Monday, May 20, 2013

တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလဲ?။

Maha Mingyi and 13 other people were tagged in Zaw Wann Maung's photo.
တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလဲ?။
ပြည်တွင်းစစ်ဖြစ်တယ်ဆိုတာဟာ တိုင်းပြည်ဘဏ္ဍာကို တမင်ဖြုန်းတီးနေတာပါပဲ ၊ တိုင်းပြည်ရဲ့  လူ့စွမ်းအား ရင်းမြစ်ကို အကြီးအကျယ် ဖြုန်းတီးနေတာပဲဖြစ်ပါတယ်။တိုင်းရင်းသားပြည်နယ်များမှ ထွက်ရှိတဲ့ သဘာဝသယံဇာတများမှ ၀င်ငွေတွေကို အသုံးပြုပြီးစစ်အစိုးရ အဆက်ဆက်ရဲ့ထိပ်သီးဗိုလ်ချုပ်ကြီးများ၊ ၄င်းတို့၏ ဆွေမျိုးသားချင်းများ၊ ခရိုနီများသာ ကြီးပွားချမ်းသာနေကြပါတယ်။အဲဒါကိုလဲ ရပ်တန်းက ရပ်သင့်ပါပြီ။ တိုင်းရင်းသားပေါင်းစုံလူထုကြီးမှာ လည်းဆင်းရဲတွင်းနက်သည်ထက် နက်လာပါပြီ်။ စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက် အသက်ပေး တိုက်ပွဲဝင်နေကြရတဲ့ စစ်ကို ဆင်နွှဲနေကြရတဲ့  အောက်ခြေတပ်မှူးများနှင့် ရဲဘော်များမှာ အသက်များ မဆုံးရှုံးစေသင့်တော့ပါဘူး။ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်သမိုင်းကို ပြန်ဆန်းစစ်ကြည့်ပါ။ ကမ္ဘာမှာ အရှည် ကြာဆုံး ပြည်တွင်းစစ် တစ်ခုလို့ ခေါ်ဆို နိုင်တဲ့ (၆၅) နှစ်ကြာ ပြည် တွင်း လက်နက်ကိုင် ပဋိပက္ခ ကြောင့် အာဏာရှင် အစိုးရ အဆက်ဆက် ပေါ်မှာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုတွေ ပျက်ပြား နေတာပေါ့။ ဒါလည်းဘဲ လွယ်လွယ်နဲ့ ဖြေရှင်းလို့ မရသေးပါဘူး။ လွတ်လပ်ရေး ရခဲ့တဲ့ ဇန်နဝါရီလနဲ့ အပြိုင် နှစ်မခြားဘဲ ဂျူလိုင်၊ သြဂုတ် လတွေက စလို့ ပြည်တွင်း နိုင်ငံရေးဟာ တော်လှန် ပုန်ကန်မှုနဲ့ ဘဲ စတင် လာခဲ့တယ်။ စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးတခုတည်းအတွက်ကိုသာကြည့်ပြီး လိမ်ညာလှည့်စားတာ၊ အပြောတမျိုး အလုပ်တမျိုး လုပ်တာ၊ကတိဖျက်တာ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို အကြောင်းရှာ အမှုဆင်ပြီးဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အကျင့်စာရိတ္တ …….စတာတွေ လဲပျက်စီးကုန်ပါပြီ။ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ နောက်ဆုံးအချိန်ထိ တစ်ဦးတည်း အာဏာကိုဆုပ်ကိုင်သူနဲ့ တစ်ပါတီတည်းမှာပဲ ဦးဆောင်သူပြောင်းလဲသွားတဲ့ အာဏာရှင်ပုံစံမျိုး တွေ ရှိလေ့ရှိပါတယ်။(၂၀၀၈) ဥပဒေ အတိုင်း လူထုကို စစ်ကျွန် နည်းနဲ့ ထိမ်းချုပ်လို့ ရအောင် ကြံဆောင် နေမယ်။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နဲ့ အသံကောင်း ဟစ်နေပါ လိမ့်မယ်။ ဒါပေမဲ့ အနှစ်သာ ရကတော့ ပြောင်းလဲ လာပါ့မလား။ ပြည်တွင်း စစ်ကြောင့် တိုင်းပြည် ချွတ်ခြုံ ကျပါတယ်။ လူထု မကြေနပ် ကြဘူး။ တိုင်းပြည် ချွတ်ခြုံ ကျအောင် ဆင်းရဲအောင် လုပ်တဲ့သူ၊ ပြည်တွင်း စစ်ကို ဖန်တီး ခဲ့တဲ့သူ၊ သပိတ်တွေကို သတ်ဖြတ်မှု ပုံစံနဲ့ သပိတ် လှန်ခဲ့သူ ဘယ်သူဖြစ်မလဲ။(၁၉၆၂) ကျောင်းသား သပိတ်၊ (၁၉၇၄) ခုနှစ် ဦးသန့်သပိတ်၊ ၁၉၈၈ အထွေအထွေ သပိတ်၊၂၀၀၇ခုနှစ် ရွှေဝါရောင် သပိတ်၊ရခိုင်ပြည်နယ်က ဘင်္ဂလီကိစ္စ၊ လက်ပန်တောင်းတောင် ဆန္ဒပြမှု၊ KIA