Tuesday, May 28, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၅)

သစ်ထူးလွင်



Posted: 28 May 2013 07:00 AM PDT
ထားဝယ်၊ မေ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြို့တော် ထားဝယ်၏ တဖက်ကမ်း ထားဝယ် တက္ကသိုလ် အနီးရှိ သောကြာပြင်ကျေးရွာလမ်းဆုံတွင် မေလ ၁၇ ရက်နေ့ ညပိုင်းက အမည်မသိ လူငယ် အုပ်စုတစ်ခု ၀င်ရောက်ရိုက်နက်မှုကြောင့် ဆိုင်ခန်းများပျက်စီးပြီး လူအချို့ ဒါဏ်ရရှိခဲ့ကြောင်း မျက်မြင်ကြုံတွေ့ရသူများ ထံမှသိရသည်။

မောင်းမကန်ကမ်းခြေသို့ သွားရာလမ်းပေါ်ရှိ သောကြာပြင်လမ်းဆုံသည် ထားဝယ်တက္ကသိုလ်အနီးတည်ရှိပြီး ကျောင်းသား ကျောင်းသူများ အများဆုံး စုဆုံလေ့ရှိသော နေရာဖြစ်သည်။

ယင်းနေ့ ည ၁၁ ခန့်တွင် ဆိုင်ကယ်များဖြင့် လူငယ်လေးဆယ်ခန့် ရောက်ရှိလာပြီး ကျေးရွာပန်းခြံအတွင်း ထိုင်နေသည့် လူငယ်ငါဦးကို ၀င်ရောက်ရိုက်နှက်ခြင်းဖြစ်ကြော
င်း၊ အ၀ိုင်းခံရသည့် လူငယ် ငါးဦးတွင် လေးဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ပန်းခြံအတွင်း ကျန်ခဲ့သူတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ယင်းဒေသခံများက ရှင်းပြသည်။

ထို့နောက် ကျေးရွားလမ်းမပေါ်တွင် သွားလာနေသူများ၊ ဆိုင်ခန်းများကိုလည်း ၀င်ရောက် ရိုက်နှက်ဖျက်ဆီးခဲ့ပြီး ဆိုင်အတွင်း စားသောက်နေသူတစ်ဦးလည်း အရိုက်ခံရကြောင်း ၎င်းတို့က ပြောသည်။

“သူတို့ကိုတစ်ခါမှလည်းမမြင်ဖူး
ဘူး။ ရန်ငြိုးရန်စလည်းမရှိဘူး။ ရုတ်တရက်ဝင်လာပြီးရိုက်တာပါ" ဟု ဒဏ်ရာရရှိသူ အသက် ၂၀ အရွယ်ရှိ လူငယ်တစ်ဦးက ပြောဆိုသည်။

ယင်းကျေးရွာလမ်းဆုံရှိ ဆိုင်အချို့မှာ မိုးအလင်းဖွင့်လေ့ရှိသည်။

လူဦးရေ ၄၀ ခန့်ရှိသည့် အဆိုပါ လူငယ်အဖွဲ့သည့် ဆိုင်ကယ်စက်သင့်နှိုးထားပြီး ဆိုင်ကယ်နောက်တွင် ထိုင်လိုက်လာသူများက ဆင်းပြေးလာပြီး ရိုက်ခြင်းဖြစ်ကြောင်း ယင်းလူငယ်က ရှင်းပြသည်။

ရိုက်နှက်ခံရသူများကို ဆေးစစ်ချက်ယူထားပြီး ဆေးရုံတက် ကုသခံယူနေရသူမရှိပေ။

သောကြာပြင်ကျေးရွာသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် သုံးမိုင်အကွာတွင် တည်ရှိပြီး မောင်းမကန်ကမ်းခြေနှင့် ထားဝယ်စီမံကိန်းသို့သွားရောက်
သည့် လမ်းမကြီးအပေါ်တွင်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်းမကန် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ လက်ရှိတွင် စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဟု မောင်းမကန် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှုးက ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် မြိတ်မြို့နှင့် ကော့သောင်းမြို့များတွင်လည်း ယင်းကဲ့သို့ ဆိုးသွမ်းလူငယ်အဖွဲ့များရှိပြီး ယင်းကဲ့သို့ လုပ်ရပ်များကို ရှောင်တခင် လုပ်ကိုင်လေ့ရှိပြီး မြိတ်မြို့တွင် ဒိန်းဂျား ဟုလည်းကောင်း၊ ကော့သောင်းတွင် ၀ိုင်လူး ဟုလည်းကောင်း ဒေသခံများက အသီးသီးမှည့်ခေါ်ကြသည်။

သို့သော် ထားဝယ်မြို့အနီးဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် ထိုသို့သော ဆိုးသွမ်းလူငယ်အုပ်စုများက ရိုက်နက်ခြင်း ဟုတ်မဟုတ် မသိရသေးပေ။

Credit To:|Dawei Watch

Posted: 28 May 2013 06:43 AM PDT
ရန်ကုန်- ပုဂ္ဂလိကစိုက်ခင်းများ၌ ဆီအုန်း၊ ရာဘာစိုက်ပျိုးရန် မြေရယူထားပြီး အကောင်အထည်ဖော်ခြင်း မရှိပါက ဇွန် ၁၁ ရက် နောက်ဆုံး ထားပြီး သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာနသို့ ပြန်လည်အပ်နှံရန် ပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ အ
သိပေးကြေညာချက် ထုတ်ပြန်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 May 2013 06:31 AM PDT
ကင်မရွန်းနိုင်ငံက ဖျက်ဆီးလိုက်သော မြန်မာ့ဆန် တန်ချိန် ၇၀၀၀ အရည် အသွေးပျက်စီးရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သောကြောင့် အတည်မပြုနိုင် သေးကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။ ကင်မရွန်းနိုင်ငံ Douala ဆိပ်ကမ်းသို့ မေလ ၉ ရက်နေ့တွင် ရောက်ရှိခဲ့သော မြန်မာ့ဆန်တန်ချိန် ၇၀၀၀ သည် ပိုးမွှားပါဝင်မှုနှင့် သန့်ရှင်းမှုမရှိသည်ကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 May 2013 06:23 AM PDT
လေယာဉ်မတော် တဆမှုများ မဖြစ်ပေါ်စေရေး အတွက် လေယာဉ်အသစ်များ ဝယ်ယူပြေးဆွဲရန် လေကြောင်းလိုင်းများသို့ သမ္မတက ညွှန်ကြားလိုက်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က မေလ ၂၇ ရက်နေ့က ပြုလုပ်သော လေယာဉ် မတော်တဆမှုများ လျှော့ချရေးအတွက် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 May 2013 06:17 AM PDT
တောင်ငူ ရွှေဆံတော်ဘုရားပွဲမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး၏ ဆွဲကြိုး ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက မေလ ၂၅ ရက် နေ့လယ် ၁၂ နာရီခန့်က လုယက်ခဲ့သည်ဟု တောင်ငူမြို့ အမှတ်(၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ အဒေါ်နှင့်အတူ ဘုရားပွဲမှ မော်တော်ဆိုင်ကယ် စီးပြန်လာသည့် အသက်၂၄ နှစ်အရွယ် ဒေါ်သေးသေး (ခ) ဒေါ်မျိုးမျိုး သည် ဗောဒိဓိသာရတံတားအနီး ဆိုင်ကယ်ရပ်၍ အဒေါ်၏ပစ္စည်းများ ကူချပေးနေစဉ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 May 2013 05:55 AM PDT
မေလ ၂၈ ရက်နေ့၊ နေ့လည် ၁ နာရီခွဲကျော်က ဗိုလ်အောင်ကျော်လမ်း၊ အထက်ဘလောက်ရှိ
စိန့်မေရီ ခရစ်ယာန် ဘုရားကျောင်းရှေ့ တည့်တည့်တွင် သရုပ်ဆောင်ရဲတိုက်မှ တစ်ကိုယ်တော်
ဆန္ဒပြသခဲ့သည်။ အဆိုပါကိစ္စနဲ့ ဆက်လျဉ်းပြီး ရဲတိုက်ရဲ့ သူငယ်ချင်းဖြစ်သူတစ်ဦးက "သူက ကားရေလာဆေးတာ၊ ကားရေဆေးတာ ကြာမယ်ဆိုလို့ ဘုရားဝင်ဖူးမယ်ဆိုပြီး တစ်ခေါက် သွားတယ်။ ပြီးတော့ ပြန်လာ တယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 May 2013 05:40 AM PDT
သရုပ်ဆောင် ရဲတိုက် ဘုရားဝတ်ပြုရာကနေ အချင်းများပြီး တကိုယ်တော် ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဦးစည်သူဇေယျ သတင်းပေးပို့ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 28 May 2013 05:32 AM PDT
ရွှေဖီမိုးလွတ် လက်ဖက်လုပ်ငန်းနဲ့ နာမည်ကြီးခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းဒေသမှာ လက်ဖက်ပင်တွေအစား ဘိန်းပင်တွေ နေရာယူလာတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့က ပြောပါတယ်။

လက်ဖက်ဈေးကျဆင်းပြီး ဈေးကွက်မရှိတဲ့အတွက် ၀င်ငွေ အဆမတန်ပိုရတဲ့ ဘိန်းစိုက်ပျိုးရေး လုပ်ငန်းကို တောင်သူတွေ ပိုပြီး လုပ်ကိုင်လာကြတယ်လို့ ပင်လောင်းဒေသခံ ပအိုဝ်းလူငယ်အဖွဲ့ဝင် ခွန်ကံနာကျူက ပြောပါတယ်။

“နဂိုနေရာ လက်ဖက်ခြံတွေ၊ တချို့က လိမ္မော်ခြံတွေ၊ လိမ္မော်က အခုနောက်ပိုင်း ဈေးကွက်မကောင်းဘူးပေါ့။ တရုတ်ပြည်က ပန်းသီး၊ ပျားလိမ္မော်တွေ တအားဝင်လာတော့ စိုက်စားရတာ မကိုက်တော့ဘူး။ နောက် လက်ဖက်ခြောက်က ၁ ပိဿာ ၂၀၀၀၊ ၂၅၀၀ အလွန်ဆုံး။ သူတို့ စားဝတ်နေရေး မလုံလောက်တော့ဘူး။ အခုက အခင်းတခုမှာ ၁ ဧကခွဲကျော်ကျော်မှာ ဘိန်းစိုက်ရင် ပိဿာချိန် ၂၀ ရနိုင်တယ်၊ ဒါဆိုရင် သိန်း ၁၂၀ လောက်ရတယ်။ အဲလို ၀င်ငွေက အဆမတန်ကွာနေတာ။”

