Monday, July 23, 2012

အင်္ဂလိပ်စာ အင်္ဂလိပ်သဒ္ဒါ လေ့လာစရာ သိစရာလား

Posted by Kyaw Win Tun on July 17, 2012 at 13:40 in


အင်္ဂလိပ်စာ လေ့လာလျင် သဒ္ဒါကိုလေ့လာဖို့ လိုသလား။

လိုပါသည်။
ဘာကြောင့်လဲ။
သဒ္ဒါသိမှသာ မှန်မှန်ကန်ကန်ပြန်သုံးတတ်မှာပါ။
ပြန်သုံးဖို့ မရည်ရွယ်ရင်ရော။
မရည်ရွယ်ရင်လည်း သဒ္ဒါကိုလေ့လာသင့်ပါသည်။ ပြန်သုံသည်ဆိုရာမှာ အပြောနှင့် အရေးကိုဆိုလိုပါ သည်။ ပြန်သုံး ဖို့ မရည်ရွယ်လျင်လည်း အဖတ်နှင့်အကြား အတွက်လိုပါသည်။
စွမ်းရည်လေးမျိုး စလုံးအတွက် လို သည်ဟု ဆိုရပါ မည်။ သို့ သော် အဖတ်အတွက်မူ အခြေခံ ၀ါကျပုံစံများကို သိထားရုံမျှဖြင့် စာအုပ်အလွယ်ဖတ်အတော်များများကို ဖတ်နိုင်ပါလိမ့်မည်။ အကြားအတွက်မူ အခြေခံအသံထွက် ပိုင်း ကိုပါလေ့လာရပါမည်။ ဝေါဟာရကြွယ်ဖို့ ရန်လည်း အာရုံစိုက်ရပါမည်။ ဝေါဟာရများများရဖို့ သည်သဒ္ဒါထက်ပင်ပိုအရေးကြီသည်ဟုဆိုနိုင်ပါမည်။
သဒ္ဒါရရုံဖြင့် အဖတ် အကြား အရေး အပြော လေးမျိုးစလုံးပိုင်နိုင်ပါသလား။
မပိုင်နိုင်ပါ။ သဒ္ဒါရရုံဆိုသည်မှာ များသောအားဖြင့် ဘာသာစကားဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်းများ ကို သိ သည့် အဆင့်သာရှိတတ်ပါသည်။ ဥပမာ ကတ္တား ဆိုသည်မှာဘာ ကြိယာဆိုသည်မှာဘာ သိသည့် သဘောကို ဆိုလို ပါ သည်။ ရေကူးတတ်ဖို့ ရေထဲမဆင်းကြည့်ဘဲ ကုန်းပေါ်တွင် လက်လှုပ်ခြေလှုပ်နေသည်နှင့် တူပါသည်။
ဘာကို စလေ့လာရမလဲ။ သဒ္ဒါကလား အဖတ်ကလား။
ဘာကစ စ ရပါသည်။ အရေးကြီးသည်မှာ တစ်ခုတည်းကို အာရုံမစိုက်မိဖို့ ဖြစ်သည်။ ဝေါဟာရ၊ အသံထွက် တို့ ကို လည်း လေ့လာဖို့ ရန်မမေ့သင့်ပါ။ တခုချင်းစီသပ်သပ်လေ့လာသလို ရောပေါင်းပြီလည်းလေ့လာလို့ ရပါသည်။ ဥပမာ ဖတ်မိသည့် စာအုပ်တွင်ပါသည့် ကိုယ်လေ့လာချင်သည့် စာကြောင်းပုံသဏ္ဌာန်ကိုလိုက်ရှာကြည့်တာမျိုးပါ။ ပေးရမည့် အချိန်အားဖြင့်ဆိုလျင် တစ်နာရီတွင် သဒ္ဒါအတွက် ဆယ်မိနစ်စာ လောက်ပေးပြီး ကျန်သော ဝေါဟာရ၊ အဖတ် နှင့် အပြောအတွက် ကို ပိုအချိန်ပေးသင့်ပါသည်။
သဒ္ဒါကို ဘယ်အဆင့်အထိလေ့လာသင့်ပါသလဲ။
