ယောင်္ကျားတွေ မိန်းမ မရခင်
* December 24, 2009 ရက် ၊ 16:00 တွင် ရွှေအိမ်စည် ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
ယောင်္ကျားတွေ မိန်းမ မရခင်
ကိုယ့်အခန်း ၊ ကိုယ့် ပစ္စည်းကို သပ်သပ်ရပ်ရပ် သိမ်းဆည်းတတ်ကြတယ် .
မိန်းမရပြီးနောက်
ယောင်္ကျားတွေက အခန်းလည်း မသိမ်းချင်တော့ဘူး ၊ ပစ္စည်းတွေလည်း လျှောက်ပစ်ထားတတ်ကြတယ် . .အမှန်က မိန်းမရပြီးလို့ သူတို့ပျင်းသွားတာ မဟုတ်ပါဘူး . မိန်းမရဲ့ တစ်ဖက်က ပစ္စည်းသိမ်းရင်း၊ တစ်ဖက်က တဗျစ်တောက်တောက် ဆူဆဲနေတဲ့ အသံကို သူတို့ကြားချင်လို့ဖြစ်တယ် .. ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ် . .
ယောင်္ကျားတွေ မိန်းမ မရခင်
နေမကောင်း၊ မကျန်းမမာ ဖြစ်ရင် ကျိတ်မှိတ်ခံတယ် . မခံနိုင်တော့ဘူးဆိုမှ ဆေးခန်းပြေးကြတယ် .
မိန်းမရပြီးနောက် . .
ယောင်္ကျားတွေက ချောင်းဆိုး ၊ ခေါင်းကိုက်ရင်လည်း မိန်းမကို ပြောပြတတ်ကြတယ် . .အမှန်က မိန်းမရပြီး သူတို့ပို ချွဲ့နွဲ့သွားတတ်တာ မဟုတ်ပါဘူး . သူတို့အတွက် စိတ်ပူ၊ စိတ်လှုပ်ရှားနေတဲ့ မိန်းမတွေရဲ့ အပြုအစုကို ခံချင်လို့ဖြစ်တယ် .. ဒါကိုပဲ ချမ်းမြေ့ချင်းတစ်မျိုးလို့ သူတို့ထင်တယ် ..
ယောင်္ကျားတွေ မိန်းမ မရခင်
ထမင်းကို တစ်ယောက်တည်းစားတယ်. . ဘယ်သူမှ အဖော်လုပ်ပေးစရာမလိုဘူး . .
မိန်းမရပြီးနောက် . . .
ယောင်္ကျားတွေက မိန်းမ ဆာသည်ဖြစ်စေ၊ မစာသည်ဖြစ်စေ မိန်းမ နဲ့ အတူ လက်ဆုံစားချင်ကြတယ်. .ကလေးငယ်တစ်ယောက်လို ပလုပ်ပလောင်းစားနေတဲ့ သူတို့ကို ထိုင်ကြည့်စေချင်ကြတယ်. .ဒါကိုပဲ ချမ်းမြေ့ချင်းတစ်မျိုးလို့ သူတို့ထင်တယ်. . .
ယောင်္ကျားတွေ မိန်းမ မရခင်
ပင်ပန်း ၊ မောပန်းတယ်လို့ ဘယ်တော့မှ မညည်းဘူး . .
မိန်းမရပြီးနောက် . . .
ယောင်္ကျားတွေက မပင်ပန်းလည်း ပင်ပန်းတယ်လို့ ညည်းတတ်ကြတယ် . အမှန်က မိန်းမရဲ့ သိမ်မွေ့နူးညံ့တဲ့ လက်လေးတစ်စုံနဲ့ နှိပ်နယ်တာကို သူတို့ခံချင်လို့ဖြစ်တယ်. .ဒါကိုပဲ ချမ်းမြေ့ချင်းတစ်မျိုးလို့ သူတို့ထင်တယ် . .
ယောင်္ကျားတွေ မိန်းမ မရခင်
မိန်းကလေးတစ်ယောက်ကို ချစ်တာ သူ့အားနည်းချက်ကို ချစ်တာပါလို့ သူတို့ပြောတတ်ကြတယ် ..
မိန်းမရပြီးနောက် အဲဒီစကားအတိုင်း သက်သေပြ ချစ်ပြသင့်တယ် ..
ယောင်္ကျားတွေ မိန်းမ မရခင်
ယောင်္ကျားတွေက ကတိသစ္စာတည်ရတယ်လို့ ပြောတတ်ကြတယ် ..
မိန်းမရပြီးနောက်
တစ်ခါတစ်လေ လိုအပ်ခဲ့ရင် ရိုးသားတဲ့ လိမ်ညာမှုလည်းလိုအပ်ကြောင်း သိလာခဲ့တယ် .
ယောင်္ကျားတွေ မိန်းမ မရခင်
မိန်းကလေးတွေ ဘာကြောင့် မျက်ရည်ခဏခဏ ကျရလဲဆိုတာ နားမလည်တတ်ခဲ့ဘူး . .
မိန်းမရပြီးနောက် .
မိန်းကလေးတွေ မျက်ရည်ကျတာဟာ သူတို့သိပ်ချစ်တဲ့လူ သူတို့ကို ထိခိုက်နာကျင်အောင်လုပ်လို့ဆိုတာ သဘောပေါက်လာခဲ့ကြတယ်. .
ယောင်္ကျားတွေ မိန်းမ မရခင်
မိန်းကလေးတွေ ထိခိုက်ခံစားလို့ ငိုကြွေးနေရင် ခြေမကိုင်မ၊ လက်မကိုင်မိနဲ့ ဘယ်လိုချော့ရမလဲဆိုတာ မသိတတ်ခဲ့ကြဘူး . .
မိန်းမရပြီးနောက်. .
ငိုကြွေးနေတဲ့ မိန်းကလေးတစ်ယောက်အတွက် အလိုအပ်ဆုံးက နွေးထွေးတဲ့ ထွေးပွေ့မှုနဲ့ မှီဖို့ ပုခုံးတစ်စုံဆိုတာ နားလည်ခဲ့ကြတယ် . .
ယောင်္ကျားတွေ မိန်းမ မရခင်
မိန်းကလေးတွေက အရမ်းစိတ်ကူးယဉ်ဆန်တယ် . .ရိုမန်တစ် ဆန်တယ်လို့ ထင်တတ်ကြတယ် .
မိန်းမရပြီးနောက် . .
မိန်းကလေးတွေ စိတ်ကူးယဉ်ခဲ့တဲ့အရာက သူတို့နဲ့ သက်ဆုံးတိုင် တစ်နေ့တစ်ခြား အိုမင်းသွားဖို့ ဖြစ်တယ်ဆိုတာ နားလည်ခဲ့ကြတယ် . .
ဧဒင်မှ...သူငယ်ချင်းများအတွက်...
သူငယ်ချင်းမိန်းမရပြိးနောက်...ဖွင့်ဟ၀န်ခံချက်....
ခင်မင်လေးစားတတ်သောရွှေအိမ်စည်
0 comments:
Post a Comment