ဒီအချိန်ဟာ ဘိန်းစိုက်ရာသီဖြစ်တဲ့အတွက် ပင်လောင်းမြို့နယ် ပင်မွန်းဒေသ အရှေ့ဘက်တောင်ကြော၊ တီယွန်းဒေသ အရှေ့နဲ့ အနောက်တောင်ကြော၊ အဲဒီနဲ့ တဆက်တည်းဖြစ်တဲ့ ကယားပြည်နယ် ဖယ်ခုံမြို့နယ် အနောက်ဘက်၊ မိုးဗြဲမြို့နယ် အနောက်ဘက် လအိလသိန်ဒေသတွေထိ ထွန်ယက်စိုက်ပျိုးနေကြတာပါ။

အရင်က မစိုက်ပျိုးဖူးတဲ့ နောင်တရား ကားလမ်းအနောက်ဘက်တကြောမှာလည်း ဘိန်းစိုက်ပျိုးလာတယ်လို့ ဆိုပါတယ်။

ပင်လောင်းဒေသမှာ အခုလိုဘိန်းပင်တွေ စိုက်ပျိုးလာတာ နှစ်နဲ့ချီ ကြာခဲ့ပေမယ့် သက်ဆိုင်ရာက ရံဖန်ရံခါ ဘိန်းပင်နှိမ်နင်းရေးတွေကို အပြုသဘော ဟန်ပြအနေနဲ့သာ လုပ်ခဲ့ပြီး ထိထိရောက်ရောက် မနှိမ်နင်းဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရဲဝန်ထမ်းတွေနဲ့ ရွာသူကြီးအချို့က ဘိန်းတောင်သူတဦးစီက အခွန်ကျပ်ငွေ ၁ သိန်းခွဲကနေ ၂ သိန်းထိ စိုက်ပျိုးမှု ဧရိယာပေါ် မူတည်ကောက်ခံနေတယ်လို့ ခွန်ကံနာကျူက ပြောပါတယ်။

ဒေသခံလူငယ်တွေကြားမှာလည်း ဘိန်းစားတွေ၊ ယာဘသုံးသူတွေ ရှိနေပြီး ကျောင်းသားလူငယ်နဲ့ အမျိုးသမီးတွေပါ ယာဘ ခေါ် မြင်းဆေးကို သုံးစွဲနေကြတဲ့အတွက် သူတို့ဒေသ အနာဂတ်ရေးအတွက် ရင်လေးစရာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဒေသဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအန်အို) ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ
မှာ ပါဝင်ပေမယ့် သူတို့ဟာ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပြုပြင်ရေးပဲလုပ်ပြီး   ဘိန်းစိုက်ပျိုးရေးကို လျစ်လျူရှုထားတယ်လို့ ခွန်ကံနာကျူက ပြောပါတယ်။

မိမိအုပ်ချုပ်ခွင့်ရဒေသထဲ မူးယစ်ဆေးဝါး ပပျောက်ရေး ပေါ်လစီတွေနဲ့ ပတ်သက်ပြီး ပီအန်အိုရဲ့ ပြောခွင့်ရ ဌာနမှူး ဦးခွန်မျိုးထွန်းက လာမယ့် ဇွန် ၃ ရက်နေ့ကျရင် တောင်ကြီးမြို့နယ် ထီဗွာကျေးရွာအုပ်စု မောက်စံရွာမှာ မီဒီယာရှင်းလင်းပွဲတရပ်ပြုလုပ်
သွားမယ်လို့ ဆိုပါတယ်။

ဌာနဆိုင်ရာက ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ပင်လောင်းမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။

ပြည်ပအခြေစိုက် ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်း
ဆောင် ဦးခွန်းဆိုင်ကတော့ အစားထိုးသီးနှံတွေ ထောက်ပံ့ကူညီပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ရင် ဘိန်းစိုက်ပျိုးမှုတွေ ပပျောက်နိုင်မယ်လို့ ပြောပါတယ်။

“ပင်လောင်းဟာ မြေအင်မတန်ရှားတဲ့နေရာဖြစ်တယ်။ စိုက်ပျိုးရေးအတွက် ဘာမှ ကူညီမှုမရှိဘူး။ အစားထိုးသီးနှံ မရှိဘူးဆိုရင် ဘိန်းအရင်ကတည်းက စိုက်ခဲ့တဲ့နေရာဆိုတော့ ဆက်စိုက်သွားဖို့ပဲရှိတယ်လို့ သူတို့ကပြောတယ်။ ပပျောက်အောင်လုပ်ဖို့ ဆိုရင် လူထုကို ကူညီပေးဖို့ပဲရှိတယ်။ အဲဘက်မှာ အဖွဲ့ငယ်လေးတွေရှိတယ်။ ဥပမာ ကယန်းပြည်သစ်ပါတီ ရှိတယ်။ နိုင်ငံရေးအရ သဘောတူညီချက်တွေရယူနိုင်ရန် ဥပဒေစိုးမိုးရေး လုပ်နိုင်မယ်။ ဒါဆို သီးနှံအစားထိုးစိုက်ပျိုးရေး စီမံကိန်း ချမှတ်နိုင်မယ်။ နောက် ဥပဒေစိုးမိုးရေးကောင်းကောင်းလု
ပ်နိုင်မယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ အစိုးရက ၁၉၉၉ ခုနှစ်ကနေ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ချမှတ်ထားပေမယ့်  လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အောင်မြင်မှာ မဟုတ်တဲ့အတွက် လာမယ့် ၂၀၁၉ ခုနှစ်အထိ နောက်ထပ် ၅ နှစ် တိုးချဲ့သတ်မှတ်ထားတယ်လို့ အစိုးရထိပ်တန်း အရာရှိတဦးက နိုင်ငံတကာ ကွန်ဖရင့်တခုမှာ ပြောကြားသွားပါတယ်။

by ဒီဗွီဘီ


Posted: 28 May 2013 03:36 AM PDT
မုံရွာ၊ မေ ၂၇
ဒီပဲယင်းအရေးအခင်း ဆယ်နှစ်ပြည့်မြောက်မည့်ရက် ဖြစ်သည့် မေလ ၃၀ ရက်နေ့တွင် အောက်မေ့ဖွယ်အခမ်းအနား ကို ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ကြည်ရွာ၌ နံနက် ၈ နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းအခမ်းအနား ဖြစ်မြောက်ရန် စီစဉ်နေသူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဆုံးပါးသွားခဲ့သူများကို ရည်မှန်း၍ သံဃာတော်အပါး ၃၀ အား ကြည်ရွာတွင် ဆွမ်းကပ်ရန် စီစဉ်ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒီပဲယင်းမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

"ဒီပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က ဒီလိုဖြစ်ရပ်မျိုး နောင်ဘယ်တော့မှ မဖြစ်စေ ချင်တော့လို့ပါ၊ အာဃာတတွေ ကင်းရပါ မယ်၊ ခွင့်လွှတ်နိုင်ရပါမယ်၊ အပြစ်ပြောနေရင်တော့ ပြီးဆုံးမှာ မဟုတ်ပါဘူး"ဟု ILO နှင့် အလုပ်သမားအရေး လယ်သမားအရေး ဆက်သွယ် ဆောင်ရွက်သူများကွန်ရက် အထက်မြန်မာပြည်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခမ်းအနားကို ဒီပဲယင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ILO အလုပ်သမားအရေး လယ်သမားအရေး ဆက်သွယ်ဆောင်ရွက်သူများ ကွန်ရက်နှင့် ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် မော်တော်ယာဉ်ကို မောင်းနှင်ခဲ့သည့် ဦးကျော်စိုးလင်း မိသားစုတို့က ပွဲဖြစ်မြောက်စေရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

၂၀၀၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် စည်းရုံးရေးခရီးစဉ် အဖြစ် မုံရွာမြို့သို့
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိခဲ့ပြီး မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့မှ ရေဦးမြို့သို့ သွားရန်ထွက်ခွာခဲ့ကာ လမ်းခုလတ် ဘုတလင်မြို့တွင် ခေတ္တနားနေခဲ့ပြီး မေလ ၃၀ ရက်နေ့ ညဦးပိုင်းအချိန် ဒီပဲယင်းမြို့ အဝင် ကြည်ရွာတွင် ဒီပဲယင်းအရေးအခင်း ဖြစ်ပွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ များ၏ ဘေးရန်မှကာကွယ် စောင့်ရှောက်ရေး ဥပဒေဖြင့် ယခင်တပ်မတော် အစိုးရက ခြောက်နှစ်နီးပါးခန့် နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တတိယ အကြိမ် နေအိမ်အကျယ်ချုပ် သက်တမ်းကုန် ဆုံးရန် လပိုင်းများ အလိုတွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသော နေအိမ်ခြံဝင်း အတွင်းသို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော ရေကူးဝင်ရောက်ခဲ့ခြင်းကို လက်ခံမိသဖြင့် ယခင်တပ်မတော်အစိုးရ၏ ထပ်မံတရားစွဲဆိုခြင်းကို ခံခဲ့ရပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီး တစ်ပတ်အကြာ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

The Voice Weekly

ဓါတ်ပုံ - ဒီဗွီဘီ

Posted: 28 May 2013 03:23 AM PDT
ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ယုဇနကုမ္ပဏီကနေ လုပ်ဆောင်နေတဲ့ ပီလောပီနံစိုက်ပျိုးရေး စီမံကိန်း တွေကြောင့် စံပြရွာတွေကို ပြောင်းရွှေ့ပေး ရခဲ့သူတွေ အနေထိုင် စားဝတ်နေရေး အခက်ကြုံနေ ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒီစီမံကိန်းတွေကြောင့် မြစ်ဆုံဒေသက ကျေးရွာတွေကို မြစ်ကြီးနားမြို့နယ်က အောင်မြင်သာ၊ ၀ိုင်းမော်မြို့နယ်မှာ မလိယန်နဲ့ ဖားကန့်မြို့နယ်မှာ ရှထူးဇွပ် စံပြကျေးရွာတွေဆိုပြီး ပြန်လည် နေရာချထားပေးခဲ့ပေမယ့် စံပြကျေးရွာနဲ့မညီညွတ်ဘဲ နေရေးစားရေး အခက်အခဲဖြစ်နေရတယ်လို့ ဒေါ်ဂျာခေါန်က ပြောပါတယ်။

“ပြောင်းရွှေ့ထားတဲ့နေရာမှာ သူတို့ဆောက်ထားပေးတဲ့ အိမ်တွေက အခု အန်တီတို့ပြောင်းတာ ၂ နှစ်ပဲရှိသေးတယ်။ အိမ်တွေကပျက်စီးကုန်တယ်။ လေပြင်းမုန်တိုင်းနည်းနည်း တိုက်လိုက်တာနဲ့ အိမ်တွေက ပျက်စီးကုန်တယ်။ သူတို့လုပ်ထားပေးတဲ့နေရာမှာ စားဝတ်နေရေးအတွက် မပြေလည်ဘူး။ စံပြကျေးရွာ ဘေးပတ်ဝန်းကျင်မှာက ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေရဲ့ မြေကွက်တွေဖြစ်နေတယ်။ မူလနေတဲ့နေရာမှာက သစ်ဥသစ်ဖုရှာစားလို့ရတယ်၊ ဟင်းသီးဟင်းရွက်ရှာစားလို့ရတယ်။ ကိုယ့်လယ်ကိုယ့်ခြံနဲ့ သားသမီးတွေရဲ့ နောင်ရေး၊ ကျောင်းစရိတ်တွေ ရတယ်လေ။ အခုအဲနေရာမှာဆို တောင်ယာခုတ်စားစရာ၊ လယ်လုပ်စရာမရှိဘူး။ အိမ်တွေကို ကောင်းကောင်းမွန်မွန် လုပ်မပေးဘူး။ သားသမီးတွေ ထောက်ပံ့ဖို့ ကျောင်းစရိတ်၊ စားဝတ်နေရေးတွေ အတွက် အခက်အခဲဖြစ်နေပါတယ်။”

