Tuesday, July 24, 2012

NLD ၏ ပထမဆုံးအဆိုဖြစ်သော "Good Governance ၊ Clean Government အဆိုကို စာဖတ်သူများထံ တပ်လှန့်ခြင်း။


by Yan Aung on Tuesday, July 24, 2012 at 10:25am

ဒီနေ့ EMG ရဲ့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်..။ NLD က ၂၅-၇-၂၀၁၂ မှာ တင်သွင်းမယ့် ပထမဆုံး အဆို အကြောင်းပါ..။ 
ပြည်သူ့လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင်က တင်သွင်းမည့် အဆိုကို ယနေ့ အစည်းအဝေးတွင် မတင်သွင်း ဖြစ်တော့ဘဲ ဇူလိုင်လ ၂၅ ရက်နေ့ အစည်းအဝေးတွင် တွင်သွင်းရန် ရွေ့ဆိုင်းလိုက်ကြောင်း သိရပါသည်။
ရွေ့ဆိုင်းလိုက်ရသည့် အကြောင်းအရင်းမှာ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန်နှင့် နီးကပ်သွား သဖြင့် အချိန်မလောက်င သောကြောင့် ရွေ့ဆိုင်း လိုက်ရခြင်း ဖြစ်ကြောင်း သိရပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ် စေရေးအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀င်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်း နိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်း တင်ထားရန်
အဆို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း အဆိုကို ယနေ့ကျင်းပနေသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းရန် စီစဉ်ခဲ့သော ပထမဆုံး အဆိုဖြစ်ပါသည်။ လို့ ဖော်ပြထားပါတယ်..။


စကားက လေးလုံးထဲပါ..။ Good & Clean ၊ Rule & Law ပါ..။


အဲဒီအဆိုဟာ .. သမိုင်းတွင်မယ့်အဆိုဖြစ်သလို ယခင် အစိုးရဟောင်းလက်ထက်က ဘောင်းဘီကျွတ်ပြီး အချောင် နေရာရလာသူများ၊ လွှတ်တော်ထဲ ရောက်လာသည့် ခရိုနီများနှင့် လွှတ်တော်ဥက္ကဌများအတွက်တော့ ဖင်ကြိမ်းစရာ အဆိုတစ်ခုဖြစ်တယ်ဆိုတာ ယုံမှားသံသယ ရှိစရာမလိုပါ..။


အဲဒီအဆိုကို ကန့်ကွက်ခြင်း/ဖြတ်တောက်ခြင်း/ကန့်သတ်ခြင်းနဲ့  ပိတ်ပင်ခြင်း နှောင့်နှေးစေခြင်း ရှိမရှိဟာလည်း မြန်မာ့ဒီမိုကရေစီသမိုင်းမှာ လွတ်လပ်ခွင့်ရှိမရှိနဲ့ ကမ္ဘာက အကဲဖြတ်အမှတ်ပေးနေတဲ့ စီးပွားရေးပိတ်ဆို့မှု ပေတံကို အကျိုးများစွာ သက်ရောက်ပါလိမ့်မယ်..။

အရင်ပါလီမာန်ဒီမိုကရေစီခေတ် ၁၉၄၈-၁၉၅၈ က ၀န်ကြီးချုပ် ဦးနုရဲ့ လွှတ်တော်ထဲမှာ တရားဝင်ပြောခဲ့တဲ့စကားကို ဖတ်ဖူးတာမှတ်မိပါသေးတယ်.။

 ကျုပ် ၀န်ကြီးချုပ်ရာထူးက အခုနှုတ်ထွက်ပေးမယ် ကျုပ်ပိုင်ဆိုင်မှုတွေ အခုချက်ခြင်း ကြိုက်တဲ့ လူ/ပုဂ္ဂိုလ်/အဖွဲ့အစည်းကလာစစ် ၀န်ကြီးချုပ်မဖြစ်ခင်ဘ၀က ပိုင်ဆိုင်မှုထက် တစ်ကျပ် ပိုနေရင် ကျုပ်ကိုသူခိုးလို့စွပ်စွဲ