အပါအ၀င်တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှု၊ ဘာသာရေး ဆူပူမှု၊ ပြည်တွင်း ဆန္ဒပြမှုများ၊ သယံဇာတ ရောင်းဝယ်မှု၊ ကိစ္စတွေမှာ ပြည်တွင်း အခြေအနေ ရှုပ်ထွေးနေအောင် ဖန်တီး တိုင်းရင်းသား အဖွဲ့တွေနဲ့ ရရှိထားတဲ့ အပစ် အခတ် ရပ်စဲရေးတွေ ဟာလည်း တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ပျက်ပြား လာနေပြီး ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်လာ ရတဲ့ အထိ အရှိန်ကောင်း လာခဲ့ပါတယ်။တိုက်ပွဲတွေ ကလည်း တစ်ဖွဲ့ ကနေ နှစ်ဖွဲ့ ဖြစ်လာတယ်၊ ကူးစက်မှု အတိုင်း အတာကြီးမား လာခဲ့တယ်။ ဒီလုပ်ရပ် တွေဟာ တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်နှိုင်ပါသလား။ တိုက်ခိုက်လိုက် ဆွေးနွေးလိုက်နဲ့ နိုင်ငံရေး ကစား လာလိုက်တာ အချိန်ဆွဲပြီး ကစားနေတာနဲ့ တူနေမလား စဉ်းစား စရာ ဖြစ်နေပါတယ်။ အာရုံ လွှဲနည်းတွေက လည်းကျွမ်းကျင် ကြပါပေတယ်။ နိုင်ငံရေးကစားရာမှာ လက်ဖျားခါရလောက်အောင် တော်ကြပေမဲ့ ပြည်သူလူထုအပေါ် ထားရှိတဲ့ စေတနာမှာ ခေါင်းပါးလှတာကြောင့် ပြည်သူတစ်ရပ်လုံးမှာ ဒုက္ခမျိုးစုံကို ကုန်းရုန်းပြီး ခံခဲ့ကြရပါတယ်။ မြန်မာ နိုင်ငံမှာ ကတော့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ အကြိမ်ကြိမ် ရှိခဲ့ဘူး ပါတယ်။ ရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုင်းဟာလည်း ပျက်စီး သွားတာ ချည်းပါဘဲ။ ဘာကြောင့်လဲ? ဆွေးနွေး မှုတွေဟာ အစိုးရရဲ့ လိမ်လည်မှု နဲ့ဘဲ အဆုံးသတ် ခဲ့ပါတယ်။ ပေးခဲ့တဲ့ ဂတိတွေ အပေါ် အစိုးရ ဖက်ကဘဲ ဖေါက်ဖျက် နေခဲ့ ပါတယ်။မြေယာ သိမ်းဆည်း မှုတွေ ဖြစ်လာတယ်၊ ဒေသခံ တွေရဲ့ သဘောထားတွေနဲ့ ကိုက်ညီမှု မရှိတဲ့ သဘာဝ သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်ကိုင် လာကြတယ်။ စစ်အုပ်စု လုံခြုံရေး နှင့် အကျိုးစီးပွားအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့) အစိုးရသစ်ဆိုတာတွေ အတုအယောင် အပြောင်းအလဲတွေနဲ့ အသွင်ပြောင်းတဲ့ ဒီမိုကရေစီ တရားဝင် အာဏာရှင်အစိုးရတွေ ပေါ်လာပါတယ်။တရားဝင် အာဏာရှင် ဖြစ်ဖို့အတွက် ဖိနှိပ်မှုတွေ လျှော့ချ၊ ပြုပြင်ပြောင်းလဲမှု တချို့လုပ်ပြီး အာဏာလုံးလုံးလွှတ်ကာ ပြည်သူ့ဆန္ဒသဘောလုံးလုံး ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို သွားနေခြင်း မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ ကိုယ် သမ္မတ ဖြစ်လာတာလဲ မဟုတ်၊ မြန်မာ ပြည်သားတွေ ရွေးယူတာလဲ မဟုတ်ပဲနဲ့ မြန်မာနိုင်ငံသားတွေရဲ့ သမ္မတ ဆိုပြီး ပေါ်လာတယ်... အဲဒီတော့ လက်တဆုပ်စာ လူတစုရဲ့ အကျိုးစီးပွားအတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တန်ဖိုးမထား တိုက်ခိုက်မှုတွေ ခံနေရဦးမှာပါပဲ။ဒီတပ်မတော်ဟာ အာဏာရှင်တပ်မတော် ဖြစ်နေသေးသရွေ့၊ ခရိုနီတပ်မတော်ဖြစ်နေသေးသရွေ့၊ ပြည်သူ့တပ်မတော်အစစ်တရပ် ပေါ်လာဖို့ လိုနေမှာပါပဲ။ တပ်မတော်ဟာပြည်ပရန် ကာကွယ်ရေးကိုသာ အဓိက ကာကွယ်တားဆီးသည့် တပ်မတော်ဖြစ်ရမည့်အစား ပြည်တွင်းစစ်များ ဆင်နွဲကာ တိုင်းရင်းသားပေါင်းစုံအပေါ် ဒုက္ခမျိုးစုံပေးနေခြင်းတို့ ဟာ ယခင်ကကဲ့သို့  စစ်တပ်အာဏာဖြင့် အုပ်စိုးကာ ထင်ရာစိုင်းနေဆဲ ဖြစ်ကြောင်း သိသာပေါ်လွင်နေပါတယ်။ ကျနော်တို့လိုနေတာ ဒီမိုကရေစီရေး ကို တန်ဖိုးထားအခြေခံတဲ့ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတဲ့၊ ပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတရပ်ပါပဲ။ တိုင်းရင်းသားများနှင့်လူမျိုးရေးပြသနာ စစ်ဗိုလ်ချုပ် မိသားစုများရဲ့ရာသက်ပန်အကျိုးစီးပွားအတွက် ဦးသူပိုင်စတမ်းဆိုပြီး တိုင်းပြည်၏စီးပွားရေးအသက်သွေးကြောတခုလုံးအား အာဏာဖြင့် လက်ဝါးကြီးအုပ်ခဲ့ တဲ့အရှုပ်အထွေးများ စစ်တပ် ခရိုနီတွေရဲ့ လက်ဝါးကြီးအုပ် ပြီး တောင်သူလယ်သမားများဆီမှ လယ်ယာမြေများ သိမ်းဆည်းမှု နေရာအနှံ့ ပြဿနာတွေ ပွနေသည်သာမက နောင်လာလတ္တံ့သော ပြဿနာများကလည်း မနည်းပေါ်လာဦးမည် ပင်ဖြစ်ပါတယ်။တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလဲ?။ အစိုးရအပေါ်ပြည်သူလူထုက ကဘယ်လောက် ယုံကြည် ကြသလဲ။ အစိုးရက ပြုပြင် ပြောင်းလဲ နေပါတယ် ဆိုတဲ့ အချက်ကရော ဘယ်လောက် လေးနက် သလဲ? အစိုးရ ရဲ့ အတွင်း စည်းထဲမှာ သဘောထား တင်းမာတဲ့သူ (စစ်ဘက် အရာရှိ) တွေနဲ့ ပျော့ပြောင်းတဲ့ သူတွေရဲ့ အာဏာ လွန်ဆွဲမှု တွေ အစိုးရရဲ့ အတွင်းရေး အားပြိုင်မှု အားနည်းချက် တွေကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ နှောင့်နှေး နေရတယ်လို့ မြင်ကြ ပါတယ်။ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လိုပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု ရှိကြဖို့ဆိုတာ အရေးကြီး လှပါတယ်။ တဖက်သတ် အမြင်နဲ့တွေးကြည့်မယ် ဆိုရင် သူ့ကြောင့် ကိုယ့်ကြောင့်လို့ လက်ညှိး ထိုးနေမှာဘဲ။ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ဆွေးနွေးကြမယ်ဆိုရင် နှစ်ဘက်လက်ခံနိုင်မည့် ‘ကြားအဖြေ’ တစ်ခု ရလိမ့်မည်ဟု မျှော်လင့်မိပါတယ်။ နိုင်ငံသား အားလုံး (လူမျိုးစုအားလုံး) ၏သစ္စာခံမှုနှင့် ခိုင်မာသော ကိုယ်စားပြုမှုကို ဖန်တီးနိုင်ရန် အတွက် ညှိနှင်းဆောင်ရွက်ရာမှာ နှစ်ဖက်စလုံးက တဖက်စွန်းရောက် တင်းမာမှူတွေမရှိပဲ မျှခြေ ဖြစ်အောင်ဖန်တီးယူရမှာဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ သယံဇာတ ဆိုတာကလည်း နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် အသုံးချ ရမှာဖြစ်ပါတယ်။ကိုယ်ကျိုးအတွက် မိမိတို့လူုတစ်စု ကောင်းစားရေးအတွက် တိုက်ခိုက်ကြနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံ ကြီးရဲ့ အနာဂတ် ဟာ လှပမှာမဟုတ်ပါဘူး။ကြားက အမြတ်ထုတ်ခြင်နေတဲ့ အိမ်နီးခြင်း စူပါပါဝါနိုင်ငံတွေကသာသူတို့နိုင်ငံချမ်းသာရေးအတွက် အခွင့်ကောင်းတွေရသွားကြမှာပါ။တရုတ်နိုင်ငံဟာ အရင်က မိမိကိုယ့်ကို ကာကွယ်ဖို့ အင်အားတိုးချဲ့ တယ်လို့ နိုင်ငံတကာကို အမြဲတမ်းပြောလေ့ရှိပါတယ်။ ယခုအချိန်မှာလဲ အာဆီယံနိုင်ငံများနှင့် နယ်မြေအငြင်းပွားမှုများမှာ အပေါ်စီးကဘဲ ဗိုလ်ကျပြောဆိုသုံးနှုန်းနေပါတယ်။ နိုင်ငံတကာ ရေပိုက်နက် စည်းမျဉ်းများကို လည်း တရုတ်က လက်မခံနိုင်ဖြစ် နေတာပါပဲ။ စစ်အင်အား ဖြည့်တင်းမှုက ကမ္ဘာ့မှာ ဒုတိယအများ ဆုံးဖြစ်ပြီး အမှန်အတိုင်း သတင်းမထုတ်ပြန်ကြပါဘူး။ တရုတ်နိုင်ငံဟာ အလစ်အငိုက်ဝင်တိုက် သိမ်းပိုက်တတ်တဲ့ အကျင့်ရှိပါတယ်။ မြန်မာဘုရင်များလက်ထက်က လည်း နယ်စပ်များကို ကျူးကျော်နှောင့်ယှက်တဲ့ သမိုင်းအစဉ်အလာလည်း ရှိခဲ့ပါတယ်။နောက်တခု မြန်မာနဲ့တရုတ်အစိုးရရဲ့ ဆက်ဆံရေးက အရင်ကတည်းက မရှင်းပါဘူး။အိမ်နီးချင်းတယောက်ထက် ပိုတဲ့ ချစ်ကြောက်ရိုသေမှုမျိုးရှိတာကတော့ အမှန်ပဲဖြစ်ပါတယ်။ ကျောက်ဖြူ-ကူမင်း ရထားလမ်း-ကားလမ်းမြေပုံဟာ မြန်မာနိုင်ငံရေးသမားတွေအတွက် အင်မတန်ခေါင်းကြီးရမယ့်ကိန်းမျိုးတွေပါပဲ။ အမြော်အမြင်မဲ့ လုပ်ဆောင်လို့ မရပါဘူး။ နိုင်ငံရေးအကြောင်းကိစ္စတစ်ခုခုကြောင့် ပြဿနာတက်လာပြီးဆိုလျှင် တရုတ်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို တိုက်ရိုက်ထိပါးလာမယ့် ကိစ္စမျိုးပါပဲ။‘၀’ လူမျိုးကိုလည်း ထောက်လှမ်းရေးလက်ထက်ကတည်းက ပစားပေး၊ လူလည်ကောင် လက်နက်ကိုင်ခွင့်ပေးခဲ့တာဟာလဲ မေးခွန်းထုတ်စရာပါ။ယခုဆိုရင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က အနာဂတ်မှာ သီးခြားပြည်နယ်တစ်ခုရရှိရေး အာမခံပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို တောင်းဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ၀ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူတွေကို တောင်းဆိုလိုက်တာပါ။တရုတ်ကနေ ၀အဖွဲ့ကို အဆင့်မြင့် စစ်ရဟတ်ယာဉ်တွေ အပါအ၀င် လက်နက်တွေ ထောက်ပံ့ပေးနေတယ်။ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ UWSA အဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာတော့ အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။
 ကျွန်တော်တို့သာ စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံတော်ရဲ့ သယံဇာတ တွေ လူ့စွမ်းအား အရင်းမြစ်တွေ ဖေါ်ထုတ်နှိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့တိုးတက်မှူကို ဘယ်သူမှလိုက်လို့မှီနှိုင်မယ်မထင်ပါဘူး။ နိုင်ငံတော်တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ရဲ့ ရေမြေအနေအထား၊ သယံဇာတတွေကတော့ ပြောစရာမလိုအောင် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အဲဒီလို ကောင်းမွန်လွန်းလို့လည်း၊ အိမ်နီးနားချင်း ပတ်ဝန်းကျင်နိုင်ငံတွေက မျက်စေ့ကျ မျက်စေ့စူးလောက်အောင် ပေါ်လွင် ကျော်ကြား နာမည်ကြီးနေပါသည်။ ဒါကိုကျွန်တော်တို့ မြန်မာတွေ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း မသိကြပါ၊ မြန်မာနိုင်ငံတော်ကြီးရဲ့ရေမြေအနေအထားကအလွန်ပင်ကောင်းလှပါတယ်၊မြန်မာနိုင်ငံတော်ကြီးရဲ့ သယံဇာတကအလွန်ပင်ပေါကြွယ်ဝပါတယ်၊ မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုကအလွန်ပင် ယဉ်ကျေးသိမ်မွေ့ မြင့်မြတ် ထွန်းပြောင်ပါတယ်၊ ထိုကောင်းမွန်မြင့်မြတ်သော အခြေအနေ များနှင့်ကိုက်ညီတဲ့ နိုင်ငံတော်ကြီး တခုကို ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ပိုင်ဆိုင်ထိုက်ပါသည်။ ပိုင်ဆိုင်အောင်လည်း အမြဲ ကြိုးစား နေရပါလိမ့်မယ်။သူခိုးဆိုတာ လူသိ မှာကို ကြောက်ပါတယ်။ သူခိုးကို ကာကွယ်မယ့် လက်ကိုင် ပုဆိန်ရိုးတွေ ဖြစ်မလာဖို့ နောက်မျိုးဆက်များ အမြင်ကြည်အောင် အသက်ကြီးပြီးအမြော်အမြင်ကြီးကြီးဖြင့် လူကြီးလူကောင်းများဖြစ်နိုင်ကြပါစေ။

