ကွယ်လွန်သူချက်သမ္မတဟောင်း Vaclav Havel ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်အတွက် အ၀ါရောင် နှင်းဆီပန်းခြောက်တပွင့်
by Zaw Win on Wednesday, July 18, 2012 at 3:22pm
ကွယ်လွန်သူချက်သမ္မတဟောင်း Vaclav Havel ကိုယ်စား ချက်နိုင်ငံခြားရေးဝန်ကြီး Karel Schwazenberg ဟာ မနေ့ညကကျင်းပတဲ့ ညစာစားပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အ၀ါရောင် နှင်းဆီပန်းခြောက်တပွင့် ပေးအပ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့တဲ့ မစ္စတာဟာဗဲလ်ဟာ နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ၂၀၀၅ ခုနှစ်က
ပေးပို့တဲ့ မွေးနေ့ ဆုတောင်းသ၀ဏ်လွှာမှာ လူကိုယ်တိုင် တွေ့ဆုံလိုပြီးနှင်းဆီတပွင့် ပေးလိုက်နိုင်ရင် အတိုင်းမသိ ၀မ်းသာကြည်နူးရပါမယ်လို့ရေးသားခဲ့ဖူးပါတယ်။ ဒါပေမဲ့ မစ္စတာဟာဗဲလ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကြိမ်တခါမှ လူချင်း မဆုံဖူးဘဲ တယ်လီဖုန်းဒါမှမဟုတ် စာနဲ့ပဲ အဆက်အသွယ်လုပ်ခဲ့ရသူပါ။
ဒီလိုမစ္စတာဟာဗဲလ်နဲ့မဆုံဖူးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်းအထူးဝမ်းနည်းပေမဲ့ရုန်းကန်ခဲ့ရတဲ့ကာလတွေအတွင်းသူ့အတွေးသူ့အရေးတွေကလမ်းညွှန်ပေးတဲ့အတွက်မစ္စတာဟာဗဲလ်နဲ့အလွန်နီးစပ်တယ်လို့ခံစားရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ မစ္စတာဟာဗဲလ်ဟာ မြန်မာနိုင်ငံကို သံယောဇဉ်ကြီးမားလှတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ကမ္ဘာ့အမျိုးသမီးရေးရာသံအမတ် Melanne Verveer ကပြောပါတယ်။
သမ္မတဟာဗဲလ်ဟာ မြန်မာပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစာနာသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ဖို့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ သူဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု အတွက် မပြတ်အမြဲပြောကြားခဲ့သူဖြစ်
ပြီး မြန်မာနိုင်ငံမှာ အပြောင်းအလဲလက္ခဏာ ဆောင်လာတာကို အားပေးကြပါလို့ သူမကွယ်လွန်ခင်မှာ နိုင်ငံတကာကို မစ္စတာဟာဗဲလ်က တိုက်တွန်းခဲ့ပါတယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မနေ့ညက ပေးအပ်လိုက်တဲ့ နှင်းဆီပန်းခြောက်ဟာ မစ္စတာဟာဗဲလ်ရဲ့ ရုပ်ကလပ်ထည့်ထားတဲ့ခေါင်းပေါ်မှာမြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေက တင်လိုက်တဲ့ ဂုဏ်ပြုပန်းဖြစ်ပြီး ဖန်အိမ်ထဲမှာ သိမ်းထားခဲ့ပါတယ်။ ဒီနှင်းဆီပန်းဝါကို ချက်အနုပညာရှင်တဦးက အလှမပျက်ရအောင် လုပ်ထားခဲ့တာပါလို့ နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်မှာ အတူပါလာတဲ့ မစ္စတာဟာဗဲလ်ရဲ့ မိတ်ဆွေလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သံအမတ်ဟောင်းလည်းဖြစ်တဲ့ Jiri Sitler က ပြောပါတယ်။
Credit: RFA Burmese & ပြည်သူ့ခေတ်
0 comments:
Post a Comment