သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၇)
သစ်ထူးလွင်
|
- ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအဖွဲ့များ အလုပ်သမားဝန်ကြီးနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီ
- မန်းတွင် ဓာတ်ဆီဆိုင်ဖွင့်လှစ်ခွင့်ပြု
ခင်းနှင့်ပတ်သတ်၍ မန်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ြ ကီးရှင်းလင်း - ဦးသိန်းညွန့်၏ ရခိုင်ကိစ္စ လွှတ်တော်တွင်းဆွေးနွေးချက် ရိုဟင်ဂျာဆိုသူက ဖုန်းဆက်ခြိမ်းခြောက်
- ကြေးနီ စီမံကိန်း လယ်သိမ်းခံ တောင်သူများ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ရန် ခွင့်ပြုမိန့် တောင်း
- ပန်းလောင်မြစ်သဘာဝအတိုင်း စီးဆင်းစေရန် မြစ်သားမြို့ဒေသခံများ ဆန္ဒဖော်ထုတ်မည်
- သမိုင်းဘူတာရုံရှေ့ မြန်မာ့မီးရထားပိုင်မြေတွင် ကျူးကျော်ဆိုင်ခန်းဖွင့်လှစ်ထား
သူများအား စတင်ဖယ်ရှား - မော်လမြိုင်(အထက-၁၀)ကျောင်းကို ကျောက်တင်ကား ၀င်တိုက်မှုဖြစ်ပွား
- အခြေအနေမဲ့ ကလေးတွေကို ပြည်မြို့မှာ ပညာသင်ပေး
- NLD ပါတီမှ ပထမ အကြိမ် လွှတ်တော်မှာ အဆိုတင်သွင်းမည်
- ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့
- တပ်မတော်သားလေးဦးကို အဓမ္မမှုဖြင့် အမှုဖွင့်စစ်ဆေး
- ဂရိတ်ဝေါလ် သကြားစက်ရုံ ရေဆိုးကိစ္စ ကြောင့် ရဲများလုံခြုံရေးတင်းကျပ်
- AIDS တီဘီ ကုထုံးသစ် ထိရောက်
- အီရတ်က အဆိုးဆုံးတိုက်ခိုက်မှုများ
- ဦးနေမျိုးဝေကို ရဲကစစ်ဆေး
- ၈၈ မျိုးဆက်ကျောင်းသားများ သမ္မတနှင့် တွေ့ဆုံမည်
- လယ်သိမ်းခံ တောင်သူများ နစ်နာကြေးပေးဖို့ လွှတ်တော်တွင် ဆွေးနွေး
- ရနောင်းစက်ရုံဂက်စ်ပေါက်ကွဲမှု မြန်မာ အလုပ်သမား ၂၇ဦး ထိခိုက်
Posted: 24 Jul 2012 07:07 AM PDT
ဇူလိုင် ၂၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တချို့နဲ့ တွေ့ဆုံရာမှာ ၀န်ကြီးဦးအောင်ကြည်က တိုက်ရိုက်ဆက်သွယ်ခွင့် လမ်းဖွင့်ပေးလိုက်တာလို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။ “အရှေ့တောင် အာရှမှာ ရွှေ့ပြောင်းအလုပ်သမား အရေအတွက်အားဖြင့် မြန်မာအလုပ်သမားတွေ အများဆုံး ဖြစ်တယ်၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေလည်း အများဆုံး ဖြစ်တယ်။ ဒီကို အနှစ် ၁၀၊ ၂၀ လောက် လာပြီး နေကြတဲ့သူတွေ ဖြစ်တယ်။ အခုလို အသွင်ကူးပြောင်းရေးကာလမှာ ဒီလူတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ အတွက် ဖိတ်ခေါ်တာပေါ့။ နောက်ပြီးတော့ ဆောင်ရွက်စရာ ကိစ္စတွေ ရှိလို့၊ ပြောစရာ တင်ပြစရာတွေရှိရင် တဆင့်ခံစရာမလိုဘဲ သူ့ဆီကို တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ သူက လမ်းဖွင့်ပေးသွားတယ်။” ဒီတွေ့ဆုံပွဲမှာ ၀န်ကြီးဦးအောင်ကြည်က သူ့ကို တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ဖုန်းနံပတ်တွေနဲ့ ဆက်သွယ်နိုင်မယ့်အချိန်ပါ ကတ်ပြားတွေကို ဝေငှပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပါလျက်နဲ့ နိုင်ငံအနှံ့ သွားလာခွင့် ပိတ်ပင်ခံနေရတဲ့ မြန်မာအလုပ်သမားတွေ အရေးနဲ့ ပတ်သက်ပြီး အဲ့ဒီလိုကိစ္စမျိုးကြုံရင် မြန်မာသံရုံးကို ချက်ချင်း ဆက်သွယ် အကြောင်းကြားဖို့ ၀န်ကြီးဦးအောင်ကြည်က မှာကြားခဲ့ကြောင်းလည်း သိရပါတယ်။ ထိုင်းနိုင်ငံထဲ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားေ မြန်မာအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ၀န်ကြီးက အခုလို တိုက်ရိုက်ဆက်သွယ်ဖို့ လမ်းဖွင့်ပေးရုံနဲ့ အဆင်ပြေနိုင်မလားဆိုတာ တွေ့ဆုံပွဲ တက်ခဲ့တဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က အခုလို ပြောပါတယ်။ “အစိုးရသမ္မတနဲ့ ၀န်ကြီးက ဘယ်လောက်ပဲ အကောင်အထည်ဖော် လုပ်ဆောင်နေပါစေ၊ အဲဒီလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာအဆင့်ဆင့်နဲ့ မြန်မာပွဲစားတွေအပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ အဲဒီကိစ္စတွေကိုလည်း ၀န်ကြီးဌာနတွေအနေနဲ့ ပြန်စိစစ်ဖို့လိုတယ်လို့ ကျနော်တို့အနေနဲ့ ထောက်ပြခဲ့ပါတယ်။ ၀န်ကြီးကတော့ လိုလိုလားလား လက်ခံတဲ့သဘောထားရှိတယ်။ ကျနော်တို့နဲ့လည်း နောက်ပိုင်း လာပြီးတော့ သီးသန့်တွေ့မယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။” အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ဟာ သမ္မတဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှာ လိုက်ပါလာရင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ အခုလို တွေ့ဆုံခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒီနေ့ ၀န်ကြီးနဲ့ ဘန်ကောက်မှာတွေ့ဆုံခဲ့ကြတဲ့ အဖွဲ့တွေကတော့ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၊ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက် အလုပ်လုပ်နေကြတယ်လို့ သိရပါတယ်။ by ရွှေအောင် - ဒီဗွီဘီ | ||||||
Posted: 24 Jul 2012 06:53 AM PDT
အခမ်းအနားတွင် ၀န်ကြီးက အစိုးရသစ်လက်ထပ် စက်သုံးဆီအရောင်းဆိုင်များဖွင့် “မန္တလေးမြို့ပေါ်အပါအ၀င် မန္တလေးတိုင်းမှာ စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်း Popular Myanmar News Journal | ||||||
Posted: 24 Jul 2012 06:35 AM PDT
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်၏ ရခိုင်ပဋိပက္ခ လွှတ်တော်တွင်း ဆွေးနွေးပြောကြားမှုအပေါ် ၄င်း၏ ပါတီရုံးသို့ ၄င်းကိုယ်ကိုယ် ရိုဟင်ဂျာဟု ရည်ညွန်းသုံးစွဲခဲ့သူက သုံးကြိမ်တိုင်တိုင် ဖုန်းဆက်ခြိမ်းခြောက်မှုပြုလုပ်
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
Posted: 24 Jul 2012 06:25 AM PDT
မုံရွာ၊ဇူလိုင်၊၂၄
မြေယာ အငြင်းပွားမှုများ မပြီးဆုံး သေးသော လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း အနီးအနားမှ ကျေးရွာများမှ ရွာခံများ စုပေါင်း၍ ငြိမ်းချမ်းစွာ စီတန်ုးလှည့်လည်ရန် ဇူလိုင်လ ၂၃ ရက်နေ့တွင်မုံရွာမြို့၊ အမှတ် ၁ ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ် ရဲစခန်းတို့တွင် စာတင်ခဲ့ကြောင်း ၀က်မှေးရွာခံ တစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ ဆန္ဒ ဖော်ထုတ် ရခြင်းမှာ ဇွန်လ ၃ ရက်နေ့တွင် သဘောတူခဲ့သည့် ယာမြေများ ပေါ်တွင် မြေသားများ စုပုံ စွန့်ပစ်ခြင်းများအား ခေတ္တ ရပ်ဆိုင်း ထားရန် မပုံရန်နှင့် စက်ရုံ အလုပ်ရုံ အဆောက်အဦ ဆောက်လုပ်ခြင်းများအား