Tuesday, May 21, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၅)

သစ်ထူးလွင်



Posted: 21 May 2013 06:28 AM PDT
အခုရက်ပိုင်းအတွင်း ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး တရိပ်ရိပ် တက်လာတာ ဒီနေ့ဆို တဒေါ်လာ ကျပ် ၉၄၀ လောက်ထိရှိတယ်လို့ သိရပါတယ်။ ဒေါ်လာဈေးတက်လာတာဟာ ဈေးကွက်ထဲ ၀ယ်လိုအားများတာကြောင့်လို့ ဆိုသူတွေရှိသလို ကမ္ဘာမှာ ဒေါ်လာဈေးမြင့်နေတာကြောင့်လို့ ဆိုသူတွေလည်း ရှိပါတယ်။

မေလ ၂၀ ရက်နေ့က ၇ သိန်းလောက် ထိုးကျသွားတဲ့ ရွှေဈေးဟာ ဒီနေ့တော့ ၁ ကျပ်သား ကျပ် ၇ ထောင် လောက်ထိ မြင့်တက်ပြီး တကျပ်သား ကျပ်၇ သိန်း ၇ ထောင်လောက် ပေါက်ဈေး ရှိနေပါတယ်။

ပြည်တွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အမေရိကန်ဒေါ်လာဈေး တဖြည်းဖြည်း မြင့် တက်လာနေတဲ့အပေါ် လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဒေါက်တာစိုးထွန်း (တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ)

“ပထမဆုံးစတာကတော့ ကမ္ဘာမှာ အမေရိကန်ဒေါ်လာတက်လာပြီး ရွှေဈေးကျတာက စတာ။ ပြည်တွင်းမှာ ဒုတိယ တွန်းအားပေးတဲ့ အချက်တချက်က အရင်တုန်းက အက်ဖ်အီးစီသုံးတာလေ၊ အဲဒါက သန်း ၃၀ လောက်ရှိတယ်။ အဲဒါတွေကို ဖျက်သိမ်းဖို့လုပ်တော့ ဘဏ်ထဲပြန်ထည့်ပြီး မြန်မာငွေပြန်ထုတ် ဒါမှမဟုတ် ဒေါ်လာနဲ့လဲဆိုတာ ရှိတာကိုး။ အဲဒါလည်း ဒုတိယ တွန်းအားပေးတဲ့အချက်ထဲ ပါတယ်။ ဘာလို့ဆိုတော့ သန်း ၃၀ လောက် ပြတ်လပ်သွားတာကိုး။ နောက် လူတွေက ဘာယုံကြည်နေလဲဆိုတော့ လွှတ်တော်ဥက္ကဋ္ဌကြီး သူရရွှေမန်းက ဒေါ်လာဈေး ၁၀၀၀ ဖြစ်သင့်တယ်တို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ပြောထားတာရှိတော့ အဲဒါစိတ်ထဲရှိနေကြတယ်။ နောက် မြန်မာပြည်ကလည်း Exchange Rate System က နိုင်ငံခြားငွေကိုင်ဆောင်ခွင့်
ရတဲ့ဘဏ် ၁၇ ဘဏ်ကနေ နေ့တိုင်း လေလံပစ်ပြီး ၀ယ်နိုင်တဲ့ဈေးပေး လေလံဆွဲတဲ့ စနစ်ကျင့်သုံးတာကိုး။ အဲမှာလည်း ဒေါ်လာ ၀ယ်လိုအား တက်နေတော့ ဈေးပိုပေးကြတယ်။ အရင်တုန်းက သိပ် ၀ယ်လိုအားမရှိတဲ့အတွက် လိုအပ်ချက်မရှိတော့ အများကြီး ပြိုင်မပေးကြဘူး။ တယောက်နဲ့တယောက် ၁-၂ ကျပ်၊ ၅ မူး ဒီလောက်ပဲ။ အခုက လေလံဆွဲရင် ပိုပေးကြတာတွေ့ရတယ်။ နောက် ဘာအခက်ရှိလဲဆိုတော့ မီးမလာတော့ လောင်စာဆီလိုအပ်ချက် ပိုများတယ်။ စက်ရုံအလုပ်ရုံတွေအားလုံးက ဒီဇယ်နဲ့လည်ရတာကိုး။ အအေးခန်းစက်ရုံဆို ၂၄ နာရီ ရပ်လို့မရဘူး။ ဒီဇယ်ဝယ်လိုအား ပိုများတယ်။ အဲဒီအကြောင်းအရာတွေ အားလုံးတိုက်ဆိုင်တော့ ဒေါ်လာဈေးတက်တာ ဖြစ်လာတယ်။”

ဦးမော် (အောင်သမာဓိရွှေဆိုင်ပိုင်ရှင်
)

“ကမ္ဘာ့ရွှေဈေးတက်ရင်လည်း တက်တယ်၊ ဒေါ်လာဈေးတက်ရင်လည်း တက်တယ်။ တမြန်နေ့လောက်က ကမ္ဘာ့ရွှေဈေးကျသွားတဲ့အချိန် ငွေဈေးကမတက်ဘဲ တင်းခံနေတော့ ရွှေဈေးက ၇ သိန်းအောက် ပြန်ကျသွားတယ်။ အခုက ဒေါ်လာဈေးရော ရွှေဈေးရော နှစ်ခုပြိုင်တက်တော့ ၇ သိန်းကျော်ထိ တက်သွားတာ။”