ဒါအပြင် စံပြကျေးရွာတွေမှာ မိုတွင်းဆိုရင် သွားလာရေး အရမ်းခက်ခဲပြီး ရွှံ့နွံထူထပ်တယ်လို့ ဆိုပါတယ်။

ဒေါ်ဂျာခေါန်ဟာ အစိုးရရဲ့ ကချင်ပြည်နယ်တွင်း အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် ဒုက္ခကြုံနေတဲ့ ဒေသခံပြည်သူတွေနဲ့ ဖွဲ့ထားတဲ့  မူချင်းရပ်ဂျာ (Mungchying Rawt Jat) MRJ အဖွဲ့ဝင် ဖြစ်ပါတယ်။

စံပြကျေးရွာမှာ အဆင်မပြေမှုတွေကြောင့် ဒေသခံတွေအနေနဲ့ မိမိနေရပ်ကို ပြန်ချင်ကြတယ်လို့ ပြောပါတယ်။

“ကိုယ့်ဒေသမှာပဲ ပြန်လုပ်ကိုင်စားသောက်ချင်တယ်။ အခု ၂ နှစ်နေတာတောင်မှ ဒုက္ခရောက်နေတယ်။ စားဝတ်နေရေးအခက်အခဲ ဖြစ်တယ်ဆိုရင် နောက်ထပ် ရေကာတာ ထပ်လုပ်မယ်ဆိုရင် တခြားဒေသခံတွေ ဘယ်လောက် ဒုက္ခရောက်မလဲ။ အဲဒါတွေကို ပြန်မတွေးဝံ့ဘူး။ တိုင်းရင်းသားတွေ၊ ဒေသခံတွေ ဒုက္ခရောက်မှာ စိုးရိမ်တယ်။ ဒါကြောင့် ရေကာတာ စီမံကိန်း ၇ ခုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုပါတယ်။”
သမ္မတက  မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင် ဆိုင်းငံ့စေခဲ့ပေမယ့် ဒေသခံတွေအနေနဲ့ ဒီစီမံကိန်းကြောင့်  သိမ်းယူခံခဲ့ရတဲ့ ကျေးရွာနဲ့ လယ်ယာမြေတွေကို ဆုံးရှုံးခဲ့ရပြီး ရွှေတူးဖော်ခြင်းနဲ့  တခြားစီမံကိန်းတွေကြောင့် ဥယျာဉ်ခြံမြေတွေလည်း ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

by နော်နိုရင်း (ဒီဗွီဘီ)


Posted: 28 May 2013 03:18 AM PDT
ရန်ကုန်မြို့၊ ဆီဒိုးနားဟို တယ်၌ တည်းခိုနေသော တရုတ်နိုင်ငံသား ၂ဦး ကားလမ်း ဖြတ်ကူး စဉ် မော်တော်ယာဉ် တစ်စီးက ၀င်ရောက်တိုက်မိသဖြင့် ထိခိုက်ဒဏ်ရာများရရှိသွား ကြောင်း သတင်းရရှိသည်။ မေ ၂၇ ရက် ည ၇ နာရီ ခန့်တွင် တရုတ်နိုင်ငံပေကျင်းမြို့ မှ ရန်ကုန်မြို့သို့ ရောက်ရှိနေသော အဆိုပါ တရုတ်အမျိုးသား ၂ဦး သည် ၎င်းတို့တည်းခိုရာ ဆီဒိုးနား ဟိုတယ်ဘက်မှ မြကျွန်းသာဘက် သို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို  နှိပ်ပါ


Posted: 28 May 2013 03:11 AM PDT
ထိုင်းနိုင် ငံဘန်ကောက်မြို့ ဘန်းမော်ရပ်ကွက် အေကချိုင် ၈၈ လမ်း Like Jeans အထည်စက် ရုံမှ မြန်မာရွှေ့ ပြောင်းအလုပ်သမားများမှာ အလုပ် ရှင် မှလုပ်ခလစာ မထုတ်ပေးသည်မှာ နှစ်လနီးပါး
(၅၈ ရက်)ကြာပြီ ဖြစ်သဖြင့် စားဝတ်နေ ရေး အခက်အခဲဖြစ်နေ ကြောင်းသိရသည်။
အဆိုပါစက် ရုံတွင် မြန်မာအလုပ်သမား(တရားဝင်/တရား
မဝင်) စုစုပေါင်း ၂၀၀ ခန့် ရှိပြီးအကူအညီများ လိုအပ်လျက် ရှိကြောင်း သိရပါသည်။