ခေတ္တ ရပ်ဆိုင်းထားရန် ဟူသည့် သဘောတူညီချက်များ တာဝန်ရှိသူများနှင့် သဘောတူညီချက် ရယူခဲ့သော်လည်း အဆောက်အဦများ ဆောက်လုပ်ရန် ပြင်ဆင်နေမှုအား ရွာသားများက ၀င်ရောက်ကြည့်ရှုမည်ကို ခွင့်မပြုဘဲ ပုဒ်မ(၁၄၄) မကျူးကျော်ရ ဆိုသည့်အချက် ထုတ်ပြန်ထားခြင်း တို့ကြောင့်ဖြစ်ကြောင်း ဆန္ဒ ဖော်ထုတ်မှုတွင် ပါဝင်မည့် ရွာသားတစ်ဦးက ပြောကြားသည်။ ဇူလိုင် ၃၀ ရက်မှ သြဂုတ်လ ၁ ရက်နေ့ထိ ပြုလုပ်မည့် ဆန္ဒထုတ်ဖော်မှုတွင် ရွာ ၁၄ ရွာမှ လယ်သိမ်းခံတောင်သူများ စုပေါင်း၍ စာတင်ခဲ့ခြင်းဖြစ်ပြီး လူဦးရေး (၅၀၀) ခန့်ပါဝင်မည်ဖြစ်ကြောင်း၊ ကြွေးကြော်မှုများတွင် ပုဒ်မ၁၄၄ထုတ်ထားခြင်းအား ရုပ်သိမ်းရေး ၊မြေယာအငြင်းပွားမှု ဖြေရှင်းမပြီးမချင်း စီမံကိန်း ရပ်ဆိုင်းထားရေး၊ ချိတ်ပိတ်ခံထားရသည့်ဝက်မှေး ဘုန်းတော်ကြီးကျောင်း ပြန်ဖွင့်ရေး၊ကျေးရွာ ၄ ရွာ မပြောင်းရွှေ့ရေးနှင့်ယာမြေများ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိရေးအား ကြွေးကြော်မည် ဖြစ်ကြောင်းဆန္ဒဖော်ထုတ်ရန် လျှောက်ထားခဲ့သူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။ စီမံကိန်းကိုတော့ မတားဆီးဘူး။ငါတို့လည်း တိုးတက်မှ ဖြစ်မည်၊ စီမံကိန်းမှာ တိုင်းပြည် တိုးတက်မှုနှုန်း ဘယ်လောက်ရှိမလဲနှင့် သူတူညီမျှနဲ့ တရားမျှတမှု ဘယ်သူ အာမခံမှာလည်း ဆိုသည့် စာသားများ ပါဝင်ကြောင်း ၀က်မှေး ရွာခံတစ်ဦးက ပြောကြားသည်။ မုံရွာမြို့တွင်းတွင် လှည့်လည်မည့် လမ်းကြောင်းမှာ လွှတ်တော်ရုံးလမ်းမှ လွှတ်တော်ရုံးအထိ၊ နာရီစင်မှရွှေစည်းခုံ ဘုရားလမ်း အတိုင်းတိုင်းအုပ်ချုပ်ရေးမှုး ရုံးအထိ ဦးစားပေး ဖြစ်ပြီး၊ဒုတိယ လမ်းကြောင်းမှာကံသာယာရှေ့မှ ဗိုလ်ချုပ်လမ်းအတိုင်း နာရီစင်ထိ၊နာရီစင်မှရွှေစည်းခုံ “ကျွန်မတို့ စာသွားတင်တော့ မုံရွာအမှတ်(၁) ရဲစခန်းကို သွားတင်ပါတယ်တာဝန်ကျ ရဲဝန်ထမ်းက တင်တဲ့စာ ကိုလက်ခံ ထားလိုက်ပါတယ်နောက်ထပ် ၂ရက်နေရင် ပြန်အကြောင်းကြားမယ် ပြောပါတယ် မနက်ဖြန်၂၅ရက်နေ့ဆိုရင် သိရပါပြီသူတို့ ဘယ်လို အကြောင်းပြန်မလဲတော့ မသိသေးဘူး။ကျွန်မတို့က ဥပဒေဘောင်အတွင်းကနေ စာတင်တယ်။ ကျွန်မတို့ လူတွေကို ကန့်သတ်တဲ့ အနေနဲ့ရှေ့ဆုံးကနေ နောက်ဆုံးထိ ကြိုးတန်းထားမယ် ဟု စာတင်ခဲ့ရာတွင် ဦးဆောင်ခဲ့သည့်ဝက်မှေးရွာခံ အမျိုးသမီး တစ်ဦးက ပြောကြားသည်။ The Voice Weekly | ||||||
Posted: 24 Jul 2012 06:19 AM PDT
မန္တလေး၊ ဇူလိုင်-၂၄
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းတွင် ဖြတ်သန်း စီးဆင်းနေသော ပန်းလောင်မြစ်ရေကို စမာရေလွှဲဆည်အတွင်း မသိုလှောင်ဘဲ သဘာဝအတိုင်း စီးဆင်းခွင့်ပြုရန် ဒေသခံများက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေနှင့်အညီ ဇူလိုင် ၂၅ ရက်တွင် ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဆန္ဒထုတ်ဖော်ရသည့် အကြောင်းရင်းမှာ မြစ်သားမြို့ရှိ ပန်းလောင်မြစ်ပေါ်တွင် တည်ဆောက်ထားသော စမာရေလွှဲဆည်သည် သတ်မှတ်ထားသော လယ်ဧကများကို အကျိုးမပြုခြင်း၊ ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အမျိုး သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး