Saturday, July 14, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၇)


သစ်ထူးလွင်



Posted: 14 Jul 2012 07:02 AM PDT
ရခိုင်ဒေသမှာရှိတဲ့ ကိုယ့်ကိုကိုယ် ရိုဟင်ဂျာလို့အမည်ပေးထားတဲ့ ဘင်္ဂါလီလူမျိုးကိစ္စတွေကို ကိုင်တွယ်ရာမှာ အလွန်အရေးပါတဲ့ တစ်ယောက်ရှိပါတယ်။ သူမကတော့ Jena ကိုခေါ်ပါတယ်။ သူမက ထိုင်းနိုင်ငံမှာ ရုံးထိုင်ပြီး ဒီ ရိုဟင်ဂျာကိစ္စကို ကမ္ဘာကိုပြောပြဖို့ အဓိက ဆောင်ရွက်ပေးရတဲ့တာဝန်ခံဖြစ်ပါတယ်။ သူမဟာ အရင်က မောင်တောဘူးသီးတောင် (ရခိုင်မြောက်ပိုင်း) စီမံချက်ရဲ့ စီမံချက် ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ သူမ ဟာ အလျင်းသင့်ရင် သင့်သလို ရခိုင်မြောက်ပိုင်းကို အလည်လာလေ့ရှိပြီး ၊ ကျန်းမာရေးစစ်တမ်းကောက် ယူမှု ကိုအခြေခံ ပုံဖျက်ကာ ရိုဟင်ဂျာကိစ္စကို ---

သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Jul 2012 06:42 AM PDT
ကားတိုက်ခံရပြီး ကိုယ်လက် အင်္ဂါ ဆုံးရှုံးခြင်းအား
အမှုမှန် မြန်မြန်ပေါ်ပေါက်စေရေးအတွက် ဝိုင်းဝန်းကူညီပေးကြစေလိုပါသည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ နယ်ဥဿာမြို့ သစ်၊ ကွင်းကြီး(၈)ရပ်ကွက် နေ မောင်ရဲဇော်ဟိန်း (ဖ) ဦးဇော်မြင့် အသက်(၂၂)နှစ် သည် ၁၀-၇-၂၀၁၂ ရက်နေ့ နံနက် (၀၉း၃၀)နာရီခန့် တွင် ပဲခူးကောလိပ်နှင့် ပဲခူးမြို့ တွင်း အကြား ကားလမ်းမပေါ်ရှိ နာဂဝန်ဘုန်းကြီးကျောင်းနှင့် သစ်သားအထပ်သားစက်ရုံအနီးတွင် ဆိုင်ကယ်စီးလာစဉ် သစ်သားအထပ်သားစက်ရုံသို့  ဆီလာချပြီးပြန်လည်ထွက်ခွာလာသည့် မော်တော်ယာဉ် အမှတ် (ထ-၂၇၅၅)၊ ဟိုင်းလပ်အမျိုးအစား အဖြူရောင်နှင့် တိုက်မိပြီးနောက် ဘေလုံးကွဲပျက်ပြီး ဘယ်ဘက်လက်မှာလည်း တံတောင်ဆစ်အထက်မှ ထက်ပိုင်းကျိုးပြတ်ကာ လက်မှာ ကားနှင့်ချိတ်ပါသွားပြီး နောက် ကျကျန်ခဲ့ပါသည်။

အမှုအား ပဲခူးမြို့ နယ် အမှတ်(၃) ရဲစခန်းမှ (ဒုရဲအုပ် မျိုးမင်းထွန်း (၀၉၄၀၀၄၅၇၅၃၅) မှ) ကိုင်တွယ် လျက်ရှိပြီး အခြေအနေအား မေးမြန်းလိုက်တိုင်း (စုံစမ်းလျက်/ ဆောင်ရွက်ဆဲ) ဟုသာ သိရှိရပြီး ကားပိုင်ရှင်မှာ ဝေါမြို့ နယ်မှ မထသ ဥက္ကဌ ၏ ကားဖြစ်သည်ဟု သိရှိရပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ယနေ့ တိုင် ထွက်ပြေးတိမ်းရှောင်လျက် ရှိပါသည်။ ကားပိုင်ရှင်မှ လည်း လူနာအား ယနေ့ တိုင် လုံးဝ လာရောက်မေးမြန်းခြင်း ဆေးဝါးထောက်ပံ့ ကူညီပေးခြင်းလုံးဝမရှိပါ။ မောင်ရဲဇော်ဟိန်း အား ၁၀-၇-၂၀၁၂ ရက်နေ့  နေ့ ခင်းမှ ယနေ့ ထိတိုင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ၅/၆ အဆောင်တွင် တက်ရောက် ကုသမှုခံယူလျက်ရှိပါသည် ထို့ ကြောင့် အမှုမှန် မြန်မြန်ပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း Myanmar  News Now ကို သတင်းပေးပို့ ထားပါသည်။