ပို့ကုန်လုပ်ငန်းရှင်တဦး

“အရင်အလုပ်လုပ်ခဲ့တာ ၁ ဒေါ်လာကို ၁၀၀၀ အထက်မှာ လုပ်ခဲ့တာ။ အခု ၈၀၀ ကျော်နဲ့ အလုပ်လုပ်ရတော့ တချို့အပိုင်းလေးတွေမှာ အရှူံးခံပြီး လုပ်ငန်းလည်ပတ်အောင်၊ လုပ်ငန်းမရပ်သွားအောင် ထိန်းလုပ်ရတဲ့ အပိုင်းလေးတွေရှိတယ်။ အခုလို ဒေါ်လာဈေးပြန်မြင့်တက်လာတယ်ဆိုေ
တာ့ ကျမတို့ ပို့ကုန်လုပ်ငန်းရှင်တွေအားလုံးကတော့ ၀မ်းသာတယ်၊ အဆင်ပြေသွားကြတာပေါ့နော်။ အရှုံးနည်းသွားမယ်၊ အမြတ်ပြန်ရလာတယ်။ ဒေါ်လာဈေးကတော့ ၉၀၀ ကျော်ဆို ပိုပြီး စိတ်ချမ်းသာစရာကောင်းတယ်။ ၉၀၀ အောက်ဆိုရင် တော်တော်လေး အဆင်မပြေကြဘူး။”

တယ်လီဖုန်းဟန်းဆက်အရောင်းဆိုင် ပိုင်ရှင်တဦး

“အရင်  အိုင်ဖုန်း ၅ တလုံးကို ဈေးအနိမ့်ဆုံး ၆၂-၆၃ လောက်ထိ ရောင်းဖူးတယ်လေ။ အခုဆို ၆၆ ခွဲလောက် ရောင်းနေရတယ်။ အဲဒါတောင် သိပ်အဆင်မပြေဘူး။ ငွေဈေးက ဆက်တက်တယ်။ အခုက ကျနော်တို့ကရောင်းလိုက်၊ ပြန်ဝယ်ရင် အဲဒီဈေးနဲ့မရနဲ့ တော်တော် ဒုက္ခရောက်တယ်။ ငွေဈေးတောက်လျှောက်တက်နေတော့။ တက်နေတာ ၁ လလောက် ရှိပြီ။”

အောင်ချိန်ဘွား (ဘောဂဗေဒစာရေးဆရာ)

“ပို့ကုန်ဝင်ငွေ ပိုရဖို့အတွက် ပြည်တွင်းဒေါ်လာတက်ဖို့ လိုတယ်ဆိုတဲ့ အယူအဆဟာ လွဲမှားတယ်။ ပို့ကုန်သမားတွေက ပြန်တင်သွင်းပြီး ကျပ်ငွေထွက်ပြီဆိုမှ ငွေချေတာဖြစ်လို့ ပို့ကုန်ရော၊ သွင်းကုန်မှာပါ မြတ်တဲ့အတွက် ဒေါ်လာဈေးဆိုတာ တက်စရာမလိုပါဘူး။ လူကြီးတွေ အဲဒီအချက်ကို သဘောပေါက်မယ်ဆိုရင် ဒေါ်လာဈေး ဆွဲတင်စရာအကြောင်းမရှိပါဘူး။ အခုက ပို့ကုန်သမားတချို့ရဲ့ တိုက်တွန်းမှုနဲ့ ဒေါ်လာဈေးဆွဲတင်ဖို့ စဉ်းစားနေတယ်။ နောက်တချက်က ပို့ကုန်ပရိုမိုးရှင်းလုပ်မယ်ဆု
ိရင် ဒေါ်လာဈေးတက်ရမယ်၊ မြန်မာကျပ်ငွေ တန်ဖိုးချရမယ် ဆိုတဲ့ စီးပွားရေးဥပဒေသကရှိနေတော့ တချို့ကလည်း ပို့ကုန်ပရိုမိုးရှင်းလုပ်ဖို့ ဒေါ်လာဈေးချရမယ်ဆိုတဲ့ သဘော။ အဲဒါတွေကလည်း ယှဉ်ပြိုင်မှုရှိမှပါ။ မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပို့ကုန် ကုန်ပစ္စည်းတွေက ပြိုင်မယ့်ဟာ ဘာမှမရှိပါဘူး။ ဒါကြောင့် ဒေါ်လာဈေးအတက်အကျမှာ ပို့ကုန်ပရိုမိုးရှင်းအတွက် ငွေတန်ဖိုးချဖို့မလိုပါဘူး။ ဒါတွေ သဘောပေါက်ရင် အဆင်ပြေသွားမှာပါ။”

