Wednesday, July 25, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၇)


သစ်ထူးလွင်


Posted: 25 Jul 2012 07:08 AM PDT
DVB TV News
၂၅ ဇူလိုင် ၂၀၁၂ ပြည်သူ့လွှတ် တော်မြင်ကွင်း ကောက်နှုတ် တင်ပြချက် (ရိုက်ကူး ခွန်ခေါင်)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်တွင် ပထဆုံး ဆွေးနွေးချက် ရုပ်/သံ ကို ကြည့်ရှုနိုင်ပါသည်။


ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Jul 2012 07:05 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
2.bp.blogspot.com more info...

လပွတ္တာမြို့နယ် သဲဖြူနှင် ညောင်လိန်မှ လယ်သမားများ ဆန္ဒဖော်ထုတ်ခြင်း


ဇူလိုင် ၂၅
လပွတ္တာမြို့နယ် ညောင်လိန် ကျေးရွာနှင့် သဲဖြူကျေးရွာတို့မှ လယ်သမားများ ပါဝင်သော ဆန္ဒထုတ်ဖော်သူ ၅၀ ခန့်သည် ယနေ့ နေ့လယ်ပိုင်းတွင် လပွတ္တာမြိုနယ်အတွင်း လှည့်လည် ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

ဆန္ဒဖော်ထုတ်ရသည့်အကြောင်းရင်းမှာ ၄င်းတို့၏ လယ်များအသိမ်းခံရခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ မြောင်းမြမြို့မှ ရှေ့နေ ဦးဖိုးဖြူ လာရောက်ပြီး လယ်သမားများနှင့်ဆိုင်သော အခွင့်အရေးများအကြောင်းကို ရှင်းလင်းပြောပြသွားကြောင်းလည်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲသို့ လပွတ္တာမြို့နယ်မှ အဖွဲ့အစည်းများလိုက်ပါ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

Posted: 25 Jul 2012 06:59 AM PDT
လက်ပံတောင်း ကြေးနီ စီမံကိန်းကို ရွာသားတွေ ထပ်မံ ဆန္ဒပြကြဦးမည်။


ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Jul 2012 06:42 AM PDT
ရန်ကုန်၊ ဇူလိုင် ၂၅

တပ်မတော် သား ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတအဖြစ် ရွေးချယ်ထားသော ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှာ နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ငြိစွန်းမှု မရှိကြောင်း အရည်အချင်းစိစစ်ရေး အဖွဲ့ က ပြည်ထောင်စု လွှတ်တော်သို့ ရက်ပိုင်းအတွင်း အကြောင်းကြားသွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပါက မကြာမီ ရက်ပိုင်းအတွင်း ဒုတိယ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖွယ်ရှိကြောင်း The Voice Weekly သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခဲ့သော ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ကျမ်းမာရေး ကြောင့် ရာထူးမှ နှုတ်ထွက်စာ တင်သွင်းထားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ကပြောကြားခဲ့ပြီး ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဒုတိယ သမ္မတ တစ်ဦးထပ်မံရွေးချယ်ပေးရန် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များကို ညွှန်ကြားခဲ့သည်။

ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ခြင်းခံရသူ ဦးမြင့်ဆွေမှာ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး၊ အမှတ်(၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး နှင့် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

