Thursday, July 26, 2012

ဦးနှောက်အပိုင်းခြားနှင့် လုပ်ဆောင်မှုများ


by မိုးကြာညို မိုး on Thursday, July 26, 2012 at 12:21pm 

ညာဘက်အခြမ်း ဦးနှောက်နဲ့ ဘယ်ဘက်အခြမ်း ဦးနှောက်တို့ရဲ့ လုပ်ဆောင်ချက်များ

 ညာဘက်အခြမ်း ဦးနှောက်နဲ့ ဘယ်ဘက်အခြမ်း ဦးနှောက်တို့ရဲ့ လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။

ဘယ်ဘက်အခြမ်း ဦးနှောက်သန်သူ

သိပ္ပံ ပညာရပ် စိတ်ဝင်စားသူ၊ သင်္ချာအတွက်အချက်ဝါသနာပါသူ၊ ခင်မင်ရင်းနှီးလွယ်သူ၊ တိကျပြတ်သားသူ၊ ဖြောင့်မတ်သူ၊ အသေးစိတ်တွက် ချက်သူ၊
ဗျူဟာဆန်ဆန်တွေးတတ်သူ၊ လက်တွေ့ကျမှုကို သဘောကျသူ၊ ဘာသာစကားနှင့် ဝေါဟာရများ လေ့လာရန် လွယ်ကူသူ၊ လက်တွေ့ကို သဘောကျသူ၊ အီကွေးရှင်းများ တွက်ချက်ဝါသနာပါသူ၊ ကိန်းဂဏန်းများနဲ့ ဆော့ကစားနေတတ်သူ၊ အမိန့်နာခံတတ်သူ၊ သဘာဝအတိုင်း ပုံသေနည်းစံစံ မှန်ကန်အောင် လုပ်တတ်သူ၊ ကိုယ့်ကိုယ်ကိုယ် မည်သူမည်ဝါ သေချာသိသူ။

ညာဘက်အခြမ်း ဦးနှောက်သန်သူ

အတွေးအမြင်သစ်များ စဉ်းစားလုပ်တတ်သူ၊ လွတ်လွပ်မှုကို သဘောကျသူ၊ သံယောဇဉ်ကြီးသူ၊ အကြောင်းအရင်းကို ဖော်ထုတ်ပြောဆိုတတ်သူ၊ စွန့်စားလိုစိတ်ရှိသူ၊ ရယ်မောလောင်ပြောင်တတ်သူ၊ အနုပညာဆန်ဆန် ခံစားတတ်သူ၊ သီချင်းများ ခရေဇီဖြစ်သူ၊ ဗလာမျက်နှာပြင် ကို ဆေးရောင်ခြယ်ပေးတတ်သူ၊ စိတ်ကူး ယဉ်လွန်းသူ၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ တွေးခေါ်ပညာရှင်၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတတ်သူ။

Credit : International News for Myanmar

ဒါကဖြစ်ရပ်ဆန်းကျယ်မှတင်ပြထားတဲ့ မူရင်း link ပါ...

https://www.facebook.com/notes/%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9B%E1%80%95%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%80%E1%80%BA%E1%80%9A%E1%80%B9/%E1%80%8A%E1%80%AC%E1%80%98%E1%80%80%E1%80%B9%E1%80%A1%E1%80%BB%E1%80%81%E1%80%99%E1%80%B9%E1%80%B8-%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%82%8F%E1%80%BD%E1%80%AC%E1%80%80%E1%80%B9%E1%80%94%E1%80%B2%E1%82%94-%E1%80%98%E1%80%9A%E1%80%B9%E1%80%98%E1%80%80%E1%80%B9%E1%80%A1%E1%80%BB%E1%80%81%E1%80%99%E1%80%B9%E1%80%B8-%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%82%8F%E1%80%BD%E1%80%AC%E1%80%80%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%80%9B%E1%80%B2%E1%82%95-%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/346197995462942?notif_t=note_reply

ကျွန်မအနေနဲ့ ထပ်ပြီးဖြည့်စွက်တင်ပြလိုတာကတော့

ဦးနှောက်ရဲ့ ရှေ့ပိုင်းနဲ့ နောက်ပိုင်းကိုလဲ ထပ်မံပိုင်းခြားထားပါသေးတယ်...ဦးနှောက်ရှေ့ပိုင်းရဲ့ လုပ်ဆောင်ချက်တွေက အနာဂတ်အတွက် ကြိုတင်တွေးဆခြင်းတွေဖြစ်ပြီးတော့ အနောက်ပိုင်းရဲ့ လုပ်ဆောင်ချက်တွေက အတိတ်နဲ့ ပစ္စုပ္ပန်အတွက်ဖြစ်ပါတယ်။  ဦးနှောက်ရှေ့ညာဘက်ပိုင်းက Control ၊ ရှေ့ဘယ်ဘက်ပိုင်းက Explore ၊ နောက်ညာဘက်ပိုင်းက Pursue ၊ နောက်ဘယ်ဘက်ပိုင်းက Preserve လို့ သတ်မှတ်ပါတယ်။