အသေးစိတ်သိရှိလိုပါက အမဖြစ်သူ ဒေါက်တာနှင်းမို့ မို့ ဇော် (၀၉၇၃၀၈၁၂၇၇)နှင့် အဒေါ် မဝင်းခိုင် (၀၉၄၉၃၇၆၄၁) တို့ အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Posted: 14 Jul 2012 06:25 AM PDT
တင်မောင်အေး
အထွေထွေအတွင်းရေးမှုး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ ဒေသခံတောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်နေသော လယ်မြေများကို ဇေကမ္ဘာ ကုမ္ပဏီက စက်မှုဇုန်အတွက်ဆိုကာ သိမ်းယူထားခဲ့ခြင်းကြောင့် ကုမ္ပဏီနှင့် လယ်သမားများအကြား ပဋိပက္ခ ဖြစ်ပွားနေသော မင်္ဂလာဒုံမြို့နယ်တွင် လာမည့် ဇူလိုင်လ ၁၅ရက်နေ့ နံနက်(၉)နာရီမှမွန်းလွဲ (၁)နာရီအထိ ရွေနံသာကျေးရွာမှလယ်သမားများနှင့် ပြည်သူများက တရားဝင်ဆန္ဒထုတ်ဖေါ်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မတူကွဲပြားရေးနှင့် ငြိမ်းချမ်းရေးပါတီ ထံမှ သိရသည်။

ဆန္ဒပြလမ်းလျှောက် စတင်မည့်နေရာမှာ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ဌာနချုပ်ရှေ့မှ စတင်ထွက်ခွာပြီး ရန်ကုန်ပြည်လမ်းပေါ်၊ ထိုမှတစ်ဆင့်ထောက်ကြံ့လမ်းဆုံ၊ ထိုမှတဆင့်
ရန်ကုန်ပဲခူးလမ်းမကြီးဘေးရှိ မြနန္ဒာပန်းခြံ အတွင်းတွင် စုပေါင်းပြီးဆန္ဒထုတ်ဖေါ်မည်ဖြစ်ကြောင်း အဆိုပါ ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးက ရှင်းပြသည်။

နာက်ဆုံးအခြေအနေအရ ပန်းခြံအတွင်းမိုးရွာသွန်းမှုကြောင့်ဗွက်များပေါက်နေသဖြင့် ပန်းခြံ
အရှေ့တွင်ဆန္ဒထုတ်ဖေါ်ကြမည်ဖြစ်ကြောင်း၊ အင်အား(၂၀၀)ကျော်ဖြင့်စတင်မည့် ဆန္ဒပြ လမ်းလျှောက်ပွဲကို ဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူများက တားဆီးပါက ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်များလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်းနှင့် အသေးစိပ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် ၀၉ ၈၆၁၀၇၁၉သို့ ဆက်သွယ်နိုင်ကြောင်း ၄င်းက ဆိုသည်။

နောက်ဆုံးရရှိသောသတင်းများအရ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးက
နံနက် ၉း၀၀နာရီမှ နံနက် ၁၁း၀၀ နာရီအထိသာ ခွင့်ပြုကြောင်း ပြန်လည်ဖြေကြားသဖြင့် နှစ်ရက်သာပြုလုပ်မည်ဖြစ်ပြီး
ကျန်ရက်များကို ဖျက်သိမ်းကာ ကြည့်မြင်တိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ်တို့တွင် စုဝေး
ဆန္ဒထုတ်ဖေါ်ခြင်းကို ဆက်လက်လုပ်ဆောင်နိုင်ရန်သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ ပါတီခေါင်းဆောင်များက တာဝန်ယူပြီးတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။