ဇော်ဝမ်းမောင်

ပြည်တွင်းစစ်ဖြစ်တယ်ဆိုတာဟာ တိုင်းပြည်ဘဏ္ဍာကို တမင်ဖြုန်းတီးနေတာပါပဲ ၊ တိုင်းပြည်ရဲ့  လူ့စွမ်းအား ရင်းမြစ်ကို အကြီးအကျယ် ဖြုန်းတီးနေတာပဲဖြစ်ပါတယ်။ တိုင်းရင်းသားပြည်နယ်များမှ ထွက်ရှိတဲ့ သဘာဝသယံဇာတများမှ ၀င်ငွေတွေကို အသုံးပြုပြီးစစ်အစိုးရ အဆက်ဆက်ရဲ့ထိပ်သီးဗိုလ်ချုပ်ကြီးများ၊ ၄င်းတို့၏ ဆွေမျိုးသားချင်းများ၊ ခရိုနီများသာ ကြီးပွားချမ်းသာနေကြပါတယ်။
အဲဒါကိုလဲ ရပ်တန်းက ရပ်သင့်ပါပြီ။ တိုင်းရင်းသားပေါင်းစုံလူထုကြီးမှာ လည်းဆင်းရဲတွင်းနက်သည်ထက် နက်လာပါပြီ်။ စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက် အသက်ပေး တိုက်ပွဲဝင်နေကြရတဲ့ စစ်ကို ဆင်နွှဲနေကြရတဲ့ အောက်ခြေတပ်မှူးများနှင့် ရဲဘော်များမှာ အသက်များ မဆုံးရှုံးစေသင့်တော့ပါဘူး။ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်သမိုင်းကို ပြန်ဆန်းစစ်ကြည့်ပါ။ ကမ္ဘာမှာ အရှည် ကြာဆုံး ပြည်တွင်းစစ် တစ်ခုလို့ ခေါ်ဆို နိုင်တဲ့ (၆၅) နှစ်ကြာ ပြည် တွင်း လက်နက်ကိုင် ပဋိပက္ခ ကြောင့် အာဏာရှင် အစိုးရ အဆက်ဆက် ပေါ်မှာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုတွေ ပျက်ပြား နေတာပေါ့။ ဒါလည်းဘဲ လွယ်လွယ်နဲ့ ဖြေရှင်းလို့ မရသေးပါဘူး။ လွတ်လပ်ရေး ရခဲ့တဲ့ ဇန်နဝါရီလနဲ့ အပြိုင် နှစ်မခြားဘဲ ဂျူလိုင်၊ သြဂုတ် လတွေက စလို့ ပြည်တွင်း နိုင်ငံရေးဟာ တော်လှန် ပုန်ကန်မှုနဲ့ ဘဲ စတင် လာခဲ့တယ်။ စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးတခုတည်းအတွက်ကိုသာကြည့်ပြီး လိမ်ညာလှည့်စားတာ၊ အပြောတမျိုး အလုပ်တမျိုး လုပ်တာ၊ကတိဖျက်တာ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို အကြောင်းရှာ အမှုဆင်ပြီးဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အကျင့်စာရိတ္တ …….စတာတွေ လဲပျက်စီးကုန်ပါပြီ။ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ နောက်ဆုံးအချိန်ထိ တစ်ဦးတည်း အာဏာကိုဆုပ်ကိုင်သူနဲ့ တစ်ပါတီတည်းမှာပဲ ဦးဆောင်သူပြောင်းလဲသွားတဲ့ အာဏာရှင်ပုံစံမျိုး တွေ ရှိလေ့ရှိပါတယ်။ (၂၀၀၈) ဥပဒေ အတိုင်း လူထုကို စစ်ကျွန် နည်းနဲ့ ထိမ်းချုပ်လို့ ရအောင် ကြံဆောင် နေမယ်။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နဲ့ အသံကောင်း ဟစ်နေပါ လိမ့်မယ်။ ဒါပေမဲ့ အနှစ်သာ ရကတော့ ပြောင်းလဲ လာပါ့မလား။ ပြည်တွင်း စစ်ကြောင့် တိုင်းပြည် ချွတ်ခြုံ ကျပါတယ်။ လူထု မကြေနပ် ကြဘူး။ တိုင်းပြည် ချွတ်ခြုံ ကျအောင် ဆင်းရဲအောင် လုပ်တဲ့သူ၊ ပြည်တွင်း စစ်ကို ဖန်တီး ခဲ့တဲ့သူ၊ သပိတ်တွေကို သတ်ဖြတ်မှု ပုံစံနဲ့ သပိတ် လှန်ခဲ့သူ ဘယ်သူဖြစ်မလဲ။(၁၉၆၂) ကျောင်းသား သပိတ်၊ (၁၉၇၄) ခုနှစ် ဦးသန့်သပိတ်၊ ၁၉၈၈ အထွေအထွေ သပိတ်၊၂၀၀၇ခုနှစ် ရွှေဝါရောင် သပိတ်၊ရခိုင်ပြည်နယ်က ဘင်္ဂလီကိစ္စ၊ လက်ပန်တောင်းတောင် ဆန္ဒပြမှု၊ KIA အပါအ၀င်တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှု၊ ဘာသာရေး ဆူပူမှု၊ ပြည်တွင်း ဆန္ဒပြမှုများ၊ သယံဇာတ ရောင်းဝယ်မှု၊ ကိစ္စတွေမှာ ပြည်တွင်း အခြေအနေ ရှုပ်ထွေးနေအောင် ဖန်တီး တိုင်းရင်းသား အဖွဲ့တွေနဲ့ ရရှိထားတဲ့ အပစ် အခတ် ရပ်စဲရေးတွေ ဟာလည်း တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ပျက်ပြား လာနေပြီး ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်လာ ရတဲ့ အထိ အရှိန်ကောင်း လာခဲ့ပါတယ်။တိုက်ပွဲတွေ ကလည်း တစ်ဖွဲ့ ကနေ နှစ်ဖွဲ့ ဖြစ်လာတယ်၊ ကူးစက်မှု အတိုင်း အတာကြီးမား လာခဲ့တယ်။ ဒီလုပ်ရပ် တွေဟာ တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်နှိုင်ပါသလား။ တိုက်ခိုက်လိုက် ဆွေးနွေးလိုက်နဲ့ နိုင်ငံရေး ကစား လာလိုက်တာ အချိန်ဆွဲပြီး ကစားနေတာနဲ့ တူနေမလား စဉ်းစား စရာ ဖြစ်နေပါတယ်။ အာရုံ လွှဲနည်းတွေက လည်းကျွမ်းကျင် ကြပါပေတယ်။ နိုင်ငံရေးကစားရာမှာ လက်ဖျားခါရလောက်အောင် တော်ကြပေမဲ့ ပြည်သူလူထုအပေါ် ထားရှိတဲ့ စေတနာမှာ ခေါင်းပါးလှတာကြောင့် ပြည်သူတစ်ရပ်လုံးမှာ ဒုက္ခမျိုးစုံကို ကုန်းရုန်းပြီး ခံခဲ့ကြရပါတယ်။ မြန်မာ နိုင်ငံမှာ ကတော့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ အကြိမ်ကြိမ် ရှိခဲ့ဘူး ပါတယ်။ ရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုင်းဟာလည်း ပျက်စီး သွားတာ ချည်းပါဘဲ။ ဘာကြောင့်လဲ? ဆွေးနွေး မှုတွေဟာ အစိုးရရဲ့ လိမ်လည်မှု နဲ့ဘဲ အဆုံးသတ် ခဲ့ပါတယ်။ ပေးခဲ့တဲ့ ဂတိတွေ အပေါ် အစိုးရ ဖက်ကဘဲ ဖေါက်ဖျက် နေခဲ့ ပါတယ်။မြေယာ သိမ်းဆည်း မှုတွေ ဖြစ်လာတယ်၊ ဒေသခံ တွေရဲ့ သဘောထားတွေနဲ့ ကိုက်ညီမှု မရှိတဲ့ သဘာဝ သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်ကိုင် လာကြတယ်။ စစ်အုပ်စု လုံခြုံရေး နှင့် အကျိုးစီးပွားအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့) အစိုးရသစ်ဆိုတာတွေ အတုအယောင် အပြောင်းအလဲတွေနဲ့ အသွင်ပြောင်းတဲ့ ဒီမိုကရေစီ တရားဝင် အာဏာရှင် အစိုးရတွေ ပေါ်လာပါတယ်။တရားဝင် အာဏာရှင် ဖြစ်ဖို့အတွက် ဖိနှိပ်မှုတွေ လျှော့ချ၊ ပြုပြင်ပြောင်းလဲမှု တချို့လုပ်ပြီး အာဏာလုံးလုံးလွှတ်ကာ ပြည်သူ့ဆန္ဒသဘောလုံးလုံး ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို သွားနေခြင်း မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ ကိုယ် သမ္မတ ဖြစ်လာတာလဲ မဟုတ်၊ မြန်မာ ပြည်သားတွေ ရွေးယူတာလဲ မဟုတ်ပဲနဲ့ မြန်မာနိုင်ငံသားတွေရဲ့ သမ္မတ ဆိုပြီး ပေါ်လာတယ်... အဲဒီတော့ လက်တဆုပ်စာ လူတစုရဲ့ အကျိုးစီးပွားအတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တန်ဖိုးမထား တိုက်ခိုက်မှုတွေ ခံနေရဦးမှာပါပဲ။ဒီတပ်မတော်ဟာ အာဏာရှင်တပ်မတော် ဖြစ်နေသေးသရွေ့၊ ခရိုနီတပ်မတော်ဖြစ်နေသေးသရွေ့၊ ပြည်သူ့တပ်မတော် အစစ်တရပ် ပေါ်လာဖို့ လိုနေမှာပါပဲ။ တပ်မတော်ဟာပြည်ပရန် ကာကွယ်ရေးကိုသာ အဓိက ကာကွယ်တားဆီးသည့် တပ်မတော်ဖြစ်ရမည့်အစား ပြည်တွင်းစစ်များ ဆင်နွဲကာ တိုင်းရင်းသားပေါင်းစုံ အပေါ် ဒုက္ခမျိုးစုံပေးနေခြင်းတို့ ဟာ ယခင်ကကဲ့သို့  စစ်တပ်အာဏာဖြင့် အုပ်စိုးကာ ထင်ရာစိုင်းနေ ဆဲ ဖြစ်ကြောင်း သိသာပေါ်လွင်နေပါတယ်။ ကျနော်တို့လိုနေတာ ဒီမိုကရေစီရေး ကို တန်ဖိုးထား