The Voice Weekly

Posted: 25 Jul 2012 06:36 AM PDT
နေပြည်တော်၊ ဇူလိုင် ၂၅

ယနေ့ ကျင်းပ နေသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် အဆို တင်သွင်း ထားသော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးရန် ပြဌာန်း ပေးရန် အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ပါဝင် ဆွေးနွေးခဲ့မှုများတွင်အဆိုနှင့် မသက်ဆိုင်သော အကြောင်းအရာများ ပါဝင်နေသဖြင့်  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုနှင့် တိုက်ရိုက် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ ဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်များကို နှစ်ကြိမ်တိုင် သတိပေးခဲ့သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်နှင့် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဦးကျော်သီဟတို့၏ ဆွေးနွေးမှုများတွင် ပုဂ္ဂိုလ်ရေး ထောက်ခံမှုများ ပါဝင်နေသဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက လွတ်တော် ကိုယ်စားလှယ်များအား ပြည်သူ့လွတ်တော် နည်းဥပဒေ ၁၃၀ အပိုဒ်ခွဲ (င) အရ သာမာန်အားဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အပြုအမူနှင့် စပ်လျှင်း၍ ဖော်ပြချက်များ မပါရှိစေရန်နှင့် အပိုဒ်ခွဲ (စ) အရ ဆွေးနွေးရာတွင် လွတ်တော်၏ ဆွေးနွေးမှု အဆိုဖြင့်သာ ထောက်ခံ ဆွေးနွေးရန် သတိပေးခဲ့ခြင်းဖြစ်သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ဆွေးနွေးမှုများတွင် နှစ်ပေါင်းလေးဆယ်အတွင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အား အစားထိုးနိုင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် ပေါ်ပေါက်လာကြောင်း၊ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံဖြစ်ထွန်းရန်အတွက် နိုင်ငံတော် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ညီညီညွတ်ညွတ် အကောင်အထည် ဖော်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သတိ ပေးပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နေပြည်တော် ဥတ္တရ သီရိ မဲဆန္ဒနယ်မှ ဦးမင်းသူက တိုင်းရင်းသား အရေး ဆွေးနွေးရာတွင် ပွင့်ပွင့်လင်းလင်း မဆွေးနွေး နိုင်သည်ကို တွေ့ရှိရကြောင်း၊ တိုင်းရင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်စိတ်အရ ပွင့်ပွင့်လင်းလင်း မပြောနိုင်သည်ကို တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပါက ပြောကြားချက်ကို ကန့်ကွက်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပြီး ဥက္ကဋ္ဌ၏ ပြောကြားချက်ကို လွှတ်တော် ကိုယ်စားလှယ်များက လက်ခုပ်တီး၍ အားပေး ထောက်ခံခဲ့ကြသည်ဟု လွှတ်တော် အစည်းအဝေးသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။ထို့နောက် ဥက္ကဋ္ဌက ဦးမင်းသူ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် အားလုံးအား ထပ်မံ သတိပေး ခဲ့ပြီး အသစ်ရောက်ရှိလာသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရောက်နှင့်နေပြီးသော ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် ပြဌာန်းပေးရန်အဆိုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်  ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။

The Voice Weekly

Posted: 25 Jul 2012 06:14 AM PDT
စက်မှုမြေအဖြစ် ရောင်းပြီးတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်တဲ့အကြောင်း ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၉) က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့ မှာ
ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် - လယ်မြေတွေကို ကုမ္ပဏီတွေက သိမ်းယူပြီးနောက် စက်မှုဇုန်နဲ့ အိမ်ရာ စီမံကိန်းတွေ ဆောင်ရွက်နေတယ်ဆိုပြီး သတင်းမီဒီယာ တွေကနေ တဆင့် လယ်သမားတွေကို သွေးထိုးမြှောက်ပင့် အရေးဆိုနေကြတဲ့ စွပ်စွဲချက်တွေ ဟာလည်း လွဲမှားနေတယ်လို့ ဦးခင်ရွှေက ပြောပါတယ်။

ဦးခင်ရွှေရဲ့ ဇေကမ္ဘာ ကုမ္ပဏီဟာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာ
အုပ်စုက လယ်မြေဧက ၁ ထောင် ကျော်ကို တိုးချဲ့စက်မှုဇုန် ဖော်ထုတ်ဖို့
ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂ဝ၁ဝ ခုနှစ်က သိမ်းယူခဲ့ပါတယ်။

လယ်တဧက အတွက် ကျပ် ၅ သောင်းပေးပြီး ဒီလယ်တွေကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုးဖို့ လယ်သမားတွေကို ပြောဆိုခဲ့ပေမယ့် လယ်သမားတွေက လက်မခံခဲ့ပါဘူး။

အဲဒီနောက် ငွေ မယူရင် လယ်တွေကို သိမ်းယူမယ် ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက
လယ်သမားတွေကို ခေါ်ယူ ပြောဆိုခဲ့တယ်လို့ သိရ ပါတယ်။

RFA Burmese

Posted: 25 Jul 2012 06:08 AM PDT

ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ်က အဓမ္မ သိမ်းယူထားတဲ့ လယ်မြေတွေ ပေါ်မှာ မူလပိုင်ရှင် လယ်သမားတွေက ဒီကနေ့ သွားရောက် ထွန်ယက်ခဲ့ကြတဲ့ အတွက် စစ်တပ်က တပ်စိတ် တစိတ်နဲ့ ဝိုင်းထားတယ်လို့ သိရပါတယ်။

လယ်သမားတွေဟာ တားဆီးပိတ်ပင်ထားတဲ့ ကြားက ဒီလယ်မြေတွေမှာ သွားရောက်ထွန်ယက် ခဲ့ကြတာ ဒီကနေ့ပါ ဆိုရင် (၄) ကြိမ် ရှိသွားပြီ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အခေါက်တွေက သွားရောက်ထွန်ယက်ရာမှာ စစ်တပ်က အင်အားသုံးပြီး လာရောက် တားမြစ်တဲ့အတွက် ဆက်မထွန်ယက်ဘဲ ရပ်ဆိုင်းခဲ့ကြပေမယ့် အခုတကြိမ်မှာတော့ ဆက်လက် ထွန်ယက်သွားမယ်
လို့ လယ်သမားတွေက ပြောပါတယ်။

သံလျင်မြိုနယ် အလွမ်းဆွတ်ကျေးရွာက လယ်မြေဧက ၂ ရာကျော်ကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်လောက်က ခလရ (၉ဝ) က ကနဦး သိမ်းယူခဲ့
တာဖြစ်ပြီး၊ လယ်သမားတွေကို သီးစားခ ချထားပေးခဲ့တာပါ။

နောက်ပိုင်းမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်ကို လယ်မြေတွေ လွှဲပြောင်းပေး ခဲ့ပြီးနောက် အခုနှစ်ဆန်းပိုင်းကစလို့ သီးစားစိုက်ပျိုးခွင့်
ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့် ရရှိရေးအတွက် လယ်သမားတွေက သမ္မတ ဦးသိန်းစိန်ကို အသနားခံစာ ပေးပို့ထားတယ်
လို့လည်း သိရပါတယ်။

RFA Burmese




Posted: 25 Jul 2012 06:18 AM PDT
စင်ကာပူအမျိုးသားတက္ကသိုလ်  (NUS)  နှင့် နန်ယန်းနည်းပညာတက္ကသိုလ် (NTU) မှ ပါရဂူဘွဲ့ ရဆရာများမှအင်ဂျင်နီယာဘာ သာရပ်နှင့် BioMedical, MSc Healthcare Management သင်ယူမည့်သူများအတွက်ဟောပြောပွဲ



အင်ဂျင်နီယာဘာသာရပ်ကိုစိတ်ဝင်ားသောကျောင်းသားကျောင်းသူများအတွက်  ကမ္ဘာပေါ်တွင် အင်ဂျင်နီ ယာဘာသာရပ်၏ အရေးကြီးပုံအခန်းကဏ္ဍများ၊ ကမ္ဘာပေါ်တွင် အသုံးဝင်ဆုံး အင်ဂျင်နီယာဘာသာရပ်များ အကြောင်းနှင့် မြန်မာနိုင်ငံတွင် ရှေ့ တန်း ရောက်လာမည့် အင်ဂျင်နီယာပညာရပ်နှင့် ပတ်သက်သည့် အခန်း ကဏ္ဍများအကြောင်းကို Nanyang Technological University မှ PhD ဘွဲ့  ရရှိထားခဲ့သော Dr. Ben Lim Kheng Khong မှ လည်းကောင်း၊ကမ္ဘာတစ်ဝှမ်းရှိ ဆေးဝါးရှာဖွေဖေါ်ထုတ်ခြင်းနှင့် သုတေသန လုပ်များနှင့် ဆက်စပ်သည့် လုပ်ငန်းများကပညာရပ်များနှင့် အလုပ် အကို်င်အခွင့်အလမ်း များအကြောင်းကို Dr. Mandar Godge (PhD National University of Singapore) မှ လည်းကောင်း ညနေ (၂)နာရီမှ (၅)နာရီအထိ၊ ဇူလိုင်လ (၂၉)  ရက်နေ့ ၊ ၂၀၁၂ (တနင်္ဂနွေ နေ့) Summit Parkview Hotel တွင် ကျင်းပပြုလုပ်မည့်  MDIS Open House တွင်ရှင်းလင်း ပြောကြားမည်ဖြစ်ပြီး မည်သူမဆိုအခမဲ့  တက်ရောက်နိုင်ပါသည်၊၊