Posted: 14 Jul 2012 06:08 AM PDT
ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးမြင့်ဆွေနှင့် ပတ်သက်၍ တရားဝင်ကန့်ကွက်မှုများ မရှိသေးကြောင်း သမ္မတနှင့် ဒုသမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောသည်။

"အချက်အလက်နဲ့ တင်ပြလို့ ငြိစွန်းရင်တော့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး။ ဒါဘယ်သူ့အတွက် မဆိုပါ" ဟု ဦးဌေးဦးက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနှင့် ဒုသမ္မတဖြစ်မည့်သူများ၏ သား၊ သမီးများ၏ အိမ်ထောင်ဖက်များသည် နိုင်ငံခြားသားမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

ရန်ကုန်၊ ဇူလိုင်-၁၄
by 7Day News Journal

Posted: 14 Jul 2012 05:59 AM PDT
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စစ်တပ်သိမ်းထားသောမြေပေါ်ထွန်ယက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သော လယ်သမားများကို ယမန်နေ့ည ၈း၃၀ ခန့်က ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ကျေးရွာနှစ်ရွာကို စစ်သားများက ၀ိုင်းထားသည်ဟု နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့ကပြောသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ရွာသစ်ကုန်းနှင့် ပုတီးတောကျေးရွာ နှစ်ရွာကို အမှတ်(၃) တပ်မတော်ကာကွယ်ရေး ပစ္စည်းစက်ရုံမှ စစ်သားများက ၀ိုင်းထားပြီး `အထဲက သူတွေ အပြင်ပေးမထွက်ဘူး၊ အပြင်ကလည်း ပေးမ၀င်ဘူး´ ဟု လယ်သမားအရေး ဆောင်ရွက်ပေးနေသူ နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေးဆောင်ရွက်ရေးအဖွဲ့မှ ကိုရဲထင်ကျော်က YPI သို့ပြောသည်။

က.ပ.စ(၃) မှသိမ်းယူထားသော လယ်မြေများပေါ်တွင် ထွန်ယက်ခွင့်ရရန်ကြိုးစားနေသော လယ်သမားများ

၎င်းကျေးရွာနှစ်ရွာရှိလယ်မြေဧက ၇၀ ခန့် ကို က.ပ.စ(၃) က ၁၉၈၉ ခုနှစ်အတွင်းကသိမ်းယူခဲ့ချိန်မှစတင်ကာ ဒေသခံလယ်သမားများက နှစ်စဉ်သီးစားခပေးကာ လယ်လုပ်ငန်း လုပ်ကိုင်ခဲ့သည်ဟု နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် ဇွန်လ ၈ ရက်နေ့က ၎င်းလယ်မြေများပေါ်မှ အပြီးပိုင်ထွက်ခွါပေးရန် က.ပ.စ(၃) မှတာဝန်ရှိသူများကပြောသောကြောင့် လယ်သမားများက အခက်အခဲများကို သက်ဆိုင်ရာတာဝန်ရှိသူများသို့ တင်ပြအသနားခံရန်ကြိုးစားခဲ့ကြသည်။

လယ်စိုက်ချိန်ရောက်ရှိလာသောကြောင့် ယခုလ ၁၂ ရက်နေ့က လယ်သမားများစုပေါင်းကာ စစ်တပ်သိမ်းထားသောလယ်မြေများတွင်ဝင်ရောက်ထွန်ယက်ကြသောအခါ ကပစ ၃ စစ်ရုံမှူး ဒုဗိုလ်မှူးကြီး သန်းရွှေကိုယ်တိုင် စစ်သား ၂၀ ခန့် နှင့်ရောက်လာပြီး ဗီဒီယိုမှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့သည်ဟု လယ်သမားများကပြောသည်။

ထို့နောက် သီးစားခသွင်းထားသော ပြေစာများရှိပါက မြေစာရင်းဦးစီးဌာနသို့သွားရောက်ပြီး မေးမြန်းခိုင်းသောကြောင့် နောက်တစ်နေ့တွင် မြေစာရင်းရုံးသို့အသွား လမ်းတွင် က.ပ.စ(၃) မှစစ်သားများက လယ်သမား ခုနစ်ဦးကိုဖမ်းဆီးခဲ့သည်။ ထို့နောက် လယ်စောင့်တဲများကိုလည်း ဖျက်ခိုင်းခဲ့သည်။

