Friday, July 27, 2012

ရတနာပုံတက္ကသိုလ်ကျောင်းသူလေးရဲ့ဖြစ်ရပ်



ဖြစ်ပုံကရင်နာစရာကောင်းသလို ဒီကောင်မလေးတွေကိုလည်း ဘယ်လိုဆက်သွယ်ပြီး အကူညီပေးရမှန်းမသိတာနဲ့ ဒီဘလော့လေးကိုသူတို့ဖတ်မိရင်တော့ ဖြစ်နေတဲ့ပြဿနာကို အမှုမှန်တိုင်းပေါ်ပေါက်အောင်လုပ်နိုင်ပါစေဆိုတဲ့ဆန္ဒနဲ့ရေးလိုက်တာပါ။
ပြဿနာကဒီလိုပါ ခုအမှုဖြစ်တဲ့ကောင်မလေးက နယ်ကနေရတနာပုံတက္ကသိုလ်မှာ ဥပဒေ ပထမနှစ်
ကျောင်းလာတက်တာပါ။နေတော့ခင်မင်ရင်းနှီးတဲ့ဘုန်းကြီးကျောင်းမှာတည်းနေပါတယ်။ သူနဲ့အတူကျောင်း နေဘက်သူငယ်ချင်းမိန်းကလေးတစ်ယောက်က သူ့ချစ်သူနဲ့တွေို့ရှိတယ် ဦးပိတ်တံတားမှာ အတူလည်ကြမယ် ကျန်တဲ့နေရာတွေနေရာလည်သလားတော့မသိပါဘူး ထားပါတော့အဲတော့ချစ်သူနဲ့အတူလည်ဖို့အတွက် နယ် ကကျောင်းလာတက်တဲ့ကောင်မလေးကို ကျောင်းဆင်းချိန်မှာ အဖော်ခေါ်လာပါတယ်။ဒီလိုနဲ့ လည်ကြပတ်ကြ ရင်း မိုးချုပ်သွားပါတယ်။

မိုးချုပ်သွားပြီဆိုတော့နယ်ကကျောင်းလာတက်တဲ့ကောင်မလေး ပြန်ဖို့အခက်တွေ့တာပေါ့။သူနေတာ
ကျွဲဆည်ကန် တံခွန်တိုင် ဈေးနားက မိုးထိအောင်စည်ကျောင်းရဲ့ အရှေ့ထဲကိုသွားရတဲ့လမ်းကြိုလမ်းကြားက ဘုန်းကြီးကျောင်းတစ်ကျောင်းပါ ။ဒီတော့ ခြေကျင်ပြန်ဖို့ဆိုတာ အလှမ်းလည်းဝေးသလို မိန်းကလေးတစ်ယောက်ထဲလည်းမဖြစ်နိုင်ပါဘူး။ ဒီအခြေနေမှာ သူ့သူငယ်ချင်းကောင်မလေးကသူ့ချစ်သူကိုဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းပါသတဲ့ ။အမှန်ဆိုသူကိုယ်တိုင်ပါလိုက်ပြီးလိုက်ပို့သင့်တာ။ချစ်သူကိုပဲလိုက်ပို့ခိုင်းတာတော့စဉ်းစားစရာတစ်ချက်ပေါ့လေ။ သူ့ချစ်သူကိုလိုက်ပို့ခိုင်းတော့ဆိုင်ကယ်နဲ့ နှစ်ယောက်ထဲထွက်လာခဲ့ကြပါတယ်။ သူငယ်ချင်းရဲ့ချစ်သူပဲဆိုပြီးယုံကြည်လို့လည်းလိုက်လာတာပါ။

ဒီလိုလိုက်ပို့ဖို့ဆိုင်ကယ်စီးလာရင်းတောင်သမန်အင်းရဲ့မြောက်ဘက် အင်းဘောင်ပေါ်မှာဆိုင်ကယ်ကို
ထိုးရပ်လိုက်ပါသတဲ့။ ဘာလို့လည်းဆိုတော့ ငါအရက်သောက်ချင်လို့ အရက်ဆင်းဝယ်လိုက်ဦးမယ်


ဆိုပြီးအနီးမှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာအရက်နှစ်ပုလင်းဝယ်ယူလာပါသတဲ့။ အရက်ဝယ်ပြီး ငါအရက် 


သောက်လိုက်ဦးမယ်ဆိုပြီး လူသူရှင်းတဲ့ အင်းအတွင်းဘက် အင်းဘောင်အောက်ကိုဆင်းလာပါသတဲ့ ကောင်မလေးကိုလည်းလမ်းပေါ်မှာ ညကြီးတစ်ယောက်ထဲဖြစ်နေမယ်ဆိုပြီး အောက်ထဲကို ခေါ်လို့ လိုက်သွားမိပါသတဲ့။ အောက်ထဲ တံတိုင်းအကွယ် လူသူမမြင်နိုင်တဲ့နေရာ တစ်ခုမှာ ကောင်လေးက အရက်တွေသောက်ပါတော့တယ်။ သူ့ဖာသာတစ်ယောက်ထဲ သောက်ရာကနေ ကောင်မလေးကိုပါ အရက်သောက်ခိုင်းတယ် လို့ပြောပါတယ် ။ကောင်မလေးကတစ်ခါမှမသောက်ဖူးကြောင်းသောက်လဲ မသောက်ချင်ကြောင်း အထပ်ထပ်အခါခါငြင်းဆန်သော်လည်း ။ အတင်းအဓမ္မထိုးတိုက်တာကြောင့် ပါးစပ်ထဲကို အရက်တွေရောက်ပြီးသောက်မိသွားပါတယ်။

တစ်ခါမှလည်းမသောက်ဘူးတာကြောင့် ဘာမှမသိအောင်မူးမေ့သွားခဲ့တယ်ဆိုပါတယ်။ အရက်ထဲမှာ
ဆေးတစ်ခုခုခပ်ထားသည်လားဘာလားတော့မသိပါဘူးတဲ့။ဘာမှမသိလောက်အောင်မူးမေ့သွားတဲ့အချိန်မှာကောင်လေးက သူ့ကိုဗလက္ကာယပြုခဲ့တယ်လို့သူခံစားရပါသတဲ့။ဘာကိုမှတော့မမှတ်မိတော့ဘူး ပြောပါတယ်

အဲဒီညမှာ ဘာတွေဖြစ်ခဲ့လည်း ဘယ်ကိုရောက်နေလည်းကိုလည်း မသိရပါဘူးတဲ့ ။မနက်လင်းမှ သူငယ်ချင်းတွေဆီ သူရောက်နေမှ အကြောင်းစုံကိုသိရပါသတဲ့။ ဘုန်းကြီးကျောင်းကိုလည်း မပြန် လိုက်ရပါဘူးတဲ့။

ဒီတော့မှသူ့ကိုလုပ်ကြံခံရမှန်း ကောင်းကောင်းကြီးသိပြီး ရှုံးပွဲချငိုနေတော့သတဲ့။ သူ့သူငယ်ချင်းတွေက
ရောသူပါ ဥပဒေတက်နေကြပေမယ့် ပထမနှစ်လည်းဖြစ်တက်စလည်းဖြစ်တာကြောင့် ဥပဒေအရ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ မသိပါဘူးတဲ့။ ကောင်လေးကိုခေါ်ပြီး ဆွေးနွေးတော့လည်း ကောင်လေးက လုံးဝလက်မခံဘဲငြင်းဆိုနေပါသတဲ့။ နယ်ကမိဘတွေလည်း ဘာမှမသိရသေးဘူးလို့ဆိုပါတယ်။ရှက်လည်းရှက် ဘ၀လည်းပျက်တာကြောင့် မိဘတွေလည်းအသိမပေး ဆရာဆရာမတွေကိုလည်း မပြောပြ အမှုလည်းမဖွင့်ရဲနဲ့အမြဲငိုကြွေးပြီးသူ့ဖာသာသေကြောင်းတွေပဲကြံစည်နေပါတဲ့။

