Tuesday, July 17, 2012

မြင့်မြတ်သူတို့၏ အလုပ် (အရှင်တိလောက(ဖားအောက်-မန်း))


by မြန်မာ့ အရုဏ်သစ် on Tuesday, July 17, 2012 at 7:29pm ·

၂၀၁၂ခု ဂျူလိုင်လ (၂၉) ရက် (တနင်္ဂနွေနေ့) တွင် ပြုလုပ်မည့် မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်းမိသားစု၏ စုပေါင်းသွေးလှူဒါန်းပွဲ အမှတ်တရ...။

မြင့်မြတ်သူတို့၏ အလုပ်ဆိုတာ ဘာလဲ၊ ဒီအပိုင်းလေးကိုမပြောသေးမှီ လူတိုင်းလူတိုင်းဟာ အလုပ်တွေကိုယ်စီကိုယ်စီပြုလုပ် ဆောင်ရွက်ကြတဲ့ အပိုင်းမှာ လူတချို့ကတော့`` မမြတ်ချင်နေပါ မြင့်ဖို့ကအရေးကြီးတယ်တဲ့၊ တချို့ကတော့ မမြင့်ချင်နေပါ မြတ်ဖို့ကအရေးကြီးတယ်တဲ့၊ စာဖတ်သူရော ဘယ်လိုစဉ်းစားမိပါသလဲ။
အဓိက ကတော့ အလုပ်တစ်ခုဟာ မြင့်မြတ်တဲ့ အလုပ်ဖြစ်ဖို့ နဲ့ မမြင့်သော်လည်း မြတ်ဖို့ လိုပါတယ်။

ဒီနေရာမှာ မြင့်မြတ်တဲ့အလုပ်ဆိုတာဘာလဲဆိုတော့ ပါဠိစာပေမှာ ပါရမီ(Perfecting) ဆိုတဲ့အသုံး
နှုံးတစ်ခုရှိပါတယ်၊ ပါရမီ ရဲ့ အဓိပ္ပါယ်တွေများစွာရှိတဲ့အထဲက လက်တွေ့ဘ၀အတွက် အသုံးအကျဆုံး
(၁)ခုလောက်ကိုလေ့လာ ကြည့်ရအောင်။
ပါရမီ= မြင့်မြတ်သူတို့ရဲ့အလုပ်။မြင့်မြတ်သူဖြစ်ကြောင်းအလုပ်။
ရထားတဲ့ ဘ၀ရဲ့အချိန်ဆိုတာ အရမ်းကိုတိုတောင်းလှပါတယ်၊ မြင့်မြတ်သူဖြစ်ဖို့ မြင့်မြတ်တဲ့အလုပ်တွေ
ကိုလုပ်ဖြစ်ဖို့တော့လိုလာပါတယ်။
မြင့်မြတ်သူဖြစ်ဖို့ မြင့်မြင့်မြတ်တဲ့ ကျင့်စဉ်ကြီး(၁၀)ခု မြတ်စွာဘုရား မိန့်ကြားထားခဲ့ပါတယ်။
၁။ ဒါနပါရမီ=Perfecting of Generosity or Giving.
ဥပမာလေးနဲ့မှတ်ကြည့်ရအောင် ရေပြည့်အိုးကို မှောက်ထားလိုက်တဲ့အခါ ထွက်ကျသွားတဲ့ ရေကို ငဲ့ကွက်မှုမပြု /မရှိသလိုမျိုး ပေးကမ်း လှူဒါန်း စွန့်လွှတ်မှုကိုပြုရမယ်တဲ့။
ခက်တော့အခက်သားပဲ လူ့စိတ်ဆိုတာက ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုဟာ ဘယ်လို ပြန်လည်တုံ့ပြန်နိုင်
သလဲ၊ ဘယ်လိုလေးပြရရင်ကောင်းမှာ စသည်ဖြင့် အမျှော် အခေါ်လေးတွေနဲ့ ကူညီမှု လှူဒါန်းမှုစသည်ပြုလုပ် မိတတ်ပါတယ်။
ဒါန ဆိုရင် လူတိုင်းနီးပါးရင်းနှီးထားပြီးသားပါ။ဒါန အမျိုးအစားများစွာရှိတဲ့အထဲက သိသင့်တာလေး
တွေကိုရွေးခြယ်ပြောပြပါမယ်။
    