by ဒီဗွီဘီ


Posted: 21 May 2013 06:22 AM PDT
မြစ်ကြီးနားမြို့တွင် ပြုလုပ်မည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာ အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အထူး အကြံပေး မစ္စတာ နမ်ဘီးယားတက်ရောက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။ “ ပထမ မေ ၂၂ရက်မှာ ဆွေးနွေးပွဲလုပ်ဖို့ ပြင်ထား ပေမယ့်သူ(နမ်ဘီးယား) မအားလို့ ဆိုတာနဲ့ သူအားတဲ့ ၂၈ ရက်ကို ပြောင်းလုပ်ရတာ”ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာ ကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 May 2013 06:08 AM PDT
ပတ်ဝန်းကျင်က ကဲ့ရဲ့မည်ကိုစိုး၍ မွေးကင်းစကလေးငယ်ကို မိလ္လာကျင်းထဲတွင် စွန့်ပစ်သော (၁၉)နှစ်အရွယ်မိခင်ကို ပြစ်မှုပုဒ်မ ၃၁၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကန်ကြီးထောင့်မြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပုသိမ်ခရိုင်၊ ကန်ကြီး ထောင့်မြို့နယ် ဘုရားကုန်းအမှတ် (၁)ရပ်ကွက်နေ ဦးထွန်းသန့်သည် မေ ၁၇ ရက်နံနက်က ၎င်းနေထိုင်ရာ ခြံဝင်းအတွင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 May 2013 05:59 AM PDT
တရားဥပဒေအထက်တွင် လွှတ်တော်ရှိသည်ဟု အင်တာနက် ဘလော့စာမျက်နှာ တွင် ရေးသားခဲ့သူ ဒေါက်တာဆိတ်ဖွား ဆိုသူသည် ကိုယ်တိုင်ကိုယ်ကျ လာရောက် ဝန်ခံခဲ့ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။ မေလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး မကျင်းပမီ သတင်းမီဒီယာ များနှင့် တွေ့ဆုံရာ၌ ဦးလှဆွေက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 May 2013 05:49 AM PDT
နိုင်ငံတော် သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့် နဲ့ အရေးပေါ် အခြေအနေ ကြေငြာခြင်းနဲ့ ပတ်သက်လို့ အတည်ပြုပေးဖို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးရာမှာ ကော့မှူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်ဆွေးနွေး ခဲ့ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Burma VJ Media Network



Posted: 21 May 2013 03:26 AM PDT

မြန်မာ့ငွေဈေး(21.5.2013 4:00PM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 937(~) Ks 947(~)
1 FEC = Ks 937(~) Ks 947 (~)
1 စင်္ကာပူ SGD = Ks 742(~) Ks 754(~)
1 ဥရောပငွေ EUR = Ks 1201 (~) Ks 1220 (~)

ကမ္ဘာ့ငွေဈေး(21.5.2013 4:00PM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2578(+0.0036)
ထိုင်း Baht 29.7600(-0.0450)
မလေးရှား Ringgit 3.0145(+0.0005)
တရုတ် Yuan 6.1368 (-0.0046)
အိန္ဒိယ Rupee 55.0735 (-0.0115)
ဘင်္ဂလားဒေ့ရှ် Taka 78.0200 (+0.0600)
တောင်ကိုရီးယား Won 1113.4950(-2.3650)
ထိုင်ဝမ် TWD 29.8350 (-0.0970)
ဂျပန် Yen 102.7550(+0.4790)
ဥရောပငွေ EUR 0.7769 (+0.0007)
ၾသစေၾတးလ် AUD 1.0215(+0.0018)
အင်္ဂလန် GBP 0.6589 (+0.0035)

ကမ္ဘာ့ရွှေဈေး(21.5.2013 4:00PM)
1 အောင်စ USD 1384.7000(-9.3501)
မြန်မာ့ရွှေဈေး(21.5.2013 4:00PM)
Ks 706,500(-1000)

ရန်ကုန်စက်သုံးဆီဈေး(21.5.2013
Premium Diesel (1L) Ks 890
Diesel (1L) Ks 860

Octane (95) (1L) Ks 1070

Octane (92) (1L) Ks 870

ဓာတ်ဆီ (1L) Ks 814

SkyNet TV Browser
Posted: 21 May 2013 03:09 AM PDT
မန္တလေးတိုင်း မိထ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးသောဘိတ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၇ ဦးကို ဒီကနေ့ မိတ္ထီလာမြို့နယ်နဲ့ ခရိုင်တရားရုံး ၂ ခုမှာ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်စီရင်တဲ့ အမှုတွေကတော့ လူသတ်မှု။ အရေးပေါ်ထုတ်ပြန်မိန့် ဖောက်ဖျက်မှု။ သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတာတွေနဲ့ အသီးသီး စစ်ဆေးစီရင်ခဲ့ တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မတ်လ ၂၃ ရက်နေ့တွင် တွေ့မြင်ရသည့် မိတ္ထီလာမြို့ အပျက်အစီး မြင်ကွင်း

Posted: 21 May 2013 03:00 AM PDT
မိထ္ထီလာမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရတာဟာ အုပ်ချုပ်ရေးပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့်လို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြောကြားလိုက်ပါတယ်။ မေ ၂၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးမှာ ပြောကြား လိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 May 2013 02:52 AM PDT
မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် မိထ္ထီလာမြို့ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လူ ၇ ဦးအား ထောင်ဒဏ် ၂ နှစ်မှ ၂၈ နှစ်အထိ အသီးသီး ချမှတ်လိုက်သည်။ သေဒဏ်မှ လွတ်ငြိမ်းခွင့်ရသည့် အဆိုပါ ၇ ဦးမှာ သံဃာတပါးအား သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်သည်။ ၎င်းတို့အား လူသတ်မှု၊ သတ်ဖြတ်ရန် သွေးထိုးလှုံ့ဆော်မှုနှင့် အများပိုင် အဆောက်အဦများအား မီးရှို့မှုနှင့် ဖျက်ဆီးမှုတို့ဖြင့် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 May 2013 02:10 AM PDT
မဲခေါင် မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီး ရမိထားသူ ၈၁၂ ဦး ရှိပြီဖြစ်ကြောင်း လေးနိုင်ငံ မူးယစ် တိုက်ပျက်ရေး ပူးပေါင်းမစ်ရှင် ဌာနချုပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆိုသည်။ ဧပြီလ ၁၉ ရက်နေ့က စတင်ခဲ့သည့် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံ ပူးတွဲစစ်ဆင်ရေးတွင် မူးယစ်ဆေး တန်ချိန် ၁.၉၃ နှင့် လက်နက်ခဲယမ်း အမြောက်အများလည်း သိမ်းဆီးရမိပြီး ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 May 2013 01:24 AM PDT
မန္တလေးတိုင်းဒေသကြီးရှိ ရပ်ကွက် နှစ်ခုတွင် ဒုတိယအကြိမ် ထပ်မံရောင်းချ ပေးသည့် ကျပ်၁၅၀၀ တန်ဖုန်းဝယ်ယူရန် မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်မှစတင်၍ ရပ်ကွက်ရုံးရှေ့တွင် လူထောင်ချီတန်းစီ စောင့်ဆိုင်းရာမှ လူခြောက်ဦး မူးလဲပြီး တစ်ဦးသေဆုံးမှု မေလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေထိုင် သူများက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 May 2013 12:39 AM PDT
လယ်ယာမြေ ဥပဒေ အတည်ဖြစ်ပြီးနောက် လယ်သမားတွေအနေနဲ့ သူတို့လုပ်ကိုင်နေတဲ့ လယ်တွေကို မှတ်ပုံတင်ခွင့်ပေးနေပြီဖြစ်ပေမယ့် တကယ့်အောက်ခြေမှာတော့ လယ်သမားအများစု မှတ်ပုံတင်ခွင့် မရသေးဘူးလို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မစုစုနွေးက ဒီဗွီဘီကို ပြောပါတယ်။

