Monday, July 9, 2012

မှောင်သည်ထက်မှောင်သောညလေးများ

Tuesday, July 3, 2012 | 
ညသည်မှောင်လွန်းလှ၏
ထိုညထက်ပိုလို့မှောင်သသည်ကား
ညကိုတောင်ချောက်လှန့်ကုန်၏
အမှောင်ညကို အမှောင်ဖြင့်ပေါင်းလိုက်သောအခါ
ညသည်မှောင်ထက် မှောင်သွား၏။
ယခုဆောင်းပါးကိုရေးဖို့စာရေးသူအတော် စဉ်းစားခဲ့ရ၏။ရေသင့်မရေးသင့်ချင့်ချိန်ရ၏။အထပ်ထပ်စဉ်း
စားကြည့်လိုက်သောအခါရေးသင့်သည်ဟု ယူဆမိလာ၏။ဟုတ်သည် မှန်တာကိုရေးတာပဲအပြစ်တင်မယ်ဆိုလဲ
တင်စေတော့ ရေးချင်တာတော့ရေးကိုရေးရမည်။
အမှန်အားဖြင့်ညသည်မှောင်၏။ သို့သော် အမှောင်ကြီးတော့မဟုတ် မှောင်တစ်ဝက် လင်းတစ်ဝက်သာဖြစ်၏။ လသာညများမှာ အလင်းဓါတ်တော့ရှိသေး၏။ သို့သော် လသာသာ မသာသာ ည သည်မှောင်၏။ အဘယ့်ကြောင့်ပါနည်း။
ပြီးခဲ့နှစ်ပိုင်းအတွင်း ကျနော် ရန်ကုန်သို့ စာပေကိစ္စဖြင့်ခဏတိုင်း ရောက်ရှိခဲ့ရာ ည၏မှောင်မိုက်ခြင်းများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရ၏။ ရင်လေးမိသည်။ ပုဇွန်တောင် ဘူတာအနီး သံလမ်းတစ်လျှောက် ပြည်သူ့ရင်ပြင် နှင့် ကျနော် ရောက်ခဲ့သမျှ လူလွတ်လပ် ရာမြို့တွင်း လမ်းဘေး မှန်သမျှ သူတို့တွေပျော်တော်ဆက်နေကြ၏။


ညဟုသာဆိုလိုက်ရသော် လည်း ညသာမကနေ့ပိုင်းတွင်ပင်နှစ်ပါးသွားနေကြပြီ။အံ့သြမိသည်။ယနေ့
ခေတ်လူငယ်များ မလွယ်တော့ပြီ လူမြင်သောနေရာပါမကျန် မရှက်နိုင်တော့ပဲစိတ်အလိုကို လိုက်နေကြသည်။ မယုံသူများကိုယ်တိုင်သွားလေ့လာစေလိုသည်။ နေ့ပိုင်း လျှော်ကားဥယျာဉ် တိုင်းရင်းသားကျေးရွာ ပြည့်သူ့ရင်ပြင် ကန်တော်ကြီး တို့လိုနေရာမျိုးက စ ဥယျာဉ်ပန်းခြံမှန်သမျှ နှင့် စေတီဘုရားများပေါ်ထိ သွားကြည့်လိုက်ကြစေချင်သည်။
လူငယ်တို့သဘာဝချစ်ကြိုက်ကြလို့ ချိန်းတွေ့ကြသည်ကားအပြစ်မဆိုသာ။ သို့သော် ချိန်းတွေ့ရုံတင်
ဆို ဘယ်သူက သ၀န်ကြောင် ဒီလိုမျိုးရေးချင်မည်နည်း။ ထီးတစ်ချောင်းနဲ့ သူတို့ခရီးသွားကောင်းနေ ကြသည့်မြင်ကွင်းကားမည်သို့နားလည်နိုင်မည်နည်း။ သေချာလိုက်ကြည့်နေလို့ မြင်ခဲ့ရတာမဟုတ်ပါ လူမြင်ကွင်းမသိမသာ စိတ်အလိုလိုက်နေကြသည်မှာ ယိုသူမရှက်မြင်သူရှက်ရသည်။ ထီးကာရုံဖြင့်အပြည့်မလုံပါ အချို့အတွဲများထီးပင်မကာ ပန်းပင်ဘေးမှာ ဖြစ်ချင်ရာဖြစ်နေကြသည်။ တွေ့လိုက်သည့် စုံတွဲတိုင်းနီးပါ ထိုသို့အတူနေခြင်းမျိုးမဟုတ်သော်မှ အနည်းဆုံး ပါးစပ်ခြင်းဆက်သွယ်နေကြသည်။
အိမ်ထောင်မပြုမှီ အပျိုလူပျိုတို့ အတူနေသောဝါဒဆိုးကြီးသည် ။မြန်မာနိုင်ငံသို့ချိန်းခြောက်လို့လာပေပြီ
ယနေ့အမျိုးသမီးပျိုလေးများ ကိုယ့်ရဲ့ဘ၀ကို ရိုက်ချိုးနေကြသည် တန်ဖိုးမထားကြ နွမ်းပါးအောင်လုပ်နေကြ
ခဏတာဖြစ်ပေါ်လာသော စိတ်ကိုသူတို့လိုက်ရောလွန်းသည် မနူးလိုက်နှင့် လိုက်ဖို့အဆင်သင့်ဖြစ်နေ ကြသည်။
ဒီအားနည်းချက်ကို သိနေကြသောကိုကို လူလည်တို့ကလဲ မျောက်လက် ငပိအပ်လိုက်သည့်ပမာ ရသာရှိသာ၏တစ်ဆိုဆိုလုပ်နေကြသည်။
စိတ်ထားခြင်းမတိုက်ဆိုင်လို့ ချစ်သူဘ၀မှ လမ်ခွဲလိုက်သောအခါ ဘယ်လိုလုပ်မည်နည်း။ဘ၀မှာအမည်း
စက်တို့ကလိုက်နေတော့မည်။ချစ်သူသစ်ရှာဖို့ပင်ကိုယ့်စိတိမလုံမလဲဖြစ်ရတော့မည်။ဆေးသောက်ပျောက်
ခေတ်ကြီးမှာ ဒါမျိုးရေးမနေပါနဲ့ဆိုကြဦးမည်။ဆေးဆိုသည်မှာ တန်ဆေးလွန်ဘေးဖြစ်သည်။ ဆရာဝန်တို့ရဲ့
ပြောပြချက်အရ တားဆေး သုံးလွန်းသောအမျိုးသမီးများသည် အသားအိမ်ရောဂါရနိုင်ကြောင်းနှင့် ဆေးမတိုးတော့ပဲ ကိုယ်ဝန် တည်နိုင်ခြင်း မွေးလာသောသားသမီးများလူစဉ်မမှီဖြစ်တတ်ခြင်းတို့အပြင် အခြားဆိုးကြိုးများစွာ ခံစားရကြောင်းသိရသည်။
အိမ်ထောင်မပြုသေးလို့ အပျိုလူပျိုဟုခေါ်နေရသော်ငြားယနေ့ခေတ်သည် အပျို လူပျိုဂုဏ်ရည်တို့မရှိ
ကြတော့ လှပသောဖြူစင်သောဘ၀ကိုမပိုင်ဆိုင်ကြတော့အများစုမှာ ဒီသို့သာဖြစ်သည်။လူ့ဘ၀ကိုရလာဖို့
အလွန်ခက်ခဲလှသည် ။အလွယ်ရလာသည်မဟုတ် ။ထိုသို့သောဘ၀ကို ကိုယ်ကျင့်သီလမဲ့ စွာ ဘ၀ပျက်သုဉ်းသည့်အဖြစ်မျိုးရှောင်ကြဉ်စေလိုပါသည်။
ဆိုးဝါးဆုံးအခြေနေကို ယနေ့လူငယ်များနှင့်မိဘ များသတိထားဖွယ်တင်ပြစေလိုသေးသည်။ယနေ့အ
လုပ်သွားအလုပ်ပြန်လူ ငယ်များ အလုပ်သွားတစ်ခါ အလုပ်ပြန်တစ်ခါ အတူတွေ့ဆုံနေကြသည်။ရိုးရိုးတွေ့ခြင်းမျိုးမဟုတ် နှီးနှောခြင်းအမြဲပြုနေကြသည် ။မနက်ပိုင်းအလုပ်အသွားမသိသာလှသော်လည်း ညနေအလုပ်ဆင်းမှောင်ရီချိန်တွင် ပိုလို့သိသာစွာတွေ့ရသည်။ ပုဇွန်တောင်ဘူ တာနှင့် ဘူတာကြီးကြားအလွန်ပေါ သည် ထမင်းချိုင့်လေးများဘေးမှာ ချ နှစ်ပါးသွားကြသည် ပြီးမှအိမ်ပြန်သည်။ကဲ ဘယ့်နဲ့လုပ်ရပါ့။ မြို့တွင်းလူလပ်ရာနေရာလည်းထိုတိုင်းပင် လူထူထပ်ရာနေရာများမှာပင် လမ်းဘေးကားရပ်ခါအလုံပိတ်ပြီး ကားလှုပ်အောင်ကနေကြပြီ ဆိုးဝါးလိုက်ပါဘိ။
