ကိုးကွယ်မှုမှ ရုန်းထွက်ခြင်း
အများတကာလိုပဲ လောကအလယ်မှာ ယက်ကန်ယက်ကန်အသိတွေနဲ့ ရှင် သန်နေရတယ်ပြောရမလား။ နေနေရတယ်ပြောရမလား။ ဝါးဝေနေတဲ့ အသိတွေကို ဝေဝါး နေကြရတော့ ငြီးတာလိုလို ငွေ့တာလိုလို ။
လူတစ်ယောက်လူ
လောကက သင်ပေးတဲ့အသိနဲ့ တွက်ရတဲ့ အသက်ကလည်းကြီးလာပြီလို့ မြင် မိတော့…၊ ငယ်လာပြီလို့လည်း ပြောင်းပြန်လှန်ပြီးတော့ မစဉ်းစား။
ဘာမှန်းမသိ ညာမှန်းမသိဆိုတဲ့ စကားအတိုင်း ဘာမှန်းမသိတော့ ညာမှန် လည်း မသိဆိုတာလိုများ မသိတွေများ ပွားများနေမိရော့လား။
တချို့ပြော
သိနဲ့ မသိကို ခွဲခြမ်းတာလိုလို၊ စိတ်ဖြာတာလိုလို၊ အဓိပ္ပာယ်ဖွင့်တာလိုလို၊ အနက်ကောက်တာလိုလို၊ အရကောက်တာလို လို။
လောကကပေးတဲ့
ဘုရား…ဘုရားလိ
အလကား အလကား ဆိုပြီးတော့ပဲ လွှင့်ပစ်လိုက်ရမလား…..။
ကုလားကမည်းတယ်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပညာ ဆိုတာ လူ့ဘဝသွားရာလမ်းကြောင်းမှာ
ရှုပ်နေရင် ရှင်းပေးဖို့ (ဓားနဲ့တူသလိုလို)
ကောက်နေရင် ဖြောင့်ပေးဖို့ (ပေနဲ့တူသလိုလို)
မောက်နေရင် နိမ့်ပေးဖို့ ( ဘိုဒူဇာနဲ့ တူသလိုလို)
နိမ့်နေရင်မြှ
ကြမ်းနေရင် ချောပေးဖို့ ( ကော်ပတ်စားနဲ့တူသလိုလို)
ပူလွန်းနေရင် အေးပေးဖို့ ( အဲကွန်းနဲ့တူသလိုလို)
အေးလွန်းနေရင် နွေးပေးဖို့ ( အဲဝမ်းနဲ့တူသလိုလို)
ပညာဆိုတာ အဲသလို လူသွားလမ်းအတွက် ပြုပြင်ပေးတဲ့ အရာဆိုတော့ ပညာကလူကို သွားသာရုံ နေသာရုံလောက် ပဲလား…..။
ဘာလို့လဲဆိုေ
ဒီပြောချက်ဟာ မှားချင်မှားမှာပေါ့။ မှားရမှာပေါ့။ ဘာဖြစ်လို့လဲဆို ဒီဟာကို ပြောတဲ့သူဟာ လူဖြစ်နေလို့ပေါ့။ လူပဲ မှား စရာရှိရင် မှားခွင့်ရှိရမှာပေါ့…..။
အမှန်လည်း အဲသလိုပေါ့။ လူမို့ မှန်တာပေါ့။ လူမရှိရင် လူနဲ့ ပတ်သက်တဲ့ အမှားအမှန်ဟာ ဘာအသုံးကျတော့မလဲ…..။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကိုးကွယ်ရတဲ့ ဘာသာဟာလည်း(သို့) ယုံကြည်ရတဲ့ ဘာသာဟာလည်း တမျိုးကြီးဗျ။ ဘာသာရေးရဲ့ အကြီးအကဲက တခြားနဲ့ မတူတဲ့ “ဘုရား” တဲ့ဗျ။ ဘုရားဆိုတာ လူဟုတ်တာလိုလို လူမဟုတ်တာလိုလို…..။