လွှဲဆည်ပါဝင်နေခြင်း၊ ၎င်းဆည်ကြောင့် မြို့လူထုရေဘေးဒုက္ခ နှစ်စဉ်ကြုံရခြင်း၊ အကျိုးမပြုသည့် ဆည်ကို မဖျက်သိမ်းဘဲ မြို့ရေ ဘေးဒုက္ခမကြုံရန်ဟုဆိုကာ သဲထုတ်ရေတံခါးစီမံကိန်းကို ကျပ်သိန်းခုနစ်ထောင်ကျော် အကုန်အကျခံတည်ဆောက်ခဲ့ ခြင်း၊ ယင်းဆည်ကြောင့်မြို့ရေအောက်ရေမျ နေပြည်တော်၊ မန္တလေး၊ ကျောက်ဆည်ဒေသများမှ ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူများက ဆန္ဒပြပွဲမပြုလုပ်မီ နှစ်ရက်အလို ဇူလိုင် ၂၃ ရက်က စမာဆည် သဲထုတ်ရေတံခါးစမ်းသပ်ထုတ်လွှတ်မှု စမာရေလွှဲဆည်သည် သတ်မှတ်ထားသော ဧက ၁၀၀၀၀ ကို အကျိုးမပြုနိုင်သေးသော်လည်း ဧက ၇၀၀၀ ကျော်ခန့်ကို ရေပေးဝေနိုင်နေသည်ဟု ဆိုသည်။ သိန်း ၇၀၀၀ ကျော် အ ကုန်အကျခံတည်ဆောက်သည့် သဲထုတ်ရေတံခါးသည် မြို့လူထုကို ဆည်ကြောင့်ရေကြီးမှုဒုက္ခကို မခံစားရစေဖို့ အာမခံသည်ဟု ၎င်းတို့က ဆိုသည်။ တစ်နိုင်ငံလုံး အကျိုးမရှိသော ဆည် ၆၇ ခုစာရင်းတွင် ပါဝင်သော်လည်းလုံးဝ အကျိုးမပြုခြင်း၊ သုညရာခိုင်နှုန်းမဟုတ်ဘဲ အကျိုးပြုသည့် ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းကျော် သတ်မှတ်သတ်ထားသည်ဟု ဆိုသည်။ မြေအောက်ရေမသန့်ရှင်းမှုဆိုသည်မှ အဖြေထွက်ကြောင်း သိရသည်။ ဇူလိုင် ၂၅ ရက်တွင်ပြုလုပ် မည့် ဆန္ဒထုတ်ဖော်ပွဲကို မြစ်သားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မူလတင် ထားသည့်လူဦးရေ ၅၀၀ အစားလူဦးရေ ၁၀၀သို့လည်းကောင်း၊ ဆန္ဒပြချိန် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ အစား၊ နံနက် ၉ နာရီမှ ၁၀ နာရီထိလည်းကောင်း မြို့လယ်လမ်းတွင် စီတန်းလမ်းလျှောက်ခြင်းအစား မြို့စွန်လမ်းသို့လည်းကောင်း၊ ပြောင်း လဲ၍ ခွင့်ပြုပေးခဲ့သည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မြစ်သားမြို့ခံ များနှင့်စမာရေလွှဲဆည်၏ အကျိုး ပြုလယ်ဧကထဲတွင် ပါဝင်သတ်မှတ်ခံရသော်လည်း မိမိတို့အတွက် အမှန်တကယ်အကျိုးမပြုဟု ယူဆထားကြသောတောင်သူ လယ်သမားများပါ ၀င်ရောက်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြော by 7Day News Journal | ||||||
Posted: 24 Jul 2012 06:03 AM PDT
ရန်ကုန်၊ ဇူလိုင်-၂၄
ရန်ကုန်မြို့၊ သမိုင်းဘူတာရုံရှေ့ရှိ မြန်မာ့မီးရထားပိုင်မြေများတွင် ကျူးကျော်ဆိုင်ခန်းဖွင့်လှစ်ထား မြန်မာ့မီးရထားပိုင်မြေအတွင်း ကျူးကျော်နေထိုင်ကြသူများအား ဖယ်ရှားပေးရန် လွန်ခဲ့သည့် တစ်နှစ်ကပင် သတိပေးစာများ ထုတ်ပြန်ထားခဲ့ ကြောင်း၊ ယခုကဲ့သို့ ရှင်းလင်းမှုများကို အသုတ်လိုက်ခွဲ၍ ဆက်လက်ရှင်းလင်းဖယ်ရှားမည်ဖြစ်ေ ယခုနေရာသည် ကျူးကျော်မြေဖြစ်သည်ကို မိမိတို့အနေဖြင့် သိရှိပါသော်လည်း မြန်မာ့မီးရထားအနေဖြင့် မည်သည့်လုပ်ငန်းမှ ဆောင်ရွက်ခြင်းမရှိသဖြင့် စားဝတ်နေရေးအရ ဆိုင်ခန်းများ လာရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းမှုအပေါ် ဌာနဆိုင်ရာမှ တာဝန်အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟုသာမြင် by 7Day News Journal | ||||||
Posted: 24 Jul 2012 05:51 AM PDT
“ကျောင်းတက်ကာစ မိုးရွာနေတဲ့ချိန်ပေါ့၊ နံနက်(၉)နာရီမိနစ်(၂၀)လောက်ရှိ