I-control

Control ပိုင်းအားသန်သူတွေက အချက်အလက်တွေကို မူတည်ပြီးစဉ်းစားတတ်သူ၊ စည်းရုံးရေးစွမ်းအားမြင့်သူ၊ ဗျူဟာမြောက် အစီစဉ်တွေရေးဆွဲနိုင်သူ၊ ဖြောင့်မှန်မှုနဲ့ တိကျမှုကိုမြတ်နိုးသူ။ များမြောင်တဲ့ ကိန်းဂဏန်းစာရင်းဇယားတွေကိုမှတ်မိလွယ်ပြီး အောင်မြင်မှုကို ဂုဏ်ယူတတ်သူ၊ ရှက်ရွံ့မှုလဲရှိသူ၊ မသေချာမရေရာမှုတွေ နဲ့ နှောင့်နှေးမှုတွေကို မကြိုက်တတ်သူ။


I-explore

Explore ပိုင်း အားသန်သူတွေက တီထွင်နိုင် စွမ်းမြင့်မားသူ၊ စည်းကမ်းတွေကိုကျော်လွန်ပြုမူ တတ်သူ၊ စိန်ခေါ်မှုကိုလိုလား သူ၊ အပြောင်းအလဲကိုနှစ်သက်သူ၊ ရှုပ်ထွေးမှုနဲ့ ကွဲပြားမှုတွေကို သက်တောင့်သက်သာလက်ခံနိုင်သူ၊ အကြံဥာဏ်ကောင်းတွေ အမြဲဖော်ထုတ်နေတတ်ပြီး မည်သည့်ကိစ္စကိုမဆို အလွယ်တကူ ထိုးထွင်းသင်ယူနိုင်သူ၊ လက်မြှောက်အရှုံးပေးဖို့ မစဉ်းစားတတ်သလို အချိန်အကန့်အသတ်တွေ၊ အဆင့်အတန်းတွေကိုလဲ သိပ်ဂရုမစိုက်တတ်သူ။


I-pursue

Pursue ပိုင်းအားသန်သူ ကတော့ သင်ယူမှုမြန်ဆန်သူ၊ တက်ကြွဖျတ်လတ်သူ၊ လက်တွေ့လုပ်ဆောင်ဖို့ဝန်မလေး သလို ရွေးချယ်မှုမြန်ဆန်သူ၊ အာရုံခံနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းအား မြင့်မားသူ၊ စကားလုံးတွေ၊ အဓိပ္ပါယ်တွေကို အဘိဓါန်တခုလို မှတ်သားတတ်သူ၊ သင်ယူသမျှကို ချက်ချင်းအသုံးချတတ်သူ၊ ဒေါသကြီးတတ်ပြီး အလုပ်ပိုတွေကိုကြောက်တတ်သူ၊ စိတ်ဓါတ်မြှင့်တင်မှု ကျွမ်းကျင်သူ။


I-preserve

Preserve ပိုင်းအားသန်သူတွေက စည်းမျဉ်းစည်းကမ်းတွေရိုသေသူ၊ ယဉ်ကျေးမှု၊ ရိုးရာ နှင့် ဓလေ့ထုံးစံတွေကို လေးစားသူ၊ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိသူ၊ ခံစားမှုစွမ်းအားမြင့်မားသူ၊ မိသားစု မိတ်ဆွေ နဲ့ အမှတ်တရများကို အလေးထားသူ၊ ကြားနေ၀ါဒအားနည်းပြီး မှန်တယ်လို့ထင်တဲ့အရာအတွက် ခံစားချက်ပြင်းထန်စွာ ပြုမူပြောဆိုတတ်သူ၊ ချစ်မေတ္တာစိတ်ပြင်းထန်သူ၊ နောက်လိုက်ကောင်း၊ အတိတ်ကိုတူးဆွတတ်သူ၊ ခံစားချက်အသေးစိတ်များကို မှတ်မိနိုင်စွမ်းသူ၊ ပေါင်းသင်း ဆက်ဆံရေးကိုအလေးအနက်ထားသူ။

လို့အကြမ်းဖျဉ်းမှတ်ယူလို့ရပါတယ်။

(ref: The Brain Map)
  
ချစ်ခြင်းများစွာဖြင့်
မိုးကြာညို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...