အဆိုပါဟောပြောပွဲကို CROWN Education နှင့် MDIS တို့ မှစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စင်္ကာပူနိုင်ငံ MDIS တွင်တက်ရောက်ကာ University of Bradford မှ ပေးအပ်ချီးမြင့်မည့် Electrical and Electronic Engineering ဘာသာရပ်များ အကြောင်းနှင့် Machenaical Engineering ဘာသာရပ်များ နှင့်  Biomedical Sciences, Pharmaceutical Management,  University of Wales မှပေးအပ်မည့် MSc in Healthcare Management,  Northumbria University ပေးအပ်မည့် Biotechnology စသည့်ဘာသာရပ်များ ကိုပါရှင်းလင်း ပြောကြားပေးမည်ဖြစ်ပါသည်၊၊

Dr. Ben Lim Kheng Khong USA 2010  Global Scholar နှင့် SIMTech သုတေသန Scholar တစ်ယောက်ဖြစ်ပြီး၊ ထုတ်လုပ်မှု့ နည်းပညာ၊ ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာနှင့် တီထွင်ဖန်တီးမှု့ ဆိုင်ရာ အင်ဂျင်နီယာ သုတေသနများဆောင်ရွက်လျက်ရှိကာ   ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းများအတွက် A*STAR အကူဆရာအဖြစ်လည်းဆောင်ရွက်ခဲ့သည်၊၊ 


Dr. Mandar Godge သည် စင်္ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) မှ ပါရဂူဘွဲ့ ရရှိခဲ့ပြီး။ MDIS တွင် ဘွဲကြို၊ဘွဲလွန်ကျောင်းသားများကို Genomics, Molecular Biology, Cellular Biology, Biochemistry, Chemical စသည့်ဘာသာရပ်များသင်ကြားပေးလျက်ရှိကာ American Society of Plant Biologist and International Researchers Club အသင်းဝင်တစ်ယောက်ဖြစ်သည်၊၊ Dr Mandar မှ ရောဂါရှာဖွေရေး သုတေသန၊ ဆေးဝါးသုတေသန တို့နှင့် သက်ဆိုင်သော Biomedical Science ဘာသာရပ်များအကြောင်း နှင့်  Cellular and Molecular Pathology, Medical Biochemistry, Cancer Biology အစရှိသော ဘာသာရပ်များနှင့် ဆက်စပ်သော အလုပ်အကိုင်အခွင့် အလမ်းများအကြောင်းကို ဆွေးနွေးပြောကြားပေးမည်ဖြစ်ကြောင်းသိရသည်၊၊


စိတ်ပါဝင်စားသူများ၊ CROWN Education ဖုန်း ၀၉  ၅၀၈၅ ၁၈၅ နှင့် ၀၉  ၇၃၂ ၇၃၂ ၇၇ တို့ ကိုတွင် ဆက်သွယ်စာရင်းပေးတက်ရောက်နိုင်ပါသည်၊၊




Posted: 24 Jul 2012 10:59 PM PDT
ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသောဘင်္ဂလီများအား BGB က နယ်စပ်တွင် ဖမ်းဆီးကာ ပြန်လည်၍ ယမန်နေ့ကအထိ စုစုပေါင်း ၁၅၆၅ ဦးပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းများအရ သိရှိရသည်။ 

ရခိုင်ပြည်တွင် နည်းမျိုးစုံဖြင့် အကြမ်းဖက်သောင်းကျန်းပြီး တိမ်းရှောင်လာသော ဘင်္ဂလီများမှာ စက်ဘုတ်၊ လှေနှင့် နယ်စပ်ခြံစည်းရိုး အကြားရှိ မှောင်ခိုလမ်းကြောင်း ၂၀ ကျော်တို့ကို ဖြတ်ကျော်ပြီး ဘင်္ဂလာသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

သို့သော်လည်း ယင်းတို့အား တာခ်နာ အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ အမှတ် ၄၂ တပ်ဖွဲ့(BGB)နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များက ဖမ်းဆီးပြီး ပြန်လည်၍ တရားဝင် နစကသို့ လွှဲအပ်ပို့ဆောင်ခြင်း မဟုတ်ဘဲ နယ်စပ်များမှ မြန်မာသို့ တရားမ၀င် အတင်းအဓမ္မ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း တရားမ၀င် ပို့ဆောင်ခဲ့သည့် ၁၅၆၅ ဦးမှာ ဇွန်လ ၈ ရက်နေ့မှ ယမန်နေ့ကအထိ ဖမ်းဆီးရမိသူများဖြစ်ကြောင်း၊ ဘင်္ဂလာက သင်္ခါမကင်းသူ ၁၅ ဦးအား စစ်ဆေးအရေးယူမှုများ ရှိနေကြောင်းနှင့် ပို့ဆောင်ခံရသောသူများအား ယခုအချိန်ထိ နစကနှင့် လ၀ကမှ တစုံတရာ လိုက်လံစစ်ဆေး အရေးယူမှုများ မရှိသေးကြောင်း သတင်းများ ရရှိသည်။ 