ဇူလိုင်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင် ကျောက်တင်ကားသည် ဘရိတ်ပေါက်(ကနဦးထင်မြင်ချက်)၍ သံလွင် တံတားမှ အဆင်းအရှိန်ဖြင့် လမ်းကြောင်းမှားကာ လမ်းလယ်ကျွန်း၊ ကျောင်းခြံစည်းကို ထိုးဖောက်ကာ ကံ့ကော်ဆောင်၊ ဒဿမတန်း(က)အခန်းသို့(၃)ပေခန့်ကျ
အဆိုပါယာဉ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုကို မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်ကိုယ်တိုင် ကြည့်ရှုအားပေးခဲ့သည်ဟု Eleven Media Group အင်တာနက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။ | ||||||
Posted: 24 Jul 2012 05:41 AM PDT
ပြည်မြို့က အခြေအနေမဲ့ ကလေးငယ်တွေအတွက် ပညာသင်ပေးတဲ့ အစီအစဉ်ကို လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ စပြီး ဖွင့်လှစ်လိုက်ပါတယ်။
မြို့ပေါ်မှာ တောင်းရမ်း စားသောက်နေရတဲ့ ကလေးတွေ၊ ပလပ်စတစ် လိုက်ကောက်နေတဲ့ ကလေးတွေကို ခေါ်ယူပြီး လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ ဦးမြင့်အေးရဲ့ နေအိမ်မှာ လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက စပြီး စာသင်ပေးနေခဲ့ရာ ကနေ ဒီနောက်ပိုင်း ကလေးဦးရေ များလာတဲ့အတွက် မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းမှာ သင်ပေးဖို့ လျှောက်ထားခဲ့ရာမှာ ဆရာတော်က ခွင့်ပြုခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းထိုက်က RFA ကို ပြောပါတယ်။ "တချို့က ပလပ်စတစ်ကောက်တယ်၊ တချို့က တောင်းစားတယ်။ ဒီကလေးတွေရဲ့ ရှေ့ရေးကို မြင်ပြီးတော့ ကျွန်တော်တို့ အုပ်စုက ဒီကလေးတွေကို တစ်ခုခု လုပ်ပေးကြမယ်ဆိုပြီးတော့၊ စဉ်းစားပြီးတော့ ရှေ့နေ ကိုမြင့်အေးအိမ်မှာ ကလေးတွေကို စုတယ်။ စုပြီးတော့ စာသင်ပေးတယ်။ သူတို့စာသင်ချင်အောင်လို့ သူတို့ကို မက်လုံးလေးတွေ ပေးရတယ်ပေါ့နော်။ တချို့မုန့်ဝယ်ကျွေးတာတို့၊ အဝတ်အစားလေးတွေ ဝယ်ပေးတာတို့ ဒါမျိုးလေးတွေ လုပ်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားဝင် Fund တော့ မရှိဘူး။ နီးစပ်ရာပဲ။ ဟိုလူပေး ဒီလူပေးပေါ့နော်။ မနက်ထမင်းကျွေးတဲ့ အချိန်ကျရင် ကျွန်တော်တို့က အသုတ်လိုဟာမျိုး တစ်ထုတ် ၁၀၀ တန်တို့ တစ်ထုတ်စီလောက် ဝယ်လိုက်တယ်။ ထမင်းဖြူ ၁၀၀ ဖိုးလောက်စီဝယ်တယ်။ ဝယ်ပြီးတော့ တစ်ယောက်ကို တစ်ကိုတာ စီပေါ့နော်။ ကျွန်တော်တို့လည်း ဒီလောက်ပဲ တတ်နိုင်တယ်လေ။ အဲဒီလိုလုပ်ပေးပြီးတော့ ခုန ဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးကို လျှောက်ပြီး အဲဒီကျောင်းထဲမှာ တစ်နေကုန် ကျွန်တော်တို့ စာသင်ခန်းထဲမှာ ထားတဲ့ ပုံစံမျိုးနဲ့ လုပ်လိုက်တယ်" အခု လောလောဆယ် ကလေး ၃၀ ကျော်လောက်ကို စာသင်ပေးနေပြီး သူတို့ကို ရှေ့နေ ဦးမြင့်အေးရဲ့ ရုံးအဖွဲ့ဝင် ရှေ့နေ အမျိုးသမီးငယ်တွေက ဆရာ ဆရာမတွေအဖြစ် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လာမယ့် စာသင်နှစ်မှာ ဒီကလေးတွေထဲက ၄ ယောက်ကို အစိုးရကျောင်းမှာ ထားပေးဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။ RFA Burmese (RFA- ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ပြည်မြို့ မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းတွင် အခြေအနေမဲ့ ကလေးငယ်များ ဘုရားရှိခိုး နေကြစဉ်။) | ||||||