သူငယ်ချင်းတွေကအဲလိုမလုပ်ဖို့တားနေကြပေမယ့် ဒီပြဿနာကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာခုချိန်
ထိမသိသေးဘဲ ဇဝေဇ၀ါသာဖြစ်နေကြပါသတဲ့။ တကယ်တော့ကောင်မလေးက အသက် ၁၈ နှစ် မပြည့်သေးပါဘူး။ ကောင်လေးကတော့ အသက်၂၀ ရှိပြီဆိုပါတယ်။ြ ဖစ်ပုံကတော့ဒါပါပဲ

ဒီတော့ခုထိဘာမှမလုပ်ရသေးဘဲ ခြေမကိုင်မိလက်မကိုင်မိထိုင်ငိုနေတဲ့ သူ့တို့ရဲ့သူငယ်ချင်းရဲ့ပြဿ
နာအတွက် ခေါင်းစားနေတဲ့ ကောင်မလေးတွေက ကျွန်တော့်သူငယ်ချင်းနဲ့ လမ်းမှာတွေ့ပြီး ခဏလေးစကားပြောမိပြီးခင်လာရာက ဒီအကြောင်းတွေကိုပြောပြပြီး ဘယ်လိုဆက်လုပ်သင့်သလဲဆိုတာ အကူညီတောင်းပါတယ်။ တိုင်သင့်သလား တိုင်ရင်သူတို့နိုင်ပါ့မလား ။ ကောင်လေးကငြင်းဆန်နေရင် အရှက်သာကွဲပြီးအမှုရှုံးမှာကို စိုးရိမ်တာကြောင့်မတိုင်ရဲဖြစ်နေပါသတဲ့။ ကျွန်တော့်သူငယ်ချင်းကလည်း တိုင်သင့်တဲ့အကြောင်းအထောက်အထားသက်သေ တွေပြဖို့တော့လိုကြောင်းပြောပြပြီး လမ်းခွဲလာခဲ့ပါ သတဲ့ ။လိုသွားတာက ဒီကောင်မလေးရဲ့လိပ်စာ ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ် မတောင်းခဲ့မိပါဘူးတဲ့ ။နန်းရှေ့မှာနေတယ်လို့တော့သိရတယ်လို့ပြောပါတယ်။

တကယ်လို့ကောင်မလေးရဲ့လိပ်စာကိုသာသိခဲ့ရင် ဆက်သွယ်ပြီးလူကြီးတွေအသိပေးဖို့ အထောက်
အထားနဲ့ မှန်ကန်တယ်ဆို တရားစွဲဆိုဖို့ သွားပြောပြီးကူညီဖေးမပေးချင်ခဲ့ပါတယ်။ ဒါပေမယ့်ဆက်သွယ်လို့မရတဲ့နောက်ဆုံး ဒီဘလော့ကိုပဲရေးခဲ့ပါတယ်။ အင်တာနက်အသုံးပြုပြီးလို့ ဒီဘလော့ကိုဖတ်မိတယ်ဆိုရင် ညီမလေးတို့ရေ ဒါမျိုးပြဿနာဆိုတာ ကြာကြာထားလို့မကောင်းပါဘူး။ မှန်ကန်ကြောင်းသေချာရင် အမြန်တိုင်သသင့်ပါတယ် ။ လူကြီးတွေကိုအသိပေးသင့်ပါတယ်။ ဖြစ်လာပြီးမှတော့ရှက်နေလို့မရတော့ ပါဘူး။ ဒီတိုင်းနေရင်ပိုဆိုးလာနိုင်သလို နောက်ထပ်လည်းအခွင့်ကောင်းယူပြီး ဒါမျိုးပြဿနာတွေများစွာဖြစ်ပေါ်စေနိုင်ပါတယ်။ ညီမလေးတို့လည်း ဥပဒေတက်နေတာပဲလေ ကျောင်းကဆရာဆရာမ တစ်ယောက်ယောက်နဲ့ တိတ်တခိုးပြောပြတိုင်ပင်သင့်ပါတယ်။ အဓိက ကအမှုဖွင့်တော့မယ်ဆိုရင် အမှန်တိုင်းပြောပြရပါမယ် ။ အဲနေ့က၀တ်ထားတဲ့ အ၀တ်အစားသက်သေအဖြစ်ရှိရပါမယ်။ ဖြစ်တဲ့နေရာအတိအကျနဲ့ အရက်ဝယ်ခဲ့တဲ့ဆိုင်မှာ အဲနေ့ကအရက်ဝယ်မ၀ယ်သေချာအောင် သက်သေအဖြစ် ထားဖို့လိုပါတယ်။ ဆီးစစ်သွေးစစ်ပြီး ပြဿနာအမှုမှန်ပေါ်အောင်ဆောင်ရွက်၇င် ပို အဆင်ပြေနိုင် တာကြောင့် အမြန်ဆုံးအမှုဖွင့်ဖို့လိုပါတယ်။ ဆီးစစ်တယ်ဆိုတာ မြန်နိုင်လေကောင်းလေပါ။