ယခုကိစ္စနှင့်ပတ်သတ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတဆီသို့ တင်ပြအကူအညီတောင်းခံသွားရန် အမြန်ဆုံးစီစဉ်လျှက်ရှိကြောင်း ကိုရဲထင်ကျော်ကပြောသည်။   

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလယ်မြေများကိုလည်း ကုမ္ပဏီများက သိမ်းယူပြီး အဆောက်အဦများဆောက်လုပ်ရန်ကြိုးစားလာမှုကြောင့် ယခုလ ၂ ရက်က အိုးအိမ်ဦးစီးဌာနရှေ့တွင် လယ်သမားများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။    ။

၂၀၁၂၊ ဇူလိုင် ၁၄ (YPI)
by Yangon Press International

Posted: 13 Jul 2012 11:07 PM PDT


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
လူကြီးဆိုတာ ဘာလဲ
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။
စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835
( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)

နေ့ သစ်


Posted: 13 Jul 2012 10:48 PM PDT

အရွယ်မရောက်သေးသူ မိန်းကလေးတဦးကို ကာမ ကျူးလွန်မှုကြောင့် စင်ကာပူ နိုင်ငံသား မြန်မာနိုင်ငံသား တဦးနဲ့ ဘဏ်အရာရှိဟောင်း တဦးတို့ကို စင်ကာပူ တရားရုံးတခုက ယမန်နေ့က အပြစ်ရှိတယ်လို့ စွပ်စွဲချက်နဲ့ စတင်ကြား နာခဲ့ကြောင်း-----

သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jul 2012 10:25 PM PDT

ယခုအပါတ်ထုတ် ဒီလှိုင်း စာစောင် အတွဲ(၁) အမှတ်(၂၅)

စာစောင်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jul 2012 08:30 PM PDT

၂၀၁၂ စက်တင်ဘာIntake တွင် Northumbria University, UK မှ အသိအမှတ်ပြုပေးအပ်မည့် Master of Science in Business with Financial Management ၊ Master of Science in Business with Marketing Management နှင့် Master of Science in Business with Hospitality and Tourism Management တို့ကို စင်ကာပူ KAPLAN Higher Education Academy တွင် ပညာသင်ထောက်ပံ့ကြေးဖြင့် တက်ရောက်နိုင်ပြီဖြစ်သည်။

 အဆိုပါမာစတာဘွဲ့တက်ရောက်မည့်သူတိုင်းကို ပညာသင်ထောက်ပံ့ကြေး စင်ကာပူဒေါ်လာ ၃,၀၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း ကျောင်းလျှောက်ထားပေးမည့် CROWN Education မှ သိရှိရသည်။ KAPLAN Higher Education Academy သည် အမေရိကန်နိုင်ငံ၏ အကြီးဆုံးဘဏ္ဍာရေး နှင့် လေ့ကျင့်သင်ကြားရေးအဖွဲ့အစည်းများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး၊ ကမ္ဘာကျော် The Washington Post သတင်းစာနှင့် News Week မဂ္ဂဇင်းကိုပိုင်ဆိုင်သော အဖွဲ့အစည်းဖြစ်သည်။

 KAPLAN ကျောင်းတွင် Association of Commonwealth Universities (ACU) နှင့် Universities UK (UUK)၏ အသင်းဝင်ဖြစ်သော Northumbria University၏ အောက်ပါprogramများကို ၂၀၁၂ စက်တင်ဘာလမှ စတင်၍ နိုင်ငံတကာကျောင်းသားများစတင်တက်ရောက်နိုင်ပြီဖြစ်သည်။

◦       BA (Hons) Business with International Management
◦       BA (Hons) Business with Marketing
◦       BA (Hons) Business with Logistics n Supply Chain Management
◦       BA (Hons) International Hospitality & Tourism Management
◦       MSc Business with Marketing Management
◦       MSc Business with Hospitality & Tourism Management
◦       MSc Business with Financial Management
Northumbria University သည် အင်္ဂလန်အရှေ့မြောက်ပိုင်းတွင် အကြီးဆုံးနှင့် နိုင်ငံတကာအဆင့်မီဆုံးသောတက္ကသိုလ်ဖြစ်ပြီး၊ နိုင်ငံတကာကျောင်းသားများအရွေျးယ်ဆုံးသော ထိပ်တန်းတက္ကသိုလ် (၂၀)တွင် ပါဝင်ပါသည်။