လူဆိုရင်လည်း လူလိုပဲ ဆက်ဆံဝေဖန်ပြောဆို နေထိုင်နိုင်ရမှာပေါ့။ လူတော့လူပေါ့ ဘုရားဆိုတဲ့ လူပေါ့လို့ ဆိုပြန်ရင် လည်း ဘာကြီးလဲဟလို့ မေးရမလိုလို…..။
လူတော့မဟုတ်ဘူ
ဘုရားဟာ လူမဟုတ်ရင်လည်း ဝေးဝေးမှာနေရမှာပေါ့။ ဘာလို့လဲဆို လူမှမဟုတ်တာ…..။
လူဆိုရင်လည်း အေးချမ်းတည်ငြိမ်တဲ့အသိက သူတစ်ယောက်ပဲ သိခွင့်ရှိတာလား…..။
လူသားကမ္ဘာလော
ဒီလောက်များတဲ
ကျန်တဲ့သူတွေ
ငြိမ်းချမ်းတဲ
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
လူတွေဟာ နေရေး မစဉ်းစားပဲ သေရေးကိုပဲ အရေးတယူလုပ်ပြီး စဉ်းစားနေသူက စဉ်းစား…။ နေရေးအတွက်ပဲ စဉ်းစား နေသူက စဉ်းစား…။ နှစ်ခုစလုံးအတွက် စဉ်းစားနေသူတွေက စဉ်းစား….။ ဒီလိုတွေပဲ စဉ်းစားပြီး ဘဝရဲ့ ထွက်ပေါက်ဟာ ဘာလဲလို့ ဆိုတာကိုတောင် ခေါင်းထောင်ပြီး ကြည့်ဖို့ မကြိုးစားကြတော့ဘူး….။
ကိုယ့်ကို ကံကပဲဖန်ဆင်းသလိုလို ၊ ဘုရားသခင်ကပဲ ဖန်ဆင်းသလိုလို လူဟာကိုယ့်ကိုကလေးတောင်မှ ကိုယ်ပိုင်အဖြစ်မ ရှိနေတာ ကိုယ်ကဘာဖြစ်ခွင့်ရှိမှာမို့လဲ…
နေရရင်လည်း ကံနဲ့ ဘုရားသခင်ရဲ့ စိတ်တိုင်းကျ….။ သေရရင်လည်း ကံနဲ့ဘုရားသခင်ရဲ့ စိတ်တိုင်းကျဆိုတော့ ဒီကမ္ဘာ ကြီးမှာ အသိဉာဏ်အမြင်ဆုံးဆိုတဲ့ လူတွေဟာ ဘယ်နေရာမှာများ သွားပြီးမြင့်နေကြသလဲပေါ့….။
ဒါ ကျုပ်စဉ်းစားချက်ပေါ့….။ ကိုယ်ဟာ နဖားကြိုး အထိုးခံထားရတဲ့ သတ္တဝါတစ်ကောင်မှ မဟုတ်တာပဲ….။
ကိုယ့်ဘဝရဲ့ ဆရာဟာ ကိုယ်ပဲ…..။
ကိုယ့်ဘဝရဲ့ အရှင်သခင်ဟာ ကိုယ်ပဲ…..။
ကိုယ့်ဘဝရဲ့ လွတ်မြောက်မှုဟာလည်း ကိုယ်ပဲ…..။
ကိုယ့်ဘဝရဲ့ အောင်မြင်မှုဟာလည်း ကိုယ်ပဲ…..။
ကိုယ့်ဘဝရဲ့ ကျရှုံးနိမ့်ကျမှုဟာလည်း ကိုယ်ပဲ…..။
ကိုယ့်ဘဝရဲ့ ကိုယ့်ကိုယ့်ကိုယ်ကို ကိုယ့်အဖြစ်ကို ကိုယ်ဖြစ်အောင်လုပ်နိုင်တာဟာ ကိုယ့်ဘဝရဲ့ လူ့အဖြစ်ကို သရုပ်ပြတဲ့ ကိုယ့်ရဲ့အမြင်ပဲ မဟုတ်လား….။
---
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
လွမ်းနေသူ®
0 comments:
Post a Comment