သစ်ထူးလွင်


Posted: 28 May 2013 03:02 AM PDT
ရက်စွဲ၊ ၊ ၂၈.၅.၂၀၁၃
ဘန်ကောက်- Alternative ASEAN Network on Burma (Altsean- Burma) မှ အလုပ်သင် အမျိုးသမီးငယ်များသည် ယခုလက်ရှိ ဖော်ဆောင်နေသော မြန်မာနိုင်ငံ၏ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်းတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်မှု မြင့်တက်လာစေရန် အထောက်အပံ့ဖြစ်စေရေးအတွက် သုံးရောင်ပါ လက်ပတ်ကြိုး ၁၀၀၀ ကို ထုတ်လုပ်ခဲ့ပါသည်။ ထိုသုံးရောင်မှာ အဖြူ- လူငယ်၊ အပြာ- ငြိမ်းချမ်းရေးနှင့် ခရမ်း - အမျိုးသမီးတို့ကို ဖော်ဆောင်၍ အစိုးရအဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့ အစည်းများ၊ နိုင်ငံတကာ အဖွဲ့များနှင့် လူထုများကို လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပိုမိုနိုးကြား သိရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ ပြည်တွင်းစစ် စတင်ချိန်မှ စ၍ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပြည်သူလူထု၏ ဆွေးနွေးမှုများနှင့် ပါဝင်မှုများ အားနည်းခဲ့သည်။ ဗဟို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် လုပ်ငန်း ကော်မတီ အဖွဲ့ဝင်တွင် ဦးဆောင်မှု အဆင့်မဟုတ်သော နေရာ၌သာ အမျိုးသမီး အနည်းငယ် ပါဝင်သည်။

ထိုပြည်တွင်းစစ်နှင့် ပဋိပက္ခများအကြား အများအားဖြင့် အထိခိုက်ခံရသူများမှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးများဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထုတ်ပြန်ချက်အမှတ် ၁၃၂၅၊ ၁၆၇၄၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ထုတ်ပြန်ချက်အမှတ် ၆၄၊ ၁၃၄ နှင့် စီဒေါ ခေါ် အမျိုးသမီးများ အပေါ် ဘက်စုံဖိနှိပ်မှု တားဆီးကာကွယ်ရေး သဘောတူ စာချုပ်က ပြဿနာရှူထောင့်အရနှင့် ကာကွယ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ဖြေရှင်းချက် များကို ပြုလုပ်ရာတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်ရန် တိုက်တွန်းထားပါသည်။

“ အစိုးရ၊ လက်နက်ကိုင် အဖွဲ့အစည်းနှင့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ ဒီစံချိန် စံညွှန်းများကို လိုက်နာဖော်ဆောင်သင့်တယ်။ အမျိုးသမီးနှင့် လူငယ်များ ပါဝင်မှု အားနည်းလျှင် ကျွန်မတို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိမှာ မဟုတ်ပါဘူး။ အမျိုးသမီးနှင့် လူငယ်များရဲ့ ပါဝင်ခြင်းကသာလျှင် နိုင်ငံတကာနှင့် ပြည်သူလူထုများ၏ ယုံကြည်သက်ဝင်မှု ပိုမို ရရှိမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကသာ စစ်မှန်ပြီး ရေရှည်တည်တဲ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိစေမှာ ဖြစ်ပါတယ်“ လို့ နန်းရှရီ အလုပ်သင်အမျိုးသမီးငယ် တစ်ဦးမှ ရှင်းပြခဲ့ပါသည်။

“ပဋိပက္ခတွေကို ကြည့်မယ် ဆိုရင် အမျိုးသမီးနှင့် လူငယ်များဟာ အထိခိုက်အများဆုံး ဖြစ်ပါတယ်။ သူတို့ဟာ အစုလိုက် မုဒိမ်းကျင့်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ မတရားရွေ့ပြောင်းခံရသူများ အဖြစ်သို့ ရောက်ရှိခြင်း စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံရပါတယ်။ ဒီပဋိပက္ခတွေကြောင့် လူငယ်တွေဟာ ပညာသင်ခွင့်မရှိခြင်း၊ အလုပ်ကိုင် အခွင့်လမ်းမရှိခြင်းနှင့် အတင်းအကြပ် စေခိုင်းခြင်း စတဲ့ အကြောင်းအရာတွေကြောင့် နယ်စပ်တွေကို ထွက်ပြေးရပြီး ရွေ့ပြောင်း အလုပ်သမားများ အဖြစ်သို့ ရောက်ရှိကြပါတယ်။ သူတို့ရဲ့ အသံတွေကို နားထောင်သင့်ပါတယ်“ လို့ နန်းပုကိ အလုပ်သင်အမျိုးသမီးငယ် တစ်ဦးမှ ရှင်းပြခဲ့ပါသည်။

မတ်လ ၂၄ ရက် ၂၀၁၃ မှစ၍ ထိုင်းမြန်မာနယ်စပ်နှင့် ပြည်တွင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ လက်ပတ်များကို ကူညီ၍ ဖြန့်ဝေပေးခဲ့ပါသည်။ ထိုအဖွဲ့အစည်းများမှာ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ မြန်မာအမျိုး သမီးကွန်ရက် အဖွဲ့အစည်း၊ ထိုင်းနိုင်ငံ အခြေပြု ကချင် အမျိုးသမီးအဖွဲ့အစည်း၊ ကရင်နီ အမျိုးသမီး အစည်းအရုံး အဖွဲ့အစည်း နှင့် တအောင်း ကျောင်းသားလူငယ်အဖွဲ့ အစည်းများ ဖြစ်ပါသည်။ လက်ပတ်များကို လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းမှ အဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ၈၈ ကျောင်းသား အဖွဲ့ဝင်များသို့လည်း ပေးပို့နိုင်ခဲ့ပါသည်။ ထို့အပြင် လူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ ပြည်တွင်းရှိ လူထုများ၊ ထိုင်းနိုင်ငံ ရွေ့ပြောင်း မြန်မာအလုပ်သမားများနှင့် ကင်ဘရာနှင့် ဘရာဆဲာမှ လူ့အခွင့်အရေး ဖော်ဆောင်သူများထံသို့လည်း ဖြန့်ဝေပေးခဲ့ပါသည်။