ရခိုင်ပြည်နယ်-ဘင်္ဂလာအကြား နယ်စပ်ဒေအတွင်း နေထိုင်နေကြသော ဘင်္ဂလီများမှာ မြန်မာဘက်မှ ကာရံထားသည့် နယ်စပ်ခြံစည်းရိုး သံဆူးကြိုးနှင့် သံတိုင်များကို အလွယ်တကူခိုးယူပြီး ဘင်္ဂလာသံဈေးကွက်သို့ တန်ဖိုးအနည်းငယ်ဖြင့် ရောင်းချလျက်ရှိနေကြောင်း မျက်မြင်များက ပြောသည်။

ဘင်္ဂလာမှ ၄င်းတို့နိုင်ငံအတွင်း ဖမ်းဆီးရမိသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကို လွန်ခဲ့သော ၂၀၀၀ ခုနှစ်မတိုင်ခင် ထောင်ဒဏ်ချလေ့ရှိပြီး နောက်ပိုင်းတွင် ဖမ်းဆီးအရေးယူ စစ်ဆေးမှုများမပြုလုပ်ဘဲ မြန်မာသို့ နယ်စပ်များကိုဖြတ်ပြီး တရားမ၀င် အဓမ္မပို့ဆောင်နေခြင်းမှာ ဆယ်စုနှစ်တစ်ခုကျော်လာပြီးဖြစ်ကြောင်းနှင့် ယင်းတရားမ၀င် ပို့ဆောင်မှုမှာ ရက်ပေါင်း ၃၀ အတွင်း အနည်းဆုံး ၂၅ ရက် ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းများအရ သိရှိရသည်။

မြန်မာနိုင်ငံ ပိုင်နက်အတွင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် များပြားလာခြင်းမှာ ယင်းကဲ့သို့ တရားမ၀င် ပို့ဆောင်ခြင်းခံရသူများ ရှိနေခြင်းကြောင့်ဖြစ်ကြာင်း၊ ဘင်္ဂလာမှ ရိုဟင်ဂျာပြဿနာများအား လှုံ့ဆော်မှုများမှ ယခုကဲ့သို့ ထင်ပေါ်လာခြင်းဖြစ်ကြောင်း၊ နယ်စပ်လုံခြုံရေး တာဝန်ရှိသူများက ခြစား၊ လာဒ်စားမှုများရှိနေခြင်းကြောင်းနှင့် ဘင်္ဂလာတွင် မြန်မာ့ဒုက္ခသည်စခန်းဟု အမည်တပ်ရှိနေရာမှ UNHCR အကူအညီဖြင့် တတိယနိုင်ငံများသို့ နှစ်စဉ်ထွက်ခွာနေမှုအတွင်း များသောအားဖြင့် ရခိုင်-မြန်မာစကားနှင့် စာပေမတတ်သူများဖြစ်ပြီး ၎င်းတို့မှာ ဒေသအတွင်း ဘင်္ဂလီများဖြစ်ကြောင်း လာဒ်ငွေပေး၍ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ယင်းဘင်္ဂလီများက နိုင်ငံတကာတွင် လှေစီးရိုဟင်ဂျာ အမည်ခံ ဒုက္ခသည်အဖြစ် လျှောက်ထားနိုင်ရန် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကွန်ပြူတာဆိုင်များနှင့် မောင်တော နစက-လ၀ကများမှ နိုင်ငံသားကပ်၊ ထောက်ခံစာများအား ငွေပေးပြီး အတုလုပ်ဆောင်ကာ ထွက်ခွာသွားမှုများ ရှိနေကြောင်း ဆိုသည်။ 

ယမနေ့က မြန်မာကျပ် ၃၂၃၀၀၀ ငွေ၊ ကုန်စုံပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသား အပါအ၀င် ၃ ဦးအား နယ်စပ်စောင့်တပ်ဖွဲ့က မှောင်ခိုမှုဖြင့် ဖမ်းဆီးရမိပြီး တာခ်နာရဲဋ္ဌာနမှ စစ်ဆေးချက်များ ယူနေကြောင်း သိရှိရသည်။