အခြေခံတဲ့ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတဲ့၊ ပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတရပ်ပါပဲ။ တိုင်းရင်းသားများနှင့်လူမျိုးရေးပြသနာ စစ်ဗိုလ်ချုပ် မိသားစုများရဲ့ ရာသက်ပန် အကျိုးစီးပွားအတွက် ဦးသူပိုင်စတမ်းဆိုပြီး တိုင်းပြည်၏စီးပွားရေးအသက်သွေးကြောတခုလုံးအား အာဏာဖြင့် လက်ဝါးကြီးအုပ်ခဲ့ တဲ့အရှုပ်အထွေးများ စစ်တပ် ခရိုနီတွေရဲ့ လက်ဝါးကြီးအုပ် ပြီး တောင်သူ လယ်သမားများဆီမှ လယ်ယာမြေများ သိမ်းဆည်းမှု နေရာအနှံ့ ပြဿနာတွေ ပွနေသည် သာမက နောင်လာလတ္တံ့သော ပြဿနာများကလည်း မနည်းပေါ်လာဦးမည် ပင်ဖြစ်ပါတယ်။တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလဲ?။ အစိုးရအပေါ်ပြည်သူလူထုက ကဘယ်လောက် ယုံကြည် ကြသလဲ။ အစိုးရက ပြုပြင် ပြောင်းလဲ နေပါတယ် ဆိုတဲ့ အချက်ကရော ဘယ်လောက် လေးနက် သလဲ? အစိုးရ ရဲ့ အတွင်း စည်းထဲမှာ သဘောထား တင်းမာတဲ့သူ (စစ်ဘက် အရာရှိ) တွေနဲ့ ပျော့ပြောင်းတဲ့ သူတွေရဲ့ အာဏာ လွန်ဆွဲမှု တွေ အစိုးရရဲ့ အတွင်းရေး အားပြိုင်မှု အားနည်းချက် တွေကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ နှောင့်နှေး နေရတယ်လို့ မြင်ကြ ပါတယ်။ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လိုပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု ရှိကြဖို့ဆိုတာ အရေးကြီး လှပါတယ်။ တဖက်သတ် အမြင်နဲ့တွေးကြည့်မယ် ဆိုရင် သူ့ကြောင့် ကိုယ့်ကြောင့်လို့ လက်ညှိး ထိုးနေမှာဘဲ။ 
ပွင့်ပွင့်လင်းလင်းထုတ်ဖော်ဆွေးနွေးကြမယ်ဆိုရင် နှစ်ဘက်လက်ခံနိုင်မည့် ‘ကြားအဖြေ’ တစ်ခု ရလိမ့်မည်ဟု မျှော်လင့်မိပါတယ်။ နိုင်ငံသား အားလုံး (လူမျိုးစုအားလုံး) ၏သစ္စာခံမှုနှင့် ခိုင်မာသော ကိုယ်စားပြုမှုကို ဖန်တီးနိုင်ရန် အတွက် ညှိနှင်းဆောင်ရွက်ရာမှာ နှစ်ဖက်စလုံးက တဖက်စွန်းရောက် တင်းမာမှူတွေမရှိပဲ မျှခြေ ဖြစ်အောင်ဖန်တီးယူရမှာဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ သယံဇာတ ဆိုတာကလည်း နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် အသုံးချ ရမှာဖြစ်ပါတယ်။ကိုယ်ကျိုးအတွက် မိမိတို့လူုတစ်စု ကောင်းစားရေးအတွက် တိုက်ခိုက်ကြနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံ ကြီးရဲ့ အနာဂတ် ဟာ လှပမှာမဟုတ်ပါဘူး။ကြားက အမြတ်ထုတ်ခြင်နေတဲ့ အိမ်နီးခြင်း စူပါပါဝါနိုင်ငံတွေကသာသူတို့နိုင်ငံချမ်းသာရေးအတွက် အခွင့်ကောင်းတွေရသွားကြမှာပါ။တရုတ်နိုင်ငံဟာ အရင်က မိမိကိုယ့်ကို ကာကွယ်ဖို့ အင်အားတိုးချဲ့ တယ်လို့ နိုင်ငံတကာကို အမြဲတမ်းပြောလေ့ရှိပါတယ်။ ယခုအချိန်မှာလဲ အာဆီယံနိုင်ငံများနှင့် နယ်မြေအငြင်းပွားမှုများမှာ အပေါ်စီးကဘဲ ဗိုလ်ကျပြောဆိုသုံးနှုန်းနေပါတယ်။ နိုင်ငံတကာ ရေပိုက်နက် စည်းမျဉ်းများကို လည်း တရုတ်က လက်မခံနိုင်ဖြစ် နေတာပါပဲ။ စစ်အင်အား ဖြည့်တင်းမှုက ကမ္ဘာ့မှာ ဒုတိယအများ ဆုံးဖြစ်ပြီး အမှန်အတိုင်း သတင်းမထုတ်ပြန်ကြပါဘူး။ တရုတ်နိုင်ငံဟာ အလစ်အငိုက်ဝင်တိုက် သိမ်းပိုက်တတ်တဲ့ အကျင့်ရှိပါတယ်။ မြန်မာဘုရင်များလက်ထက်က လည်း နယ်စပ်များကို ကျူးကျော်နှောင့်ယှက်တဲ့ သမိုင်းအစဉ်အလာလည်း ရှိခဲ့ပါတယ်။နောက်တခု