လယ်သမားတွေအနေနဲ့ လယ်ယာမှတ်ပုံတင်ဖို့ သက်ဆိုင်ရာ ရုံးတွေကိုသွားတဲ့အခါ အောက်ခြေ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက မှတ်ပုံတင်ရင် ရေးသားဖြည့်စွက်ရတဲ့ ပုံစံ ၁ စာရွက် တွေကို အထက်က ချမပေးသေးဘူးလို့ အကြောင်းပြကြောင်း ဆိုပါတယ်။

ဒီလို မှတ်ပုံတင်ခွင့် မရတာဟာ လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်သမားတွေတင်မက အခြား လယ်သမားတွေပါ ကြုံနေရတယ်လို့ သူက ရှင်းပြပါတယ်။

ရန်ကုန်မှာဆိုရင် ကော့မှူး၊ ထန်းတပင်၊ လှိုင်သာယာမြို့နယ်က လယ်သမားတွေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်က လယ်သမားတွေလည်း မှတ်ပုံတင်ဖို့ ခက်ခဲနေတယ်လို့ မစုစုနွေးက ပြောပါတယ်။

 by ဒီဗွီဘီ


Posted: 21 May 2013 12:50 AM PDT
ကမ္ဘာ့သမိုင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို ကြိုးပမ်း ဆောင်ရွက်နေရတာ ဖြစ်တယ်လို့ အမေရိကန်ရောက် သမ္မတဦးသိန်းစိန်က ဂျွန်ဟော့ကင်း တက္ကသိုလ်မှာ ပြောကြား။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 21 May 2013 12:24 AM PDT
၂၀၁၃ခုနှစ်၊ မေလ ၂၀ရက် ညနေ (၄)နာရီ(၁၀)မိနစ် အချိန် ခန့်တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ဈေးကြီး အရှေ့ရပ်ကွက် ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းတွင် သန့်ရှင်းရေး ဆောင် ရွက်နေသော မြို့နယ် စည်ပင် သာယာ ရေး ကော်မတီမှ မသင်းမြတ်စိုး (၃၂)နှစ် (ဘ) ဦးစိန်မြင့်ဦးသည် အမှိုက်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော အမ်-၁၆ ကျည်ဆံ (၅၆)တောင့် (အသုံးပြုရ)၊ ၎င်းကျည်ကဒ် (၁)ကဒ် (အသုံးပြုရ)၊ ကာဘိုင်ကျည်ဆံ (၁၁)တောင့် (အသုံးပြုရ)၊ ၉မမ ကျည်ဆံ (၂၂)တောင့် (အသုံးပြုရ)၊ ပွိုင့် -၃၈ကျည် (၁၃)တောင့်တို့နှင့် ကိုယ်ထည် အမှတ် C- 117374 စပိန်နိုင်ငံ ထုတ် အဖုံးတွင် Star Trade Mark စာတမ်းပါ စတီး ပစ္စတို (၁)လက် (အသုံးပြုရ)နှင့် ပစ္စတို ထည့်အိတ် အနက်ရောင် (၁)လုံးတို့အား တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများမှ သွားရောက် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။

မြ၀တီ


Posted: 21 May 2013 12:57 AM PDT
အချိုးကျ ကိုယ်စားလှယ် (Proportional Representation) PR စနစ်သည် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ မြန်မာ့တိုင်းရင်းသား လူထု အခြေ အနေနှင့် မသင့်လျော်သေး ဟု ကျားဖြူပါတီ ဉက္ကဌ ဦးစိုင်း အိုက်ပေါင်း က ပြောပါသည်။ “ကျနော်တို့တိုင်းပြည်က ဒီမိုကရေစီစနစ်က သက်တမ်း အရမ်းနုနေသေး တယ်။ တိုင်းရင်းသား လူထု လဲ အဲဒီအကြောင်း ဗဟုသုတ မရှိသေးဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်း