အဆိုပါ BGBမှ ပို့ဆောင်ခဲ့သော ဘင်္ဂလီအရေအတွက်မှာ ဒေသထုတ် သတင်းစာများက ဖေါ်ပြချက်အား စုပေါင်းတွက်ချက် ထားခြင်းဖြစ်ပြီး တခြားစာရင်းမရှိ ပို့ဆောင်ခဲ့မှုများ အများအပြား ရှိနေသေးကြောင်းနှင့် ဖမ်းဆီးမမိခဲ့သော သူများလည်းရှိကြောင်း နယ်စပ် လေ့လာသူများက ဆိုသည်။

ယင်းစက်ဘုတ်၊ လှေနှင့် နယ်စပ်ဖြတ်ကျော်ဝင်လာသူ အများအပြားတွင် အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်ကြကြောင်းနှင့် ယောက်ျားများမှာ အစောင့်အနေဖြင့် လိုက်ပါလာခြင်းသာဖြစ်ကြောင်း တွေ့ရှိရကြောင်း မျက်မြင်များကဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် နယ်စပ်လုံခြုံရေး တပ်ဖွဲ့တချို့က နယ်စပ်မှလာသည့် ဘင်္ဂလီများအား ဒုက္ခသည်စခန်းများသို့ သွားရောက်ရန် ငွေပေးလျင် ပို့ပေးကြောင်း၊ ဒုက္ခသည်အဖြစ် လက်မှတ်ရပြီး ရိက္ခာထုတ်စား၍ရမည်သူများမှာ စခန်းခေါင်းဆောင်များအား ငွေပေးလျှင် ရရှိကြောင်းသိရှိရသည်။ သို့သော်လည်း ငွေမပေးနိုင်သည့် ဘင်္ဂလီဒုက္ခသည် အများအပြားမှာ စခန်းအနီးတ၀ိုက်တွင် ယာယီတဲများဖြင့် ခုံလုံနေကြပြီး ကျဘန်းလုပ်ကိုင်စားသောက်နေကြရာ မကြာခဏ ဒေသများနှင့် ခိုက်ရန်ဖြစ်ပွားလျက်ရှိနေသည်။ 

 Written by သဇင်ဥ - အာရ်ကန်တိုင်းမ်စ်

Posted: 24 Jul 2012 10:52 PM PDT
ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က `Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Cleance Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆိုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူပါသည်။

ပြည်သူ့လွှတ်တော်

Posted: 24 Jul 2012 10:54 PM PDT
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး အဆိုကို ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်။
ဓာတ်ပုံ- ပြည်သူ့လွှတ်တော်ဖေ့ဘွတ်
ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး အဆိုကို ဆွေးနွေးမှု ဖြစ်ပါတယ်။ -----------------------------------------------------------

ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာဆိုလို့ရှိရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပါယ်ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလဲ ပါပါတယ်။ အခု ဆွေးနွေးချက်တွေအရ ဆိုလို့ရှိရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောသွားတာလို့ ကျွန်မတို့ မှတ်ယူရပါတယ်။
ပြည်နယ်တွေအကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဆိုရင် ပြည်နယ်ဒေသတွေပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာဆိုလို့ရှိရင် နောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ကိန်းဂဏန်းများအရ ၇၃.၃ %၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ %၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇.၄ %၊ ရှမ်းတောင်ဆိုရင် ၂၅.၂ % ၊ ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၃.၁ % ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းကတော့ ၄၃.၅ % ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှခြင်း ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅.၆ % ဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်နေတယ်ဆိုတာကိုမြင်ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလဲ ၂၈.၆ % နဲ့ ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာသာစာကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာ ကျယ်ပြန့်နက်နဲတယ် ဆိုတာ ကျွန်မတို့မြင်နိုင်ပါတယ်။ ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလိုပြဌာန်းခြင်းတို့များ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ထောက်ခံပါတယ်။