ကြောက်နေဖို့မလိုဘူး ကိုယ်ဘက်ကမှန်ရင် နိုင်ကိုနိုင်မှာပါ ။ ရှက်တာတော့ရှက်တာပေါ့လေရှက်မသိဒီတိုင်းတော့မနေပါနဲ့။ ကိုယ့်ဘ၀ကိုလည်းသေကြောင်းမကြံပါနဲ့။ လူ့အသက်တစ်ချောင်းရပြီးလူဖြစ် ဖို့ဆိုတာတကယ်မလွယ်ပါဘူး ။ရှေးအကုသိုလ်လို့ပဲသဘောထားပြီး နောင်ဒီလိုမဖြစ်အောင်သင်္ခန်းစာယူပါ။အပျိုစင်ဘ၀ကို ဆုံးရှုံးရပေမယ့်  လူဖြစ်ရကျိုးကိုတော့အဆုံးရှုံးမခံပါနဲ့နော်။ ဘ၀အတွက်အနှစ်များစွာကိုထုတ်ယူလို့ရသေးတယ် ။နောင်ဘ၀ဒီလိုအဖြစ်မျိုးနဲ့မကြုံအောင် ဘ၀အကျိုး ပေးကောင်းအောင် ကုသိုလ်ရေးတွေဖိအားပေးလုပ်လို့ရသေးတယ်ညီမလေးရေ။ ဖြစ်လာတဲ့ဘ၀ကြုံလာ တဲ့ပြဿနာကို ရဲရဲကြီးရင်ဆိုင်ပါ ။ တို့နိုင်ငံကမင်းမဲ့တိုင်းပြည်မဟုတ်ဘူး လုပ်ချင်ရာလုပ်လို့မရဘူး ။အပြစ်လုပ်ရင်ပြစ်ဒါဏ်တော့ခံရမြဲပဲ။ လူမဆန်တဲ့ ကာမကောင်တွေနောက်ဒီလို မကြံရဲအောင် လုပ်သင့်တဲ့ တိုင်းဆက်လုပ်ပါ။ အမှုအမြန်ဖွင့်ပါ။ ဒီလိုမှမဟုတ်ရင်ရာဂဘီလူးတွေကပိုသောင်းကြမ်းလာကြလိမ့်မယ်နော်။

ညီမလေးအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်။

တစ်ဆက်တည်းမှာပဲ တက္ကသိုလ်တက်နေကြတဲ့ အားလုံးသောညီမလေးများကိုလည်းသတိပေးချင်ပါတယ်။ခုနောက်ပိုင်းဒါမျိုးပြဿနာတွေ များစွာဖြစ်နေပါတယ်။သံလျှင်ကအသက် ၁၄နှစ်အရွယ်ကျောင်းသူလေးကိုချစ်သူကအခွင့်ကောင်းယူပြီး ဆေးတွေတိုက် တည်းခိုခန်းမှာ အတူအိပ်တဲ့အမှု မကြာသေးမှီလပိုင်း အတွင်းက ဖြစ်ပျက်ခဲ့ပါတယ်။ ဒီနေ့တက္ကသိုလ်လောကမှာ စာကိုကောင်းကောင်းမသင်ကြပဲ တက္ကသိုလ် တက်ရည်းစားများစွာထားပြီး ဘ၀တွေပျက်ကုန်တာ ၇၀% နှုန်းလောက်ထိရှိနေပါပြီ။ ကျောင်းသူ မိန်းကလေးများ အပျိုစင်ဘ၀ကိုတန်ဖိုးထားဖို့လိုသလိုကိုယ့်ဘ၀ကို ရေတိမ်မနစ်ဖို့သတိဝီရိယကြီးစွာနဲ့ ရှောင်ရှားသင့်ပါတယ်။

ယနေ့ခေတ်မှာ ရာဂစိတ်ကိုထကြွစေနိုင်တဲ့ ဆေးတွေအရမ်းပေါများနေသည့်အလျှောက်ကျောင်းသူ
ကျောင်းသားတွေရဲ့လက်ထဲမှာအလွယ်တကူရောက်ရှိနေပါပြီ။ ကော်ဖီ အချိုရည်ဗူး ပီကေလို အစားအစာ မျိုးကစ သတိထားပြီး စားသောက်ကြဖို့လိုနေပါပြီ။ ကိုယ်ကစိတ်မပါသော်လည်းစိတ်ကို ထကြွစေနိုင် တဲ့ဆေးကိုသောက်မိရင် ဘ၀တွေနစ်မွန်းကုန်ပါလိမ့်မယ်။ ယနေ့လူငယ်များကလည်းကိုယ့်ချစ်သူ အပေါ် မှာရော အခြားမိန်းလေးများကိုပါ ဒီဆေးတွေကိုအသုံးပြုပြီး။ ကာမကိုရယူသိမ်းဆည်းမှုများ ရှိနေပါပြီ။ဒါကို ဘ၀ကိုတန်ဖိုးထားတဲ့ ကျောင်းသူလေးများ မိန်းမငယ်လေးများ သတိကြီးစွာထားပေးကြပါ။

ပြီးခဲ့တဲ့လက 7Day ဂျာနယ်ထဲမှာအလွန်အင်မတန် ဆိုးတဲ့သတင်းတစ်ခု ဖတ်လိုက်ရတာရင်လေးစရာ
ပါပဲ။ ရန်ကုန်မြို့မှာ ရှိတဲ့ ဟိုတည်တည်းခိုခန်းတွေမှာ အချိန်ပိုင်းအခန်းများငှားသည်ဆိုတဲ့ ဆိုင်းဘုတ်တွေ အောက်မှာယနေ့ကျောင်းသူကျောင်းသားတွေ အပါအ၀င် အပျိုလူပျိုများ စုံတွဲလိုက်လာပြီး အခန်းငှား ဘ၀ကိုကာမနောက်မှာ နစ်မွန်းနေကြတယ်ဆိုတာပါပဲ။ ဘယ်လောက်ထိများသလဲဆို ခရီးသွားဧည့်သည် ရာခိုင်နှုန်းကနည်းနေပြီး ကျောင်းသူကျောင်းသားနဲ့အခြားစုံတွဲတွေ ရဲ့လာရောက်တည်းခိုအတူနေထိုင်မှုက သာနေပါသတဲ့နေ့စဉ် ရာခိုင်နှုန်း ၆၀% ရှိပါသတဲ့ ကျောင်းပိတ်ရက်များမှာဆိုရငခန်းလွတ်မရှိလောက် အောင် ပြည့်တယ်ဆိုပါတယ်။