Complete University Guide 2013 တွင် အဆင့် ၅၄ နှင့်  Guardian University Guide 2013 တွင် အဆင့် ၅၅ ၌သတ်မှတ်ခြင်းခံထားရသည်။
Bachelor တက်ရောက်မည့်သူများအနေဖြင့် LCCI Level 3 ပြီးမြောက်ထားသူများ၊ ABE Advanced Diploma ရရှိထားသူများ နှင့် နိုင်ငံတကာအသိအမှတ်ပြုဒီပလိုမာရှိထားသူများ လျှောက်ထားနိုင်ပါသည်။

 အင်္ဂလိပ်စာလိုအပ်ချက်များအနေဖြင့် IElTS 6.0 (သို့မဟုတ်) TOEFL 550 ရရှိထားရမည်ဖြစ်သည်။ မာစတာဘွဲ့လျှောက်ထားမည့်သူများနေဖြင့် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုမှ ဒီဂရီရရှိထားရမည်ဖြစ်ပြီး၊ IELTS 6.5 (သို့မဟုတ်) TOEFL 575 ရရှိရမည်ဖြစ်သည်။


S/N
Name of Program
Duration
Course Fee    (before 7% GST)
Intake Date
Entry Pathway
MASTERS Programs
1
MSc Business with Marketing Management
15 months
$21,000 ($18,000 with Scholarship)
24 Sept 2012
1stDegree with min of 2ndLower Honors (2.2)
2
MSc Business with Financial Management
15 months
$21,000 ($18,000 with Scholarship)
24 Sept 2012
3
MSc Business with H&T Management
15 months
$21,000 ($18,000 with Scholarship)
24 Sept 2012

KAPLAN ကျောင်းနှင့် ပတ်သက်သောအသေးစိတ်အချက်အလက်များကို http://www.kaplan.com.sg/khea/partners/northumbria-university-22/ တွင် လေ့လာကြည့်ရှုနိုင်ပါသည်။ CROWN Education သည် KAPLAN ကျောင်းသို့လျှောက်ထားမည့် ကျောင်းသားများအတွက် Application Fees ကင်းလွတ်ခွင့်လျှောက်ထားပေးနိုသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသောအေဂျင်စီဖြစ်ပါသည်။

 ပညာသင်ဆုလျှောက်ထားလိုသူများနှင့် အသေးစိတ်အချက်အလက်များကိုသိရှိုသူများသည် CROWN Education, Room 228-229 Summit Parkview Hotel, Ph No. 09 732 732 77 ၊ 095 085 185 နှင့် 527 838 တို့တွင်စုံစမ်းနိုင်ကြောင်းသိပါသည်။




Posted: 13 Jul 2012 08:06 PM PDT
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သမီးဖြစ်သူ ဒေါက်တာရွှေမန်းကိုကိုအဖြစ် ဟန် ဆောင်ထားသူ အမျိုးသမီးငယ်တစ် ဦးအား ကမာရွတ်ရဲစခန်းက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃ ရက်နေ့ က သက်ဆိုင်ရာမှ ပူးပေါင်းရဲတပ်ဖွဲ့ ဝင်များနှင့် သက်သေများသည် ကမာရွတ်ရဲစခန်း(ပ)၂၆၁၊/၁၂၊ပုဒ်မ ၄၂ဝ/၁၁၄ ဖြင့် ဖွင့်လှစ်ထားသော အမှုနှင့်ပတ်သက်၍ မမြင့်သူဇာခိုင် (ခ) အငယ်လေး (ခ)ရွှေမန်းကိုကို (၂၄)နှစ်၊ တိုက်(ဂျီ) ၊အခန်း(၂)၊ ရွှေပုန်းညှက်ရိပ်မွန်အိမ်ရာ၊ -----

သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း နော်ဝေးနိုင်ငံ အော်စလိုမြို့ တော်ကို ရောက်ရှိနေစဉ်က တွေ့ ရပုံ


Posted: 13 Jul 2012 06:34 PM PDT
စစ်တပ်မှ သိမ်းထားသည့် လယ်ယာမြေများကို ပန်းတောင်းမြို့နယ်မှ လယ်သမားများက ပြန်လည်ထွန်ယက်နေကြစဉ်။ RFA
ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း လယ်သမား (၇) ဦးကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ပစ္စည်းစက်ရုံ ကပစ (၃) စစ်တပ်က ဒီကနေ့ မနက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှားသူများအဖွဲ့က ကိုရဲထင်ကျော်က RFA ကို အခုလို ပြောပါတယ်။