၁။ အဇ္ဈတ္တိက ဒါန၊ ဗာဟိရ ဒါန=ကိုယ်တွင်းအလှူနဲ့ ပြင်ပအသုံးအဆောင်အလှူ၊ ဒီ(၂)ထဲမှာ ဗာဟိရဒါန ကိုယ်ပ အလှူထက် အဇ္ဈတ္တိက ကိုယ်တွင်းအလှူ( သွေး၊ မျက်စေ့၊ ကျောက်ကပ်စသည်)က ပိုမြတ်ပါတယ်။
၂။ အာမိသ ဒါန၊ ဓမ္မ ဒါန=ပစ္စည်းအလှူနဲ့ တရားအလှူ။ ဒီ(၂)ထဲမှာလဲ ပစ္စည်းအလှူထက် တရားအလှူက ပိုမြတ်ပါတယ်။
၃။ ပုဂ္ဂလိက ဒါန၊ သံဃိက ဒါန၊ ဒီ(၂)ခုထဲမှာလဲ သံဃိက ဒါန က ပိုမြတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဃိက ဒါန ဟာ အစွဲကင်းတယ်၊ သံယောဇဉ်မပါဘူး။
၎။ ဒါသ ဒါန၊ သာမိက ဒါန=ကျွန်အလှူ နဲ့ သခင်အလှူ။ ကျွန်အလှူထက် သခင်အလှူကပိုမြတ်ပါတယ်။
၅။ သာဝဇ္ဇ ဒါန၊ အန၀ဇ္ဇ ဒါန= အပြစ်မကင်းတဲ့ အလှူ နဲ့ အပြစ်ကင်းတဲ့အလှူ။
အပြစ်မကင်းတဲ့အလှူဆိုတာ ဆိုပါစို့ အလှူပွဲတစ်ခုလုပ်တော့မယ် ကြက် ၀က် ဘယ်နှစ်ကောင်စသည် သူတပါးအသက်နဲ့မကင်းတဲ့အလှူမျိုးပေါ့၊ သတိထားကြည့် ကိုယ့်ဝန်းကျင်မှာ အပြစ်မကင်းတဲ့အလုပ်တွေနဲ့ ကြီးပွားတိုးတက်နေကြတဲ့ သူတွေရှိတတ်ပါတယ်။အပြစ်မကင်းတဲ့အလုပ်နဲ့မှ စီးပွားတက်တယ်၊ အပြစ်ကင်းတဲ့ အလုပ်ပြောင်းလုပ်ကြည့်တော့ စီးပွားကအဆင်မပြေ၊ ဘာကြောင့်လဲဆိုတော့ အလှူလုပ်စဉ်က အပြစ်မကင်းတဲ့ အလှူလုပ်ခဲ့လို့ပါ။အပြစ်မကင်းတဲ့ အလှူထက် အပြစ်ကင်းတဲ့အလှူက ပိုမြတ်ပါတယ်။ ကိုယ့်အလှူပွဲဟာအပြစ်ကင်းတဲ့အလှူပွဲဖြစ်ပါစေ၊
ပေးလှူတိုင်း ဒါန ပါရမီ ဖြစ်ပါသလား? ပေးလှူတိုင်း ဒါနပါရမီ မဖြစ်နိုင်ပါ၊
ပေးလှူတဲ့နေရာမှာ-
၁။ ကျော်ဇောမှု၊ လူသိများမှုဖြစ်ချင်လို့ အလှူပွဲပြုလုပ်ရင် ဟီန-ယုတ်ညံ့တဲ့အလှူ။
၂။ အကျိုးကိုလိုလားပြီးအလှူပြုလုပ်ရင်တော့ မဇ္ဈိမ-အလတ်စား အလှူ။
၃။ ဒီအလုပ်ဟာ သူကျိုး ကိုယ့်ကျိုးရှိတဲ့အလုပ်လို့ သိပြီး လုပ်သင့်လုပ်ထိုက်တယ်လို့ အရိယာတို့၏ သဘောကို အမှီပြုဖြစ်စေအပ်သော အလှူဟာ ပဏီတ-အမြတ်ဆုံးအလှူ ဆိုပြီး (၃)မျိုးရှိတဲ့အထဲမှာ ၁နဲ့၂အလှူဟာ ကုသိုလ်တော့ဖြစ်မယ်၊ ပါရမီ မထိုက်တဲ့အလှူတွေပါ၊ ဒါကြောင့် ဘယ်လိုလုပ်ရင် ပါရမီထိုက်တယ် မထိုက်ဘူးဆိုတာ ရိပ်မိလောက်ပါပြီ။ဘာကြောင့်ဒါတွေရေးရသလဲဆိုရင် အဆင်မတတ်တော့ ဆန်းလျှက်မလှ၊အငင်မတတ်တော့ ပန်းလျှက်မရ ဆိုတာမျိုးဖြစ်မှာစိုးလို့ပါ။
ကျန်းမာပါစေ/၏
အရှင်တိလောက(ဖားအောက်-မန်း)

Article Source: http://ashintilawka-mdy.blogspot.com/2012/05/blog-post_27.html
Image Source: Google

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...