Posted: 21 May 2013 12:21 AM PDT
အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနုန်းကို ဒေသန္တရ အမိန့်ထုတ်ပြန်ကာ ကန့်သတ်ထားသော မောင်တောခရိုင်တွင် တရားမ၀င် Blacklist စာရင်းသွင်းခံရသူ ဘင်္ဂလီ ကလေးငယ် (၆) သောင်း ရှိကြောင်း သိရသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ် (၂) ခုဖြင့် ဖွဲ့စည်းထားသော မောင်တောခရိုင်တွင် ဘင်္ဂါလီများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနုန်းကို ဒေသန္တရ အမိန့်ထုတ်ပြန်ကာ ကန့်သတ်ထားမူကို ယခင် စစ်အစိုးရ လက်ထက်ကပင် ကျင့်သုံးခဲ့သည်။

သို့သော်လည်း ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်များကို အုပ်ချုပ်သူ တာဝန်ရှိသူများက ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ ကိုယ်ကျိုး အတွက် အသုံးချခဲ့ကြသဖြင့် ယခုကဲ့သို့ တရားမ၀င် Blacklist စာရင်းသွင်းခံရသူ ကလေးငယ် အရေအတွက် တိုးပွားလာခြင်း ဖြစ်သည်ဟု သိရသည်။

Blacklist စာရင်းသွင်းခံရသော ကလေးငယ်များမှာ သက်ဆိုင်ရာမှ ခွင့်ပြုချက်မရှိဘဲ အိမ်ထောင်ပြုသော မိဖ နှစ်ပါးမှ မွေးဖွားလာသူများ ဖြစ်ကြသည်။ တချို့ ကလေးများမှာ သက်ဆိုင်ရာ၏ တစ်စုံတစ်ရာ မှတ်တမ်းမှတ်ရာများ မရှိဘဲ မွေးဖွားသော ကလေးငယ်များ ဖြစ်နေကြသည်ဟု ဆိုသည်။

ထိုသို့ တရားမ၀င် မွေးဖွားလာသော ကလေးငယ် ၆၀၀၀၀ ရှိကြောင်းကို ရခိုင်စုံစမ်းရေး ကော်မရှင်၏ ရခိုင်အစီရင်ခံစာ စာမျက်နာ ၁၁၂ တွင်လည်း ဖေါ်ပြထားသည်။

“ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ၏ ခွင့်ပြုချက် မရရှိဘဲ အိမ်ထောင်ပြုခွင့် မရှိပါ။ ဤစည်းမျဉ်းသည် ဘင်္ဂါလီများထံမှ လာဘ်ယူရန် အခွင့်အရေး ဖန်တီးပေးနေသကဲ့သို့ ဖြစ်နေပြီး လက်တွေ့တွင် အကျိုးသက်ရောက်မူ မရှိသည်ကို တွေ့ရှိရကြောင်း” အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ တရားမ၀င် Blacklist ကလေး ၆၀၀၀၀ ထိ ရှိခြင်းမှာ မောင်တောခရိုင်အတွင်းရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများသည် ချမှတ်ထားသော ဥပဒေကို လိုက်နာခြင်း မရှိဘဲ အဆိုပါ ဒေသန္တရ အုပ်ချုပ်ရေး အမိန့်အာဏာများကို မိမိကိုယ်ကျိုး အတွက် အသုံးချရာမှ ဖြစ်ပေါ်လာသော အကျိုးဆက် ဖြစ်ကြောင်း မောင်တောမြို့မှ အမည်မဖေါ်လိုသူ ကျောင်းအုပ် ဆရာကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။

မောင်တောခရိုင်တွင် ဘင်္ဂါလီများအား အိမ်ထောင်ပြုရာတွင် အမျိုးသား အသက် (၂၀) နှင့် အမျိုးသမီးမှာ အသက် (၁၈) နှစ်ပြည့်ရမည်ဟု ဒေသန္တရ အမိန့်ထုတ်ထားသော်လည်း အသက်မပြည့်ဘဲ ယူလိုပါက ဒေသဆိုင်ရာ အာဏာပိုင်များကို လက်ထပ်ခွင့် တစ်စောင် ကျပ်နှစ်သောင်း ကနေ ကျပ် သိန်းချီထိ ပေးကြရသည်ဟု ဆိုသည်။

၎င်းပြင် တစ်လင် တစ်မယား စနစ်ကို ကျင့်သုံးရမည်ဟု ဥပဒေ ထုတ်ထားသော်လည်း တစ်ဦးထက် ပိုယူပါကလည်း အုပ်ချုပ်ရေး အရာရှိများကို သိန်းဂဏန်းရှိသောငွေဖြင့် လာဘ်ထိုး ဖြေရှင်းနိုင်ကြသည်ဟု ပြောသည်။

၎င်းပြင် သားသမီးကို နှစ်ဦးထက် ပိုမယူရဟု ဒေသန္တရ ဥပဒေ ထုတ်ထားသော်လည်း ပို၍ ယူသူများ အနေဖြင့် ပိုက်ဆံပေးပြီး အိမ်ထောင်စု စာရင်းတွင် သွင်းနိုင်ကြောင်း သိရသည်။

တဖက်နိုင်ငံသို့ ထွက်ပြေးသွား၍ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ထားသူ (အစိုးရ အခေါ် ဘီဒီပြေး) များအားလည်း မြန်မာသို့ ပြန်လာပြီး အိမ်ထောင်စု စာရင်းတွင် သွင်းပေးရန် တစ်ဦးကို ကျပ် သုံးသိန်းမှ ငါးသိန်းအထိ ယူကြောင်း သိရသည်။