“ကျွန်မတို့ကို အခုလို အဖွဲ့အစည်းများက ကင်ပိန်း (Campaign) လက်ပတ်တွေကို ကြိုက်ပြီး ဖြန့်ဝေ အသုံးပြုပေးတဲ့အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ထပ်ပေးပို့ဖို့ တောင်းဆိုမှုများ များလွန်းတာကြောင့်မို့လို့ လက်ပတ်လုပ်နည်း ဗီဒီယိုကို ပြင်ဆင်ပြုလုပ်ပြီး ထင်ထားပေးပါတယ်။ ဗီဒီယိုကို ကြည့်ပြီး ကိုယ်တိုင် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ လက်ပတ်ကို ခေါင်းဆောင်ကြီးများ ဖြစ်သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်  ဦးဝင်းတင်ကို ပေးပို့နိုင်ခဲ့လို့ အထူးပဲ ၀မ်းသာပျော်ရွှင်မိပါတယ်“ လို့ နော်မူရီး အလုပ်သင်အမျိုးသမီး တစ်ဦးမှ ပြောခဲ့ပါတယ်။


Campaign ပစ္စည်းများကို အောက်ပါလင့်အတွင်းရရှိနိုင်ပါသည်။
https://www.facebook.com/pwomen and youth have the rights to participate in peace process 

ဆက်သွယ်ရန်လိပ်စာ       
နာမည်         - မိခမွမ်းဗလွယ် နှင့် နန်းပုကိ
အီးမေးလိပ်စာ- altseanintern26@gmail.com
ဖုန်း - +၆၆၉ ၂၀၁၉ ၆၃၉၆ (9:00 AM- 9:00 PM Bangkok time) 



Posted: 28 May 2013 02:33 AM PDT
အမေရိကန် စစ်ဘက်မှ F-15 တိုက်လေယာဉ် တစ်စင်းသည် ဂျပန်ကမ်းလွန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့ အစောပိုင်းက ဂျပန်တောင်ပိုင်း အိုကီနာဝါကျွန်းအနီးတွင် F-15 လေယာဉ်တစ်စင်း ပျက်ကျသွားကြောင်း ဂျပန် သတင်းဌာနများက ဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်သည် ဝေဟင်ထဲ ပျံသန်းနေစဉ် စက်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့သည်ဟု ယူဆရပြီး ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်မှူးမှာ အောင်မြင်စွာ လွတ်မြောက်အောင် ပျံထွက်နိုင်ခဲ့ပြီး ချောချောမောမောပင် ကယ်တင်ခြင်းကို ခံခဲ့ရသည်။ F-15လေယာဉ်သည် ကာဒီနာ လေတပ်စခန်းမှ စတင် ပျံတက်လာခြင်း ဖြစ်သည်။

Planet Myanmar Network


Posted: 28 May 2013 02:28 AM PDT
သရုပ်ဆောင် ရဲတိုက်သည် ယနေ့ (မေလ ၂၈) နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့
ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Saint Mary's Cathedral ခရစ်ယာန် ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက
မောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊
လေ့လာခွင့် မရှိဘူးလား” ဟု ဆိုကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြခဲ့ကြောင်းသိရသည်။
ဆန္ဒပြပြီး ခဏအကြာတွင် သရုပ်ဆောင် ရဲတိုက်ကို တာဝန်ရှိ ရဲများက လာရောက် ထိန်းသိမ်းခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။
Photo from Soe Zeya Tun's Facebook

Posted: 28 May 2013 02:17 AM PDT
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်မတော် တဆမှုတွေဟာ နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တာနဲ့ နှိုင်းယှဉ်ရင် ၃၉ ဆ လောက်များ နေတယ်လို့ မြန်မာ့ လေကြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေထွန်းက ပြောတယ်လို့ ဒီနေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှာ ဖော်ပြထားပါတယ်။

မေ ၂၇ ရက်နေ့က ပို့ဆောင်ရေးဝန်ကြီးဌာနမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး ဆွေးနွေးပွဲမှာ သူက ခုလို ပြောဆိုလိုက်တာပါ။ ဒါဟာ လေယာဉ် ပျံသန်းမှု အခေါက်ရေ ၁ သန်းအတွင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတွေကို ကမ္ဘာ့စံချိန်နဲ့ တွက်ချက်ခြင်း ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လေယာဉ်မတော်တဆ ၅ ကြိမ်နဲ့ ရဟတ်ယာဉ် မတော်တဆ ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ မတော်တဆမှုတွေမှာ မြန်မာ့လေကြောင်းက လေယာဉ် ၂ စင်း၊ အဲပုဂံက ၂ စင်း၊ အဲကမ္ဘောဇ က ၁ စင်း ပါဝင်ပါတယ်။

 by ဒီဗွီဘီ


Posted: 28 May 2013 02:15 AM PDT
နှစ်စဉ် အာဇာနည်နေ့တွေမှသာ ၀င်ခွင့်ပြုခဲ့တဲ့ ရန်ကုန်မြို့က အာဇာနည်ဗိမာန်ကို လာမယ့် ဇွန် ၁ ရက်နေ့ကစပြီး အများပြည်သူ ၀င်ရောက်ကြည့်ရှုနိုင်ဖို့  ဖွင့်လှစ်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင် ပန်းဥယျာဉ်နဲ့ အားကစားကွင်းဌာန တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