ဘ၀ကိုတန်ဖိုးမထားဘဲ စိတ်အလိုလိုက်နေကြတာ တကယ်ရင်လေးပါရဲ့။

အချို့မိန်းကလေးများကတော့ ဆေးတိုက်ခံရတာကနေ နောက်လဲမထူးတော့ပါဘူးဆိုပြီး ခဏတိုင်းအ
တူနေတယ်လို့ဆိုပါတယ်။မန္တလေးကန်တော်ကြီး ဘန်ကတိုများမှာဆိုလည်းကျောင်းဝတ်စုံလေးများနဲ့ ကျောင်းသူကျောင်းသားစုံတွဲတွေအမြဲပြည့်နေအောင်ပျော်ပါးနေပါသတဲ့။ မရိုသေ့စကား တစ်တွဲနဲ့တစ်တွဲအသံတွေတောင်ကြားရတယ်လို့ မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူတစ်ယောက်က ပောပြဖူးပါတယ်။ ရတနာပုံတက္ကသိုလ်မှာတက်နေတဲ့ခင်တဲ့ကျောင်းသားတစ်ယောက်ကိုကျွန်တော်မေးကြည့်ဖူးပါတယ်။ သူ့မှာ ထားခဲ့တဲ့ရည်းစားငါးယောက်လောက်ရှိသလို ငါးယောက်လုံးနဲ့ တည်းခိုခန်းမှာအတူအိပ်ဘူးပါသတဲ့ ကဲကောင်းကြရော ဒီလိုမလုပ်သင့်တဲ့ အကြောင်းတကယ် ဘ၀ကို တန်ဖိုးထားသင့်ကြောင်းနဲ့ မိန်းကလေးဘက်ကိုငဲ့သင့်ကြောင်း ကျွန်တော်သူ့ကိုပြောပြပေးခဲ့ရပါတယ်။ အချို့ရက်များမှာဆို ကျောင်းမတက်ဘဲ တစ်နေကုန်အောင် တည်းခိုခန်းမှာအတူနေပြီး ကျောင်းဆင်းချိန်မှ အိမ်တို့ နေတဲ့အဆောင်တို့ပြန်လေ့ရှိပါသတဲ့ မိဘတွေကတော့ ရှာဖွေပြီးကျောင်းထားပေးရတာ သူတို့က ကျောင်းမတက်ဘဲ တည်းခိုခန်းရောက်နေပါတယ်။

အချို့လည်းနယ်ကနေကျောင်းလာတက်ရာ အဆောင်မှာနေရတာလွတ်လပ်လွန်းတော့အုပ်ထိန်းသူမဲ့
ဖြစ်ချင်ရာဖြစ်ကြတော့တာလို့ဆိုပါတယ်။ အဆောင်မှုးကိုဒီနေ့ညတော့သူငယ်ချင်းအိမ်မှာအိပ်မလို့နော်ဆိုပြီးတည်းခိုခန်းရောက်နေသူတွေပုံနေပါသတဲ့။

ကဲကျွန်တော်ရေးလက်စနဲ့ မို့ ဒီလိုမလုပ်သင့်ကြောင်း စိတ်ကိုအလိုမလိုက်သင့်ကြောင်းမိဘတွေကို
ငဲ့ကွက်သင့်ကြောင်း ဘ၀ကိုတန်ဖိုးထားသင့်ကြောင်းရေးပြတာပါ။
တကယ်တော့ကျွန်တော်တို့က သတိထားဖို့ တန်ဖိုးထားဖို့ အရှက်ရှိဖို့ သိက္ခာရှိဖို့အောက်တန်းစား
မဖြစ်ဖို့လမ်းညွှန်ပြီးဘလော့လေးရေးပေးနိုင်ရုံလောက်ပဲတတ်နိုင်ပါတယ်။တကယ်တမ်းလိုက်နာရမှာကတော့အမိတို့ ကိုကိုလေးတို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။ မိမိရဲ့လုပ်ရပ်ဟာ မိမိရဲ့အဆင့်အတန်းကို ဖော်ပြနေတယ်ဆိုတာ သတိထားပြီး သိပေးစေချင်ပါတယ်

အားလုံးကိုအပြစ်ကင်းစင်သော ဘ၀လေးများကိုရစေချင်သောဆန္ဒဖြင့်…

credit to -- Posted by နိုင်မိုး(သို့)ပီတိ (ပေကြီး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...