ဒီစကားဟာ မှတ်ကျောက်တင်တဲ့စကားပါ..။

ဒီအဆိုဟာ ဘာ့ကြောင့်အရေးကြီးသလဲ လို့ ပြောရသလဲဆိုရင် Good and Clean ရည်မှန်းချက်ဟာ ...သမ္မတကြီး ဦးသိန်းစိန်ရဲ့ ခံယူချက် ဖြစ်သလို လွှတ်တော်သက်တမ်း တစ်နှစ်ကျော်အတွင်း ယခုထက်ထိ ထိုကဲ့သို့ အဆိုမျိုးကို ဘယ်လွှတ်တော်အမတ်ကမှ တိတိကျကျ တင်သွင်းဝံ့ခြင်း မရှိတာကြောင့်ဖြစ်ပါတယ်..။

ယနေ့ ပြည်တွင်းမှာ ဖြစ်ပျက်နေသမျှ ဆိုးကျိုးကိစ္စတွေ အားလုံးနီးပါးက ယခင် စစ်အာဏာရှင် လက်ထက် ကတည်းက ဖြစ်လာတဲ့ အကြောင်းအရင်းတွေရှိခဲ့လို့ပါ..။ 
Clean မရှိလို့ မ Good ခြင်းလို့ ပြောလို့ပါတယ်..။

(၁) ရခိုင်အရေး (ဘင်္ဂလီသန်းပေါင်းများစွာ ဘာ့ကြောင့် ပျံ့နှံ့ဝင်ရောက်)

(၂) လယ်သမားတွေ လယ်သိမ်းခံရခြင်း (ဥပဒေကြောင်းအရ ဘ၀ပျက်ခြင်း)

(၃) အလုပ်သမားတွေ အကျိုးခံစားခွင့် နည်းခြင်း (လစာတွေ ဘာ့ကြောင့်နည်း -- ဥပဒေကြောင့်နည်း)


အဲဒီလိုမျိုး အဖြစ်အပျက်များစွာအတွက်  Good နဲ့ Clean က အရေးအကြီးဆုံးပါ။

အဲဒီအဆို တင်သွင်းချိန်မှာ ....။

ဘယ်သူတွေ မျက်နှာအောက်ချ နားထောင်နေမလဲ..။ ဘယ်သူတွေ မျက်ထောင့်နီနဲ့ ကြည့်နေမလဲ..။

စင်ပေါ်မှာ ထိုင်နေသူကြီးတွေ ဖင်ကြိမ်းနေမလား..။
ပြည်ခိုင်ဖြိုး အမတ်များက  PS Specialist တစ်ယောက်ဖြစ်သူ အမေစုရဲ့ ကိုယ်စားလှယ်ကို ....တန်ပြန်တိုက်ခိုက်ဖို့ ဒေတာစုနေမလား..။

 Skynet ရဲ့ လွှတ်တော် Channel  က  ပုသိမ်မှာ သမ္မတကြီးမိန့်ခွန်း လွှင့်လို့ မရသလို အဲဒီင်္နေ့ကျမှ ထုတ်လွှင့်မှုပျက်ကွက်လေဦးမလား.။

အစရှိသည်တို့ကို တွေးတောရင်း မနက်ဖန် ၂၅-၇-၂၀၁၂ နေ့တင်သွင်းမယ့် "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဆိုတဲ့ လေ့လာချင်မိပါတယ်.။ 

ဘာပဲပြောပြော ဒီအဆိုဟာ ပြည်သူ့မျက်နှာ တစ်ခုတည်းကို ကြည့်တဲ့ အဆိုတစ်ခု ဖြစ်တာတော့ သေချာပါတယ်..။

လွှတ်တော်အပါအ၀င် အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ထိန်းကျောင်းပဲ့ကိုင်ပေးမယ့် အဆိုဖြစ်သလို အဲဒီအဆိုကနေ အုပ်ချုပ်သူလူတန်းစားနဲ့ ဗျူရိုကရေစီယန္တရား လည်ပတ်သူတို့ကို ပဲ့ကိုင်မယ့် ဥပဒေတစ်ရပ်ရပ် ပေါ်ထွက်လာဖို့ မျှော်လင့်ပါကြောင်း..။

ရန်အောင်..
မည်သူမဆို Share နိုင်ပါသည်..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...