ဇီဒန်းကြီးက ပိုကောင်းပါတယ်
by Aung Myo Thu on Sunday, July 15, 2012 at 5:08am
၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားမှာပေါ့- ပြင်သစ်အသင်းဟာ ယက်ကန်ယက်ကန်နဲ့ ထွက်ရတော့မလို ဖြစ်နေရာကနေ ဟိုးဖိုင်နယ်ရောက်တဲ့အထိအောင် ဖြစ်သွားခဲ့ရပါတယ်။ ဘာကြောင့် လက်ရှိပြိုင်ပွဲကနေ ထွက်ရခါနီးဖြစ်နေတဲ့ အသင်းတစ်သင်းဟာ ဖိုင်နယ်အထိရောက်ရှိသွားခဲ့ရတယ် ထင်ပါသလဲ ? အဖြေကတော့ အနားယူသွားပြီဆိုတဲ့ ကမ္ဘာ့အကောင်းဆုံး အလယ်တန်းကစားသမားကြီး ဇီဒန်းဟာ သူ့နိုင်ငံအခြေအနေမဟန်တဲ့အတွက် ပြန်လည်ဝင်ကန်ပေးခြင်းကြောင့်ပါပဲ။
သူပါဝင်လာတဲ့အသင်းဟာ လက်ရှိပြိုင်ပွဲဝင်နေတဲ့ ပြင်သစ်အသင်းကနေ တခြားအသင်းတစ်သင်းအဖြစ်ပြောင်းလဲသွားသလား ဆိုရလောက်အောင်ကို နိုင်ပွဲတွေဆက်တိုက်ဆိုသလိုယူပြီး နောက်ဆုံးအဆင့်ဖိုင်နယ်အထိ ရောက်သွားတဲ့အဖြစ်ကို ရောက်ရှိသွားပါတော့တယ်။
ယခုလက်ရှိအချိန်အထိ ပြင်သစ်အသင်းဟာ သူ့နေရာအစားဝင်နိုင်တဲ့သူမရှိသေးဘူးလို့ဆိုရမှာပါပဲ။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ တဖြည်းဖြည်းနောက်ကိုဆုတ်နေရပါပြီ။ တကယ်တော့ ယခုလက်ရှိ ပြင်သစ်အသင်းမှာ ကန်နေကြသူတွေကလည်း ခေသူတွေမဟုတ်ကြပါဘူး။ လက်ရှိကမ္ဘာ့အကောင်းဆုံးကလပ်တွေမှာ ကြေးကြီးကြီးရပြီး ကန်နေကြသူတွေပါပဲ။ သို့ပေမယ့်လည်း အမြင်ရှိမှု၊ ဂိုးသွင်းဖို့အခွင့်အရေးဖန်တီးပေးနိုင်မှု၊ ပြိုင်ဘက်ကစားသမားများနှင့် မိမိကစားသမားပေါ်မှာ အရှိန်အ၀ါကြီးမှုစတာတွေမှာ ဇီဒန်းကြီးကို မယှဉ်နိုင်ကြပါဘူး။
ကွင်းထဲမှာဘောလုံးကန်မယ့်သူတွေနေရာဝင်ယူပြီး ကန်နေကြပြီဆိုတာနဲ့တင် ဘောလုံးပွဲတစ်ပွဲ ဖြစ်နေပြီလို့ ပြောနိုင်ပေမယ့် အသင်းကောင်းတစ်သင်းဖြစ်ဖို့၊ ကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ဖို့၊ ပွဲကောင်းကြိုက်တဲ့ကြည့်တတ်တဲ့ ပရိတ်သတ်တို့ကတော့ ဇီဒန်းလိုကစားသမားက ဦးဆောင်ပါဝင်တဲ့ အသင်းမျိုးကို မျှော်လင့်ကြတာချည်းပါပဲ။ ခုပြင်သစ်အသင်းမှာကန်နေတဲ့ကစားသမားတွေ မကောင်းဘူးလားဆိုရင်တော့ ကောင်းပါတယ်လို့ပြောရမှာပါပဲ။ သို့သော် ဇီဒန်းကြီးကတော့ ပိုကောင်းကြောင်းပါခင်ဗျား။
မောင်မျိုး(စက်မှု)
0 comments:
Post a Comment