  ပြည်သူ့လွှတ်တော်

Posted: 24 Jul 2012 10:32 PM PDT
ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံပင်ဖြစ်ပါစေ မိမိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို နိုင်ငံ၏ပြယုဂ်တစ်ခုအဖြစ် တန်ဖိုးထားထိန်းသိမ်းကြသည်မှာ သံသယဖြစ်စရာ စိုးစဉ်းမျှမရှိချေ။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများမှာ နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲအောင် များပြားပါသည်။ သို့သော် လူအချို့၏ လွဲမှားသော အသုံးချမှုများကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအပေါ် မြန်မာပြည်သူအချို့၏ တန်ဖိုးထားမှုမှာ မေးခွန်းထုတ်စရာဖြစ်လာသည်။

မကြာသေးမီက မြန်မာဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထားရာ ဘုရားပုထိုးစေတီများကို နောက်ခံထား၍ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဟု အများကသတ်မှတ်ထားသည့် ၀တ်စားဆင်ယင်မှုများဖြင့် ဓာတ်ပုံများ ရိုက်ကူးလာသည်ကို တွေ့လာရသည်။ ယင်းဓာတ်ပုံများအနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ၌ လူပြောအများဆုံး ဖြစ်လာသည့် ဓာတ်ပုံတစ်ပုံမှာ ပုဂံဘုရားများကို နောက်ခံထား၍ မော်ဒယ်တစ်ဦး၏ ခေတ်ဆန်သည့် ၀တ်စုံဒီဇိုင်းများဖြင့် ရိုက်ကူးထားသော ဓာတ်ပုံပင်ဖြစ်သည်။ ပြည်တွင်းလစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြခဲ့သော ယင်းဓာတ်ပုံများကို မြန်မာဗုဒ္ဓဘာသာ စေတီပုထိုးများနှင့် မအပ်စပ်သည့် ဓာတ်ပုံများဟု အဆိုပါဓာတ်ပုံကို ကြည့်မိသူ ပရိသတ်အများစု၏ ဝေဖန်မှုများ ရှိလာသည်။

“ဘုရားဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေးအမြတ်ထားတဲ့ နေရာပါ။ ရှေးတုန်းက ဘုန်းကြီးတွေ၊ ရဟန်းသံဃာတွေ ကြွလာရင်တောင် ပခုံးပေါ်သဘက်တင်ရတာ။ ဒီလိုမလုံမခြုံပုံတွေနဲ့ ဘုရားကို  နောက်ခံထား ရိုက်တာဟာ ကိုယ့်မြန်မာတွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှု၊ ရိုးရာဓလေ့ကို ဖောက်ဖျက်ရာရောက်တယ်။ လူမျိုးခြား၊ ဘာသာခြားတွေ အမြင်မှာလည်း တကယ့်အထွတ်အမြတ်ထားတဲ့ နေရာမှာ ကဲ့ရဲ့စရာ၊ ရှက်စရာ၊ လူအထင်သေးစရာ ရောက်မှာပေါ့။ မြန်မာမိန်းကလေးတွေက ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာကိုမှ အလေးမထားရင် ဘယ်သူက အလေးထားမှာလဲ”ဟု အငြိမ်းစားအထက်တန်းပြ ကျောင်းဆရာမကြီးတစ်ဦးက ပြောသည်။

ပုဂံဒေသတွင် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးလိုပါက တစ်နေ့တာအတွက် ရိုက်ကူးခနှုန်းထားမှာ ကျပ်ဆယ်သိန်းဝန်းကျင် ပေးဆောင်ရမည်ဟု သက်ဆိုင်ရာက သတ်မှတ်ထားသော်လည်း ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ၀တ်စားဆင်ယင်မှုများနှင့် ရိုက်ကူးမှုကိုမူ ခွင့်ပြုထားသလားဟု ဝေဖန်မှုများလည်း ထွက်ပေါ်လာပြန်သည်။

“ဒီဓာတ်ပုံရိုက်တဲ့ မဂ္ဂဇင်းအဖွဲ့ဟာ ကျွန်တော်တို့ဌာနကို ခွင့်ပြုချက်ရယူ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူး။ မော်ဒယ်လ်အမျိုးသမီးကို ကားပေါ်တင်ပြီး သာသနိကအဆောက်အအုံတွေမှာ လျှပ်တစ်ပြက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်”ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးညွန့်က ပြောကြားသည်။

