတိပေးသော်လည်း မရပါ။ အသည်းအသန် ခုခံပစ်ခတ်သည်။ မတတ်နိုင်ပါ။ အပြတ်သာ
ရှင်းရတော့၏။ အချိန်အနည်းငယ် အတွင်းမှာပင် စခန်းသိမ်းတိုက်ပွဲက ပြီးဆုံးသွားတော့သည်။


မနက်ရှစ်နာရီကျော် ကိုးနာရီ၌ စခန်းတစ်ခုလုံးကို ကွန်မန်ဒိုစစ်ကြောင်းက အပြီးသတ်ရှင်းလင်းနိုင်
တော့၏။
မစိန်ဝင်းနှင့် အောင်နိုင်တပ်မှူးညိုအောင် အပါအ၀င် ၁၁ ယောက်ကျဆုံး၍ ၇ ယောက်က
ဒဏ်ရာနှင့် ၄ ယောက်က အရှင်မိသည်။ အချို့လွတ်သွား၏။ လွတ်သွားသည့် အဖွဲ့နောက်သို့ ကွန်မန်
ဒိုတပ်စုတစ်စုက လိုက်လံရှင်းလင်းသည်။ ကွန်မန်ဒိုစစ်ကြောင်းမှူးက တိုက်ပွဲသတင်းကို ညောင်လေး
ပင် ရှေ့တန်းရုံးရှိ တိုင်းမှူးထံ အစီရင်ခံလိုက်၏။ မနက်(၁၁) ခန့်တွင် တိုင်းမှူးဗိုလ်မှူးချုပ်သန်းတင
နှင့်အရာရှိကြီးများ တိုက်ပွဲနေရာသို့ရဟတ်ယာဉ်ဖြင့်ရောက်လာကြ၏။
အလောင်းများကို စစ်ဆေးကြသည်။ စခန်းကိုကြည့်ကြသည်။
အရာရှိကြီးတစ်ဦးက မစိန်ဝင်းအလောင်းကို တွေ့တော့ . . .
““တစ်လုံးလား နှစ်လုံးလား မသိဘူး””
ဟု ဆိုလိုက်ရာ အနီးရှိ ရဲဘော်တစ်ဦးက . . .
““ကြည့်ပြီးပါပြီ။ နှစ်လုံးပါခင်ဗျ””
ဟု ရုတ်တရက်ပြောလိုက်ရာ အားလုံးရယ်မောကြသည်။
ဆိုပြီး စာမျက်နှာ (၇၉) မှာ နို့တစ်လုံးစိန် တိုက်ပွဲမှာထိခိုက်သေဆုံးသွားပုံကို တိတိကျကျ ရေး
ပြသွားခဲ့ပါတယ်။
ဒီလိုဆိုတော့ သခင်တင်မြရဲ့ နို့တစ်လုံးစိန်ပေါ်ကို သိတဲ့အသိဟာ ဆရာသောင်းဝေဦးသိပုံနဲ့ အ
များကြီးကွာသွားပါတယ်။ ဆရာသောင်းဝေဦးဆိုတာကလည်း တိုက်ပွဲသမိုင်းတွေကို မြေပုံတွေ ဓါတ်ပုံတွေနဲ့ တိတိကျကျဆိုပြီး စာအုပ်များစွာ ထုတ်ဝေနေသူ ဖြစ်တဲ့အပြင် တပ်မတော်မှာလည်း ဗိုလ်မှူးကြီးအဆင့်အထိ ဆောင်ရွက်ခဲ့သူဖြစ်တော့ သူ့အထင် သူ့အသိ သူ့မှတ်တမ်းကလည်း မှားနေထယ်လို့ ပြောဖို့ခက်လှပါတယ်။
ဒီလိုပါပဲ သခင်တင်မြဆိုတာ နိုင်ငံရေးသမိုင်းတွေ စဉ်ဆက်မပြတ်ရေးနေသူ တစ်ယောက်ပါ။ ဒါ့အပြင် သခင်တင်မြဆိုတာ ကွန်မြူနစ်လက်ဟောင်းကြီးဖြစ်ခဲ့သူဖြစ်ပါတယ်။ ဒီ့နောက်တော့ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ အတွင်းစည်းအထိ နက်နက်ရှိုင်းရှိုင်းပါဝင်ခဲ့ပြန်ပါတယ်။ အဲဒီလိုပါပဲ...။ NLD ပေါ်ဦးစမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်ထဲထဲဝင်ဝင်ကူညီခဲ့ပြီး နောက်ပိုင်းမှာ ပါတီနိုင်ငံရေးကို လုံးဝစွန့်လွတ်ခဲ့သူဖြစ်လေတော့ သူ့အတွေးအခေါ်အမှတ်သညာတွေဟာလည်း ခေသူမဟုတ်လို့ ဆိုရမှာဖြစ်ပါတယ်။
ကွန်မြူနစ်ထဲ နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်မြှုပ်နှံဖူးတဲ့ သခင်တင်မြဟာ နို့တစ်လုံးစိန်နဲ့ဘယ်လို ပါတ်သက ဆက်နွယ်ခဲ့လေသလဲ ဆိုတာမသိချင်ပေမယ့် နို့တစ်လုံးစိန်ရဲ့နာမည်တွင်လာ
ုံလေးတော့ မောင်ဂျူ တစ်ယောက် သိချင်သပေါ့ဗျာ။
ဟိုး-ဟိုး-ဟိုး နေပါဦး။ မောင်ဂျူကို တောင်ထင်မြောက်ထင် ပရိတ်သတ်တွေ ထင်ကုန်မှာစိုးလို့
တစ်ခုတော့ နောက်ဆုံးပိတ်ပြောပါရစေ။မောင်ဂျူဟာ ကွန်မြူနစ် မဟုတ်ခဲ့သလို နောင်လည်းဟုတ်မယ့်သူ
မဟုတ်ပါဘူးခင်ဗျာ။မောင်ဂျူ့အယူအဆကတော့ သခင်တင်မြရဲ့ဆောင်းပါးအစမှာရေးခဲ့သလို ““နိုင်ငံရေးတွင် စကားအသုံးအနှုန်းတိကျရမည်။ မတိကျလျှင် စကားနောက်တရားပါ ဖြစ်လေ့ရှိသည်”” ဆိုတာပါပဲ။

ဟာဂျူလီ(ကသာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...