၎င်းပြင် အမြဲတမ်းရှောင်တခင် စစ်ဆေးမှု ပြုလုပ်သော ဆွဲ/တင်/စစ် ပြုလုပ်ရာတွင်လည်း ပတ်စ်ပို့ ဆိုက်အရွယ် ဓါတ်ပုံ တစ်ပုံကို ကျပ် ၃၀၀၀ မှ ၇၀၀၀ ထိ သက်ဆိုင်ရာမှ တောင်းယူသည်ဟု ဆိုသည်။ ဆွဲတင်စစ်ဆိုသည်မှာ လူဦးရေစစ်မည့် ရွာကို မြေပုံဆွဲခြင်း၊ ရွာမှာရှိတဲ့ အိမ်ထောင်စုတွေကို ဓါတ်ပုံရိုက်ခြင်း၊ လူဦးရေကို မှတ်တမ်းတင်ခြင်းကို ဆိုခြင်း ဖြစ်သည်။

ထိုသို့ ဒေသန္တရ ဥပဒေများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများမှ ကိုယ်ကျိုး အတွက် လာဘ်ငွေ ယူပြီး ဆောင်ရွက်ခြင်းများကြောင်း မောင်တောခရိုင်တွင် လူဦးရေမှာ ကြောက်ခမန်းလိလိ တိုးပွားလာသည်ဟု သိရသည်။

မောင်တောခရိုင်ရှိ ဘင်္ဂါလီ အိမ်ထောင်စုများတွင် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ ၃၀ ကျော်ရှိနေပြီး အချို့ အိမ်ထောင်စုများတွင် လူဦးရေ ၇၀ ကျော်ပင် ရှိနေကြောင်းလည်း တွေ့ရှိခဲ့ရသည်ဟု လ၀က အရာရှိ တစ်ဦးကို ကိုးကားပြီး Hot News Weekly တွင် မေလ ၁၇ ရက်နေ့က ဖေါ်ပြသည်။

ယခု လက်ရှိ အစိုးရကလည်း မောင်တောခရိုင် အတွင်း ဒေသန္တရ အုပ်ချုပ်ရေးကို ဆက်လက် ကျင့်သုံးမည် ဖြစ်ကြောင်း မောင်းတောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင်မှ သတင်း မီဒီယာများသို့ တရားဝင် ပြောကြားထားသည်။

ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် (၂) ခုဖြင့် ဖွဲ့စည်းထားသော မောင်တောခရိုင်တွင် အုပ်ချုပ်ရေး အရာရှိများမှ ဆက်လက်ပြီး ဒေသန္တရ အမိန့်အာဏာကိုများကို ကိုယ်ကျိုးအတွက် လာဘ်လာဘ ယူပြီး လုပ်ဆောင်နေကြလျှင် အခြေအနေမှာ ယခု လက်ရှိထက် ဆိုးရွားကာ လုံးဝ ထိန်းမနိုင် သိမ်းမရသော အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း ဒေသခံများက ပြောဆိုလျှက် ရှိသည်။

နိရဉ္စရာ သတင်း ဌာန


Posted: 21 May 2013 12:09 AM PDT
ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့ အဓိကရုဏ်း အတွင်း အစ္စလာမ် ဘော်ဒါဆောင် ကျောင်း တစ်ကျောင်း မီးရှို့ခံခဲ့ ရမှုကြောင့် ဆရာ၊ ဆရာမတွေ အပါအ၀င် ကလေးငယ် စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ Physicians for Human Rights လူ့အခွင့်အရေး အဖွဲ့ကြီးက အစီရင်ခံ တစ်စောင် ထုတ်ပြန်လိုက်ပြီး ဒါကို အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မမေစန္ဒီက တင်ပြထားပါတယ်။

ကျောင်းသား ၁၂၀ ရှိတဲ့ အစ္စလာမ် ဘာသာရေး ကျောင်းတစ်ကျောင်း မီးရှို့ခံရမှုအတွင်း ဆရာ၊ ဆရာမ ၄ ဦးအပါအ၀င် ကလေး အယောက်၂၀ ထက်မနည်း သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာရှိတဲ့ Physicians for Human Rights PHR လူ့အခွင့်အရေးအဖွဲ့ကြီးက စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုအတွက် PHR အဖွဲ့ကြီးက မီးလောင်မှုအတွင်း လွတ်မြောက်ခဲ့သူ ကလေးငယ်တွေနဲ့ အနီးနားမှာရှိတဲ့ မျက်မြင်သက်သေတချို့ကို PHR အဖွဲ့ကြီးက တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။

အခုလို အပြစ်မဲ့ ကလေးငယ်တွေ ရက်ရက်စက်စက် သေဆုံးမှုတွေကို မဖော်ထုတ်ခဲ့ဘူးဆိုရင် ပိုပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို  ဦးဆောင် ရေးသားပြုစုခဲ့သူ ရစ်ချတ် စော်လွန်မ် (Richard Sollom) က မြန်မာနိုင်ငံကို  ကိုယ်တိုင် သွားရောက်ပြီးတော့ တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ သူနဲ့ ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ -

“မီးလောင်တဲ့အထဲက လွတ်လာတဲ့ ကလေးတွေနဲ့ ဆရာဆရာမတွေကို မေးကြည့်တဲ့အခါ သူတို့ အားလုံး က ဒီအကြောင်းကိုပဲ ထပ်ခါတလဲလဲကြားခဲ့ရတယ်။ မင်္ဂလာဈေးရုံရပ်ကွက်က သူတို့ကျောင်းကို ဒုတ်တွေ၊ အချွန်တွေ၊ ဓါးတွေ၊ သံပိုက်တွေ ကိုင်ထားတဲ့သူတွေက ကျောင်းကို မီးရှို့ခဲ့ပြီး ကျောင်းသားတွေကို မောင်းထုတ်ခဲ့တယ်ဆိုပြီးပြောပါ
တယ်။ ဒါဟာ မတ်လ ၂၀၊ ၂၁ ရက်နေ့တုန်းက မိတ္ထီလာ မြို့ တ၀ှမ်းမှာ လူနေအိမ်တွေ၊ ဈေးဆိုင်တွေ အများအပြား ဆုံးရှုံးပျက်ဆီးခဲ့တဲ့ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေထဲကတခုဖြစ်ပေမယ့် ဒါကိုသေသေချာချာဖော်ထုတ်ခဲ့ခြင်းမရှိခဲ့ပါဘူး။”

မျက်မြင်တွေရဲ့ အဆိုအရ ဒီအကြမ်းဖက်မှုမှာ တာဝန်ရှိ ရဲတွေက ကလေးငယ်တွေကို ကာကွယ်ခြင်းမပြုခဲ့ဘဲ ဒီကိစ္စကို ၀င်ရောက် ဖြေရှင်းခြင်း၊ အပြစ်ကျူးလွန်သူတွေကို ဖမ်းဆီးခြင်း မပြုခဲ့ဘူးလို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို တရားဝင်ခရီး လာရောက် လည်ပတ်နေတဲ့အချိန်မှာ ထွက်လာတာလည်း ဖြစ်တဲ့အတွက်ကြောင့်  ဒီလို အခါသမယမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဥပေက္ခာ ပြုမထားသင့်ဘူးလို့  ရစ်ချတ် စော်လွန်မ် (Richard Sollom) က ပြောပါတယ်။

ဒါ့ပြင် တနင်္လာနေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံတဲ့အခါမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစု လူမျိုးကွဲ၊ ဘာသာကွဲတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့ သမ္မတ အိုဘားမားအနေနဲ့ တိုက်တွန်းသင့်တယ်လို့ သူက ပြောပါတယ်။

“အခုအချိန်မှာ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်အစိုးရရဲ့ အရှိန်အ၀ါက ကြီးမားနေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးကတည်းက စီးပွားရေး အထောက်အပံ့တွေ၊ နိုင်ငံရေး အကူအညီတွေ ပေးခဲ့ပါတယ်။ ကျနော်တို့ Physicians for Human Rights အနေနဲ့ အမေရိကန်ရဲ့ အရှိန်အ၀ါကို ပြဖို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲမှုဟာ စံသတ်မှတ်ထားတဲ့ အဆင့်ရောက်တဲ့အထိ အရေးယူ ပိတ်ဆို့မှုတချို့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီလမ်းစဉ်ရဲ့ ပထမခြေလှမ်းတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့နဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေးတွေ၊ ဘာသာရေး ဆန့်ကျင်ရေးတွေကို ထုတ်ဖော်ပြောဆိုဖို့နဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူဖို့ လိုအပ်ပါတယ်။”

ဒါ့ပြင် ကုလသမဂ္ဂအနေနဲ့လည်း ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ သူက ပြောပါသေးတယ်။

“ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအနေနဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်လုပ်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာအစိုးရအနေနဲ့ သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်တာမရှိဘဲ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ မူဆလင်တချို့ကိုပဲ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ထားပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို စုံစမ်းစစ်ဆေးခြင်း တရားစွဲဆိုခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ကော်မရှင် ဖွဲ့စည်းဖို့ လိုအပ်တာ ဖြစ်ပါတယ်။”

မြန်မာအစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာကွဲ လူနည်းစုတွေကို အကာအကွယ်ပြုဖို့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ၊ သတင်းထောက်တွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ၀န်ထမ်းတွေကို အတားအဆီးမရှိ ၀င်ရောက်ခွင့် ပြုသင့်တယ်လို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်း အကြံပြုထားပါတယ်။ နောက်ပြီး မြန်မာအစိုးရအနေနဲ့ သူ့လုံခြုံရေးတပ်ဖွဲ့ကို အရေးမယူမခြင်း တခြား လုံခြုံရေး အထောက်အပံ့တွေ မပေးဖို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

မေစန္ဒီ (ဗွီအိုအေ)


Posted: 20 May 2013 08:12 PM PDT
နှစ်ပေါင်း ငါးဆယ် နီးပါး အတွင်း မြန်မာ နိုင်ငံ အကြီးအကဲ တယောက်ရဲ့ ပထမဆုံး သမိုင်းဝင် အဖြစ် သမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ အမေရိကန် သမ္မတ အိုဘားမားကို အိမ်ဖြူတော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံတဲ့ အခါ မြန်မာ သမ္မတ ရဲ့ ခေါင်းဆောင်မှုကို အိုဘားမားက ချီးကျူး စကား ပြောကြားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 May 2013 08:06 PM PDT
အမေရိကန် ပြည်ထောင်စု အိုကလာ ဟိုးမား မြို့မှာ အင်အား ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ် သွားခဲ့ပါတယ်။ ရုပ်မြင်သံကြားမှာ မြင်တွေ့ရတဲ့ ပုံတွေ အရ အိမ်နဲ့ အဆောက်အဦပျက်တွေ လမ်းတွေပေါ်မှာ ပုံနေပြီး ကျောင်းနှစ်ကျောင်းနဲ့ ဘိုးလင်း ကစားရုံ တခု ပြားပြား ဝပ်သွားခဲ့သလို ကားတွေ ထရပ်ကားတွေဟာ လေနဲ့ အတူ သိမ်းကျုံးပါသွားကာ ပျက်စီး သွားတာကို တွေ့ရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လေဆင်နှာမောင်းကြောင့် ဖြစ်သွားတဲ့ အပျက်အစီး