သဒ္ဒါလေ့ကျင့်ခန်းစာအုပ်များတွင် တွေ့ ရတတ်သည်မှာ အခြေခံအဆင့်၊ အလယ်ဆင့်၊ အထက်ဆင့်ဟူ၍ တွေ့ ရ တတ်သည်။ အခြေခံအဆင့်တွင်ပါတတ်သည့် အရာများကိုအာဂုံဆောင်နိုင်ပါစေ၊ ဖတ် တတ်မည် ပြောတတ်မည်ဟု မဆိုနိုင်ပါ။ အသုံးများသည့် သဒ္ဒါပုံစံများကို ထိုအခြေခံအဆင့် စာအုပ် တွင် ရှာပါ။ စာအုပ်၏ မာတိကာ အစဉ် အတိုင်းမလေ့လာသင့်ပါ။ ဥပမာ အတိတ်ကာလဆိုင်ရာ အသုံး တွင် Simple Past Tense ကို Past Perfect Continuous ထက် အရင်သိထားသင့်ပါသည်။ ဖတ်ရာ တွင် ဖြစ်စေ၊ ပြောရာတွင်ဖြစ်စေ များများတွေ့ ရ သုံးရ တတ်သည့် သဒ္ဒါအသုံးများ ကိုအရင် သိ အောင် အားထုတ်ထားသင့်ပါသည်။
သဒ္ဒါကို ဘယ်လိုလေ့လာသင့်သလဲ။
ပုံသေနည်းမရှိပါ။ သို့ သော် သဒ္ဒါလေ့လာလျင် စည်းမျဉ်းများကိုလေ့လာရုံဖြင့်မပြီးဆိုသည်ကိုသိထား သင့်ပါသည်။ ဘာသာဗေဒပညာရှင်များက နှစ်မျိုး သုံးမျိုး စသည်ဖြင့် ခွဲ ပြတတ်ကြပါသည်။ သဒ္ဒွါပုံစံ၊ ထိုပုံစံ၏ အသုံး စသည်ဖြင့်ဖြစ်သည်။ စည်းမျဉ်းဟုဆိုရာတွင် အသုံးများကိုဆိုလိုတတ်ပါသည်။ ဥပမာ Simple Past Tense တွင် Verb ၏ Past Form ကိုသုံးရမည်။ ဘယ်လိုနေရာ များတွင်သုံး သည် စသည်ဖြင့်သိထားတတ်ကြသည်။ မလုံလောက်ပါ။ ထိုအသုံးများကို များများတွေ့ ရန် ဖတ်ရပါမည်။ ကြားဖူးရပါမည်။ ပြန်လည်းသုံးဖူးရပါမည်။
သဒ္ဒါကိုမသိဘဲ အင်္ဂလိပ်စာ စကားပြောတတ်နိုင်ပါသလား။
ပြောတတ် ဖတ်တတ် ရေးတတ်နိုင်ပါသည်။ သို့ သော် များများ မဖတ် မကြား မရေး မပြောဘဲနှင့်တော့ မရနိုင်ပါ။ ဝေါဟာရသည်လည်း သဒ္ဒါကဲ့သို့ အရေးကြီးပါသည်။ အမှားကင်ကင်းပြောတတ် ရေးတတ် လိုလျင်တော့ သဒ္ဒါကို ကျွမ်းကျင်ရပါမည်။ သဒ္ဒါသည် Fluency ဟုခေါ်သော ရေလည် အောင်လေ့ ကျင့်သည့် အပိုင်းနှင့်မဆိုင်ပါ။ Accuracy ဟုခေါ်သော တိကျအောင်လေ့ကျင့်သည့် အပိုင်း နှင့် သာဆိုင်ပါသည်။ လေ့ကျင့်ရာတွင် ထို နှစ်ပိုင်းစလုံးကို အာရုံစိုက်ရပါမည်။ Fluency ပိုင်းကို များ များလေ့ကျင့်လျင်ပိုကောင်းသည်ဟု ထင်ပါသည်။


Read more: အင်္ဂလိပ်စာ အင်္ဂလိပ်သဒ္ဒါ လေ့လာစရာ သိစရာလား - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A663154&xgs=1&xg_source=msg_share_topic#ixzz21QWHAZnf

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...