ရန်ကုန်မြို့အချို့ပန်းခြံဥယျာဉ်ကြီးများသည် ည ၁၀ နာရီကျော်သည်ထိမပိတ်ပဲ ဖွင့်ပေးထားသည်မှာ သူ
တို့အတွက်မဟာအခွင့်ရေးကောင်းကြီးဖြစ်နေကြသည်။ရန်ကုန်မြို့ကိုဦးတည်ရေးနေသောကြောင့် အခြားမြို့များမပါမထင်လိုက်ပါနှင့် သိပ်တော့မထူးလှပေ ။ မန္တလေးလိုမြို့ကြီးများတွင် မန်းတောင်ခြေတောတောင်ကြား နေ့ခင်းပိုင်းပင်ဆိုင်ကယ်နဲ့သွား ခါ စိတ်အလိုလိုက်နေကြသည်။ ညပိုင်း ဘူတာကြီးအနောက်ဘက် ၇၉ လမ်း ၃၁x၃၄ လမ်းကြားတွင် အလွန်ပေါသည် ။ ရန်ကုန်လိုမျိုး လမ်းဘေးကားရပ် အလုံပိတ်ခါ ဖြစ်ချင်ရာဖြစ်နေကြသည်။ လဲရှိသည်။ မိဘများသတိထားပေးကြစေ ချင်ပါသည်။
အဆိုးဝါးဆုံးသောမြင်ကွင်းတစ်ခုကို ကျနော်မြင်ခဲ့ဖူးသည် မန္တလေးမြို့ရှိ ဘုရားဝန်းတစ်ခုအတွင်းစုံတွဲ
အလွန်ပေါလွန်းလှသည်။ ဘုရားရင်ပြင်ပန်းပင်နားမှာ သူတို့ အတူနေကြသည်။ကျနော်ဘုရားဖူးသွားခဲ့သော
ထိုဘုရားမယ်မှောင်ရီပျိုးသောအချိန်ဖြစ်သာ ဘုရားဥမှင်လိုင်ထဲတွင် မောင်မယ်နှစ်ဖော်အတူလှဲအိပ်ခါမ
တော်တရောပြုလုပ်နေကြသည်အံ့ရော။ဘုရားအထဲတွင်ထိထိုသို့မဖွယ်မရာပြုလုပ်ခြင်းမှာရိုင်းလွန်းလှသည်။
ပုဂံ ညောင်ဦး ရှိဘုရားများတွင်လည်းထိုနည်းတူများစွာတွေ့ရသည်။ဒီလောက်ထိဆိုးနေသည်မို့ကျနော်ဒီစာကိုရေးသည်မှာလွန်အံ့မည်မထင်။
ရေးဖို့ကျန်နေပါသေးသည်။ ထို့သို့ဖောက်ပြန်နေသော အထဲတွင် အလွန်ငယ်နေသေးသောအထက်
တန်း နှင့်တက္ကသိုလ် ကျောင်းသား ကျောင်းသူလေးများပင် ပါနေသည်မှာ ကြောက်မက်ဖွယ်အတိဖြစ်သည်။
ကျောင်းဝတ်စုံများဖြင့် တွေ့နေကြသည်ကို ကြုံခဲ့ဖူးသည်။အော် အားလုံးဖောက်ပြန်နေကြပေပြီ။
ကျနော့်မိတ်ဆွေများက ပြောဖူးသည် ခုခေတ်ကတော့ဒီတိုင်း ကြီးပဲ မောင်ရေ့ ချစ်သူသမီးရည်းစားတိုင်း
နေ့စဉ်ချိန်းတွေ့တိုင်း သူမပါမပြီးဖြစ်နေပြီ လမ်းဘေး ပန်းခြံ ဘုရားတွေတင်မက ငွေသုံးရင်သုံးနိုင်သလို တည်းခုခန်း ဟိုတည် တွေမှာ တစ်ဆက်ရှင်ဘယ်လောက်ဆိုတဲ့အခန်းတွေ ယူပြီး ကာမမှာနစ်မွန်းနေကြပြီ။အချို့ဆိုအိမ်ကို ဒီညဘယ်အိမ်မှာအိပ်မလို့ ခရီးသွားမလို့နဲ့အကြောင်းပြပြီး ညလုံးပေါက်ချစ်သူနဲ့အတူဟိုတယ်မှာသွားအိပ်ကြတယ်တဲ့။ မိဘတွေသားသမီးကိုမရုံသင့်တော့ပါ။