မြန်မာနဲ့တရုတ်အစိုးရရဲ့ ဆက်ဆံရေးက အရင်ကတည်းက မရှင်းပါဘူး။အိမ်နီးချင်းတယောက်ထက် ပိုတဲ့ ချစ်ကြောက်ရိုသေမှုမျိုးရှိတာကတော့ အမှန်ပဲဖြစ်ပါတယ်။ ကျောက်ဖြူ-ကူမင်း ရထားလမ်း-ကားလမ်းမြေပုံဟာ မြန်မာနိုင်ငံရေးသမားတွေအတွက် အင်မတန်ခေါင်းကြီးရမယ့်ကိန်းမျိုးတွေပါပဲ။ အမြော်အမြင်မဲ့ လုပ်ဆောင်လို့ မရပါဘူး။ နိုင်ငံရေးအကြောင်းကိစ္စတစ်ခုခုကြောင့် ပြဿနာတက်လာပြီးဆိုလျှင် တရုတ်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို တိုက်ရိုက်ထိပါးလာမယ့် ကိစ္စမျိုးပါပဲ။‘၀’ လူမျိုးကိုလည်း ထောက်လှမ်းရေးလက်ထက်ကတည်းက ပစားပေး၊ လူလည်ကောင် လက်နက်ကိုင်ခွင့်ပေးခဲ့တာဟာလဲ မေးခွန်းထုတ်စရာပါ။ယခုဆိုရင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က အနာဂတ်မှာ သီးခြားပြည်နယ်တစ်ခုရရှိရေး အာမခံပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို တောင်းဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ၀ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူတွေကို တောင်းဆိုလိုက်တာပါ။တရုတ်ကနေ ၀အဖွဲ့ကို အဆင့်မြင့် စစ်ရဟတ်ယာဉ်တွေ အပါအ၀င် လက်နက်တွေ ထောက်ပံ့ပေးနေတယ်။ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ UWSA အဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာတော့ အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။
ကျွန်တော်တို့သာ စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံတော်ရဲ့ သယံဇာတ တွေ လူ့စွမ်းအား အရင်းမြစ်တွေ ဖေါ်ထုတ်နှိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့တိုးတက်မှူကို ဘယ်သူမှလိုက်လို့မှီနှိုင်မယ်မထင်ပါဘူး။ နိုင်ငံတော်တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ရဲ့ ရေမြေအနေအထား၊ သယံဇာတတွေကတော့ ပြောစရာမလိုအောင် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အဲဒီလို ကောင်းမွန်လွန်းလို့လည်း၊ အိမ်နီးနားချင်း ပတ်ဝန်းကျင်နိုင်ငံတွေက မျက်စေ့ကျ မျက်စေ့စူးလောက်အောင် ပေါ်လွင် ကျော်ကြား နာမည်ကြီးနေပါသည်။ ဒါကိုကျွန်တော်တို့ မြန်မာတွေ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း မသိကြပါ၊ မြန်မာနိုင်ငံတော်ကြီး ရဲ့ရေမြေအနေအထားကအလွန်ပင်ကောင်းလှပါတယ်၊မြန်မာနိုင်ငံတော်ကြီးရဲ့ သယံဇာတက အလွန် ပင်ပေါကြွယ်ဝပါတယ်၊ မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုကအလွန်ပင် ယဉ်ကျေး သိမ်မွေ့ မြင့်မြတ် ထွန်းပြောင်ပါတယ်၊ ထိုကောင်းမွန်မြင့်မြတ်သော အခြေအနေ များနှင့်ကိုက်ညီ တဲ့ နိုင်ငံတော်ကြီး တခုကို ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ပိုင်ဆိုင်ထိုက်ပါသည်။ ပိုင်ဆိုင်အောင်လည်း အမြဲ ကြိုးစား နေရပါလိမ့်မယ်။သူခိုးဆိုတာ လူသိ မှာကို ကြောက်ပါတယ်။ သူခိုးကို ကာကွယ်မယ့် လက်ကိုင် ပုဆိန်ရိုးတွေ ဖြစ်မလာဖို့ နောက်မျိုးဆက်များ အမြင်ကြည်အောင် အသက်ကြီးပြီး အမြော်အမြင်ကြီးကြီးဖြင့် လူကြီးလူကောင်းများဖြစ်နိုင်ကြပါစေ။

ဇော်ဝမ်းမောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...