Posted: 23 Jul 2012 08:52 PM PDT
ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသြ
၎င်း၏ အဆိုတွင် good gorvernment ကောင်းမွန်သော အစိုးရ၊ clean gorvernment သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။ NLD ပါတီမှ တင်သွင်းသော အဆိုသည် ယခုအကြိမ်သည် ပထမ အကြိမ်ဖြစ်သည်။ Popular Myanmar News Journal | ||||||
Posted: 23 Jul 2012 08:47 PM PDT
မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂတွင် ပါဝင်သည့် ကျောင်းသား အင်အား သောင်းချီ ရှိနေပြီး တက္ကသိုလ် တစ်ခုတွင် ကျောင်းသား၊ ကျောင်းသူ ရာနှင့်ချီ ပါဝင်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တက္ကသိုလ်များ အားလုံးတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းပြီးပြီ ဖြစ်ကြောင်း ၄င်းက ဆိုသည်။ သက်ဆိုင်ရာ တက္ကသိုလ်များ၏ ကျောင်းသား ခေါင်းဆောင်များက ဗဟုသုတများ ဖြန့်ဝေကာ စည်းရုံးရေး စလုပ်နေပြီး ခရိုင်အလိုက် ကျောင်းသားသမဂ္ဂ ၄၀ ပေါ်လာရင် ကျောင်းသားသမဂ္ဂ ညီလာခံ ကျင်းမည် ဖြစ်ကြောင်း ယခု ၁၉၆၂ ကျောင်းသားသမဂ္ဂ ညီလာခံက ဆုံးဖြတ်ထားသည့် ဥပဒေများသည် ယနေ့ခေတ် ကျောင်းသားများ အတွက် လိုက်လျောညီထွေ မရှိကြောင်း ကျောင်းသားထု၏ ဆန္ဒနှင့်အညီ ကျောင်းသားညီလာခံ ခေါ်ကာ အခြေခံဥပဒေ ရေးဆွဲသွားမည်ဟု ဧရာတီတိုင်း ဒေသကြီး ဗ.က.သများ အဖွဲ့၏ တာဝန်ခံလည်း ဖြစ်သူ ၄င်းက ရှင်းပြသည်။ မြန်မာနိုင်ငံ၏ ခရိုင်၂၅ခုရှိ တက္ကသိုလ်များ ဖြစ်သော နည်းပညာ တက္ကသိုလ်၊ ၀ိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်၊ ကောလိပ်၊ ရေကြောင်းသိပ္ပံ တက္ကသိုလ်၊ လေကြောင်း အတတ်သင်၊စိုက်ပျိုးရေး သိပ္ပံကျောင်းများတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းပြီးဖြစ်ကြောင်း ဗ.က.သများ အဖွဲ့ဝင်တစ်ချို့ထံမှ စုံစမ်း သိရှိ ရသည်။ The Voice Weekly | ||||||
Posted: 23 Jul 2012 08:40 PM PDT
This e-mail message contains potentially unsafe links to these sites: 2.bp.blogspot.com ဒလမြို့နယ် တုံးတင်ကန်မြောက် လယ်ကွင်းတွင် အသက် ၂၇နှစ်အရွယ် အိမ်ထောင်သည် မ --- သည် သမီးဖြစ်သူနှင့်အတူ ဇူလိုင် ၁၈ ရက် ည ၇ နာရီတွင် လယ်တဲဈေးဆိုင်သို့ ဈေးဝယ်ပြီး ပြန်လာစဉ်-- သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 23 Jul 2012 08:30 PM PDT
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မှာရှိသည့် ဂရိတ်ဝေါလ်သကြား စက်ရုံကို ဒေသခံပြည်သူတွေက ဆန္ဒထုတ်ဖော်မည် ဆိုသောကြောင့် တကောင်းဒေသရှိ အာဏာပိုင်များ က လုံခြုံရေးတင်း ကြပ်စွာချထား ကြောင်း သတင်းရရှိသည်။