Posted: 20 May 2013 07:59 PM PDT
နှစ်ပေါင်း အစိတ်လောက် မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ တပ်ဦး ကျောင်းသား တပ်မတော် (ABSDF) နဲ့ မြန်မာ အစိုးရတို့ကြား ငြိမ်းချမ်းရေး အတွက် ဆက်လက် ဆွေးနွေး သွားဖို့ သဘောတူ ခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရန်ကုန်မြို့မှာ တနင်္လာနေ့က တွေ့ဆုံမှုအတွင်း ပြောဆိုခဲ့ကြတာပါ။ အပြည်အစုံကိုတော့ ဒီကနေ့ မြန်မာငြိမ်းချမ်းရေး စင်တာကတွေ့ဆုံပွဲအပြီး ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော် ABSDF ဗဟို က ခေါင်းဆောင် တချို့ဟာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆဲနိုင်ရေးကို ဦးတည်တဲ့ နိုင်ငံရေး အလုပ်သဘောဆွေးနွေးပွဲ ပြုလုပ်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီးတော့ ဒီကနေ့မှာပဲ ၀န်ကြီးဦးအောင်မင်း အပါအ၀င် မြန်မာငြိမ်းချမ်းရေး စင်တာက ခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးစကား ပြောခဲ့ကြတာပါ။
နိုင်ငံရေးတွေ့ဆုံမှုတွေ ဆက်တိုက်ဖြစ်လာဖို့ အရေးအတွက် ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်မှာ အလေးအထား ပြောကြားခဲ့သလို ဒီကနေ့ညနေပိုင်း အထိလည်း မြန်မာငြိမ်းချမ်းရေး စင်တာရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ လက်တွေ့ဖြစ်လာနိုင်မယ့် ဆွေးနွေးမှု ပုံစံတွေကို အလွတ်သဘော ဆွေးနွေးဖြစ်ခဲ့တယ်လို့ ABSDF အထွေထွေအတွင်းရေးမှူး ဦးဆန်နီက ပြောပါတယ်။

“တိုင်းပြည်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် ABSDF နဲ့ မြန်မာငြိမ်းချမ်းရေး အဖွဲ့နဲ့ ၂ ဖက် ကျနော်တို့ ညှိနှိုင်းဆွေးနွေးပွဲတွေကို ဒီကနေ့ စပြီးတော့ လုပ်ဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ ကျနော်တို့ Peace Center မှာပဲ ဦးအောင်မင်း အပါအ၀င် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ကျနော်တို့ တွေ့ပြီးတော့၊ နေ့လည်ပိုင်းမှာတော့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့ technical team နဲ့ ဆက်ဆွေးနွေးပါတယ်။ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ နိုင်ငံရေး တွေ့ဆုံပွဲတွေ ဖြစ်ပေါ်လာရေးအတွက်၊ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးအတွက် ကျနော်တို့ အကြိုညှိနှိုင်းဆွေးနွေးပွဲပါ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော်ဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့တာဟာ ဒီတကြိမ်နဲ့ဆိုရင် ၃ ကြိမ် ဖြစ်ပြီးတော့ ကျောင်းသားတပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းတချို့ ပြည်တွင်းမှာ နိုင်ငံရေးစကား ပြောတာဟာ ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။
ကျောင်းသားတပ်မတော် ABSDF ဗဟိုရဲ့ ညွှန်ကြားမှုနဲ့လာတဲ့ ဒီအဖွဲ့ဟာ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ရည်သန်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးတွေ ကျယ်ကျယ်ပြန်ပြန့် ဖြစ်လာဖို့အတွက် အဓိကထား ဆွေးနွေးခဲ့တယ်လို့ ABSDF အထွေထွေ အတွင်းရေးမှူး ဦးဆန်နီက ဗွီအိုအေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။

“ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာသွားမယ်၊ ညှိနှိုင်းဆွေးနွေးမှုကနေပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ကို ကျနော်တို့ ကြိုးစားတဲ့ အနေနဲ့ ဒီကနေ့ ဆွေးနွေးပွဲတွေကို ကျနော်တို့ သွားနေကြတာဖြစ်ပါတယ်။ ကျနော်တို့ ABSDF အနေနဲ့ ဆွေးနွေးပွဲရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ထပ်ပြီးတင်ပြချင်ပါတယ်။ အဲဒါကတော့ ပထမတချက် အနေနဲ့ကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ သွားချင်ပါတယ်။ နံပတ် ၂ ကတော့ ကျနော်တို့ တတိုင်းပြည်လုံး ပါဝင်တဲ့ အင်အားစုများ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေးပါ။ တတိယအချက် အနေနဲ့ကတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အာမခံချက်ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ် အရေးပေါ့ဗျာ။ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး အပါအ၀င်၊ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ် ပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေး မျှော်မှန်းချက် ၃ ခုအောက်မှာ ဒီကနေ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးကို လုပ်နေတာပါ။”

အခုလို ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးဖို့ လာရောက်တဲ့ ABSDF ခေါင်းဆောင်ပိုင်းတွေဟာ အစိုးရစစ်တပ်နဲ့ ABSDF ကြားက တိုက်ပွဲ အမြန်ရပ်ဆဲနိုင်ဖို့တွေ သာမက စစ်တပ်နဲ့ တိုင
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...