အာဇာနည်ဗိမာန်ကို တနင်္လာနေ့မှအပ နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ ၅ နာရီအထိ ဖွင့်ပေးမှာ ဖြစ်ပြီး ၀င်ကြေးကတော့ လူကြီး ၁ ယောက်ကို ကျပ် ၂၀၀၊ ကလေး ကျပ် ၁၀၀ နဲ့ နိုင်ငံခြားသား ၃ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရပါတယ်။

အာဇာနည်ဗိမာန်မှာ ၁၉၈၃ ခုနှစ် တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်စဉ် မြောက်ကိုရီးယားတွေရဲ့ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်
း အများပြည်သူ ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

 by ဒီဗွီဘီ

၂၀၁၁ ဇူလိုင် ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏သားငယ် ကိုထိန်လင်းတို့ အာဇာနည်ကုန်းသို့ လာ ရောက် ဂါဝရပြုစဉ် (ဓာတ်ပုံ- ရိုက်တာ)

Posted: 28 May 2013 02:08 AM PDT
 ရဟန်းတော် တစ်ပါး မိမိကိုယ်ကို မီးရှို့ သတ်သေတဲ့  ဆန္ဒပြမူ တစ်ခု သီရိလင်္ကာ နိုင်ငံမှာ မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အဲသလို ရဟန်းတော်တစ်ပါး မိမိကိုယ်ကို မီးရှို့သတ်သေပြီး ဆန္ဒပြမူဟာ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခု ဖြစ်တဲ့ သီရလင်္ကာမှာ ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီရဟန်းတော်ရဲ့ ဘွဲ့နာမည်က Bowatee Indaratna (၃၀) နှစ်ဖြစ်ပြီး သူဟာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သီရိလင်္ကာရဟန်းတော် မိမိကိုယ်ကို မီးရှို့ ဆန္ဒပြနေစဉ်။

ကိုလံဘို မြို့တွင် ဆန္ဒပြနေသော လူအုပ်ကြီး။

Posted: 28 May 2013 01:49 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် နွားများ ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း သိရပါသည်။

ကူးစက်ရောဂါ ဖြစ်သောကြောင့် တောင်သူလယ်သမား ဦးကြီးများမှာ စိုးရိမ်ပူပန် နေကြသည်။

မြို့နယ်တိမွေးကုဌာန အနေဖြင့် နယ်ဆင်း ကုသမ ပေးသဖြင့်လဲ ရောဂါပိုးမှာ ပိုမိုပျံ့နှံ့နေသည်။

တောင်သူလယ်သမား ဦးကြီးတို့မှာ သားသတ်သမားများမှနွားများကို ဈေးကောင်းပေး ၀ယ်နေသဖြင့်နွားတ ကောင် ၀ယ်ယူကိုင်ရန် မလွယ်နေသည့် ကြားထဲ ၀မ်းရောဂါနှိပ်စက်မှုကြောင့် တပူပေါ်နှစ်ပူဆင့်သလို ဒေသခံတဦးဖြစ်သူ ကိုအေးမင်း  က Myanmar News Now ကို ပြောပါသည်။

သစ်ထူးလွင်


Posted: 28 May 2013 01:15 AM PDT
မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ ဆေးသုတေသန စစ်တမ်းများအရ လူ ၁၀ ဦးလျှင်တစ်ဦး အသည်း ရောင်အသားဝါ ဘီပိုး ကူးစက်ခံ နေရသောကြောင့် မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ လူခြောက်သန်းခန့် ရောဂါကူးစက်ခံရ

အသက် (၅၀)အရွယ် ဒေါ်မီမီအတွက် အကြောက်ဆုံးအချိန်သည် ၎င်း၏ မြေးကလေးများ ဖျားနာသည့်အချိန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် ပိုးကောင်များ အကြောင်းတစ်ခုခုဖြင့် သူ့မြေးကလေးများထံ မကူးစက်စေရန် ဂရုပြုနေထိုင်ရန် ဆုံးဖြတ်ချက်သည် ၎င်းအတွက်ကြီးမားသည့် ခံယူချက်တစ်ခုလည်းဖြစ်သည်။

“သူတို့နေထိုင်မကောင်းတဲ့အခါတို
င်း ငါ့ဆီကများ ပိုးတွေကူးသွားသလားဆိုပြီး အရမ်းကိုထိတ်လန့်မိတယ်။ အရာရာတိုင်း အရမ်းကို ဂရုစိုက်ထားပြီး ကာကွယ်ဆေးထိုးထားတာတောင် အခုထိ သူတို့တစ်ခုခုဖြစ်တိုင်း အသည်းရောင်အသားဝါစစ်တာပါ တွဲလုပ်တယ်” ဟု ဒေါ်မီမီက ပြောသည်။

မည်သို့သောနည်းလမ်းဖြင့် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရမှန်း ဒေါ်မီမီမသိသော်လည်း ရောဂါပိုးရှိကြောင်း သိရှိသည့် လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ ဆေးဝါးကုသမှု မှန်မှန်ပြုလုပ်ခဲ့ကာ ယခုအချိန်ထိ ဆေးစစ်သည့် အဖြေများကြောင့် ဒေါ်မီမီတွင် အသည်းထိခိုက်မှုတော့ မရှိသေးချေ။

ဆေးသုတေသနဦးစီးဌာနမှ ပြုလုပ်ထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံရှိ လူ ၁
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...