ချစ်သူခြင်းကာမဆက်စပ်မှုကို ယနေ့ ထမင်းစားရေသောက်ပမာအလွယ်တကူပြုလုပ်နေကြသည်။ရိုင်း
သလိုဖြစ်သွားမလားတော့မသိ။ဘယ်အဆင့်ထိယနေ့အမျိုးသမီးတွေ နှိမ့်ကျသွားသလဲ တန်ဖိုးမဲ့သွားသလဲဆိုလျှင် ပြည်တန်ဆာမများလောက်ပင် တန်ဖိုးမရှိဟု ဆိုနိုင်သည်။ ဘာကြောင့်ဆိုသော် အလုပ်သွားအလုပ်ပြန်နေ့စဉ်ပုံမှန် ဒါမှမဟုတ်ချစ်သူနဲ့တွေ့တိုင်းအမြဲ စိတ်လိုလိုက်ခါ အတူနေကြသောေ ကြာင့်ပင်။ပြည်တန်ဆာမ များကငွေရမှ ကာမကိုပေးကြသည်။ ယနေ့သမီးပျိုတော်တော်များများကတော့ ချစ်သူနဲ့တွေ့တိုင်း ဖတီး အလွတ်တန်းပေးဆပ်နေကြသည် စည်းမရှိကမ်းမရှိ။ ဒါကြောင့် ပြည်တန်ဆာက တောင်စည်းရှိနေသည်။ပြည်တန်ဆာထက်တန်ဖိုးကျနေကြပြီ။
အော်ခေတ် ခေတ် ဆိုးဝါးလိုက်တဲ့အဖြစ် ။ဒီလိုအဖြစ်မျိုးမကြုံရအောင် တန်ဖိုးမမဲ့အောင် မေပျိုတို့ဘ၀ကို
တန်ဖိုးထားကြပါ ။ နှမျှောကြပါ ။ လို့ဆိုခြင်သည်။မိဘများလည်း သားသမီးများကို အထူးဂရုပြုကြဖို့တိုက်တွန်းပါသည်။ ကဲ ကျနော် ရေးသည့်သလား ရေးတော့ပြီးပြီ မှန်တာကိုရေးလို့ စိတ်တိုလဲတိုစေတော့ မြန်မာအမျိုးသမီးတိုင်းဘ၀ကို တန်ဖိုးထားလာတတ်ရင်ကျေနပ်သည်။
ကိုကို ညီညီ တို့ကိုလည်းမှာချင်ပါသည်။ အခွင့်ရတိုင်းမယူကြပါနှင့် သူ့ကိုတကယ်ချစ်လျှင်သူ့ဘ၀ကို
တန်ဖိုးထားရမည်။ ကိုယ်တိုင်လည်း ထိန်းသိမ်းနိုင်ရမည်။ လူပျိုဘ၀ ကိုအလွယ်မစွန့်ပါနှင့် ကိုယ်ကျင့်တရား
ကိုချစ်မြတ်နိုးပါ။ မိန်းကလေးဆိုတာ ပျော့ သည် ထို့ကြောင့်ယောက်ကျားလေးတို့စွဲရာပါတတ်သည်။ဒါကိုအခွင့်ကောင်းမယူကြစေချင်။မကောင်းသည့်ဘက်မှာ အခွင့်ကောင်းယူလျှင် ကောင်းသည့်ဘက်မှာ ပျော့ညံ့မှန်းသိပ်သိသာ သည် အားကိုးထိုက်သောယောက်ကျားလေးမဟုတ်တော့။
ထို့ကြောင့် …..
ယနေ့ခေတ်မောင်မယ်များ စိတ်အလိုလိုက်မှုအစဉ်ထား
ကိုယ့်ဘ၀ကိုတန်ဖိုးထား ကိုယ်ကျင့်တရားမြဲစို့လားဟုဆိုလိုက်ချင်ပါသည်။

ဘ၀လေးများလှပစေလိုသောဆန္ဒဖြင့်…
စာဖတ်သူကိုလေးစားလျှက်

ဘကြီးသက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...