ဂရိတ် ဝေါလ်သကြားစက်ရုံမှ ရေဆိုးများ ဖောက်ချနေမှုကြောင့် အနံ့အသက် ဆိုးရွားသည့်အပြင်တခြားသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဒဏ်များကို ဒေသခံပြည်သူများခံစားနေရသည့် အတွက် ၎င်းကိစ္စကိုဆောင်ရွက် ပေးရန် တာဝန်ရှိသူတွေကိုပြော ကြားသော်လည်း မည်သို့မှမထူး ခြားလာသောကြောင့် ယခုလို ဆန္ဒ ထုတ်ဖော်ရန် စိတ်အားထက်သန် နေခြင်းဖြစ်ကြောင်းကို သပိတ်ကျင်း မြို့နယ်အမျိုးသားဒီမိုကရေစီအဖွ ““ဗန်းမော်-မန္တလေးသွားတဲ့ ကားလမ်းတွေမှာ ရဲကားသုံးစီးနဲ့ ကင်းလှည့်တယ်။ နောက်ပြီး ဂရိတ် ဝေါလ်စက်ရုံရှေ့မှာလည်း ရဲတွေ အများကြီးချထားတယ်။ လက်ထဲ မှာလည်း တုတ်၊ ဒိုင်းတွေကိုင် ဆောင်ထားတယ်။ အင်အားက လည်း ၂၀၀ နီးပါးရှိတယ်””ဟု ဦးခင်မောင်သန်းကပြောကြားခဲ့ သည်။ မောင်းကုန်ဒေသခံပြည်သူ တွေက ဇူလိုင်လ (၁၆) ရက်မှာ ဆန္ဒထုတ်ဖော်ဖို့စီစဉ်ထားသော် လည်း ရဲများကအကြမ်းဖက်နည်း မှာ အသုံးပြုမည်ကိုစိုးရိမ်းသော ကြောင့် ဆန္ဒထုတ်ဖော်ဖို့ကိစ္စကို ဆိုင်းငံ့လိုက်ရတာပါ””ဟု သတင်း ရရှိသည်။ ““ကျွန်တော်တို့ကိုဦးဆောင် မည့် ဦးစိန်လှကအဲဒီနေ့မှာ မလာ ဖြစ်ဘူး။ နောက်ပြီးရဲတွေကလည်း သေနတ်တွေနဲ့ ဆိုတော့ တချို့ လူတွေကကြောက်နေကြတယ်။ အဲနေ့က ဆန္ဒထုတ်ဖော်ဖို့ကိစ္စမလုပ် ဖြစ်သေးဘူး။ ကျွန်တော်တို့ကို ဦးဆောင်မယ့် လူရှိရင်ကျွန်တော် တို့က ဆန္ဒထုတ်ဖော်နေဦးမှာပါ”” ဟု မောင်းကုန်ဒေသခံပြည်သူတစ် ဦးကပြောကြားခဲ့သည်။ ဂရိတ်ဝေါလ်သကြားစက်ရုံ မှ ထွက်ရှိလာသည်ရေဆိုးအညစ် အကြေးတွေကို အများဆုံးခံစားရ သည့်ကျေးရွာများတွင် မောင်းကုန်း ရွာ၊ မလိုင်ခြုံရွာ၊ ဥစ္စုံရွာ၊ ကင်ပွန်း ကြီးရွာ၊ ကင်ပွန်းလေးရွာ၊ ဘူးကြီး ကန်းရွာ၊ တောရရွာ၊ သပြေကုန်း ရွာနှင့် မြတောင်ကျေးရွာတို့ဖြစ် ကြသည်။ သကြားစက်မှရေဆိုး များ လျှံကျမှုကြောင့် ဇူလိုင်လ (၄) ရက်နေ့က စက်ရုံအနီးဝန်းကျင်ရှိ မလိုင်ခြုံကျေးရွာမှ ခိုင်းနွားတစ် ကောင်သေဆုံးခဲ့ရကြောင်း ရေတက် ချိန်ချောင်းရိုးမှ တက်လာသော ရေများသည် အနီရောင်ရှိပြီးအနံ့ အသက်လည်း ဆိုးရွားသောကြောင့် ဒေသခံများ အသက်ရှုကြပ်သည် အထိမခံမရပ်နိုင်အောင်ဖြစ်နေ ကြောင်းကိုလည်း သိရှိရပါသည်။ ညီမင်း - Hot News Weekly | ||||||
Posted: 23 Jul 2012 07:48 PM PDT
ဆေးမတိုး တော့တဲ့ တီဘီ ရောဂါ တိုက်ဖျက် ရာမှာလဲ ဒီကုထုံးသစ်က လက်ရှိ ဆေးဝါးတွေ ထက် ပို ထိရောက် တယ်လို့ ဆေး လက်တွေ့ စမ်းသပ်မှု ပထမ ရလဒ် တွေက ပြသ နေပါတယ်။ တောင် အာဖရိကမှာ ၂ ပတ်ကြာ စမ်းသပ်မှု တွေအရ ဒီဆေး အတွဲသစ်က တီဘီ ပိုး နှိမ်နှင်း ရာမှာ ၉၉ ရာခိုင်နှုန်း ထိရောက်တယ် လို့ သုတေသီ တွေက ဆိုပါတယ်။ရေရှည် ဆေးအာနိသင် အတွက် စမ်းသပ်မှု တွေလဲ စတင် နေပါပြီ။ ဘီဘီစီ - မြန်မာဌာန | ||||||
Posted: 23 Jul 2012 07:43 PM PDT
၂၀၁၀ ခုနှစ်၊ မေလ ၁၀ ရက်နေ့က တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီးတဲ့နောက် မနေ့က တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေဟာ သွေးထွက်သံယို အများဆုံးဖြစ်ပါတယ်။ မနေ့ကအဆိုးဆုံး တိုက်ခိုက်မှုဟာ ဘဂ္ဂဒက်မြို့တော်ရဲ့ မြောက်ဘက် ၁၆ မိုင်အကွာ တာဂျီမြို့မှာ ဖြစ်ပွားခဲ့ပြီးတော့ လူ ၄၀ နီးပါး သေဆုံးသွားခဲ့ပါတယ်။ မနေ့က တိုက်ခိုက်မှုတွေမှာ သေနတ်သမားတဦးက အနောက်မြောက်ပိုင်းက စစ်စခန်းတခုမှာ ပစ်ခတ်လို့ အီရတ်စစ်သား ၁၅ ဦးသေဆုံးရမှုလည်း ပါဝင်ပါတယ်။ မြောက်ပိုင်းက ကာကပ်မြို့မှာ ဆက်တိုက် ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဘဂ္ဂဒက်မြို့တော်မှာ ကားဗုံးခွဲ တိုက်ခိုက်မှု တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ မနေ့က တိုက်ခိုက်မှုတွေအတွက် ဘယ်သူ ဘယ်ဝါ လက်ချက်ဖြစ်တယ် ဆိုတာကိုတော့ မသိရသေးပါဘူးခင်ဗျာ။ှဗွီအိုအေ (မြန်မာဌာန) | ||||||