ယင်းဓာတ်ပုံများ ရိုက်ကူးနေစဉ်ကာလကပင် ပုဂံရှိဒေသခံအချို့၏ မကျေနပ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း ဓာတ်ပုံရိုက်ကူးခဲ့သည့် ထက်အောင်ကျော်က ပြောသည်။ “ကျွန်တော်တို့ရိုက်နေတုန်း ဖြတ်သွားဖြတ်လာ လမ်းသွားလမ်းလာတွေက ပြောတယ်။ ဟာ...ပုဂံမှာ ဘယ်လိုလာရိုက်နေလဲ မသိဘူး။ ဒီလိုပုံစံနဲ့ မသင့်တော်ဘူးပေါ့”ဟု ဒေသခံများ၏ ပြောစကားကို ၄င်းကပြန်လည်ပြောကြားသည်။

ပုဂံဘုရားများနှင့် မော်ဒယ်၏ ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ်ပေါ်လွင်သော ၀တ်စုံတို့ဖြင့် ရိုက်ကူးခဲ့သော ယင်းဓာတ်ပုံများမတိုင်မီက ရန်ကုန်မြို့၏ အထင်ကရ တန်ခိုးကြီးစေတီတစ်ဆူဖြစ်သည့် ရွှေတိဂုံဘုရားကို နောက်ခံထား၍ စကတ်အတို၊ အကျလည်ဟိုက်တို့ ၀တ်ဆင်ထားသည့် မင်းသမီးတစ်ဦး၏ ဓာတ်ပုံများလည်း ထွက်ပေါ်လာခဲ့သည်။ “သရုပ်မှန်ဓာတ်ပုံဆရာ တစ်ယောက်အနေနဲ့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ကျွန်မတို့ရဲ့သာသနိကအဆောက်အအုံတွေနဲ့ တွဲဖက်ရိုက်တာမျိုး ရိုက်ကူးဖြစ်မယ် မထင်ဘူး။ မဂ္ဂဇင်းထုတ်ဝေသူဘက်က တောင်းဆိုလာရင်လည်း ပြောပြညှိနှိုင်းရမှာပေါ့။ ညှိနှိုင်းလို့ မရဘူးဆိုရင်လည်း ဒီအလုပ်ကို လက်မခံရုံပဲရှိတယ်။ အနှစ်ကိုးရာကျော်လောက်က ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဒီလိုပုံတွေ ရိုက်ဖို့က ကျွန်မရဲ့ခံယူချက်၊ အနုပညာ အာရုံဝင်စားမှုနဲ့ ကိုက်ညီမှုမရှိဘူး”ဟု ဓာတ်ပုံဆရာ မလိမ္မာ(မြန်မာစာ)က ပြောသည်။

ပြည်ပအဆိုတော် A Kon ၏ အမ်တီဗီ ဂီတဗီဒီယိုတစ်ခုတွင် ဗုဒ္ဓဆင်းတုတော်များကို မလျော်ကန်သော အသုံးပြုမှုများဖြင့် ထည့်သွင်းရိုက်ကူးထားသောကြောင့် ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံတို့မှ လူထုအချို့၏ အမျက်ဒေါသနှင့် ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။ ထို့ပြင် ယခုလတ်တလော မြို့ရွာကျေးလက်မကျန် ပရိသတ်အားပေးမှုကို ရရှိနေသည့် လူငယ်အဆိုတော်တစ်ဦး၏ ဗီစီဒီတွင်လည်း ဘုရားပရိဝုဏ်အတွင်း အဆိုတော်နှင့်အတူ တီးဝိုင်းသမားများ ဖိနပ်များစီးလျက် ရိုက်ကူးထားသော ပြကွက်များအပေါ် သတိထားမိသည့် ပရိသတ်များ၏ ဝေဖန်မှုများလည်း ထွက်ပေါ်နေပြန်သည်။

“ ဒါတွေကို စာမျက်နှာပေါ်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ပိုင်ခွင့်က မီဒီယာသမားတွေဆီမှာ ရှိတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတာ ရှိတယ်လေ။ မီဒီယာတွေအပေါ်မှာ ဒါမျိုးတွေ ဖော်ပြလာတာ သဘောမကျဘူး။ အဲဒီအတွက် မီဒီယာသမားတွေမှာ တာဝန်ရှိပါတယ်”ဟု မန္တလေးမြို့ခံ စာကြည့်တိုက်မှူး ဦးအောင်မြင့်ဦးက ပြောသည်။

မီဒီယာအသီးသီးတွင် ဖက်ရှင်ကဏ္ဍအနေဖြင့် သီးသန့်တီထွင် ရိုက်ကူးနေကြသော ဖက်ရှင
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...