"ပန်းတောင်းမြို့နယ် မြေစာရင်းရုံးကို သွားမယ်ဆိုတဲ့ လယ်သမား (၇) ယောက်ကို စစ်တပ်ကနေပြီးတော့ ဖမ်းလိုက်တယ်။ အဖမ်းခံလိုက်ရတဲ့ လူတွေရဲ့နာမည်က ဦးတင်အောင် အသက် ၆၅ နှစ်၊ ဦးအောင်ကြည် ၅၆ နှစ်၊ ဦးထွန်းဟန် ၅၆ နှစ်၊ ဦးကျော်ကျော်လွင် ၂၅ နှစ်၊ ဦးမင်းနိုင် ၃၀ နှစ်ခန့်၊ ဦးဟန်ဝင်း ၃၈ နှစ်ခန့်၊ ဦးစံမင်း ၃၀ နှစ်ခန့် အဲဒီလူ ၇ ယောက်ကို ဖမ်းလိုက်တယ်။ ဖမ်းပြီးတော့ အခုညနေ ၃ နာရီလောက်မှာလည်း လယ်တောတွေထဲမှာ နွားကျောင်းနေတဲ့ လယ်သမားတွေကို စစ်တပ်က လိုက်ဖမ်းနေတယ်လို့ ကျွန်တော်တို့ သိရတယ်"

ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာနဲ့ ပုတီးတောကျေးရွာ လယ်သိမ်းခံထားရတဲ့ လယ်သမား ၇၀ ဟာ ကပစ (၃) စစ်တပ်က သိမ်းယူထားတဲ့ သူတို့ရဲ့ လယ်မြေတွေပေါ်မှာ မနေ့က သွားရောက် ထွန်ယက်ခဲ့ကြပါတယ်။

အဲဒီနောက် ကပစ (၃) စက်ရုံမှူး ဒုတိယဗိုလ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်တပ် အရာရှိတွေ ရောက်လာပြီး လယ်ထွန်တာကို ရပ်တံ့ပေးဖို့နဲ့ ပြောဆိုခဲ့တာကြောင့် လယ်သမားတွေနဲ့ အငြင်းပွားခဲ့ကြပါတယ်။

လယ်သမားတွေ အနေနဲ့ လယ်ယာမြေပေါ်မှာ လုပ်ကိုင် စားသောက်ချင်တယ်ဆိုရင် ပိုင်ဆိုင်ကြောင်း အထောက်အထားပြဖို့ တောင်းဆိုခဲ့တာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ ပန်းတောင်းမြို့နယ် မြေစာရင်းရုံးကို လယ်သမား (၇) ဦး သွားရောက်ခဲ့ကြပါတယ်။

အဲဒီလယ်သမားတွေ စစ်တပ် လုံခြုံရေးဂိတ်ကို ဖြတ်သန်းစဉ်မှာ အခုလို ဖမ်းဆီးခံရတာလို့ လယ်သမားတွေက ပြောပါတယ်။ အဖမ်းမခံရတဲ့ တောင်သူတချို့လည်း ထွက်ပြေး တိမ်းရှောင်နေကြ တယ်လို့ ပုန်းအောင်းနေတဲ့ တောင်သူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"တချို့တောင်သူတွေကတော့ အပြင်ကိုရောက်နေပြီ။ ကျန်တဲ့ တောင်သူ ၇ ဦးကိုတော့ သူတို့ ဖမ်းထားတယ်ဗျ။ ကျွန်တော်တို့တော့ ရွာကို ပြန်မရောက်သေးဘူးဗျ။ ကျွန်တော်တို့ကတော့ လယ်ယာမြေကို အေးအေးချမ်းချမ်းနဲ့ ပြန်လုပ်ကိုင်စားသောက် ချင်တာပေါ့"

အဲဒီတောင်သူတွေ ပိုင်တဲ့ လယ်မြေဧက (၈၀) ကို ၁၉၈၉ ခုနှစ်အတွင်း နယ်မြေခံ ကပစ (၃) စစ်တပ်က သိမ်းယူပြီး လယ်သမားတွေကို သီးစားချ ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လယ်သမားတွေကို ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကစလို့ သီးစားလုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...