Posted: 23 Jul 2012 07:39 PM PDT
ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အသေရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး မင်္ဂလာဒုံ ရဲစခန်းက ဦးနေမျိုးဝေကို ဒီကနေ့  ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်က မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဦးဆောင်ပြီး တောင်သူလယ်သမားများ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြပွဲပြုလုပ်နေစဉ်။
ဒီကနေ့ ခေါ်ယူစစ်ဆေးတာကို ထွက်ဆိုခဲ့တာနဲ့ ပတ်သက်လို့  ဦးနေမျိုးဝေက အာအက်ဖ်အေကို အခုလိုပြောပါတယ်။
"ကျွန်တော်နဲ့ ဇေကမ္ဘာ ကုမ္ပဏီ အကြားမှာ အပြန်အလှန် ပြောဆိုတဲ့ ကိစ္စတွေဟာ ပြည်တွင်းဂျာနယ်တွေမှာ သက်သေအထောက်အထားတွေ အကုန်လုံး အခိုင်အမာရှိပါတယ်။ ဒီနေ့ ၂၃ ရက် ရက်စွဲအထိ ပြောဆိုထားတဲ့ စကားတွေ မှန်ကန်ကြောင်း ကျွန်တော် တာဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒီ ကျွန်တော်ထောက်ပြတာတွေက ဂုဏ်သရေ ညှိုးနွမ်းအောင်မျိုး ပြောဆိုတာမျိုး မဟုတ်ပဲနဲ့ ကျွန်တော့်ရဲ့ နိုင်ငံရေးတာဝန်အရ ပြည်သူချင်းပဲ ဖြစ်ဖြစ်၊ ပြည်သူနဲ့ အစိုးရပဲ ဖြစ်ဖြစ် အငြင်းပွားမှုတွေမှာ ကျွန်တော်တို့ မှန်ကန်တယ်လို့ လေ့လာသုံးသပ် ဖော်ထုတ်တွေ့ရှိချက်တွေကို အမှန်အတိုင်း ထောက်ပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်အဲဒီလိုမျိုး ရှင်းပြပါတယ်"
အမှုဖြစ်စဉ်မှာ ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်အဖြစ် ချထားပေးခြင်းမရှိ၊ လန ၃၉ မကျ၊ လယ်ယာမြေ အသုံးပြုခွင့်မရှိပဲနဲ့  အဆောက်အဦးတွေ ဆောက်တာ၊ လမ်းတွေဖောက်တာ၊ အုတ်မြောင်းတွေ ဆောက်တာ၊ မီးတိုင်တွေ စိုက်တာတွေ ဟာ ဥပဒေနဲ့ မညီကြောင်း၊ ဒါ့အပြင် လယ်ယာမြေတွေကို နိုင်ငံတော်က သိမ်းတယ်လို့ တောင်သူ လယ်သမားတွေကို ကုမ္ပဏီက ပြောဆိုနေတာတွေဟာ မမှန်ကန်ကြောင်း ဂျာနယ်တွေကို ဦးနေမျိုးဝေက ပြောခဲ့တယ်လို့  ဆိုပါတယ်။
"ခုလည်း ရဲတပ်ဖွဲ့ကတော့ မြို့န်ာအိုးအိမ်တို့၊ အိုးအိမ်ဦးစီးဌာနမှာ လန ၃၉ ကျ မကျ မေးမြန်းပြီးပါပြီဗျ။ အဲဒီ ထွက်ရှိလာတဲ့ အဖြေကို ကျွန်တော့်ကို ပြောလိုက်ပါတယ်။ ကျွန်တော်တို့နဲ့ အိုးအိမ်နဲ့ သိခဲ့ဟာကတော့ လန ၃၉ မကျဘူးဆိုတာ သိထားပါတယ်။ ရဲတပ်ဖွဲ့ကလည်း သိထားပြီးပါပြီ"
စက်မှုဇုန် ၁ ၊ ၂ ၊ ၃ အဖြစ် လယ်မြေဧက ၃၀၀၀ ကျော်မှာ လန ၃၉ ကျသွားပြီ ဖြစ်ပါတယ်။ စက်မှုဇုန် ၄ ကတော့ လန ၃၉ မကျပဲ သီးစားပြန်ချထားတာ ဖြစ်ပါတယ်။ ဦးနေမျိုးဝေဟာ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမား (၈၀) ကျော်ပိုင်တဲ့ လယ်မြေ (၈၁၅) ဧကကို ဇေကမ္ဘာကုမ္ပဏီ လက်ထဲကနေ လယ်သမားတွေ လက်ထဲ ပြန်လည်ရောက်ရှိရေး၊ ဒါမှမဟုတ် ကာလ ပေါက်ဈေးရဲ့ ၁၀ ရာခိုင်နှုန်းကို နစ်နာကြေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။အဲဒီလယ်မြေတွေကို စက်မှုဇုန် တည်ဆောက်ဖို့ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက သိမ်းယူခဲ့တာလို့ လယ်သ |
0 comments:
Post a Comment